zawgyi -
ကမၻာ႕ေၿမပံုမွာ ေပ်ာက္ဆံုးေနေသာ ကြ်န္း
---
ကြ်န္ေတာ္တို႕ကမၻာၾကီးမွာ ထူးၿခားဆန္းၿပားတဲ႕ အၿဖစ္အပ်က္ေတြ
မ်ားစြာရွိေနပါတယ္ ။ အခ်ိန္နဲ႕ တေၿပးညီ သတင္းအသစ္အဆန္းေတြကို တိုက္ရိုက္ၿဖစ္ေစ နာရီအနည္းငယ္မွာၿဖစ္ေစ
လူသားအားလံုး သိၿမင္နိုင္ၾကတဲ႕ ဒီလိုေခတ္အခါကာလၾကီးထဲမွာ အေၿဖရွာမရတဲ႕ လွ်ိဳ႕၀ွက္နက္နဲမႈေတြဟာလည္း
ပ်ံ႕ႏွံ႕လို႕ ေနၾကပါတယ္ ။ ေရွးယခင္ကာလေတြမ်ားကဆို အေနာက္တိုင္းက အၿဖစ္အပ်က္ကိုၿဖစ္ေစ
၊ အေရွ႕တိုင္းက အၿဖစ္အပ်က္မ်ားကိုၿဖစ္ေစ လူတစ္ေယာက္ၿပန္လည္ၾကားသိရဖို႕ဆိုတာ တစ္ခါတစ္ေလ
ႏွစ္ခ်ီၾကာၿမင့္တက္ပါတယ္ ။ ဒါေၾကာင့္ ေရွ႕လူတို႕ ခ်န္ထားရစ္ခဲ႕တဲ႕ လမ္းစလမ္းနေတြဟာ
တစ္ေၿဖးေၿဖးမႈန္၀ါးလာၾကေတာ့တယ္ ။ အေၿဖရွာမရတဲ႕ ကိစၥအေတာ္မ်ားမ်ားအတြက္ ကြ်န္ေတာ္တို႕ ႏွစ္ေပါင္းမ်ားစြာ
ေလ့လာမႈေတြ ၿပဳလုပ္လာရေတာ့တယ္ ။ သို႕ေသာ္ ထင္သေလာက္ ကြ်န္ေတာ္တို႕ ခရီးမေပါက္ၾကေသးပါ
။
မွတ္မိသေလာက္ ေၿပာၿပရရင္ေတာ့ အဂၤလန္နိုင္ငံမွာ
အေၿခစိုက္တဲ႕ အေမရိကန္ စစ္အေၿခစိုက္ စခန္းတစ္ခုမွာ ပန္ကန္ၿပားပ်ံတစ္စင္းကို ရရွိခဲ႕ပါတယ္
။ အဲ႕ပန္ကန္ၿပားပ်ံကို အနီးကပ္ ေလ့လာခြင့္ရခဲ႕တဲ႕သူက ဆာဂ်င္ဂ်င္မ္ပင္နစ္စတြန္ၿဖစ္တယ္
။
သူက ပန္ကန္ၿပားပ်ံကိုေတာင္ လက္နဲ႕ ကိုင္ၾကည့္ဖူးတယ္လို႕ ဆိုတယ္ ။ တစ္ေန႕ သူတို႔ဟာ
အဲ႕ပန္ကန္ၿပားပ်ံကို ေလ့လာေနရင္းက သူ႕ဆီကို တယ္လီပသီနည္းအရ စိတ္ထဲကို သတင္းပို႕ခ်က္ေတြ
လက္ခံရရွိခဲ႕တယ္ ။ အဲ႕ဒီ့သတင္းပို႕ခ်က္ေတြဟာ စာမ်က္ႏွာ ၁၆ မ်က္ႏွာမွ် ရွိပါတယ္ ။ ဘာေတြမွန္းမသိတဲ႕
စာေတြကို ေနာက္ထက္ ဆယ္စုႏွစ္အၾကာမွ ဘာသာၿပန္ဆိုနိုင္ၾကၿပီး အဓိပၸါယ္ ေဖၚနိုင္ခဲ႕ၾကတယ္ ။ သတင္းပို႕ခ်က္ေတြကေတာ့
ဂင္ဇာပိရမစ္ ၊ နက္စကာလိုင္း စတဲ႕ ေရွ႕ေဟာင္းအေဆာက္အအံုမ်ား တည္ေနရာ အတိအက်ကို ညြန္ၿပေနတဲ႕
ကိုၾသဒိနိတ္မ်ား ၿဖစ္ေနၿပီး အဲ႕ဒီ့ထဲကမွ ထူးထူးၿခားၿခား ေနရာတစ္ခုကို ေတြ႕ရွိခဲ႕ရတယ္
။ က်န္ရွိတဲ႕ ေနရာေတြဟာ သိၿပီးသားၿဖစ္တဲ့အတြက္ ရွာေဖြရတာလြယ္ကူေပမယ့္ ေနရာတစ္ခုကို
အခုခ်ိန္ထိ ရွာမေတြ႕ေသးပါဘူး ။ ဒီကုဒ္အေၿဖမ်ားေၾကာင့္ ပိရမစ္မ်ား နဲ႕ နက္စကာလိုင္းေတြဟာ
ပန္ကန္ၿပားပ်ံမ်ားနဲ႕ ဆက္ဆက္ေနေၾကာင္းကို သိရွိလာၾကၿပီး တိတ္ၿမွပ္ေနတဲ႕ အေၾကာင္းအရာမ်ားကို
ေဖၚထုတ္ဖို႕ အခ်ိန္တိုင္း ၾကိဳးစားလာၾကပါေတာ့တယ္ ။
![]() |
| ဆာဂ်င္ဂ်င္မ္ပင္နစ္စတြန္ |
![]() |
| ကုဒ္မ်ားအား ဘာသာၿပန္ထားပံု |
ေပ်ာက္ဆံုးေနတဲ႕ တည္ေနရာကို သြားေရာက္ရွာေဖြၾကတဲ႕အခါ ေရၿပင္က်ယ္ၾကီးတစ္ခုကိုသာ ေတြ႕ၿမင္ခဲ႕ၾကရတယ္ ။ သို႕ေသာ္ အဲ႕ဒီ့ တည္ေနရာက ထူးၿခားမႈေတြဟာ ေခတ္အဆက္ဆက္မွာ ရွိေနေၾကာင္း ကြ်န္ေတာ္တို႕ ေတြ႕ရွိလာၾကၿပန္တယ္ ။ အဲ႕ဒီ႕ေနရာဟာ ဟိုက္ဘရာစီးလ္ကြ်န္း ၿဖစ္ေနပါတယ္ ။
![]() |
| ေပ်ာက္ဆံုးေနေသာ ဟိုက္ဘရာစီးလ္ကြ်န္း |
ဒီကြ်န္းဟာ ေခတ္အဆက္ဆက္ ထူးၿခားတဲ႕
မွတ္ခ်က္ေတြအၿပည့္နဲ႕ ကြ်န္းတစ္ခုၿဖစ္ေနသလို ကြ်န္ေတာ္တို႕လက္ထက္ေရာက္လာတဲ့အခ်ိန္အထိတိုင္
ထူးၿခားမႈေတြဟာ ရပ္တန္႕ၿခင္းမရွိေသးပါဘူး ။ အဲ႕ဒီ့ကြ်န္းကိုလည္း အခုခ်ိန္မွာ ရွာလို႕
မေတြ႕နိုင္ပါ ။ သို႕ေသာ္ ဒီကြ်န္းမရွိဘူးလားဆိုေတာ့ အဲ႕လိုလဲ မွတ္ခ်က္ခ်နိုင္ေလာက္ေအာင္
အေၿခအေနေတြက မေပးထားၿပန္ပါဘူး ။ ဒီကြ်န္းဟာ ေရွးေဟာင္းပင္လယ္ၿပင္ေၿမပံုေတြမွာ ေခတ္အဆက္ဆက္
ပါလာခဲ႕တာကို ေတြ႕လာရပါတယ္ ။
![]() |
| ၁၅၁၃ ခုႏွစ္က ေရတပ္ဗိုလ္ေရးဆြဲသည့္ ေၿမပံု |
၁၃၂၅ ခုႏွစ္အေစာပိုင္းကာလမ်ားက ေရးဆြဲတဲ႕
ေၿမပံုမွာ ကြ်န္းရဲ႕ တည္ေနရာက အ၀ိုင္းသ႑ာန္ၿဖစ္ေနၿပီး ေၿမာက္အတၲလန္တိတ္သမုဒၵရာရွိ အိုင္ယာလန္ကြ်န္း အေနာက္ဘက္ ကမ္းေၿခအလြန္
၃၂၁ ကီလိုမီတာ (သို႔မဟုတ္) မိုင္ ၂၀၀ ခန္႕အကြာမွာ တည္ရွိတယ္လို႕ အထင္အရွား ပါရွိပါတယ္
။ ဒါ႕အၿပင္ ၁၅၁၃ခုႏွစ္မွာ ေအာ္တိုမင္အင္ပါယာက ေရတပ္ဗိုလ္ခ်ဳပ္ၾကီး နဲ႕ ပထ၀ီပညာရွင္
ေရးဆြဲတဲ႕ ေၿမပံုမွာလည္း ပါ၀င္လာခဲ့တယ္ ။ ၁၅၉၅ ခုႏွစ္မွာလည္း ေအာ္တီးလီးယပ္စ္ေၿမပံုမွာလဲ
ဒီကြ်န္းက ပါလာခဲ႕ၿပန္ေကာ ။ သို႕ေသာ္ ထိုေနရာကို သြားရွာလွ်င္ေတာ့ အဲ႕ဒီ့ကြ်န္းကို
ေတြ႕ရွိလိမ့္မည္မဟုတ္ပါ ။
အဲ႕ဒီ႕ေပ်ာက္လိုက္ ေပၚလိုက္ၿဖစ္ေနတဲ႕
ဒီကြ်န္းနဲ႕ ပတ္သတ္ၿပီး ေရွးဒ႑ာရီမ်ားလဲ
ရွိေနတယ္ ။ သူတို႕က ယင္းကြ်န္းကို ဘုရားမ်ား
ေနထိုင္တဲ႕ကြ်န္းလို႕ ေခၚၾကတယ္ ။ ေနာက္တစ္ခုက အဲ႕ဒီ႕ကြ်န္းမွာ ဘုန္းေတာ္ၾကီးေတြေနထိုင္ၾကၿပီး
သူတို႕က ေရွ႕ေခတ္က ပညာရပ္တစ္ခုကို ပိုင္ဆိုင္ထားကာ
ယခုေခတ္လူသားမ်ားထက္ ၿမင့္ၿမတ္တဲ႕ ယဥ္ေက်းမႈတစ္ရပ္ကို ထူေထာင္ေနၾကတယ္လို႕ ဆိုၾကပါတယ္
။ တစ္ခ်ိဳ႕ကလဲ ဒီကြ်န္းကို က်ိန္စာသင့္ ကြ်န္းလို႕ ေခၚဆိုၾကတယ္ ။
![]() |
| ၁၅၉၅ ခုႏွစ္ ေအာ္တီးလီးယပ္စ္ေၿမပံု |
#htoohtoolay
Unicode -
ကမ္ဘာ့မြေပုံမှာ ပျောက်ဆုံးနေသော ကျွန်း
---
ကျွန်တော်တို့ကမ္ဘာကြီးမှာ ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်တွေ များစွာရှိနေပါတယ် ။ အချိန်နဲ့ တပြေးညီ သတင်းအသစ်အဆန်းတွေကို တိုက်ရိုက်ဖြစ်စေ နာရီအနည်းငယ်မှာဖြစ်စေ လူသားအားလုံး သိမြင်နိုင်ကြတဲ့ ဒီလိုခေတ်အခါကာလကြီးထဲမှာ အဖြေရှာမရတဲ့ လျှို့ဝှက်နက်နဲမှုတွေဟာလည်း ပျံ့နှံ့လို့ နေကြပါတယ် ။ ရှေးယခင်ကာလတွေများကဆို အနောက်တိုင်းက အဖြစ်အပျက်ကိုဖြစ်စေ ၊ အရှေ့တိုင်းက အဖြစ်အပျက်များကိုဖြစ်စေ လူတစ်ယောက်ပြန်လည်ကြားသိရဖို့ဆိုတာ တစ်ခါတစ်လေ နှစ်ချီကြာမြင့်တက်ပါတယ် ။ ဒါကြောင့် ရှေ့လူတို့ ချန်ထားရစ်ခဲ့တဲ့ လမ်းစလမ်းနတွေဟာ တစ်ဖြေးဖြေးမှုန်ဝါးလာကြတော့တယ် ။ အဖြေရှာမရတဲ့ ကိစ္စအတော်များများအတွက် ကျွန်တော်တို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ ပြုလုပ်လာရတော့တယ် ။ သို့သော် ထင်သလောက် ကျွန်တော်တို့ ခရီးမပေါက်ကြသေးပါ ။
မှတ်မိသလောက် ပြောပြရရင်တော့ အင်္ဂလန်နိုင်ငံမှာ အခြေစိုက်တဲ့ အမေရိကန် စစ်အခြေစိုက် စခန်းတစ်ခုမှာ ပန်ကန်ပြားပျံတစ်စင်းကို ရရှိခဲ့ပါတယ် ။ အဲ့ပန်ကန်ပြားပျံကို အနီးကပ် လေ့လာခွင့်ရခဲ့တဲ့သူက ဆာဂျင်ဂျင်မ်ပင်နစ်စတွန်ဖြစ်တယ် ။ သူက ပန်ကန်ပြားပျံကိုတောင် လက်နဲ့ ကိုင်ကြည့်ဖူးတယ်လို့ ဆိုတယ် ။ တစ်နေ့ သူတို့ဟာ အဲ့ပန်ကန်ပြားပျံကို လေ့လာနေရင်းက သူ့ဆီကို တယ်လီပသီနည်းအရ စိတ်ထဲကို သတင်းပို့ချက်တွေ လက်ခံရရှိခဲ့တယ် ။ အဲ့ဒီ့သတင်းပို့ချက်တွေဟာ စာမျက်နှာ ၁၆ မျက်နှာမျှ ရှိပါတယ် ။ ဘာတွေမှန်းမသိတဲ့ စာတွေကို နောက်ထက် ဆယ်စုနှစ်အကြာမှ ဘာသာပြန်ဆိုနိုင်ကြပြီး အဓိပ္ပါယ် ဖေါ်နိုင်ခဲ့ကြတယ် ။ သတင်းပို့ချက်တွေကတော့ ဂင်ဇာပိရမစ် ၊ နက်စကာလိုင်း စတဲ့ ရှေ့ဟောင်းအဆောက်အအုံများ တည်နေရာ အတိအကျကို ညွန်ပြနေတဲ့ ကိုသြဒိနိတ်များ ဖြစ်နေပြီး အဲ့ဒီ့ထဲကမှ ထူးထူးခြားခြား နေရာတစ်ခုကို တွေ့ရှိခဲ့ရတယ် ။ ကျန်ရှိတဲ့ နေရာတွေဟာ သိပြီးသားဖြစ်တဲ့အတွက် ရှာဖွေရတာလွယ်ကူပေမယ့် နေရာတစ်ခုကို အခုချိန်ထိ ရှာမတွေ့သေးပါဘူး ။ ဒီကုဒ်အဖြေများကြောင့် ပိရမစ်များ နဲ့ နက်စကာလိုင်းတွေဟာ ပန်ကန်ပြားပျံများနဲ့ ဆက်ဆက်နေကြောင်းကို သိရှိလာကြပြီး တိတ်မြှပ်နေတဲ့ အကြောင်းအရာများကို ဖေါ်ထုတ်ဖို့ အချိန်တိုင်း ကြိုးစားလာကြပါတော့တယ် ။
ပျောက်ဆုံးနေတဲ့ တည်နေရာကို သွားရောက်ရှာဖွေကြတဲ့အခါ ရေပြင်ကျယ်ကြီးတစ်ခုကိုသာ တွေ့မြင်ခဲ့ကြရတယ် ။ သို့သော် အဲ့ဒီ့ တည်နေရာက ထူးခြားမှုတွေဟာ ခေတ်အဆက်ဆက်မှာ ရှိနေကြောင်း ကျွန်တော်တို့ တွေ့ရှိလာကြပြန်တယ် ။ အဲ့ဒီ့နေရာဟာ ဟိုက်ဘရာစီးလ်ကျွန်း ဖြစ်နေပါတယ် ။
ဒီကျွန်းဟာ ခေတ်အဆက်ဆက် ထူးခြားတဲ့ မှတ်ချက်တွေအပြည့်နဲ့ ကျွန်းတစ်ခုဖြစ်နေသလို ကျွန်တော်တို့လက်ထက်ရောက်လာတဲ့အချိန်အထိတိုင် ထူးခြားမှုတွေဟာ ရပ်တန့်ခြင်းမရှိသေးပါဘူး ။ အဲ့ဒီ့ကျွန်းကိုလည်း အခုချိန်မှာ ရှာလို့ မတွေ့နိုင်ပါ ။ သို့သော် ဒီကျွန်းမရှိဘူးလားဆိုတော့ အဲ့လိုလဲ မှတ်ချက်ချနိုင်လောက်အောင် အခြေအနေတွေက မပေးထားပြန်ပါဘူး ။ ဒီကျွန်းဟာ ရှေးဟောင်းပင်လယ်ပြင်မြေပုံတွေမှာ ခေတ်အဆက်ဆက် ပါလာခဲ့တာကို တွေ့လာရပါတယ် ။
၁၃၂၅ ခုနှစ်အစောပိုင်းကာလများက ရေးဆွဲတဲ့ မြေပုံမှာ ကျွန်းရဲ့ တည်နေရာက အဝိုင်းသဏ္ဍာန်ဖြစ်နေပြီး မြောက်အတ္တလန်တိတ်သမုဒ္ဒရာရှိ အိုင်ယာလန်ကျွန်း အနောက်ဘက် ကမ်းခြေအလွန် ၃၂၁ ကီလိုမီတာ (သို့မဟုတ်) မိုင် ၂၀၀ ခန့်အကွာမှာ တည်ရှိတယ်လို့ အထင်အရှား ပါရှိပါတယ် ။ ဒါ့အပြင် ၁၅၁၃ခုနှစ်မှာ အော်တိုမင်အင်ပါယာက ရေတပ်ဗိုလ်ချုပ်ကြီး နဲ့ ပထဝီပညာရှင် ရေးဆွဲတဲ့ မြေပုံမှာလည်း ပါဝင်လာခဲ့တယ် ။ ၁၅၉၅ ခုနှစ်မှာလည်း အော်တီးလီးယပ်စ်မြေပုံမှာလဲ ဒီကျွန်းက ပါလာခဲ့ပြန်ကော ။ သို့သော် ထိုနေရာကို သွားရှာလျှင်တော့ အဲ့ဒီ့ကျွန်းကို တွေ့ရှိလိမ့်မည်မဟုတ်ပါ ။
အဲ့ဒီ့ပျောက်လိုက် ပေါ်လိုက်ဖြစ်နေတဲ့ ဒီကျွန်းနဲ့ ပတ်သတ်ပြီး ရှေးဒဏ္ဍာရီများလဲ ရှိနေတယ် ။ သူတို့က ယင်းကျွန်းကို ဘုရားများ နေထိုင်တဲ့ကျွန်းလို့ ခေါ်ကြတယ် ။ နောက်တစ်ခုက အဲ့ဒီ့ကျွန်းမှာ ဘုန်းတော်ကြီးတွေနေထိုင်ကြပြီး သူတို့က ရှေ့ခေတ်က ပညာရပ်တစ်ခုကို ပိုင်ဆိုင်ထားကာ ယခုခေတ်လူသားများထက် မြင့်မြတ်တဲ့ ယဉ်ကျေးမှုတစ်ရပ်ကို ထူထောင်နေကြတယ်လို့ ဆိုကြပါတယ် ။ တစ်ချို့ကလဲ ဒီကျွန်းကို ကျိန်စာသင့် ကျွန်းလို့ ခေါ်ဆိုကြတယ် ။
#htoohtoolay





Comments
Post a Comment