Skip to main content

အီဂ်စ္ဖာရိုဘုရင္တို႕၏ ဂူ သို႕ . . .

zawgyi -

အီဂ်စ္ဖာရိုဘုရင္တို႔၏ မံမီ႐ုပ္အေလာင္းျမႇုပ္ႏွံရာ ဂူသသခၤ်ိဳင္းမ်ားဆီသို႔ !
-----
ေရွးေခတ္က အီဂ်စ္ဖာရိုဘုရင္ေတြဟာ ေသဆုံးတဲ့အခါမွာ ပိရမစ္ႀကီးေတြ တည္ ေဆာက္ၿပီး ႐ုပ္အေလာင္းကို မံမီလုပ္၊ ေဆးစိမ္၊ ပတ္တီးေတြနဲ႕ထုတ္ကာ ပိုင္ဆိုင္မႈ ေတြနဲ႕အတူ ျမႇုပ္ႏွံခဲ့ၾကပါတယ္။ ဒါေပမဲ့ ပိရမစ္ႀကီးေတြက ထုထည္ႀကီးမားၿပီး သိသာ တဲ့အခါမွာ ေခတ္အဆက္ဆက္က ဂူေဖာက္သူခိုးေတြရဲ႕ ဒဏ္ကိုခံခဲ့ၾကရပါတယ္။ ဒါ ေၾကာင့္ ၁၅၀၀ ဘီစီေႏွာင္းပိုင္းမွာေတာ့ ဂူေဖာက္သူခိုးေတြရန္ေၾကာက္ၿပီး ပိရမစ္ေတြ မတည္ ေဆာက္ေတာ့ပါဘူး။ ပိရမစ္ေတြအစား သဘာဝအတိုင္း ပိရမစ္လိုျဖစ္ေနတဲ့ ေတာင္တန္းေတြမွာ ဥမင္လွိုဏ္ေခါင္းေတြေဖာက္ၿပီး ႐ုပ္အေလာင္းနဲ႕ ပိုင္ဆိုင္မႈပစၥည္း ေတြကို ျမႇုပ္ႏွံခဲ့ၾကတယ္။

အဲဒီေနရာကို Valley of the Kings လို႔သိၾကပါတယ္။
Valley of the Kings က အီဂ်စ္နိုင္ငံ လက္(စ္)ဆာၿမိဳ႕တစ္ဖက္ျခမ္း နိုင္းျမစ္ရဲ႕ အေနာက္ဘက္ကမ္းမွာ တည္ရွိပါတယ္။ ၾကည့္လိုက္ရင္ေတာ့ ရိုးရိုးေျမမႈန္နီနီေတြ ဖုံးအုပ္ထားတဲ့ ေတာင္ေၾကာေတြလို႔ပဲ ထင္ရေပမဲ့ တကယ္တမ္းမွာေတာ့ ေတာင္ေတြ ေအာက္မွာ အီဂ်စ္ဖာရိုဘုရင္ေတြရဲ႕ မံမီ႐ုပ္အေလာင္းမ်ားစြာ ျမႇုပ္ႏွံထားရာ ေရွး ေဟာင္းသခၤ်ိဳင္းေတြရွိလို႔ေနပါတယ္။ ၂၀၀၈ခုႏွစ္က ေနာက္ဆုံးရွာေဖြေတြ႕ရွိမႈအပါအ ဝင္ သခၤ်ိဳင္းဂူ ၆၃ ခုေတာင္ ရွာေဖြေတြ႕ရွိထားပါတယ္။

အခန္းတစ္ခန္းပဲရွိတဲ့ သခၤ်ိဳင္း ဂူေတြကေန ေျမေအာက္အခန္းေပါင္း ၁၂၀ေက်ာ္အထိရွိတဲ့ သခၤ်ိဳင္းအႀကီးေတြထိ အ႐ြယ္အစားအမ်ိဳးမ်ိဳးရွိပါတယ္။

ဂူေတြထဲမွာ ၁၅၀၀ ကေန ၁၁၀၀ ဘီစီအၾကား ႏွစ္ ၅၀၀ နီးပါးက ေသဆုံးခဲ့တဲ့ ဖာရိုဘုရင္ေတြနဲ႕ မိဖုရားေတြ ျမႇုပ္ႏွံထားတာပါ။ ပထမ ဆုံးျမႇုပ္ႏွံခဲ့တာကေတာ့ ဖာရိုဘုရင္ တုသ္မိုးစစ္(စ္) (၁)ပါ။ ေနာက္ပိုင္းႏွစ္၅၀ဝအတြင္း ျမႇုပ္ႏွံခဲ့တဲ့ ဖာရိုဘုရင္၊ ဘုရင္မေတြထဲမွာ ရမ္(မ္)စစ္(စ္)ဘုရင္မင္းဆက္ ၁ဝဆက္၊ ဟာရွပ္စုဘုရင္မႀကီးနဲ႕ တူတာခမန္ဘုရင္ေလးတို႔လည္းပါရွိပါတယ္။

အဲ့ထဲမွာ တူတန္ခမန္သခၤ်ိဳင္းကေတာ့ နာမည္အႀကီးဆုံးျဖစ္ခဲ့ပါတယ္။ ဘာ ေၾကာင့္လဲဆိုေတာ့ သူ႕သခၤ်ိဳင္းက ေျမေအာက္ေရာက္ေနၿပီး ဂူေဖာက္သူခိုးေတြ မ်က္စိ လွ်မ္းသြားေတာ့ အေကာင္းပကတိအတိုင္း က်န္ခဲ့လို႔ပါ။ ၁၉၂၂ ခုႏွစ္မွာ ေရွးေဟာင္း သုေတသနပညာရွင္ Howard Carter က ရွာေဖြေတြ႕ရွိခဲ့တဲ့အခါ သူ႕ရဲ႕မံမီ႐ုပ္အ ေလာင္းေရာ၊ အေခါင္းေတြေရာ၊ ပိုင္ဆိုင္မႈပစၥည္းေတြကိုပါ အစုံရွာေဖြေတြ႕ရွိခဲ့ရပါတယ္။

ဂူထဲဝင္ဝင္ခ်င္း သူပိုင္ဆိုင္တဲ့ ပစၥည္းေတြထားတဲ့အခန္းမွာ ပရိေဘာဂေတြ၊ လက္ဝတ္ရတနာေတြနဲ႕ ေနာင္ဘဝမွာလိုအပ္ေလာက္မယ့္ပစၥည္းေတြကို ထည့္ျမႇုပ္ ထားပါတယ္။ ေနာက္အခန္းက်ယ္ကေတာ့ အေခါင္းထားတဲ့အခန္းပါ။ အေခါင္းက သုံးထပ္ပါ။ အေပၚအေခါင္းႏွစ္ခုက သစ္သားေခါင္းေတြကို ေ႐ႊခ်ထားတာျဖစ္ၿပီး အ တြင္းဆုံးအေခါင္းကေတာ့ တကယ့္ေ႐ႊအစစ္နဲ႕ ျပဳလုပ္ထားတာဆိုေတာ့ တကယ္ကို အဖိုးမျဖတ္နိုင္ေလာက္ပါဘူး။ မံမီ႐ုပ္အေလာင္းရဲ႕ မ်က္ႏွာကိုလည္း ေ႐ႊအစစ္နဲ႕ျပဳ လုပ္ထားတဲ့ မ်က္ႏွာဖုံးေလး ဖုံးေပးထားပါတယ္။ အေခါင္းေတြကို ေ႐ႊခ်ထားတဲ့ ဧရာမ ေလးေထာင့္ေသတၱာ ေလးခုအဆင့္ဆင့္ေအာက္ ထည့္ျမႇုပ္ထားတာပါ။

တူတန္ခမန္ရဲ႕ မံမီ႐ုပ္အေလာင္းအပါအဝင္တူးေဖာ္ခဲ့ရတဲ့ ေရွးေဟာင္းပစၥည္းေတြအကုန္လုံးကို ၿမိဳ႕ ေတာ္ကိုင္ရိုမွာရွိတဲ့ အီဂ်စ္ျပတိုက္မွာ ျပသထားတာကို စာေရးသူ အီဂ်စ္ေရာက္တုန္း ေလ့လာခဲ့ရပါတယ္။

က်န္တဲ့ သခၤ်ိဳင္းေတြကေတာ့ အကုန္ဟာလာဟင္းလင္းပဲ က်န္ခဲ့ပါတယ္။ ဂူေဖာက္သူခိုးေတြေဖာက္ၿပီး ခိုးခဲ့ၾကတယ္လို႔ ယူဆရပါတယ္။ ပစၥည္းေတြ၊ မံမီ႐ုပ္ အေလာင္းေတြက ခုထိေပ်ာက္ဆုံးေနဆဲဆိုေတာ့ ဘယ္လိုေပ်ာက္ဆုံးသြားလည္း ဆိုတာ ေျဖရွင္းလို႔မရတဲ့ ဆန္းၾကယ္မႈလည္း ျဖစ္ေနပါတယ္။ သခၤ်ိဳင္းဂူေတြထဲ ပစၥည္း ေတြမရွိေတာ့ေပမဲ့ နံရံေဆးေရးပန္းခ်ီေတြ၊ အ႐ုပ္စာေတြကေနတဆင့္ ေရွးေခတ္အီဂ်စ္ လူမ်ိဳးတို႔ရဲ႕ ယုံၾကည္မႈေတြ ယဥ္ေက်းမႈေတြ လူေနမႈဘ၀ေတြကိုေလ့လာနိုင္ပါတယ္။

Valley of the Kings မွာ ဧည့္သည္ေတြအေနနဲ႕ ဂူအားလုံးကို ေလ့လာ ခြင့္မရပါဘူး။ တူတန္ခမန္ဂူသခၤ်ိဳင္းအပါအဝင္ ဂူေပါင္း ၁၈ခုကိုသာ အလွည့္က် ဝင္ေရာက္ေလ့လာခြင့္ျပဳထားပါတယ္။ တခ်ိဳ႕အခ်ိန္ေတြမွာဆို ဂူေတြပိတ္ၿပီး ထိန္းသိမ္း ေစာင့္ေရွာက္မႈ ျပင္ဆင္မြမ္းမံမႈေတြ ျပဳလုပ္တတ္ပါတယ္။

ဖာရိုဘုရင္ ရမ္(မ္)ဆက္(စ္) (၃)ရဲ႕ သခၤ်ိဳင္းဂူကေတာ့ အႀကီးဆုံးနဲ႕ ဧည့္သည္ဝင္ေရာက္ေလ့လာမႈအမ်ားဆုံး ဂူ တစ္ခုလို႔ သိရပါတယ္။ လွ်ို႔ဝွက္ဆန္းၾကယ္တဲ့ အီဂ်စ္ဖာရိုဘုရင္ေတြရဲ႕ ဂူသခၤ်ိဳင္းေတြ ကေတာ့ ပိရမစ္ႀကီးေတြနည္းတူ စိတ္ဝင္စားစရာေကာင္းေနတာ အမွန္ပါပဲ။

ေဒါက္တာႏုျမတ္သိဂႌဦး

copy - #htoohtoolay




unicode -

အီဂျစ်ဖာရိုဘုရင်တို့၏ မံမီရုပ်အလောင်းမြှုပ်နှံရာ ဂူသသင်္ချိုင်းများဆီသို့ !
-----
ရှေးခေတ်က အီဂျစ်ဖာရိုဘုရင်တွေဟာ သေဆုံးတဲ့အခါမှာ ပိရမစ်ကြီးတွေ တည် ဆောက်ပြီး ရုပ်အလောင်းကို မံမီလုပ်၊ ဆေးစိမ်၊ ပတ်တီးတွေနဲ့ထုတ်ကာ ပိုင်ဆိုင်မှု တွေနဲ့အတူ မြှုပ်နှံခဲ့ကြပါတယ်။ ဒါပေမဲ့ ပိရမစ်ကြီးတွေက ထုထည်ကြီးမားပြီး သိသာ တဲ့အခါမှာ ခေတ်အဆက်ဆက်က ဂူဖောက်သူခိုးတွေရဲ့ ဒဏ်ကိုခံခဲ့ကြရပါတယ်။ ဒါ ကြောင့် ၁၅၀၀ ဘီစီနှောင်းပိုင်းမှာတော့ ဂူဖောက်သူခိုးတွေရန်ကြောက်ပြီး ပိရမစ်တွေ မတည် ဆောက်တော့ပါဘူး။ ပိရမစ်တွေအစား သဘာဝအတိုင်း ပိရမစ်လိုဖြစ်နေတဲ့ တောင်တန်းတွေမှာ ဥမင်လှိုဏ်ခေါင်းတွေဖောက်ပြီး ရုပ်အလောင်းနဲ့ ပိုင်ဆိုင်မှုပစ္စည်း တွေကို မြှုပ်နှံခဲ့ကြတယ်။

အဲဒီနေရာကို Valley of the Kings လို့သိကြပါတယ်။
Valley of the Kings က အီဂျစ်နိုင်ငံ လက်(စ်)ဆာမြို့တစ်ဖက်ခြမ်း နိုင်းမြစ်ရဲ့ အနောက်ဘက်ကမ်းမှာ တည်ရှိပါတယ်။ ကြည့်လိုက်ရင်တော့ ရိုးရိုးမြေမှုန်နီနီတွေ ဖုံးအုပ်ထားတဲ့ တောင်ကြောတွေလို့ပဲ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ တောင်တွေ အောက်မှာ အီဂျစ်ဖာရိုဘုရင်တွေရဲ့ မံမီရုပ်အလောင်းများစွာ မြှုပ်နှံထားရာ ရှေး ဟောင်းသင်္ချိုင်းတွေရှိလို့နေပါတယ်။ ၂၀၀၈ခုနှစ်က နောက်ဆုံးရှာဖွေတွေ့ရှိမှုအပါအ ဝင် သင်္ချိုင်းဂူ ၆၃ ခုတောင် ရှာဖွေတွေ့ရှိထားပါတယ်။

အခန်းတစ်ခန်းပဲရှိတဲ့ သင်္ချိုင်း ဂူတွေကနေ မြေအောက်အခန်းပေါင်း ၁၂၀ကျော်အထိရှိတဲ့ သင်္ချိုင်းအကြီးတွေထိ အရွယ်အစားအမျိုးမျိုးရှိပါတယ်။

ဂူတွေထဲမှာ ၁၅၀၀ ကနေ ၁၁၀၀ ဘီစီအကြား နှစ် ၅၀၀ နီးပါးက သေဆုံးခဲ့တဲ့ ဖာရိုဘုရင်တွေနဲ့ မိဖုရားတွေ မြှုပ်နှံထားတာပါ။ ပထမ ဆုံးမြှုပ်နှံခဲ့တာကတော့ ဖာရိုဘုရင် တုသ်မိုးစစ်(စ်) (၁)ပါ။ နောက်ပိုင်းနှစ်၅၀ဝအတွင်း မြှုပ်နှံခဲ့တဲ့ ဖာရိုဘုရင်၊ ဘုရင်မတွေထဲမှာ ရမ်(မ်)စစ်(စ်)ဘုရင်မင်းဆက် ၁ဝဆက်၊ ဟာရှပ်စုဘုရင်မကြီးနဲ့ တူတာခမန်ဘုရင်လေးတို့လည်းပါရှိပါတယ်။

အဲ့ထဲမှာ တူတန်ခမန်သင်္ချိုင်းကတော့ နာမည်အကြီးဆုံးဖြစ်ခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ သူ့သင်္ချိုင်းက မြေအောက်ရောက်နေပြီး ဂူဖောက်သူခိုးတွေ မျက်စိ လျှမ်းသွားတော့ အကောင်းပကတိအတိုင်း ကျန်ခဲ့လို့ပါ။ ၁၉၂၂ ခုနှစ်မှာ ရှေးဟောင်း သုတေသနပညာရှင် Howard Carter က ရှာဖွေတွေ့ရှိခဲ့တဲ့အခါ သူ့ရဲ့မံမီရုပ်အ လောင်းရော၊ အခေါင်းတွေရော၊ ပိုင်ဆိုင်မှုပစ္စည်းတွေကိုပါ အစုံရှာဖွေတွေ့ရှိခဲ့ရပါတယ်။

ဂူထဲဝင်ဝင်ချင်း သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေထားတဲ့အခန်းမှာ ပရိဘောဂတွေ၊ လက်ဝတ်ရတနာတွေနဲ့ နောင်ဘဝမှာလိုအပ်လောက်မယ့်ပစ္စည်းတွေကို ထည့်မြှုပ် ထားပါတယ်။ နောက်အခန်းကျယ်ကတော့ အခေါင်းထားတဲ့အခန်းပါ။ အခေါင်းက သုံးထပ်ပါ။ အပေါ်အခေါင်းနှစ်ခုက သစ်သားခေါင်းတွေကို ရွှေချထားတာဖြစ်ပြီး အ တွင်းဆုံးအခေါင်းကတော့ တကယ့်ရွှေအစစ်နဲ့ ပြုလုပ်ထားတာဆိုတော့ တကယ်ကို အဖိုးမဖြတ်နိုင်လောက်ပါဘူး။ မံမီရုပ်အလောင်းရဲ့ မျက်နှာကိုလည်း ရွှေအစစ်နဲ့ပြု လုပ်ထားတဲ့ မျက်နှာဖုံးလေး ဖုံးပေးထားပါတယ်။ အခေါင်းတွေကို ရွှေချထားတဲ့ ဧရာမ လေးထောင့်သေတ္တာ လေးခုအဆင့်ဆင့်အောက် ထည့်မြှုပ်ထားတာပါ။

တူတန်ခမန်ရဲ့ မံမီရုပ်အလောင်းအပါအဝင်တူးဖော်ခဲ့ရတဲ့ ရှေးဟောင်းပစ္စည်းတွေအကုန်လုံးကို မြို့ တော်ကိုင်ရိုမှာရှိတဲ့ အီဂျစ်ပြတိုက်မှာ ပြသထားတာကို စာရေးသူ အီဂျစ်ရောက်တုန်း လေ့လာခဲ့ရပါတယ်။

ကျန်တဲ့ သင်္ချိုင်းတွေကတော့ အကုန်ဟာလာဟင်းလင်းပဲ ကျန်ခဲ့ပါတယ်။ ဂူဖောက်သူခိုးတွေဖောက်ပြီး ခိုးခဲ့ကြတယ်လို့ ယူဆရပါတယ်။ ပစ္စည်းတွေ၊ မံမီရုပ် အလောင်းတွေက ခုထိပျောက်ဆုံးနေဆဲဆိုတော့ ဘယ်လိုပျောက်ဆုံးသွားလည်း ဆိုတာ ဖြေရှင်းလို့မရတဲ့ ဆန်းကြယ်မှုလည်း ဖြစ်နေပါတယ်။ သင်္ချိုင်းဂူတွေထဲ ပစ္စည်း တွေမရှိတော့ပေမဲ့ နံရံဆေးရေးပန်းချီတွေ၊ အရုပ်စာတွေကနေတဆင့် ရှေးခေတ်အီဂျစ် လူမျိုးတို့ရဲ့ ယုံကြည်မှုတွေ ယဉ်ကျေးမှုတွေ လူနေမှုဘဝတွေကိုလေ့လာနိုင်ပါတယ်။

Valley of the Kings မှာ ဧည့်သည်တွေအနေနဲ့ ဂူအားလုံးကို လေ့လာ ခွင့်မရပါဘူး။ တူတန်ခမန်ဂူသင်္ချိုင်းအပါအဝင် ဂူပေါင်း ၁၈ခုကိုသာ အလှည့်ကျ ဝင်ရောက်လေ့လာခွင့်ပြုထားပါတယ်။ တချို့အချိန်တွေမှာဆို ဂူတွေပိတ်ပြီး ထိန်းသိမ်း စောင့်ရှောက်မှု ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်တတ်ပါတယ်။

ဖာရိုဘုရင် ရမ်(မ်)ဆက်(စ်) (၃)ရဲ့ သင်္ချိုင်းဂူကတော့ အကြီးဆုံးနဲ့ ဧည့်သည်ဝင်ရောက်လေ့လာမှုအများဆုံး ဂူ တစ်ခုလို့ သိရပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ အီဂျစ်ဖာရိုဘုရင်တွေရဲ့ ဂူသင်္ချိုင်းတွေ ကတော့ ပိရမစ်ကြီးတွေနည်းတူ စိတ်ဝင်စားစရာကောင်းနေတာ အမှန်ပါပဲ။

ဒေါက်တာနုမြတ်သိင်္ဂီဦး

copy - #htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...