Skip to main content

တစ္ေထာင့္တစ္ည ပံုၿပင္ေတြကို စတင္ခဲ႕သူ

zawgyi -

တစ္ေထာင့္တစ္ည ပံုၿပင္ေတြကို စတင္ခဲ႕သူ
----
အဲ႕ဒီ့အေၾကာင္းကို ေလ့လာမယ္ဆိုရင္ နယ္ပယ္ဟာ အင္မတန္က်ယ္၀န္းတာ ေတြ႕ရပါလိမ့္မယ္ ။ ေရွးဂရိေတြဟာလည္း စိတ္ကူးစိတ္သန္းေကာင္းခဲ႕ၾကသလို ဇာတ္အိမ္ဖန္တီးၿပီး ပံုၿပင္ေတြ တည္ေဆာက္တက္ပါတယ္ ။ ဒါေပမယ့္ တစ္ေထာင့္တစ္ညပံုၿပင္ကို စတင္ခဲ႕သူဆိုၿပီးေတာ့-ေတာ့ မွတ္တမ္းမွတ္ရာမ်ားမွာ ေပၚထြက္လာခဲ႕ၿခင္းေတာ့မရွိပါဘူး ။
မင္းသမီး ရွာရာဇက္


ထိုအေၾကာင္းအရာနဲ႕ပတ္သတ္လို႕ လက္ခံထားၾကတဲ႕ အခ်က္တစ္ခ်ိဳ႕သာ ရွိတယ္ ။ အဲ႕ဒီ့အေၾကာင္းကေတာ့ ထိုပံုၿပင္မ်ားဟာ အာေရးဗီးယားနိုင္ငံက ရွာရာဇက္ဆိုတဲ႕ မင္းသမီးတစ္ပါးဆီက စတင္ခဲ့တာၿဖစ္ေၾကာင္း ဆိုပါတယ္ ။ သူမဟာ ၁၀၀၁ ည တိတိ ပံုၿပင္ေတြ ဖန္တီးေၿပာၿပခဲ႕ၿပီး သူ႕ရဲ႕ ေသေရးကို ေက်ာ္လႊားခဲ႕ရတာၿဖစ္တဲ႕အတြက္ ဒီပံုၿပင္ေတြဟာ သူ႕ဆီကေန အရင္းတည္လာတာၿဖစ္ေၾကာင္း ေတြ႕ရွိရပါတယ္ ။

မွတ္တမ္းထဲမွာက ဒီလိုဆိုတယ္ ။ တစ္ခါတုန္းက ရက္စက္ၾကမ္းယုတ္တဲ႕ ဘုရင္တစ္ပါးရွိတယ္ ။ သူက ေန႕တိုင္း ၾကင္ယာေတာ္ မိဖုရားအသစ္တစ္ေယာက္ကို လက္ထပ္တယ္ ။ ၿပီးရင္ အဲ႕ဒီ့မင္းသမီးကို ေသဒဏ္ ေပးပစ္တက္ပါတယ္ ။ မင္းသမီး ရွာရာဇက္ရဲ႕ မဂၤလာဦးညမွာေတာ့ မင္းသမီးက ဘုရင္ၾကီးကို ပံုၿပင္တစ္ပုဒ္ စတင္ေၿပာၿပတယ္ ။ ဒါေပမယ့္ သိပ့္ကို စိတ္၀င္စားစရာ ၊ စိတ္လႈပ္ရွားဖြယ္ေကာင္းတဲ႕ ဇာတ္လမ္းအထြတ္အထိပ္ေနရာ ေရာက္ၿပီဆိုရင္ သူမဟာ ပံုၿပင္ကို ရပ္ပစ္လိုက္တယ္ ။ အကယ္လို႕ ဘုရင္ၾကီးက အဲ႕ဒီ႕ပံုၿပင္ကို ဆက္နားေထာင္ခ်င္တယ္ဆိုရင္ သူမကို ေနာက္ထပ္ တစ္ရက္ အသက္ဆက္ရွင္ခြင့္ေပးပါလို႕ ေတာင္းဆိုခဲ႕တယ္ ။ မင္းသမီး ရွာရာဇက္ ေၿပာၾကားခဲ႕တဲ႕ ပံုၿပင္ေတြထဲမွာ သေဘၤာသား ဆင္းဘတ္တို႕ အာလာဒင္တို႕လည္း ပါ၀င္ခဲ႕ပါတယ္ ။

#htoohtoolay


unicide -

တစ်ထောင့်တစ်ည ပုံပြင်တွေကို စတင်ခဲ့သူ 
----
အဲ့ဒီ့အကြောင်းကို လေ့လာမယ်ဆိုရင် နယ်ပယ်ဟာ အင်မတန်ကျယ်ဝန်းတာ တွေ့ရပါလိမ့်မယ် ။ ရှေးဂရိတွေဟာလည်း စိတ်ကူးစိတ်သန်းကောင်းခဲ့ကြသလို ဇာတ်အိမ်ဖန်တီးပြီး ပုံပြင်တွေ တည်ဆောက်တက်ပါတယ် ။ ဒါပေမယ့် တစ်ထောင့်တစ်ညပုံပြင်ကို စတင်ခဲ့သူဆိုပြီးတော့-တော့ မှတ်တမ်းမှတ်ရာများမှာ ပေါ်ထွက်လာခဲ့ခြင်းတော့မရှိပါဘူး ။ 

ထိုအကြောင်းအရာနဲ့ပတ်သတ်လို့ လက်ခံထားကြတဲ့ အချက်တစ်ချို့သာ ရှိတယ် ။ အဲ့ဒီ့အကြောင်းကတော့ ထိုပုံပြင်များဟာ အာရေးဗီးယားနိုင်ငံက ရှာရာဇက်ဆိုတဲ့ မင်းသမီးတစ်ပါးဆီက စတင်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ် ။ သူမဟာ ၁၀၀၁ ည တိတိ ပုံပြင်တွေ ဖန်တီးပြောပြခဲ့ပြီး သူ့ရဲ့ သေရေးကို ကျော်လွှားခဲ့ရတာဖြစ်တဲ့အတွက် ဒီပုံပြင်တွေဟာ သူ့ဆီကနေ အရင်းတည်လာတာဖြစ်ကြောင်း တွေ့ရှိရပါတယ် ။ 

မှတ်တမ်းထဲမှာက ဒီလိုဆိုတယ် ။ တစ်ခါတုန်းက ရက်စက်ကြမ်းယုတ်တဲ့ ဘုရင်တစ်ပါးရှိတယ် ။ သူက နေ့တိုင်း ကြင်ယာတော် မိဖုရားအသစ်တစ်ယောက်ကို လက်ထပ်တယ် ။ ပြီးရင် အဲ့ဒီ့မင်းသမီးကို သေဒဏ် ပေးပစ်တက်ပါတယ် ။ မင်းသမီး ရှာရာဇက်ရဲ့ မင်္ဂလာဦးညမှာတော့ မင်းသမီးက ဘုရင်ကြီးကို ပုံပြင်တစ်ပုဒ် စတင်ပြောပြတယ် ။ ဒါပေမယ့် သိပ့်ကို စိတ်ဝင်စားစရာ ၊ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဇာတ်လမ်းအထွတ်အထိပ်နေရာ ရောက်ပြီဆိုရင် သူမဟာ ပုံပြင်ကို ရပ်ပစ်လိုက်တယ် ။ အကယ်လို့ ဘုရင်ကြီးက အဲ့ဒီ့ပုံပြင်ကို ဆက်နားထောင်ချင်တယ်ဆိုရင် သူမကို နောက်ထပ် တစ်ရက် အသက်ဆက်ရှင်ခွင့်ပေးပါလို့ တောင်းဆိုခဲ့တယ် ။ မင်းသမီး ရှာရာဇက် ပြောကြားခဲ့တဲ့ ပုံပြင်တွေထဲမှာ သငေ်္ဘာသား ဆင်းဘတ်တို့ အာလာဒင်တို့လည်း ပါဝင်ခဲ့ပါတယ် ။ 


#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...