Skip to main content

သိပၸံစိတ္ႏွင့္ ဒႆနစိတ္တို႕အႀကားက သတၱဝါတို႕၏ ဘုရင္ !

zawgyi -

 သိပၸံစိတ္ႏွင့္ ဒႆနစိတ္တို႕အၾကားက သတၲ၀ါတို႕၏ ဘုရင္ !
-----
 ႏွစ္ေပါင္းမ်ားစြာက ၿဖစ္တည္လာခဲ႕တဲ႕ ဒီကမၻာေၿမၾကီးသည္ သက္ရွိသက္မဲ႕မ်ား၏ မွိခိုအားထားရာ အခ်က္ဗဟိုတစ္ခုတြင္ ပါ၀င္လာခဲ႕၏ ။ ကမၻာေပၚမွ အထက္ေကာင္းကင္ယံအား ညသန္ေခါင္အခ်ိန္တြင္ လင္းလတ္ေနေသာ ၾကယ္တာရာမ်ားကုိ ၾကည့္ကာ ၿဂိဳလ္သြားၿဂိဳလ္လာ လမ္းေၾကာင္းမ်ားကိုလည္း ေဖၚထုတ္နိုင္ခဲ႕ေလၿပီ ။ ေရွးဦးပထမ ထုတ္ေဖၚနိုင္ခဲ႕သည့္ အခ်ိန္မွာ ၂၁ ရာစုလို သိပၸံပညာရပ္မ်ား ထြန္းကားၿခင္း မရွိေသးပါ ။ ဒီကမၻာေၿမၾကီးသည္ လံုး၀န္သေလာ ၊ သို႕မဟုတ္ ၿပားခ်ပ္ေနသေလာဟု မည္သူတစ္ဦးတစ္ေယာက္မွ် မေ၀ခြဲနိုင္ ။ ကမၻာ့ေၿမပံု ေရးဆြဲၿခင္း အတက္ကိုလဲ အားေပးအားေၿမွာက္ မၿပဳေသးၾကသည့္အခ်ိန္၌ပင္ လူသားမ်ားသည္ တစ္မူထူးၿခားေသာ သတၲ၀ါမ်ား စာရင္းထဲ၌ ပါ၀င္ေနၿပီၿဖစ္သည္ ။

 ဒီကမၻာေပၚတြင္ ႏွစ္သန္းေပါင္းမ်ားစြာအၾကာက ယခု တူးေဖၚေတြ႕ရွိေသာ ေက်ာက္ၿဖစ္ရုပ္ကြ်င္းပိုင္ရွင္မ်ားသည္ ရွင္သန္လႈပ္ရွားခဲ႕ၾကသည္ ။ ၾကီးမားေသာ ကုန္းေန ေရေန သတၲ၀ါမ်ားသာမက ေကာင္းကင္ယံအထက္၌ လႈပ္ရွားသြားလာနိုင္ေသာ နဂါးအႏြယ္၀င္ ေလဟုန္စီးသတၲ၀ါမ်ားလည္း ပါ၀င္ခဲ့သည္ ။ ထိုသတၲ၀ါမ်ားသည္ ကမၻ႔ာေရွးဦးပိုင္ရွင္မ်ား ၿဖစ္ၾကသည့္အေလွ်ာက္ တစ္ေကာင္ႏွင့္တစ္ေကာင္ တိုက္ခိုက္ဖ်က္ဆီးခဲ႕ၾက၏ ။ အသီးစား သတၲ၀ါမ်ားမွတစ္ဆင့္ အသားစားသတၲ၀ါမ်ား ေပၚေပါက္လာကာ အရြက္စားသတၲ၀ါေတြအားလံုး မ်ိဳးသုန္းခဲ႕ၾကသည္ ။

 တစ္ခ်ိဳ႕သတၲ၀ါမ်ားသည္ ခႏၶာကိုယ္ၾကီးမားေသာ္လည္း စြမ္းေဆာင္နိုင္စြမ္းမွာ နည္းပါးလြန္းသၿဖင့္ သူ႕ထက္ ေသးငယ္ေသာအေကာင္မ်ား၏ သတ္ဖ်က္စားေသာက္ၿခင္းကို ခံရ၏ ။ ခႏၶာကိုယ္ၾကီးမားေလ လႈပ္ရွားမႈ ေႏွးေကြးေလ ၿဖစ္လာသည္ႏွင့္အမွ် ခႏၶာကိုယ္ ေသးငယ္ေလ လႈပ္ရွားမႈ ၿမန္ဆန္လာၾကသည္လည္း တိုးပြားလာသည္ ။ ကမၻာေၿမေပၚမွ စာက်က္ေၿမမ်ားကို ေၿပာင္းေရြ႕ရွာေဖြရာမွ ေနရာအႏွံ႔အၿပားသို႕ ေရာက္ရွိခဲ႕ေလေတာ့၏ ။  

 ဤသို႕ ေၿပာင္းေရြ႕ရွင္သန္ၿခင္းမွ စတင္ကာ ကမၻာေပၚ၌ အင္မတန္ၿပင္းထန္ေသာ တိရိစၧာန္တိုက္ပြဲၾကီး ေပၚေပါက္လာေလေတာ့၏ ။ ထိုတိုက္ပြဲၾကီးသည္ ႏွစ္သန္းေပါင္းမ်ားစြာ ၾကာလာသည္ႏွင့္အမွ် ေသကံမေရာက္ေအာင္ ပုန္းခိုေရွာင္တိမ္းေနရေသာ ခြန္အားမရွိသည့္ သတၲ၀ါကေလးမ်ား တိုးပြားလာၿပန္၏ ။ ထိုသတၲ၀ါမ်ားအတြင္း လူသားမ်ားလဲ အပါအ၀င္ၿဖစ္သည္ ။

 လူဟူေသာ သတၲ၀ါသည္ အင္မတန္ထူးၿခားေသာ ခႏၶာအခ်ိဳးအဆစ္တို႕ကို ပိုင္ဆိုင္ထားသူၿဖစ္သည္ ။ အရာရာကို ကိုင္တြယ္ခိုကပ္နိုင္ရံုသာမက ၾကီးမားေသာ ေက်ာက္ေဆာင္ေက်ာက္ခဲမ်ားကိုလည္း မိမိတို႕လိုအပ္သလို အရြယ္အစားရေအာင္ ထုလုပ္ဖန္တီးနိုင္ၾက၏ ။ ထိုသို႕ ၿပဳလုပ္နိုင္ေအာင္လည္း ခႏၶာကိုယ္က ေထာက္ပံ့ေပးထားသည္ ။

 ေရွးဦးလူသားမ်ားအား သုေတသီတို႕ တူးေဖၚေတြ႕ရွိေသာ အရိုးအဆစ္မ်ားသည္ ၂၁ ရာစုမွ ရွင္သန္ေနေသာ လူသားမ်ားခႏၶာပံုစံမ်ိဳးမဟုတ္ပဲ လိုအပ္ခ်က္ မ်ားစြာရွိေနေသာ ပံုသ႑ာန္မ်ိဳးကို ေတြ႕ရ၏ ။ ဥပမာ - ေမးရိုးမ်ား ဆက္ေနသၿဖင့္ စကားေၿပာနိုင္စြမ္း မရွိေသးေသာ ခႏၶာမ်ားလဲ ပါ၀င္၏ ။

  ထို ေတြ႔ရွိခ်က္မ်ားသည္ လူသားတုိ႕၏ ဆင့္ကဲသမိုင္းေၾကာင္းကို မီးေမာင္းထိုးေပးေနၿပန္၏ ။ လူသားသည္ ကမၻာဦး တိရိစၧာန္တိုက္ပြဲၾကီးအတြင္း၌ အလြယ္တကူ ရွင္ဘုရင္ ၿဖစ္လာခဲ႕ၿခင္းေတာ့ မဟုတ္ေပ ။ၾကံဳလာသမွ် အႏၲရာယ္မ်ားအား ဖြံ႕ၿဖိဳးလာေသာ ဦးေႏွာက္ညာဏ္ပညာကိုသံုး၍ ရင္ဆိုင္ခဲ႕ၾက၏ ။ ခြန္အားနည္းေသာ လူသည္ ခြန္အားၾကီးေသာ သတၲ၀ါမ်ားကို ေအာင္နိုင္လာခဲ႕သည့္အေလွ်ာက္ လူသား၏ခႏၶာမွာ အႏၲရာယ္ၾကီးေသာ တိရိစၧာန္မ်ားအတြင္း၌ ပါ၀င္သြားခဲ႕ေလေတာ့သည္ ။

 လူသား၏ မ်ိဳးဗီဇသည္ အၿခားေသာ သတၲ၀ါမ်ားထက္ ပိုမိုအႏၲရာယ္ၾကီးေသာ အရာတစ္ခု ပါ၀င္ေနသည္ ။ ထိုအရာမွာ ဆင္ၿခင္တံုတရားၿဖစ္၏ ။ ထိုဆင္ၿခင္တံုတရားသည္ အမ်ိဳးမ်ိဳးေသာ အခက္အခဲမ်ားကို ေက်ာ္လႊားနိုင္ရံုသာမက အမ်ိဳးမ်ိဳးေသာ အႏၲရာယ္မ်ားကိုလည္း ၿဖစ္ေပၚေစနိုင္၏ ။ ယခု ၂၁ ရာစုအတြင္း၌ ကမၻာ႔ရာသီဥတုကို ေဖါက္ၿပန္ေစရံုသာမက ကမၻာ႕ပထ၀ီေၿမၾကီးကိုပင္ ကြဲေၾကသြားေအာင္ ၾကံေဆာင္နိုင္သည္ထိ နည္းပညာမ်ား တိုးတက္ေနၿပီၿဖစ္သည္ ။

 လူသားသမိုင္းကို ေကာက္ေၾကာင္းလိုက္ေနလွ်င္မူ ဆံုးခန္းတိုင္သည္အထိ ရရွိရန္ မလြယ္ကူေပ ။ ယခုအခ်ိန္၌ သုေတသီတို႕ ရွာေဖြေတြ႕ရွိခ်က္မ်ားသည္လည္း တစ္မူထူးၿခားေသာ သမိုင္းေကာက္ေၾကာင္းကို ေဖၚၿပေနၿပန္ၾကသည္ ။ မည္သူတစ္ဦးတစ္ေယာက္မွ် အတိအက် မဆိုနိုင္ေပ ။ သို႕ေသာ္ တူးေဖၚေတြ႕ရွိခ်က္မ်ားသည္ ယခုေခတ္ နည္းပညာမ်ားထက္ ပိုမိုသာလြန္ေနသေလာဟု ေမးခြန္းထုတ္ခံလာရသည္ ။

 လြန္ခဲ႕ေသာ ႏွစ္ေပါင္းမ်ားစြာအတြင္းမွ မွတ္တမ္းမွတ္ရာမ်ားကို ရွာေဖြေဖၚထုတ္ရာတြင္ ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္က လူ႕ယဥ္ေက်းမႈကိုသာ မ်ားစြာ ရွာေဖြခ်ၿပနိုင္ခဲ႕၏ ။ ထိုစဥ္အခ်ိန္၌ လူသားတို႕သည္ လူသားတို႕၏ ခႏၶာဖြဲ႕စည္းတည္ေဆာက္ပံုတင္မက ကမၻာ႕သတၲ၀ါအမ်ား၏ ေၾကာက္ရြံ႕ေလးစားၿခင္း အဆံုးသို႕ပင္ ေရာက္ရွိေနေပၿပီ ။ ၿပီးၿပည့္စံုေသာ ညာဏ္ပညာမ်ားႏွင့္ ၿပီးၿပည့္စံုေသာ ခႏၶာဖြဲ႕စည္းပံုမ်ားကို ပိုင္ဆိုင္ထားသည္ၿဖစ္ရာ လူသားတို႕၏သမိုင္းတြင္ ထင္ေပၚေက်ာ္ၾကားေသာ ဒသနပညာရပ္မ်ား တိုးတက္စည္ကားလာၿပန္ေတာ့သည္ ။

 သတၲ၀ါတိုင္း၌ မိမိတို႕ ကိုယ္ပိုင္အစြမ္းအစမ်ား ရွိၾက၏ ။ ၾကြက္သည္ ေၿမတူးကြ်မ္းက်င္သလို ေၾကာင္သည္ ၾကြက္ဖမ္းကြ်မ္းက်င္၏ ။ သိန္းငွက္သည္ ၿမင္နိုင္စြမ္အား ထက္သန္သလို ဆင္သည္ ခြန္အားဗလၾကီးမား၏ ။ ထို႕အတူ လူသည္လည္း တစ္မူထူးၿခားေသာ စြမ္းအင္ကို ပိုင္ဆိုင္ထားေလသည္။ လူ၏ ခြန္အားဗလသည္ ဆင္၏ ခြန္အားဗလကို မယွဥ္နိုင္သလို လူ၏ လ်င္ၿမန္မႈသည္ က်ားသစ္၏ ေၿပးလႊားနိုင္စြမ္းႏွင့္ မႏႈိင္းယွဥ္အပ္ေပ ။ သို႕ေသာ္ လူသည္ အဘယ္ေၾကာင့္ သတၲ၀ါတို႕၏ဘုရင္ ၿဖစ္ေနရသနည္း ။

 ထိုအခ်င္းအရာမ်ားအား ဆက္စပ္ရွာေဖြရာတြင္ အမ်ိဳးမ်ိဳးေသာ အေတြးအေခၚမ်ားႏွင့္ အမ်ိဳးမ်ိဳးသိပၸံေတြ႕ရွိခ်က္မ်ား ေပၚထြက္လာေသာ္လည္း အက်ဥ္းခ်ဳပ္၍ ေဖၚၿပရလွ်င္မူ လူတြင္ သိပံၸစိတ္ဓါတ္ႏွင့္ ဒသနစိတ္ဓါတ္တို႕သည္ အၿမဲတမ္း လြန္ဆြဲေနၾကေၾကာင္း ေတြ႕ရွိရမည္ၿဖစ္၏ ။

 သိပံၸေတြ႕ရွိခ်က္ႏွင့္ သိပၸံရွာေဖြမႈမ်ားသည္ ဆံုးခန္းတိုင္ဖို႕ရန္ ခက္ခဲ၏ ။ ထို႕အတူ ဒသနအေတြးႏွင့္ ဒသနအၿမင္မ်ားသည္လည္း အလံုးစံုရပ္တန္႕သြားဖို႕ရာ မၿဖစ္နိုင္ေပ ။ လူသားတို႕သည္ ထိုႏွစ္မ်ိဳး၏ လြန္ဆြဲေနေသာ အခိုက္အတန္႕မွ ထူးၿခားေသာ ရလဒ္အသစ္မ်ားကို ေဖၚထုတ္နိုင္ၾက၏ ။ အေတြးအေခၚတိုင္းသည္ ဒသနမဟုတ္သလို သိပၸံနည္းအရ အလိုလိုၿဖစ္တည္လာၿခင္းလဲ မဟုတ္ေပ ။ ဦးေႏွာက္အတြင္းမွာ ရွိေသာ ဂလင္း၏ ထိန္းခ်ဳပ္မႈေအာက္မွ ၿဖစ္တည္ေနၾကၿခင္းဟု ဆိုေသာ္လည္း ဟိုမႈန္းဓါတ္မ်ား၍ တူညီေသာ ဖိုမဓါတ္ဆြဲအားေၾကာင့္ အခ်စ္ေမတၲာၿဖစ္ေပၚလာၿခင္းမွာလည္း စဥ္းစားစရာ ၿဖစ္၏ ။

 လူသားတိုင္းတြင္ သိပၸံစိတ္ဓါတ္ႏွင့္ ဒသနစိတ္ဓါတ္မ်ား အၿမဲတမ္း လြန္ဆြဲေနသည္ကို သိရွိထားဖို႕ရန္ လိုသည္ ။ စၾကာ၀ဠာအတြင္းမွ အရာ၀တၴဳတိုင္းသည္ တြန္းအားႏွင့္ ဆြဲအားမ်ား အၿမဲတမ္း ၿပိဳင္ဆိုင္ေနၾကသည့္အေလွ်ာက္ တြန္းအားမ်ားကုန္၍ ဆြဲအားမ်ား အဆံုးစြန္ထိ တိုးတက္လာေသာအခါ Black Hole ၿဂိဳလ္မ်ား ၿဖစ္ေပၚလာေတာ့သည္ ။ ထို Black Hole သည္ မည္သည့္အရာကိုမွ် ေကာင္းက်ိဳးမၿပဳသလို သူ႕ေဘးမွ တည္ရွိေနၾကေသာ ၿဂိဳလ္သိမ္ၿဂိဳလ္မႊား ၿဂိဳလ္ၾကီးၿဂိဳလ္ေသးပါမက်န္ ဆုပ္ယူဖ်က္ဆီးပစ္တက္၏ ။ ထို႔အတူ လူသားတို႕၏ ခႏၶာမ်ားသည္လည္း အက္တမ္မ်ား အမ်ိဳးေပါင္း မ်ားစြာၿဖင့္ ဖြဲ႕စည္းထားၿပီး တြန္းအားႏွင့္ ဆြဲအားမ်ားအၾကား အာကာသမ်ား ရွိေနၾကၿပီး အၿမဲတမ္း ၿပိဳင္ဆိုင္ေနၾကသည္ ။ အေလ်ာ့တစ္ဖက္မွ စြမ္းအား တိုးတက္သည္ႏွင့္ ေဖါက္ၿပန္ပ်က္ဆီးေလေတာ့သည္ ။ ဤသို႕ပင္ လူသားတိုင္းသည္ သိပၸံစိတ္ဓါတ္ႏွင့္ ဒသနစိတ္ဓါတ္မ်ား အၿမဲတေစ လြန္ဆြဲေနရာမွ တစ္ဖက္ဖက္တြင္ အားေကာင္းလြန္းသြားလွ်င္မူ ပ်က္ဆီးေသာ ရလဒ္မ်ားကိုသာ ပိုင္ဆိုင္ၾကရမည္ ၿဖစ္ေလေတာ့၏ ။

#htoohtoolay




unicode -

 သိပ္ပံစိတ်နှင့် ဒဿနစိတ်တို့အကြားက သတ္တဝါတို့၏ ဘုရင် !
-----
 နှစ်ပေါင်းများစွာက ဖြစ်တည်လာခဲ့တဲ့ ဒီကမ္ဘာမြေကြီးသည် သက်ရှိသက်မဲ့များ၏ မှိခိုအားထားရာ အချက်ဗဟိုတစ်ခုတွင် ပါဝင်လာခဲ့၏ ။ ကမ္ဘာပေါ်မှ အထက်ကောင်းကင်ယံအား ညသန်ခေါင်အချိန်တွင် လင်းလတ်နေသော ကြယ်တာရာများကို ကြည့်ကာ ဂြိုလ်သွားဂြိုလ်လာ လမ်းကြောင်းများကိုလည်း ဖေါ်ထုတ်နိုင်ခဲ့လေပြီ ။ ရှေးဦးပထမ ထုတ်ဖေါ်နိုင်ခဲ့သည့် အချိန်မှာ ၂၁ ရာစုလို သိပ္ပံပညာရပ်များ ထွန်းကားခြင်း မရှိသေးပါ ။ ဒီကမ္ဘာမြေကြီးသည် လုံးဝန်သလော ၊ သို့မဟုတ် ပြားချပ်နေသလောဟု မည်သူတစ်ဦးတစ်ယောက်မျှ မဝေခွဲနိုင် ။ ကမ္ဘာ့မြေပုံ ရေးဆွဲခြင်း အတက်ကိုလဲ အားပေးအားမြှောက် မပြုသေးကြသည့်အချိန်၌ပင် လူသားများသည် တစ်မူထူးခြားသော သတ္တဝါများ စာရင်းထဲ၌ ပါဝင်နေပြီဖြစ်သည် ။

 ဒီကမ္ဘာပေါ်တွင် နှစ်သန်းပေါင်းများစွာအကြာက ယခု တူးဖေါ်တွေ့ရှိသော ကျောက်ဖြစ်ရုပ်ကျွင်းပိုင်ရှင်များသည် ရှင်သန်လှုပ်ရှားခဲ့ကြသည် ။ ကြီးမားသော ကုန်းနေ ရေနေ သတ္တဝါများသာမက ကောင်းကင်ယံအထက်၌ လှုပ်ရှားသွားလာနိုင်သော နဂါးအနွယ်ဝင် လေဟုန်စီးသတ္တဝါများလည်း ပါဝင်ခဲ့သည် ။ ထိုသတ္တဝါများသည် ကမ္ဘ့ာရှေးဦးပိုင်ရှင်များ ဖြစ်ကြသည့်အလျှောက် တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ဖျက်ဆီးခဲ့ကြ၏ ။ အသီးစား သတ္တဝါများမှတစ်ဆင့် အသားစားသတ္တဝါများ ပေါ်ပေါက်လာကာ အရွက်စားသတ္တဝါတွေအားလုံး မျိုးသုန်းခဲ့ကြသည် ။

 တစ်ချို့သတ္တဝါများသည် ခန္ဓာကိုယ်ကြီးမားသော်လည်း စွမ်းဆောင်နိုင်စွမ်းမှာ နည်းပါးလွန်းသဖြင့် သူ့ထက် သေးငယ်သောအကောင်များ၏ သတ်ဖျက်စားသောက်ခြင်းကို ခံရ၏ ။ ခန္ဓာကိုယ်ကြီးမားလေ လှုပ်ရှားမှု နှေးကွေးလေ ဖြစ်လာသည်နှင့်အမျှ ခန္ဓာကိုယ် သေးငယ်လေ လှုပ်ရှားမှု မြန်ဆန်လာကြသည်လည်း တိုးပွားလာသည် ။ ကမ္ဘာမြေပေါ်မှ စာကျက်မြေများကို ပြောင်းရွေ့ရှာဖွေရာမှ နေရာအနှံ့အပြားသို့ ရောက်ရှိခဲ့လေတော့၏ ။  

 ဤသို့ ပြောင်းရွေ့ရှင်သန်ခြင်းမှ စတင်ကာ ကမ္ဘာပေါ်၌ အင်မတန်ပြင်းထန်သော တိရိစ္ဆာန်တိုက်ပွဲကြီး ပေါ်ပေါက်လာလေတော့၏ ။ ထိုတိုက်ပွဲကြီးသည် နှစ်သန်းပေါင်းများစွာ ကြာလာသည်နှင့်အမျှ သေကံမရောက်အောင် ပုန်းခိုရှောင်တိမ်းနေရသော ခွန်အားမရှိသည့် သတ္တဝါကလေးများ တိုးပွားလာပြန်၏ ။ ထိုသတ္တဝါများအတွင်း လူသားများလဲ အပါအဝင်ဖြစ်သည် ။

 လူဟူသော သတ္တဝါသည် အင်မတန်ထူးခြားသော ခန္ဓာအချိုးအဆစ်တို့ကို ပိုင်ဆိုင်ထားသူဖြစ်သည် ။ အရာရာကို ကိုင်တွယ်ခိုကပ်နိုင်ရုံသာမက ကြီးမားသော ကျောက်ဆောင်ကျောက်ခဲများကိုလည်း မိမိတို့လိုအပ်သလို အရွယ်အစားရအောင် ထုလုပ်ဖန်တီးနိုင်ကြ၏ ။ ထိုသို့ ပြုလုပ်နိုင်အောင်လည်း ခန္ဓာကိုယ်က ထောက်ပံ့ပေးထားသည် ။

 ရှေးဦးလူသားများအား သုတေသီတို့ တူးဖေါ်တွေ့ရှိသော အရိုးအဆစ်များသည် ၂၁ ရာစုမှ ရှင်သန်နေသော လူသားများခန္ဓာပုံစံမျိုးမဟုတ်ပဲ လိုအပ်ချက် များစွာရှိနေသော ပုံသဏ္ဍာန်မျိုးကို တွေ့ရ၏ ။ ဥပမာ - မေးရိုးများ ဆက်နေသဖြင့် စကားပြောနိုင်စွမ်း မရှိသေးသော ခန္ဓာများလဲ ပါဝင်၏ ။

  ထို တွေ့ရှိချက်များသည် လူသားတို့၏ ဆင့်ကဲသမိုင်းကြောင်းကို မီးမောင်းထိုးပေးနေပြန်၏ ။ လူသားသည် ကမ္ဘာဦး တိရိစ္ဆာန်တိုက်ပွဲကြီးအတွင်း၌ အလွယ်တကူ ရှင်ဘုရင် ဖြစ်လာခဲ့ခြင်းတော့ မဟုတ်ပေ ။ကြုံလာသမျှ အန္တရာယ်များအား ဖွံ့ဖြိုးလာသော ဦးနှောက်ညာဏ်ပညာကိုသုံး၍ ရင်ဆိုင်ခဲ့ကြ၏ ။ ခွန်အားနည်းသော လူသည် ခွန်အားကြီးသော သတ္တဝါများကို အောင်နိုင်လာခဲ့သည့်အလျှောက် လူသား၏ခန္ဓာမှာ အန္တရာယ်ကြီးသော တိရိစ္ဆာန်များအတွင်း၌ ပါဝင်သွားခဲ့လေတော့သည် ။

 လူသား၏ မျိုးဗီဇသည် အခြားသော သတ္တဝါများထက် ပိုမိုအန္တရာယ်ကြီးသော အရာတစ်ခု ပါဝင်နေသည် ။ ထိုအရာမှာ ဆင်ခြင်တုံတရားဖြစ်၏ ။ ထိုဆင်ခြင်တုံတရားသည် အမျိုးမျိုးသော အခက်အခဲများကို ကျော်လွှားနိုင်ရုံသာမက အမျိုးမျိုးသော အန္တရာယ်များကိုလည်း ဖြစ်ပေါ်စေနိုင်၏ ။ ယခု ၂၁ ရာစုအတွင်း၌ ကမ္ဘာ့ရာသီဥတုကို ဖေါက်ပြန်စေရုံသာမက ကမ္ဘာ့ပထဝီမြေကြီးကိုပင် ကွဲကြေသွားအောင် ကြံဆောင်နိုင်သည်ထိ နည်းပညာများ တိုးတက်နေပြီဖြစ်သည် ။

 လူသားသမိုင်းကို ကောက်ကြောင်းလိုက်နေလျှင်မူ ဆုံးခန်းတိုင်သည်အထိ ရရှိရန် မလွယ်ကူပေ ။ ယခုအချိန်၌ သုတေသီတို့ ရှာဖွေတွေ့ရှိချက်များသည်လည်း တစ်မူထူးခြားသော သမိုင်းကောက်ကြောင်းကို ဖေါ်ပြနေပြန်ကြသည် ။ မည်သူတစ်ဦးတစ်ယောက်မျှ အတိအကျ မဆိုနိုင်ပေ ။ သို့သော် တူးဖေါ်တွေ့ရှိချက်များသည် ယခုခေတ် နည်းပညာများထက် ပိုမိုသာလွန်နေသလောဟု မေးခွန်းထုတ်ခံလာရသည် ။

 လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်းမှ မှတ်တမ်းမှတ်ရာများကို ရှာဖွေဖေါ်ထုတ်ရာတွင် နှစ်ပေါင်း ၂၀၀၀ ကျော်က လူ့ယဉ်ကျေးမှုကိုသာ များစွာ ရှာဖွေချပြနိုင်ခဲ့၏ ။ ထိုစဉ်အချိန်၌ လူသားတို့သည် လူသားတို့၏ ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံတင်မက ကမ္ဘာ့သတ္တဝါအများ၏ ကြောက်ရွံ့လေးစားခြင်း အဆုံးသို့ပင် ရောက်ရှိနေပေပြီ ။ ပြီးပြည့်စုံသော ညာဏ်ပညာများနှင့် ပြီးပြည့်စုံသော ခန္ဓာဖွဲ့စည်းပုံများကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ လူသားတို့၏သမိုင်းတွင် ထင်ပေါ်ကျော်ကြားသော ဒသနပညာရပ်များ တိုးတက်စည်ကားလာပြန်တော့သည် ။

 သတ္တဝါတိုင်း၌ မိမိတို့ ကိုယ်ပိုင်အစွမ်းအစများ ရှိကြ၏ ။ ကြွက်သည် မြေတူးကျွမ်းကျင်သလို ကြောင်သည် ကြွက်ဖမ်းကျွမ်းကျင်၏ ။ သိန်းငှက်သည် မြင်နိုင်စွမ်အား ထက်သန်သလို ဆင်သည် ခွန်အားဗလကြီးမား၏ ။ ထို့အတူ လူသည်လည်း တစ်မူထူးခြားသော စွမ်းအင်ကို ပိုင်ဆိုင်ထားလေသည်။ လူ၏ ခွန်အားဗလသည် ဆင်၏ ခွန်အားဗလကို မယှဉ်နိုင်သလို လူ၏ လျင်မြန်မှုသည် ကျားသစ်၏ ပြေးလွှားနိုင်စွမ်းနှင့် မနှိုင်းယှဉ်အပ်ပေ ။ သို့သော် လူသည် အဘယ်ကြောင့် သတ္တဝါတို့၏ဘုရင် ဖြစ်နေရသနည်း ။

 ထိုအချင်းအရာများအား ဆက်စပ်ရှာဖွေရာတွင် အမျိုးမျိုးသော အတွေးအခေါ်များနှင့် အမျိုးမျိုးသိပ္ပံတွေ့ရှိချက်များ ပေါ်ထွက်လာသော်လည်း အကျဉ်းချုပ်၍ ဖေါ်ပြရလျှင်မူ လူတွင် သိပ္ပံစိတ်ဓါတ်နှင့် ဒသနစိတ်ဓါတ်တို့သည် အမြဲတမ်း လွန်ဆွဲနေကြကြောင်း တွေ့ရှိရမည်ဖြစ်၏ ။

 သိပ္ပံတွေ့ရှိချက်နှင့် သိပ္ပံရှာဖွေမှုများသည် ဆုံးခန်းတိုင်ဖို့ရန် ခက်ခဲ၏ ။ ထို့အတူ ဒသနအတွေးနှင့် ဒသနအမြင်များသည်လည်း အလုံးစုံရပ်တန့်သွားဖို့ရာ မဖြစ်နိုင်ပေ ။ လူသားတို့သည် ထိုနှစ်မျိုး၏ လွန်ဆွဲနေသော အခိုက်အတန့်မှ ထူးခြားသော ရလဒ်အသစ်များကို ဖေါ်ထုတ်နိုင်ကြ၏ ။ အတွေးအခေါ်တိုင်းသည် ဒသနမဟုတ်သလို သိပ္ပံနည်းအရ အလိုလိုဖြစ်တည်လာခြင်းလဲ မဟုတ်ပေ ။ ဦးနှောက်အတွင်းမှာ ရှိသော ဂလင်း၏ ထိန်းချုပ်မှုအောက်မှ ဖြစ်တည်နေကြခြင်းဟု ဆိုသော်လည်း ဟိုမှုန်းဓါတ်များ၍ တူညီသော ဖိုမဓါတ်ဆွဲအားကြောင့် အချစ်မေတ္တာဖြစ်ပေါ်လာခြင်းမှာလည်း စဉ်းစားစရာ ဖြစ်၏ ။

 လူသားတိုင်းတွင် သိပ္ပံစိတ်ဓါတ်နှင့် ဒသနစိတ်ဓါတ်များ အမြဲတမ်း လွန်ဆွဲနေသည်ကို သိရှိထားဖို့ရန် လိုသည် ။ စကြာဝဠာအတွင်းမှ အရာဝတ္ထုတိုင်းသည် တွန်းအားနှင့် ဆွဲအားများ အမြဲတမ်း ပြိုင်ဆိုင်နေကြသည့်အလျှောက် တွန်းအားများကုန်၍ ဆွဲအားများ အဆုံးစွန်ထိ တိုးတက်လာသောအခါ Black Hole ဂြိုလ်များ ဖြစ်ပေါ်လာတော့သည် ။ ထို Black Hole သည် မည်သည့်အရာကိုမျှ ကောင်းကျိုးမပြုသလို သူ့ဘေးမှ တည်ရှိနေကြသော ဂြိုလ်သိမ်ဂြိုလ်မွှား ဂြိုလ်ကြီးဂြိုလ်သေးပါမကျန် ဆုပ်ယူဖျက်ဆီးပစ်တက်၏ ။ ထို့အတူ လူသားတို့၏ ခန္ဓာများသည်လည်း အက်တမ်များ အမျိုးပေါင်း များစွာဖြင့် ဖွဲ့စည်းထားပြီး တွန်းအားနှင့် ဆွဲအားများအကြား အာကာသများ ရှိနေကြပြီး အမြဲတမ်း ပြိုင်ဆိုင်နေကြသည် ။ အလျော့တစ်ဖက်မှ စွမ်းအား တိုးတက်သည်နှင့် ဖေါက်ပြန်ပျက်ဆီးလေတော့သည် ။ ဤသို့ပင် လူသားတိုင်းသည် သိပ္ပံစိတ်ဓါတ်နှင့် ဒသနစိတ်ဓါတ်များ အမြဲတစေ လွန်ဆွဲနေရာမှ တစ်ဖက်ဖက်တွင် အားကောင်းလွန်းသွားလျှင်မူ ပျက်ဆီးသော ရလဒ်များကိုသာ ပိုင်ဆိုင်ကြရမည် ဖြစ်လေတော့၏ ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...