Skip to main content

လူသားမ်ိဳးႏြယ္စု ပ်က္သုန္းမည့္ အေႀကာင္း !

zawgyi -

လူသားမ်ိဳးႏြယ္စု ပ်က္သုန္းမည့္ အေႀကာင္း !
----
သိပၸံပညာရွင္ေတြ ေျပာႀကတဲ႕ လူသားပ်က္သုန္းနိုင္မဲ႕ အေႀကာင္းအရာေတြကေတာ့ အေတာ္ေလး သဘာဝက်ကာ အခုေခတ္မွာေတာ့ ရုပ္လံုးေတြ ေပၚလာတာေတြ႕ေနရတယ္ ။ လူသားမ်ိဳးႏြယ္စုဟာ ဒီကမၻာေပၚမွာ ႏွစ္သန္းေပါင္းမ်ားစြာကတည္းက ေပၚေပါက္လာခဲ႕တာျဖစ္ျပီး အဲ႕ဒီ႕ မ်ိဳးႏြယ္စုတစ္ခုလံုးကို ပ်က္သုန္းသြားေစမဲ႕ အေႀကာင္းအရာေတြဟာလဲ တိုးတက္နီးကပ္လာေနတာကို ေလ့လာမိသူတိုင္း သိရွိႀကပါတယ္ ။
လူသားတစ္ရပ္လံုးကို ပ်က္သုန္းသြားေစမဲ႕ အေႀကာင္းအရာေတြကေတာ့ အႀကမ္းပွ်မ္းေျပာရရင္ အခ်က္ (၅) ခ်က္ကို ေတြ႕ရတယ္ ။ အဲ႕ ဒါေတြက -

( ၁ ) လူသားေတြဆီကို အင္မတန္ ျပင္းထန္တဲ႕ ေရာဂါပိုးမႊားေတြ ကပ္ေရာက္လာ ရင္ျဖစ္တယ္ ။ အဲ႕ေရာဂါပိုးမႊားေတြဟာ ကပ္ဆိုက္လာျပီး ကမၻာေပၚက လူသားတိုင္းရဲ႕ ခႏၶာေတြကို ဖ်က္ဆီး လိုက္မယ္လို႕ ဆိုပါတယ္ ။ အခုေခတ္အေနနဲ႕ႀကည့္ရရင္ ေဆးဝါးသုေတသနျပဳမႈရဲ႕ ေလာကထဲမွာ ေဆးမတိုးေတာ့တဲ႕ ပိုးမႊားေတြ မ်ားစြာ ျဖစ္ေနႀကျပီဆိုတာ ေတြ႕ရပါတယ္ ။ ေဆးဝါးေလာကႀကီး က်ရံႈးေတာ့မယ္လို႕ ဒီလို သံုးသပ္မႈေတြလဲ ရွိေနတယ္ ။
ေရာဂါပိုးမႊား

(၂) အလြန္ျပင္းထန္တဲ႕ ေပါက္ကြဲအားရွိေသာ စစ္ပြဲေတြေႀကာင့္ျဖစ္တယ္ ။ အခုဆို နူကလီယားလက္နက္ကို ေပါက္ကြဲမႈ ျပင္းအားအေကာင္းဆံုးအေနနဲ႕ သိထားႀကေပမယ့္ ဒီ႕ထက္ ပိုမိုျပင္းထန္တဲ႕ လက္နက္ေတြကို ရွာေဖြေတြ႕ရွိနိုင္ေသးတယ္လို႕ ဆိုပါတယ္ ။ အခုအခ်ိန္မွာေတာင္ နူကလီယား စစ္ပြဲကို က်င္းပမယ္ဆို လူသားအရင္းအျမစ္တစ္ခုလံုး လံုးဝ ပ်က္သုန္းသြားနိုင္ပါတယ္ ။ အဲ႕ အေရးကို ျမင္ႀကတဲ႕ နိုင္ငံ့ေခါင္းေဆာင္ေတြက နည္းအမ်ိဳးမ်ိဳးနဲ႕ ႀကိဳတင္ကာကြယ္မႈေတြ ျပဳလုပ္ေနႀကတာျဖစ္တယ္ ။
နူကလီးယားလက္နက္ၿဖင့္ ေဖါက္ခြဲပံု

ဒီလို စစ္ပြဲႀကီး ျဖစ္ေပၚလာဖို႕ဆိုတာ လူတစ္ေယာက္ရဲ႕ (တစ္ခ်က္) ဆံုးျဖတ္ခ်က္နဲ႕ ဆိုင္ေနတာျဖစ္ျပီး မွားတာနဲ႕ ေပၚေပါက္လာမွာျဖစ္သလို ခလုတ္တစ္ခုက လူသားမ်ိဳးႏြယ္တစ္ခုလံုးကို ပ်က္သုန္းသြားေစမွာျဖစ္တယ္ ။ ဒီအေရးဟာ ျဖစ္ဖို႕ ရာခိုင္ႏႈန္းမ်ားစြာ ရွိေနတဲ႕အတြက္ အခုအခါမွာ စစ္ပြဲရဲ႕ ဒါဏ္ကို ခံနိုင္တဲ႕ အေဆာက္အဦးႀကီးကို နိုင္ငံ့ေခါင္းေဆင္ေတြေပါင္းျပီး မ်ိဳးစိတ္အစံု ထည့္သြင္းသိမ္းဆည္းထားမႈေတြ လုပ္ေဆာင္ထားႀကပါတယ္ ။ အဲ႕ အေဆာက္အဦးႀကီးဟာ စစ္ပြဲရဲ႕ ေပါက္ကြဲမႈအတြင္း က်ေရာက္ခဲ႕ရင္ေတာင္ သိမ္းသိုထားတဲ႕ မ်ိဳးစိတ္ေတြကို မပ်က္ဆီးေစဘူးလို႕ ဆိုပါတယ္ ။ က်န္ရစ္တဲ႕ လူသားေတြက အဲ႕ထဲက မ်ိဳးစိတ္ေတြကို အသံုးျပဳျပီး လူသားအရင္းအျမစ္ကို ျပန္ထူေထာင္နိုင္ေအာင္လို႕ဆိုျပီး ဒီလို သိရပါတယ္ ။ ( အဲ႕အေဆာက္အဦးအေႀကာင္းကို အခ်ိန္ရရင္ အနည္းငယ္ တင္ေပးပါအုန္းမယ္)

(၃) စႀကာဝဠာအတြင္းက လြင့္ေျမာေနတဲ႕ ျဂိဳလ္သိမ္ ေတြေႀကာင့္လဲ လူသားအရင္းအျမစ္တစ္ခုလံုးကို ပ်က္သုန္းသြားေစနိုင္ပါတယ္ ။ အဲ႕လို ပ်က္သုန္းမႈမ်ိဳးကို ဒီကမၻာေပၚမွာတင္ ကမၻာဦး တိရိစၦာန္-သတၱဝါေတြဟာ တစ္ခါ ႀကံဳေတြ႕ဖူးတယ္လို႕ ဒီလိုဆိုပါတယ္ ။
အာကာသအတြင္းမွ လႊင့္ေမ်ာေနေသာ ၿဂိဳလ္မ်ား

စႀကာဝဠာႀကီးအတြင္း တည္ရွိေနႀကတဲ႕ ၿဂိဳလ္သိမ္ေတြဟာ ျငိမ္သပ္ေနႀကတာ မဟုတ္ပဲ ျဂိဳလ္ကမၻာေတြရဲ႕ ပ်က္သုန္းမႈေတြေႀကာင့္ စႀကာဝဠာႀကီးထဲမွာ အဲ႕အစိတ္အပိုင္းေတြဟာ လြင့္ေျမာေနႀကတာျဖစ္တယ္ ။ အခုခ်ိန္မွာလဲ ေသးငယ္တဲ႕ ျဂိဳလ္သိမ္ေတြဟာ ကမၻာႀကီးဆီကို လာလမ္းအတြင္း လမ္းေႀကာင္းသင့္ျပီး လာေဆာင့္ႀကပါတယ္ ။ ဒါေပမယ့္ ကမၻာ့ေလထုႀကီးက အဲ႕ျဂိဳလ္သိမ္ေတြကို ေကာင္းကင္မွာတင္ ေျခဖ်က္နိုင္ေနေသးတာေႀကာင့္ျဖစ္တယ္ ။ အရြယ္အစားႀကီးမားရင္ေတာ့ ေခ်ဖ်က္နိုင္စြမ္းမရွိေတာ့ပါ ။ ဒါေႀကာင့္ တစ္ေန႕ အလြန္ႀကီးမားတဲ႕ ၿဂိဳလ္သိမ္ႀကီးတစ္ခု ကမၻာနဲ႕ တိုက္မိရင္ လူသားမ်ိဳးႏြယ္စုႀကီး ပ်က္သုန္းသြားနိုင္မွာျဖစ္ပါတယ္ ။

စႀကာဝဠာနဲ႕ဆိုင္တဲ႕ ေနာက္တစ္ခုက black hole ပဲျဖစ္တယ္ ။ သူကေတာ့ ကမၻာထက္ အဆေပါင္းမ်ားစြာ ႀကီးမားတဲ႕ ျဂိဳလ္ႀကီးေတြကိုေတာင္ သူ႕ေနရာနားေရာက္ရင္ စုပ္ယူအားနဲ႕ ဖ်က္ဆီးနိုင္ပါတယ္ ။
black hole သေဘာကို အႀကမ္းဖ်င္းေျပာရရင္ေတာ့ ျဂိဳလ္ကမၻာေတြဟာ တြန္းအားနဲ႕ စုပ္အားက အျမဲတမ္း ျပိဳင္ဆိုင္ေနပါတယ္ ။ အဲ႕လို ျပိဳင္ဆိုင္ေနခ်ိန္မွာ တြန္းကန္အားက နည္းလာျပီး စုပ္ယူအားက မ်ားျပားႀကီးမားလာတဲ႕အခါ ျဂိဳလ္ကမၻာႀကီးဟာ စုပ္ယူအားနဲ႕ ပ်က္ဆီးသြားပါေတာ့တယ္ ။ အဲ႕ျဂိဳလ္ႀကီး ပ်က္ဆီးသြားတဲ႕အခါ အဲ႕ေနရာမွာ black hole တစ္ခု ျဖစ္သြားပါတယ္ ။ သို႕ေသာ္ black hole ျဖစ္ေလာက္တဲ႕ အေျခအေနကို ဖန္တီးနိုင္တဲ႕ ျဂိဳလ္ကေတာ့ အင္မတန္ ႀကီးမားရမွာျဖစ္တယ္ ။ အခု စႀကာဝဠာထဲမွာ ႀကီးမားတဲ႕ ျဂိဳလ္ေတြ ပ်က္ဆီးေနတာေႀကာင့္ black hole ေတြလဲ မ်ားစြာ ရွိေနႀကပါတယ္ ။ ဒါေႀကာင့္ ကြ်န္ေတာ္တို႕ကမၻာဟာ ရန္သူေတြ ဝိုင္းေနတဲ႕ ကမၻာသာျဖစ္တယ္ ။

(၄) တစ္ျခားေသာ ကမၻာျဂိဳလ္မွ သတၱဝါ(ျဂိဳလ္သား) ေတြေႀကာင့္လဲ လူသားမ်ိဳးႏြယ္ႀကီး ပ်က္ဆီးနိုင္တယ္လို႕ ဆိုတယ္ ။ ကြ်န္ေတာ္တို႕ကမၻာဟာ ဘယ္ေလာက္ပဲ ေလထုညစ္ညမ္းေနပါေစ ျဂိဳလ္ေတြထဲမွာေတာ့ ႏိႈင္းယွဥ္လိုက္ရင္ ဒီကမၻာဟာ အေကာင္းဆံုးေသာ အေျခအေနေတြကို ပိုင္ဆိုင္ေနပါတယ္ ။ ဒါေႀကာင့္ နည္းပညာ ျမင့္မားတဲ႕ ျဂိဳလ္သားေတြသာ ေရာက္လာခဲ႕မယ္ဆိုရင္ေတာ့ ဒီကမၻာႀကီးကို ရယူလိုက္ႀကမွာျဖစ္တယ္လို႕ ဒီလို သံုးသပ္ႀကပါတယ္ ။
အၿခားၿဂိဳလ္မွ လာေရာက္ေသာ ၿဂိဳလ္ပ်ံတစ္စင္းပံု (စိတ္ကူးၿဖင့္ ေရးဆြဲထားၿခင္း)

(၅) ေနာက္ဆံုး အမွတ္စဥ္ကေတာ့ အသိညာဏ္ အတု ေတြေႀကာင့္ျဖစ္တယ္ ။ အခုလိုဆို စက္ရုပ္ေတြကိုဆိုလိုပါတယ္ ။ အဲ႕ဒီ႕ သိပၸံပညာဆိုင္ရာ ေလာကႀကီး တိုးတက္ေနတဲ႕အတြက္ လူေတြဟာ စက္ေတြကို လူသားရဲ႕ အသိညာဏ္ နီးပါးအထိ တိုးျမွင့္ျပီး ထုတ္လုပ္ေနပါတယ္ ။ အခုအခ်ိန္မွာ ကြန္ပ်ဴတာေတြဟာ လူသားတို႕ရဲ႕ မွတ္ညာဏ္ထက္ အလြန္ မွတ္သားနိုင္စြမ္း ေကာင္းေနႀကပါတယ္ ။ လူသားက တီထြင္လိုက္ေပမယ့္ လူသားေတြထက္ ပိုထက္ေနတာေတြ႕ရတယ္ ။ အဲ႕လိုပဲ နည္းပညာေတြနဲ႕ တည္ေဆာက္တဲ႕ စက္ေတြဟာ တစ္ခ်ိန္မွာ လူသားေတြကို ျပန္ျပီး ႀကီးစိုးလာမွာျဖစ္ကာ လူသားအရင္းအျမစ္ႀကီးတစ္ခုလံုးကို ဖ်က္ဆီးလိုက္နိုင္မွာျဖစ္တယ္လို႕ ဒီလို ေတြ႕ရွိရပါတယ္ ။
ကြန္ပ်ဴတာ မွတ္ညာဏ္အတု


#htoohtoolay


unicode -

လူသားမျိုးနွယ်စု ပျက်သုန်းမည့် အကြောင်း !
----
သိပ္ပံပညာရှင်တွေ ပြောကြတဲ့ လူသားပျက်သုန်းနိုင်မဲ့ အကြောင်းအရာတွေကတော့ အတော်လေး သဘာဝကျကာ အခုခေတ်မှာတော့ ရုပ်လုံးတွေ ပေါ်လာတာတွေ့နေရတယ် ။ လူသားမျိုးနွယ်စုဟာ ဒီကမ္ဘာပေါ်မှာ နှစ်သန်းပေါင်းများစွာကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အဲ့ဒီ့ မျိုးနွယ်စုတစ်ခုလုံးကို ပျက်သုန်းသွားစေမဲ့ အကြောင်းအရာတွေဟာလဲ တိုးတက်နီးကပ်လာနေတာကို လေ့လာမိသူတိုင်း သိရှိကြပါတယ် ။

လူသားတစ်ရပ်လုံးကို ပျက်သုန်းသွားစေမဲ့ အကြောင်းအရာတွေကတော့ အကြမ်းပျှမ်းပြောရရင် အချက် (၅) ချက်ကို တွေ့ရတယ် ။ အဲ့ ဒါတွေက -

( ၁ ) လူသားတွေဆီကို အင်မတန် ပြင်းထန်တဲ့ ရောဂါပိုးမွှားတွေ ကပ်ရောက်လာ ရင်ဖြစ်တယ် ။ အဲ့ရောဂါပိုးမွှားတွေဟာ ကပ်ဆိုက်လာပြီး ကမ္ဘာပေါ်က လူသားတိုင်းရဲ့ ခန္ဓာတွေကို ဖျက်ဆီး လိုက်မယ်လို့ ဆိုပါတယ် ။ အခုခေတ်အနေနဲ့ကြည့်ရရင် ဆေးဝါးသုတေသနပြုမှုရဲ့ လောကထဲမှာ ဆေးမတိုးတော့တဲ့ ပိုးမွှားတွေ များစွာ ဖြစ်နေကြပြီဆိုတာ တွေ့ရပါတယ် ။ ဆေးဝါးလောကကြီး ကျရှုံးတော့မယ်လို့ ဒီလို သုံးသပ်မှုတွေလဲ ရှိနေတယ် ။

(၂) အလွန်ပြင်းထန်တဲ့ ပေါက်ကွဲအားရှိသော စစ်ပွဲတွေကြောင့်ဖြစ်တယ် ။ အခုဆို နူကလီယားလက်နက်ကို ပေါက်ကွဲမှု ပြင်းအားအကောင်းဆုံးအနေနဲ့ သိထားကြပေမယ့် ဒီ့ထက် ပိုမိုပြင်းထန်တဲ့ လက်နက်တွေကို ရှာဖွေတွေ့ရှိနိုင်သေးတယ်လို့ ဆိုပါတယ် ။ အခုအချိန်မှာတောင် နူကလီယား စစ်ပွဲကို ကျင်းပမယ်ဆို လူသားအရင်းအမြစ်တစ်ခုလုံး လုံးဝ ပျက်သုန်းသွားနိုင်ပါတယ် ။ အဲ့ အရေးကို မြင်ကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေက နည်းအမျိုးမျိုးနဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေကြတာဖြစ်တယ် ။

ဒီလို စစ်ပွဲကြီး ဖြစ်ပေါ်လာဖို့ဆိုတာ လူတစ်ယောက်ရဲ့ (တစ်ချက်) ဆုံးဖြတ်ချက်နဲ့ ဆိုင်နေတာဖြစ်ပြီး မှားတာနဲ့ ပေါ်ပေါက်လာမှာဖြစ်သလို  ခလုတ်တစ်ခုက လူသားမျိုးနွယ်တစ်ခုလုံးကို ပျက်သုန်းသွားစေမှာဖြစ်တယ် ။  ဒီအရေးဟာ ဖြစ်ဖို့ ရာခိုင်နှုန်းများစွာ ရှိနေတဲ့အတွက် အခုအခါမှာ စစ်ပွဲရဲ့ ဒါဏ်ကို ခံနိုင်တဲ့ အဆောက်အဦးကြီးကို နိုင်ငံ့ခေါင်းဆေင်တွေပေါင်းပြီး မျိုးစိတ်အစုံ ထည့်သွင်းသိမ်းဆည်းထားမှုတွေ လုပ်ဆောင်ထားကြပါတယ် ။ အဲ့ အဆောက်အဦးကြီးဟာ စစ်ပွဲရဲ့ ပေါက်ကွဲမှုအတွင်း ကျရောက်ခဲ့ရင်တောင် သိမ်းသိုထားတဲ့ မျိုးစိတ်တွေကို မပျက်ဆီးစေဘူးလို့ ဆိုပါတယ် ။ ကျန်ရစ်တဲ့ လူသားတွေက အဲ့ထဲက မျိုးစိတ်တွေကို အသုံးပြုပြီး လူသားအရင်းအမြစ်ကို ပြန်ထူထောင်နိုင်အောင်လို့ဆိုပြီး ဒီလို သိရပါတယ် ။ ( အဲ့အဆောက်အဦးအကြောင်းကို အချိန်ရရင် အနည်းငယ် တင်ပေးပါအုန်းမယ်)

(၃) စကြာဝဠာအတွင်းက လွင့်မြောနေတဲ့ ဂြိုလ်သိမ် တွေကြောင့်လဲ လူသားအရင်းအမြစ်တစ်ခုလုံးကို ပျက်သုန်းသွားစေနိုင်ပါတယ် ။ အဲ့လို ပျက်သုန်းမှုမျိုးကို  ဒီကမ္ဘာပေါ်မှာတင် ကမ္ဘာဦး တိရိစ္ဆာန်-သတ္တဝါတွေဟာ တစ်ခါ ကြုံတွေ့ဖူးတယ်လို့ ဒီလိုဆိုပါတယ် ။

စကြာဝဠာကြီးအတွင်း တည်ရှိနေကြတဲ့ ဂြိုလ်သိမ်တွေဟာ ငြိမ်သပ်နေကြတာ မဟုတ်ပဲ ဂြိုလ်ကမ္ဘာတွေရဲ့ ပျက်သုန်းမှုတွေကြောင့် စကြာဝဠာကြီးထဲမှာ အဲ့အစိတ်အပိုင်းတွေဟာ လွင့်မြောနေကြတာဖြစ်တယ် ။ အခုချိန်မှာလဲ သေးငယ်တဲ့ ဂြိုလ်သိမ်တွေဟာ ကမ္ဘာကြီးဆီကို လာလမ်းအတွင်း လမ်းကြောင်းသင့်ပြီး လာဆောင့်ကြပါတယ် ။ ဒါပေမယ့် ကမ္ဘာ့လေထုကြီးက အဲ့ဂြိုလ်သိမ်တွေကို ကောင်းကင်မှာတင် ခြေဖျက်နိုင်နေသေးတာကြောင့်ဖြစ်တယ် ။ အရွယ်အစားကြီးမားရင်တော့ ချေဖျက်နိုင်စွမ်းမရှိတော့ပါ ။ ဒါကြောင့် တစ်နေ့ အလွန်ကြီးမားတဲ့ ဂြိုလ်သိမ်ကြီးတစ်ခု ကမ္ဘာနဲ့ တိုက်မိရင် လူသားမျိုးနွယ်စုကြီး ပျက်သုန်းသွားနိုင်မှာဖြစ်ပါတယ် ။

စကြာဝဠာနဲ့ဆိုင်တဲ့ နောက်တစ်ခုက black hole ပဲဖြစ်တယ် ။ သူကတော့ ကမ္ဘာထက် အဆပေါင်းများစွာ ကြီးမားတဲ့ ဂြိုလ်ကြီးတွေကိုတောင် သူ့နေရာနားရောက်ရင်  စုပ်ယူအားနဲ့  ဖျက်ဆီးနိုင်ပါတယ် ။

black hole သဘောကို အကြမ်းဖျင်းပြောရရင်တော့ ဂြိုလ်ကမ္ဘာတွေဟာ တွန်းအားနဲ့ စုပ်အားက အမြဲတမ်း ပြိုင်ဆိုင်နေပါတယ် ။ အဲ့လို ပြိုင်ဆိုင်နေချိန်မှာ တွန်းကန်အားက နည်းလာပြီး စုပ်ယူအားက များပြားကြီးမားလာတဲ့အခါ ဂြိုလ်ကမ္ဘာကြီးဟာ စုပ်ယူအားနဲ့ ပျက်ဆီးသွားပါတော့တယ် ။ အဲ့ဂြိုလ်ကြီး ပျက်ဆီးသွားတဲ့အခါ အဲ့နေရာမှာ black hole တစ်ခု ဖြစ်သွားပါတယ် ။ သို့သော် black hole ဖြစ်လောက်တဲ့ အခြေအနေကို ဖန်တီးနိုင်တဲ့ ဂြိုလ်ကတော့ အင်မတန် ကြီးမားရမှာဖြစ်တယ် ။ အခု စကြာဝဠာထဲမှာ ကြီးမားတဲ့ ဂြိုလ်တွေ ပျက်ဆီးနေတာကြောင့် black hole တွေလဲ များစွာ ရှိနေကြပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ကမ္ဘာဟာ ရန်သူတွေ ဝိုင်းနေတဲ့ ကမ္ဘာသာဖြစ်တယ် ။

(၄) တစ်ခြားသော ကမ္ဘာဂြိုလ်မှ သတ္တဝါ(ဂြိုလ်သား) တွေကြောင့်လဲ လူသားမျိုးနွယ်ကြီး ပျက်ဆီးနိုင်တယ်လို့ ဆိုတယ် ။ ကျွန်တော်တို့ကမ္ဘာဟာ ဘယ်လောက်ပဲ လေထုညစ်ညမ်းနေပါစေ ဂြိုလ်တွေထဲမှာတော့ နှိုင်းယှဉ်လိုက်ရင် ဒီကမ္ဘာဟာ အကောင်းဆုံးသော အခြေအနေတွေကို ပိုင်ဆိုင်နေပါတယ် ။ ဒါကြောင့် နည်းပညာ မြင့်မားတဲ့ ဂြိုလ်သားတွေသာ ရောက်လာခဲ့မယ်ဆိုရင်တော့ ဒီကမ္ဘာကြီးကို ရယူလိုက်ကြမှာဖြစ်တယ်လို့ ဒီလို သုံးသပ်ကြပါတယ် ။

(၅) နောက်ဆုံး အမှတ်စဉ်ကတော့ အသိညာဏ် အတု တွေကြောင့်ဖြစ်တယ် ။ အခုလိုဆို စက်ရုပ်တွေကိုဆိုလိုပါတယ် ။ အဲ့ဒီ့ သိပ္ပံပညာဆိုင်ရာ လောကကြီး တိုးတက်နေတဲ့အတွက် လူတွေဟာ စက်တွေကို လူသားရဲ့ အသိညာဏ် နီးပါးအထိ တိုးမြှင့်ပြီး ထုတ်လုပ်နေပါတယ် ။ အခုအချိန်မှာ ကွန်ပျူတာတွေဟာ လူသားတို့ရဲ့ မှတ်ညာဏ်ထက် အလွန် မှတ်သားနိုင်စွမ်း ကောင်းနေကြပါတယ် ။ လူသားက တီထွင်လိုက်ပေမယ့် လူသားတွေထက် ပိုထက်နေတာတွေ့ရတယ် ။ အဲ့လိုပဲ နည်းပညာတွေနဲ့ တည်ဆောက်တဲ့ စက်တွေဟာ တစ်ချိန်မှာ လူသားတွေကို ပြန်ပြီး ကြီးစိုးလာမှာဖြစ်ကာ လူသားအရင်းအမြစ်ကြီးတစ်ခုလုံးကို ဖျက်ဆီးလိုက်နိုင်မှာဖြစ်တယ်လို့ ဒီလို တွေ့ရှိရပါတယ် ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...