Skip to main content

ၿဂိဳလ္ေတြဟာ ေနကို ဘာေၾကာင့္ ပတ္ၿပီး လည္ေနရတာလဲ ?



zawgyi -


ၿဂိဳလ္ေတြဟာ ေနကို ဘာေၾကာင့္ ပတ္ၿပီး လည္ေနရတာလဲ ?

-----

အကယ္လို႕ ၿဂိဳလ္ေတြဟာ လႈပ္ရွားေရြ႕လ်ားမေနရင္ ေနရဲ႕ဆြဲအားက သူတို႕ကို ေနရဲ႕အတြင္းဘက္ ဗဟိုခ်က္ဆီသို႕ ဆြဲယူသြားမွာ ၿဖစ္တယ္ ။ ဒါေပမယ့္ သူတို႕ အရမ္းကို လ်င္လ်င္ၿမန္ၿမန္ ေရြ႕လ်ားလြန္းေနရင္လည္း သူတို႕ဟာ အာကာသထဲကို လြင့္စင္သြားမွာၿဖစ္တယ္ ။ ၿဂိဳလ္တစ္ခုဟာ ေနနဲ႕ နီးေလေလ အဲ႕ဒီ႕ၿဂိဳလ္ဟာ ၿမန္ၿမန္ လႈပ္ရွားရေလၿဖစ္တယ္ ။ ၿဂိဳလ္ေတြအားလံုးဟာ တူညီတဲ႕ ဦးတည္ခ်က္လမ္းေၾကာင္းအတိုင္း ေရြ႕လ်ားၾကတယ္ ။ သူတို႕ေတြဟာ ေနကို ထုတ္လုပ္ေမြးဖြားေပးလိုက္တဲ႕  . . . တူညီတဲ႕ ထုထည္ၾကီးထဲကေန ၿဖစ္ထြန္းခဲ႕တာ ၿဖစ္ေကာင္းၿဖစ္နိုင္တယ္ ။


ေနရယ္လို႕ စတင္ေပၚစကေတာ့ ေနဟာ သူ႕ရဲ႕ ၀န္ရိုးေပၚမွာ နာရီအနည္းငယ္အတြင္း တစ္ပတ္ပတ္မိေအာင္ လည္ပတ္ေနတာ ၿဖစ္ပါလိမ့္မယ္ ။ ေနကို ၿဖစ္ေစခဲ႕တဲ႕ အထုအထည္ၾကီးရဲ႕ဆြဲအားက ေနရဲ႕ လည္ပတ္မႈအရွိန္ကို ေလ်ာ့က်ေစၿပီး ယေန႕လက္ရွိ ၂၅ ရက္မွာ တစ္ပတ္ႏႈန္းပတ္မိေအာင္ ေလွ်ာ့ခ်ေပးခဲ႕တာၿဖစ္တယ္ ။ ေသာၾကာၿဂိဳလ္နဲ႕ ယူေရးနပ္စ္ၿဂိဳလ္တို႕ကလြဲရင္ ၿဂိဳလ္အားလံုးဟာ လက္၀ဲရစ္ လည္ပတ္ၾကပါတယ္ ။ ေသာၾကာၿဂိဳလ္ကေတာ့ ေနာက္ၿပန္ေၿဖးေၿဖးေလး လည္တယ္ ။ ယူေရးနပ္စ္ၿဂိဳလ္ရဲ႕ ၀င္ရိုးကေတာ့ ညာဘက္ကို ေစာင္းေနတယ္ ။ ဒါေၾကာင့္ ေစာင္းတဲ့ဘက္ကို လည္ပတ္တယ္ ။


#htoohtoolay


unicode -

ဂြိုလ်တွေဟာ နေကို ဘာကြောင့် ပတ်ပြီး လည်နေရတာလဲ ?
-----
အကယ်လို့ ဂြိုလ်တွေဟာ လှုပ်ရှားရွေ့လျားမနေရင် နေရဲ့ဆွဲအားက သူတို့ကို နေရဲ့အတွင်းဘက် ဗဟိုချက်ဆီသို့ ဆွဲယူသွားမှာ ဖြစ်တယ် ။ ဒါပေမယ့် သူတို့ အရမ်းကို လျင်လျင်မြန်မြန် ရွေ့လျားလွန်းနေရင်လည်း သူတို့ဟာ အာကာသထဲကို လွင့်စင်သွားမှာဖြစ်တယ် ။ ဂြိုလ်တစ်ခုဟာ နေနဲ့ နီးလေလေ အဲ့ဒီ့ဂြိုလ်ဟာ မြန်မြန် လှုပ်ရှားရလေဖြစ်တယ် ။ ဂြိုလ်တွေအားလုံးဟာ တူညီတဲ့ ဦးတည်ချက်လမ်းကြောင်းအတိုင်း ရွေ့လျားကြတယ် ။ သူတို့တွေဟာ နေကို ထုတ်လုပ်မွေးဖွားပေးလိုက်တဲ့  . . . တူညီတဲ့ ထုထည်ကြီးထဲကနေ ဖြစ်ထွန်းခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ် ။

နေရယ်လို့ စတင်ပေါ်စကတော့ နေဟာ သူ့ရဲ့ ဝန်ရိုးပေါ်မှာ နာရီအနည်းငယ်အတွင်း တစ်ပတ်ပတ်မိအောင် လည်ပတ်နေတာ ဖြစ်ပါလိမ့်မယ် ။ နေကို ဖြစ်စေခဲ့တဲ့ အထုအထည်ကြီးရဲ့ဆွဲအားက နေရဲ့ လည်ပတ်မှုအရှိန်ကို လျော့ကျစေပြီး ယနေ့လက်ရှိ ၂၅ ရက်မှာ တစ်ပတ်နှုန်းပတ်မိအောင် လျှော့ချပေးခဲ့တာဖြစ်တယ် ။ သောကြာဂြိုလ်နဲ့ ယူရေးနပ်စ်ဂြိုလ်တို့ကလွဲရင် ဂြိုလ်အားလုံးဟာ လက်ဝဲရစ် လည်ပတ်ကြပါတယ် ။ သောကြာဂြိုလ်ကတော့ နောက်ပြန်ဖြေးဖြေးလေး လည်တယ် ။ ယူရေးနပ်စ်ဂြိုလ်ရဲ့ ဝင်ရိုးကတော့ ညာဘက်ကို စောင်းနေတယ် ။ ဒါကြောင့် စောင်းတဲ့ဘက်ကို လည်ပတ်တယ် ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...