Skip to main content

ကမၻာအေစာဆံုး ဥပေဒ

zawgyi -

ကမာအေစာဆံုး ဥပေဒ “ မ်က္လုံးတစ္လုံးအတြက္ မ်က္ လုံးတစ္လုံး ၊ သြားတစ္ေခ်ာင္း အတြက္ သြားတစ္ေခ်ာင္း ”
-----

ေဘဘီလုံၿမိဳ႕ႀကီးအေၾကာင္း  ျမန္မာ စာဖတ္ပရိသတ္အေတာ္မ်ားမ်ား သိၾကပါတယ္။ ခရစ္ေတာ္မေပၚမီႏွစ္ေပါင္း ၁,၇၀၀ ပတ္၀န္းက်င္မွာ ေရွးေခတ္ မက္ဆို ပိုေတးမီးယား(Mesopotamia) ေဒသမွာ ေပၚထြန္းခဲ့တဲ့ ၿမိဳ႕ႀကီး တစ္ခုပါ။ အဲဒီမက္ဆိုပိုေတးမီး ယားေဒသဆိုတာက ဒီေန႔ေခတ္ ေျမပုံနဲ႔ ႏႈိင္းယွဥ္ေလ့လာၾကည့္ရင္ အာရွတုိက္ အေနာက္ဘက္ျခမ္း မွာရွိတဲ့ ယူဖေရးတီး၊ တုိက္ဂရစ္ ျမစ္၀ွမ္းေဒသေတြ ျဖစ္ပါတယ္။ အီရတ္၊ ကူ၀ိတ္၊ ဆီးရီးယားႏုိင္ငံ ေတြ ရွိေနတဲ့ေနရာပါ။

ေဘဘီလုံ ရဲ႕ ဆ႒မေျမာက္ဘုရင္ကိုလည္း ျမန္မာေတြ သိၿပီးသားပါ။ မူလ တန္းကတည္းက သင္ခဲ့ရတဲ့ ဟမ္ မူရာဘီ (Hammurabi) ဘုရင္ပဲ ျဖစ္ပါတယ္။ ဘီစီ ၁၇၉၂ ကေန ဘီစီ ၁၇၄၉ၾကား ၄၂ ႏွစ္ေလာက္ ထီးနန္းစုိးစံခဲ့တဲ့ ဟမ္မူရာဘီဘုရင္ ဟာ သမုိင္းမွာထင္ရွားတဲ့ ဟမ္မူ ရာဘီ ကိုဓဥပေဒ (Code of Hammurabi) ကို ဘီစီ ၁၇၅၄ ေလာက္မွာ ျပ႒ာန္းခဲ့ၿပီး အဲဒီဥပ ေဒကို ေက်ာက္တုိင္မွာ ေရးထြင္း ထားခဲ့ပါတယ္။
 
ေဘဘီလံုမွ ဥယာဥ္ပ်ံ
၁၉၀၁ မွာ ေရွး ေဟာင္းအီဂ်စ္သမုိင္းေတြကို ေလ့ လာတဲ့ ေရွးေဟာင္းသုေတသန ပညာရွင္ Gustave Jequier က အဲဒီေက်ာက္စာတုိင္ကို တူးေဖာ္ရရွိခဲ့ ပါတယ္။ အျမင့္ ၇ ေပခဲြေလာက္ မွာ ဥပေဒျပ႒ာန္းခ်က္ေပါင္း ၂၈၂ ခုကို ေရးသားထားတယ္လို႔ ဆိုပါ တယ္။ ေနာက္ပိုင္းမွာ ျပင္သစ္ဒုိမီ နီကန္ ေရွးေဟာင္းသုေတသန ပညာရွင္ Jean-Vincent Scheil က ေက်ာက္စာကို ဘာသာျပန္ဆုိ ေဖာ္ထုတ္ခဲ့ပါတယ္။ မူရင္း ဟမ္မူ ရာဘီကုိဓဥပေဒကို ေရးသားထားတာက အကာဒီယံ(Akkadian) ဘာ သာစကားနဲ႔ ေရးသားထားတာ ျဖစ္ပါတယ္။ ဥပေဒျပ႒ာန္းခ်က္ ၂၈၂ ခု ျပ႒ာန္းထားေပမယ့္ အ ေျခခံ သေဘာတရားကေတာ့ ‘မ်က္လုံးတစ္လုံးအတြက္ မ်က္ လုံးတစ္လုံးခ်င္း၊ သြားတစ္ေခ်ာင္း အတြက္ သြားတစ္ေခ်ာင္းခ်င္း (An Eye for an Eye, A Tooth for a Tooth)’ဆိုတဲ့ သေဘာတရားကို အေျခခံတာပါ။ လြယ္လြယ္ေျပာရ ရင္ ျပစ္မႈက်ဴးလြန္သူအတြက္ သူ တို႔က်ဴးလြန္တဲ့ျပစ္မႈနဲ႔ အလားတူ ျပစ္ဒဏ္ကို ျပန္ေပးတဲ့သေဘာ ျဖစ္ပါတယ္။

ျပစ္မႈက်ဆင္းေရးအတြက္ လက္စားေခ်ျခင္းကို ဥပေဒ အျဖစ္ သတ္မွတ္ထားတာလို႔ အ ၾကမ္းဖ်င္းေျပာရင္ လြန္ႏုိင္မယ္ မထင္ပါဘူး။ ဒါျဖင့္ အဲဒီေလာက္ ျပင္းထန္တဲ့ျပစ္ဒဏ္ေတြကို သတ္ မွတ္ထားလို႔ ေဘဘီလုံမွာ အမႈအ ခင္းေတြ ေပ်ာက္သြားသလားဆို ေတာ့ မေပ်ာက္သြားတာ အေသ အခ်ာပါပဲ။ ဥပေဒကို ေဖာက္ဖ်က္ က်ဴးလြန္သူေတြ ရွိေနေသးလို႔သာ အဲဒီဥပေဒႀကီး ခုိင္ခုိင္မာမာရွိဖို႔ အတြက္ ေက်ာက္စာတိုင္ထြင္းထု ထားၿပီး ယေန႔အခ်ိန္အထိ တည္ ရွိေနတာ ျဖစ္ပါတယ္။ ေက်ာက္ စာတုိင္ႀကီး ခိုင္ခိုင္ခံ့ခံ့ တည္ရွိေန ေသးေပမယ့္ ဟမ္မူရာဘီကိုဓဥပ ေဒရဲ႕ ပင္မအခ်က္ျဖစ္တဲ့ (An Eye for an Eye, A Tooth for a Tooth) ဆိုတဲ့ လက္စားေခ်ေရးကို ေတာ့ ေခတ္သစ္လူ႔အဖဲြ႕အစည္း က လုံး၀လက္မခံေတာ့ပါဘူး။ အဓိကအေၾကာင္းအရင္းက ျပစ္မႈ ေလ်ာ့နည္း က်ဆင္းေရးဆိုတဲ့ ရလဒ္ေကာင္းကို ေဆာင္ၾကဥ္းေပး ႏုိင္စြမ္းမရွိလို႔ပဲ ျဖစ္ပါတယ္။

ထိုစနစ္ဟာ အေပၚယံၾကည့္ရင္ေတာ့ သဘာ၀က်သလိုထင္ရေပမယ့္ တကယ္တန္း ဆံုးၿဖတ္ခ်က္ေတြ ခ်မွတ္တဲ႕အခါမွာ ႏွစ္နာသူေတြ မ်ားစြာ ရွိလို႔ေနပါတယ္ ။ ဥပမာတစ္ခုကို ၿပရရင္ေတာ့ အၾကင္သူဟာ သူတစ္ပါးရဲ႕ မိန္းမကို သတ္ပစ္လိုက္ရင္ ထိုတရားဥပေဒအရ သတ္သူရဲ႕ မိန္းမကို ၿပန္လည္သတ္ၿဖတ္ၿခင္းပါပဲ ။ ဒါဟာ ခုတ္ရာတၿခား ရွရာတလႊဲလို႕ေနတာေၾကာင့္ ယခုေခတ္ လူသားေတြ လက္မခံေတာ့တဲ႕ အေၿခအေနတစ္ရပ္ၿဖစ္လို႕ေနပါၿပီ ။

( မွီၿငမ္း - ခိုင္ၾကည္သစ္ - 7 day news ဂ်ာနယ္မွ ေဆာင္းပါး အပိုဒ္ေရ ပထမပိုဒ္ )

#htoohtoolay

unicode -

ကမ္ဘာအစောဆုံး ဥပဒေ “ မျက်လုံးတစ်လုံးအတွက် မျက် လုံးတစ်လုံး ၊ သွားတစ်ချောင်း အတွက် သွားတစ်ချောင်း ”
-----

ဘေဘီလုံမြို့ကြီးအကြောင်း  မြန်မာ စာဖတ်ပရိသတ်အတော်များများ သိကြပါတယ်။ ခရစ်တော်မပေါ်မီနှစ်ပေါင်း ၁,၇၀၀ ပတ်ဝန်းကျင်မှာ ရှေးခေတ် မက်ဆို ပိုတေးမီးယား(Mesopotamia) ဒေသမှာ ပေါ်ထွန်းခဲ့တဲ့ မြို့ကြီး တစ်ခုပါ။ အဲဒီမက်ဆိုပိုတေးမီး ယားဒေသဆိုတာက ဒီနေ့ခေတ် မြေပုံနဲ့ နှိုင်းယှဉ်လေ့လာကြည့်ရင် အာရှတိုက် အနောက်ဘက်ခြမ်း မှာရှိတဲ့ ယူဖရေးတီး၊ တိုက်ဂရစ် မြစ်ဝှမ်းဒေသတွေ ဖြစ်ပါတယ်။ အီရတ်၊ ကူဝိတ်၊ ဆီးရီးယားနိုင်ငံ တွေ ရှိနေတဲ့နေရာပါ။ 

ဘေဘီလုံ ရဲ့ ဆဋ္ဌမမြောက်ဘုရင်ကိုလည်း မြန်မာတွေ သိပြီးသားပါ။ မူလ တန်းကတည်းက သင်ခဲ့ရတဲ့ ဟမ် မူရာဘီ (Hammurabi) ဘုရင်ပဲ ဖြစ်ပါတယ်။ ဘီစီ ၁၇၉၂ ကနေ ဘီစီ ၁၇၄၉ကြား ၄၂ နှစ်လောက် ထီးနန်းစိုးစံခဲ့တဲ့ ဟမ်မူရာဘီဘုရင် ဟာ သမိုင်းမှာထင်ရှားတဲ့ ဟမ်မူ ရာဘီ ကိုဓဥပဒေ (Code of Hammurabi) ကို ဘီစီ ၁၇၅၄ လောက်မှာ ပြဋ္ဌာန်းခဲ့ပြီး အဲဒီဥပ ဒေကို ကျောက်တိုင်မှာ ရေးထွင်း ထားခဲ့ပါတယ်။ 

၁၉၀၁ မှာ ရှေး ဟောင်းအီဂျစ်သမိုင်းတွေကို လေ့ လာတဲ့ ရှေးဟောင်းသုတေသန ပညာရှင် Gustave Jequier က အဲဒီကျောက်စာတိုင်ကို တူးဖော်ရရှိခဲ့ ပါတယ်။ အမြင့် ၇ ပေခွဲလောက် မှာ ဥပဒေပြဋ္ဌာန်းချက်ပေါင်း ၂၈၂ ခုကို ရေးသားထားတယ်လို့ ဆိုပါ တယ်။ နောက်ပိုင်းမှာ ပြင်သစ်ဒိုမီ နီကန် ရှေးဟောင်းသုတေသန ပညာရှင် Jean-Vincent Scheil က ကျောက်စာကို ဘာသာပြန်ဆို ဖော်ထုတ်ခဲ့ပါတယ်။ မူရင်း ဟမ်မူ ရာဘီကိုဓဥပဒေကို ရေးသားထားတာက အကာဒီယံ(Akkadian) ဘာ သာစကားနဲ့ ရေးသားထားတာ ဖြစ်ပါတယ်။ ဥပဒေပြဋ္ဌာန်းချက် ၂၈၂ ခု ပြဋ္ဌာန်းထားပေမယ့် အ ခြေခံ သဘောတရားကတော့ ‘မျက်လုံးတစ်လုံးအတွက် မျက် လုံးတစ်လုံးချင်း၊ သွားတစ်ချောင်း အတွက် သွားတစ်ချောင်းချင်း (An Eye for an Eye, A Tooth for a Tooth)’ဆိုတဲ့ သဘောတရားကို အခြေခံတာပါ။ လွယ်လွယ်ပြောရ ရင် ပြစ်မှုကျူးလွန်သူအတွက် သူ တို့ကျူးလွန်တဲ့ပြစ်မှုနဲ့ အလားတူ ပြစ်ဒဏ်ကို ပြန်ပေးတဲ့သဘော ဖြစ်ပါတယ်။ 

ပြစ်မှုကျဆင်းရေးအတွက် လက်စားချေခြင်းကို ဥပဒေ အဖြစ် သတ်မှတ်ထားတာလို့ အ ကြမ်းဖျင်းပြောရင် လွန်နိုင်မယ် မထင်ပါဘူး။ ဒါဖြင့် အဲဒီလောက် ပြင်းထန်တဲ့ပြစ်ဒဏ်တွေကို သတ် မှတ်ထားလို့ ဘေဘီလုံမှာ အမှုအ ခင်းတွေ ပျောက်သွားသလားဆို တော့ မပျောက်သွားတာ အသေ အချာပါပဲ။ ဥပဒေကို ဖောက်ဖျက် ကျူးလွန်သူတွေ ရှိနေသေးလို့သာ အဲဒီဥပဒေကြီး ခိုင်ခိုင်မာမာရှိဖို့ အတွက် ကျောက်စာတိုင်ထွင်းထု ထားပြီး ယနေ့အချိန်အထိ တည် ရှိနေတာ ဖြစ်ပါတယ်။ ကျောက် စာတိုင်ကြီး ခိုင်ခိုင်ခံ့ခံ့ တည်ရှိနေ သေးပေမယ့် ဟမ်မူရာဘီကိုဓဥပ ဒေရဲ့ ပင်မအချက်ဖြစ်တဲ့ (An Eye for an Eye, A Tooth for a Tooth) ဆိုတဲ့ လက်စားချေရေးကို တော့ ခေတ်သစ်လူ့အဖွဲ့အစည်း က လုံးဝလက်မခံတော့ပါဘူး။ အဓိကအကြောင်းအရင်းက ပြစ်မှု လျော့နည်း ကျဆင်းရေးဆိုတဲ့ ရလဒ်ကောင်းကို ဆောင်ကြဉ်းပေး နိုင်စွမ်းမရှိလို့ပဲ ဖြစ်ပါတယ်။

ထိုစနစ်ဟာ အပေါ်ယံကြည့်ရင်တော့ သဘာဝကျသလိုထင်ရပေမယ့် တကယ်တန်း ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါမှာ နှစ်နာသူတွေ များစွာ ရှိလို့နေပါတယ် ။ ဥပမာတစ်ခုကို ပြရရင်တော့ အကြင်သူဟာ သူတစ်ပါးရဲ့ မိန်းမကို သတ်ပစ်လိုက်ရင် ထိုတရားဥပဒေအရ သတ်သူရဲ့ မိန်းမကို ပြန်လည်သတ်ဖြတ်ခြင်းပါပဲ ။ ဒါဟာ ခုတ်ရာတခြား ရှရာတလွှဲလို့နေတာကြောင့် ယခုခေတ် လူသားတွေ လက်မခံတော့တဲ့ အခြေအနေတစ်ရပ်ဖြစ်လို့နေပါပြီ ။ 

( မှီငြမ်း - ခိုင်ကြည်သစ် - 7 day news ဂျာနယ်မှ ဆောင်းပါး အပိုဒ်ရေ ပထမပိုဒ် )


#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...