zawgyi -
ကြယ္၀ွက္ေနေသာ အေၾကာင္းအရာမ်ား
----
ကမၻာေပၚတြင္ အသိညာဏ္ၿမင့္မားသည့္ လူသားမ်ား
ေပါက္ပြားလာခဲ႕ၿခင္းသမိုင္းကို အတိအက် ဘယ္သူမွ် မေဖၚၿပနိုင္သလို ေလ့လာသိရွိဖို႕ရန္လည္း
မလြယ္ကူေပ ။ ေမြးရာပါဗီဇအရ ပတ္၀န္းက်င္ရွိ အရာရာတိုင္းအား စူးစမ္းၿခင္းမွ စတင္ကာ မွတ္တမ္းတင္ၿခင္းမ်ားကို
မိမိတို႕သေဘာက်သည့္အတိုင္း ၿပဳလုပ္လာခဲ႕ၾကသည္ ။ ထိုအခ်ိန္တြင္ စာေပမ်ား မရွိေသးေသာ္လည္း
အလြယ္တကူ သိရွိနိုင္သည့္ ရုပ္ပံုမ်ားကို ဖန္တီးလာခဲ႕ၾကသည္ ။ ထိုမွစတင္ကာ ယခုအခ်ိန္၌ ေလ့လာေတြ႕ရွိၾကေသာ ေက်ာက္စာမ်ား ေပၚေပါက္လာခဲ႕ေတာ့၏
။ သို႕ေသာ္ လူသားသည္ အသိညာဏ္ပညာ ထြန္းကားလာသည္ႏွင့္အမွ် ေန႕စဥ္ ၿမင္ေတြ႕ရေသာ တိရိစၧာန္ရုပ္ပံုမ်ားမွ တစ္ဆင့္တက္ကာ စကားလံုးအသံထြက္မ်ားကို
ေဖၚေဆာင္ေသာ အရုပ္စာမ်ား ၿဖစ္ထြန္းလာခဲ႕ေတာ့သည္ ။ ထိုအရုပ္စာမ်ားအား အီဂ်စ္၌ အမ်ားအၿပား ေတြ႕ရွိရ၏ ။
![]() |
| အရုပ္စာတစ္ခု |
ေရွးေခတ္လူမ်ားသည္ အင္မတန္ ထူးၿခားလွသည္
။ ထို႕အတူ မိမိတို႕ မေတြ႕မၿမင္နိုင္ေသာ ကမၻာဦးအၿဖစ္အပ်က္မ်ားကိုလဲ ရင္ဆိုင္ခဲ႕ၾကရကာ ထိုသူမ်ား၏အသိတရားသည္
ယခုေခတ္ လူသားတို႕အတြက္ ပေဟဠိဆန္ေနေတာ့သည္
။ ေရွးေခတ္က ကမၻာေပၚတြင္
မည္သည့္အရာမ်ား ၿဖစ္ပြားခဲ႕သနည္း ၊ ထိုအတူ မည္သို႕ေသာ အေၾကာက္တရားမ်ားက ထိုဂူေအာင္းလူသားမ်ားအား
ကိုယ္ထင္ၿပခဲ႕သနည္း ။ ထိုထို အၿဖစ္အပ်က္မ်ားကို ကြ်န္ပ္တို႕သည္ ေက်ာက္ဂူနံရံမ်ားမွ
ေတြ႕ရွိရေသာ အရုပ္စာမ်ားမွတဆင့္ မွန္းဆေဖၚေဆာင္ခဲ႕ၾကသည္ ။ သို႔ေသာ္ ထိုအသိတရားမ်ားမွာလည္း
အေပၚယံ စိတ္မွန္းေလာက္တာၿဖစ္ၾကေၾကာင္း ကြ်န္ပ္တို႕ မေမ့ထားသင့္ေပ ။
![]() |
| ၾကယ္ေပါက္ကြဲမႈအား ေရးဆြဲထားပံု |
ယခု သုေတသီပညာရွင္မ်ား မေဖၚၿပနိုင္ေသာ အရုပ္စာမ်ား မ်ားစြာရွိေနသလို မည္သည့္အရာကို ရည္ညြန္းေၾကာင္း သိခြင့္မရသည့္ ေက်ာက္ခ်ပ္ ၊ ေက်ာက္တံုးမ်ားအေပၚက ေကာက္ေၾကာင္းမ်ားစြာ ရွိေနၾကေသးသည္ ။ ထိုအရာမ်ားသည္ ေရွ႕ဦးလူသားတို႕ႏွင့္ ဆက္လ်င္း၍ ဒ႑ာရီပံုၿပင္လာ ေရွးစကားမ်ားအား အမွီၿပဳကာ ကြ်န္ပ္တို႕ မမွန္းဆနိုင္ေသာ အင္မတန္ထူးၿခားသည့္ အၿဖစ္အပ်က္မ်ားလည္း ပါ၀င္ေနသေလာဟု ထင္မွတ္ရ၏ ။ ထင္မွတ္ရေအာင္လည္း ထိုအရာမ်ားႏွင့္ ေတြ႕ရွိခ်က္မ်ားမွာ အတိအက် တူညီေနၿခင္းမ်ားလည္း မ်ားစြာ တိုက္ဆိုင္ေနတက္သည္ ။
ဥပမာ - ယခင္က ကမၻာေပၚတြင္ မ်က္လံုးၿပဴးကာ ေခါင္းၾကီးကိုယ္ေသးသည့္
အရုပ္ဆိုးအၾကည္းတန္သည့္ လူသားမ်ား ေကာင္းကင္ေပၚမွ ၿပဳတ္က်လာခဲ႕သည္ဟု ေရွးေခတ္ မွတ္တမ္းမွတ္ရာမ်ား၌
ေတြ႕ရွိရေလရာ ယခုအခ်ိန္တြင္ ပညာရွင္အခ်ိဳ႕က အၿခားကမၻာမွ ၿဂိဳလ္သူၿဂိဳလ္သားမ်ား
ၿဖစ္နိုင္ေၾကာင္း ေကာက္ခ်က္ဆြဲတင္ၾက၏ ။ ထို သီအိုရီအား ၿငင္းဆန္ခဲ႕ၾကေသာ္လည္း
ထိုလူသားမ်ား ေနထိုင္ခဲ႕ၾကသည့္ ေဒသမ်ားတြင္ ထူးထူးၿခားၿခားၿဖစ္ေနသည့္ အလ်ားအနံ
ညီမွ်ေသာ သဘာ၀ဂူမဟုတ္သည့္ ဂူေပါင္း ေၿမာက္မ်ားစြာကို ေတြ႕ရွိရ၏ ။ ထိုဂူမ်ားမွာ
ယခုေခတ္ တိုက္ခန္းတစ္ခုမွ် တိက်ၿဖတ္ေတာက္ထားၿခင္းသည္ ေရွးေခတ္ နည္းပညာမ်ားၿဖင့္
မည္သို႔မွ် မၿဖစ္နိုင္ေပ ။ ထိုေနရာမွ ဒေရာ့ဘာ ေက်ာက္ၿပားမ်ားလည္း ေတြ႕ရွိခဲ႕ပါေသး၏
။
မ်ားစြာေသာ
ရုပ္ပံုေက်ာက္စာမ်ားထဲမွ ဒိုက္တြန္ေက်ာက္တံုးၾကီးမွာလည္း စိတ္၀င္စားစရာ အင္မတန္
ေကာင္းလွေပသည္ ။ ထိုေက်ာက္တံုးသည္ ေရွးေခတ္လူသားမ်ား ေရးဆြဲခဲ႕သည့္
ရုပ္ပံုစားမ်ားၿဖင့္ တည္ရွိေနၿပီး ထိုအရာအတြက္ တိက်ေသၿခာေသာ အေၿဖမ်ားကိုလဲ ယခုအခ်ိန္ထိတိုင္
မေတြ႕ရွိၾကေပ ။
![]() |
| ဒိုက္တြန္ေက်ာက္တံုးၾကီးႏွင့္ ေလ့လာသူတစ္ဦး |
ထိုေက်ာက္တံုးေပၚမွ စာသားမ်ားအတြက္ ပညာရွင္တို႕
ဘာသာၿပန္ဆိုၾကရာတြင္လည္း မ်ားစြာေသာ အယူအဆမ်ား ထြက္ေပၚလာခဲ႕ေပသည္ ။ တစ္ခ်ိဳ႕က
ထိုေက်ာက္စာသည္ နယ္ခ်ဲ႕မ်ား က်ဴးေက်ာ္လာၿခင္းအား မွတ္တမ္းၿပဳခဲ႕ၿခင္းၿဖစ္ေၾကာင္း
ယူဆၾကသလို တစ္ခ်ိဳ႕ကေတာ့ ကမၻာ႕လွ်ိဳ႕၀ွက္ခ်က္ကို ေရွးလူသားမ်ား
မွတ္တမ္းတင္ခဲ႕ၿခင္းၿဖစ္ေၾကာင္းလဲ သက္ေသၿပၾက၏ ။ သို႕ေသာ္ မည္သို႔မွ် အဓိပၸါယ္
မေပၚေပါက္လာခဲ့ေပ ။
![]() |
| အက္ဇာရာစတိုင္စ္ ကိုးကားခဲ့ေသာ ပံုအခ်ိဳ႕ |
အထက္ေဖၚၿပပါအေၾကာင္းအရာမ်ားသည္ကား
အေမရိကန္ၿပည္ေထာင္စုတြင္ တည္ရွိသည့္ ႏွစ္ေပါင္းအလြန္ၾကာၿမင့္ၿပီၿဖစ္ေသာ ေက်ာက္တံုးၾကီး
တစ္တံုးအေၾကာင္းပင္ၿဖစ္သည္ ။
ယင္းေက်ာက္တံုးေပၚတြင္ ထြင္းထုထားေသာ စာမ်ားမွာ မည္သည့္လူသားမ်ားက
ၿပဳလုပ္ထုထြင္းထားေၾကာင္းႏွင့္ မည္သည့္ အဓိပၸါယ္မ်ား ကြယ္၀ွက္ေနေၾကာင္းကို
တစ္ခ်ိန္၌ ကြ်န္ပ္တို႕ ေဖၚထုတ္နိုင္လိမ့္မည္ဟုသာ ေမွ်ာ္လင့္ရေပသည္ ။
#htoohtoolay
unicode -
ကွယ်ဝှက်နေသော အကြောင်းအရာများ
----
ကမ္ဘာပေါ်တွင် အသိညာဏ်မြင့်မားသည့် လူသားများ ပေါက်ပွားလာခဲ့ခြင်းသမိုင်းကို အတိအကျ ဘယ်သူမျှ မဖေါ်ပြနိုင်သလို လေ့လာသိရှိဖို့ရန်လည်း မလွယ်ကူပေ ။ မွေးရာပါဗီဇအရ ပတ်ဝန်းကျင်ရှိ အရာရာတိုင်းအား စူးစမ်းခြင်းမှ စတင်ကာ မှတ်တမ်းတင်ခြင်းများကို မိမိတို့သဘောကျသည့်အတိုင်း ပြုလုပ်လာခဲ့ကြသည် ။ ထိုအချိန်တွင် စာပေများ မရှိသေးသော်လည်း အလွယ်တကူ သိရှိနိုင်သည့် ရုပ်ပုံများကို ဖန်တီးလာခဲ့ကြသည် ။ ထိုမှစတင်ကာ ယခုအချိန်၌ လေ့လာတွေ့ရှိကြသော ကျောက်စာများ ပေါ်ပေါက်လာခဲ့တော့၏ ။ သို့သော် လူသားသည် အသိညာဏ်ပညာ ထွန်းကားလာသည်နှင့်အမျှ နေ့စဉ် မြင်တွေ့ရသော တိရိစ္ဆာန်ရုပ်ပုံများမှ တစ်ဆင့်တက်ကာ စကားလုံးအသံထွက်များကို ဖေါ်ဆောင်သော အရုပ်စာများ ဖြစ်ထွန်းလာခဲ့တော့သည် ။ ထိုအရုပ်စာများအား အီဂျစ်၌ အများအပြား တွေ့ရှိရ၏ ။
ရှေးခေတ်လူများသည် အင်မတန် ထူးခြားလှသည် ။ ထို့အတူ မိမိတို့ မတွေ့မမြင်နိုင်သော ကမ္ဘာဦးအဖြစ်အပျက်များကိုလဲ ရင်ဆိုင်ခဲ့ကြရကာ ထိုသူများ၏အသိတရားသည် ယခုခေတ် လူသားတို့အတွက် ပဟေဠိဆန်နေတော့သည် ။ ရှေးခေတ်က ကမ္ဘာပေါ်တွင် မည်သည့်အရာများ ဖြစ်ပွားခဲ့သနည်း ၊ ထိုအတူ မည်သို့သော အကြောက်တရားများက ထိုဂူအောင်းလူသားများအား ကိုယ်ထင်ပြခဲ့သနည်း ။ ထိုထို အဖြစ်အပျက်များကို ကျွန်ပ်တို့သည် ကျောက်ဂူနံရံများမှ တွေ့ရှိရသော အရုပ်စာများမှတဆင့် မှန်းဆဖေါ်ဆောင်ခဲ့ကြသည် ။ သို့သော် ထိုအသိတရားများမှာလည်း အပေါ်ယံ စိတ်မှန်းလောက်တာဖြစ်ကြကြောင်း ကျွန်ပ်တို့ မမေ့ထားသင့်ပေ ။
ယခု သုတေသီပညာရှင်များ မဖေါ်ပြနိုင်သော အရုပ်စာများ များစွာရှိနေသလို မည်သည့်အရာကို ရည်ညွန်းကြောင်း သိခွင့်မရသည့် ကျောက်ချပ် ၊ ကျောက်တုံးများအပေါ်က ကောက်ကြောင်းများစွာ ရှိနေကြသေးသည် ။ ထိုအရာများသည် ရှေ့ဦးလူသားတို့နှင့် ဆက်လျင်း၍ ဒဏ္ဍာရီပုံပြင်လာ ရှေးစကားများအား အမှီပြုကာ ကျွန်ပ်တို့ မမှန်းဆနိုင်သော အင်မတန်ထူးခြားသည့် အဖြစ်အပျက်များလည်း ပါဝင်နေသလောဟု ထင်မှတ်ရ၏ ။ ထင်မှတ်ရအောင်လည်း ထိုအရာများနှင့် တွေ့ရှိချက်များမှာ အတိမကျ တူညီနေခြင်းများလည်း များစွာ တိုက်ဆိုင်နေတက်သည် ။
ဥပမာ - ယခင်က ကမ္ဘာပေါ်တွင် မျက်လုံးပြူးကာ ခေါင်းကြီးကိုယ်သေးသည့် အရုပ်ဆိုးအကြည်းတန်သည့် လူသားများ ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့သည်ဟု ရှေးခေတ် မှတ်တမ်းမှတ်ရာများ၌ တွေ့ရှိရလေရာ ယခုအချိန်တွင် ပညာရှင်အချို့က အခြားကမ္ဘာမှ ဂြိုလ်သူဂြိုလ်သားများ ဖြစ်နိုင်ကြောင်း ကောက်ချက်ဆွဲတင်ကြ၏ ။ ထို သီအိုရီအား ငြင်းဆန်ခဲ့ကြသော်လည်း ထိုလူသားများ နေထိုင်ခဲ့ကြသည့် ဒေသများတွင် ထူးထူးခြားခြားဖြစ်နေသည့် အလျားအနံ ညီမျှသော သဘာဝဂူမဟုတ်သည့် ဂူပေါင်း မြောက်များစွာကို တွေ့ရှိရ၏ ။ ထိုဂူများမှာ ယခုခေတ် တိုက်ခန်းတစ်ခုမျှ တိကျဖြတ်တောက်ထားခြင်းသည် ရှေးခေတ် နည်းပညာများဖြင့် မည်သို့မျှ မဖြစ်နိုင်ပေ ။ ထိုနေရာမှ ဒရော့ဘာ ကျောက်ပြားများလည်း တွေ့ရှိခဲ့ပါသေး၏ ။
များစွာသော ရုပ်ပုံကျောက်စာများထဲမှ ဒိုက်တွန်ကျောက်တုံးကြီးမှာလည်း စိတ်ဝင်စားစရာ အင်မတန် ကောင်းလှပေသည် ။ ထိုကျောက်တုံးသည် ရှေးခေတ်လူသားများ ရေးဆွဲခဲ့သည့် ရုပ်ပုံစားများဖြင့် တည်ရှိနေပြီး ထိုအရာအတွက် တိကျသေခြာသော အဖြေများကိုလဲ ယခုအချိန်ထိတိုင် မတွေ့ရှိကြပေ ။ ထိုကျောက်တုံးပေါ်မှ စာသားများအတွက် ပညာရှင်တို့ ဘာသာပြန်ဆိုကြရာတွင်လည်း များစွာသော အယူအဆများ ထွက်ပေါ်လာခဲ့ပေသည် ။ တစ်ချို့က ထိုကျောက်စာသည် နယ်ချဲ့များ ကျူးကျော်လာခြင်းအား မှတ်တမ်းပြုခဲ့ခြင်းဖြစ်ကြောင်း ယူဆကြသလို တစ်ချို့ကတော့ ကမ္ဘာ့လျှို့ဝှက်ချက်ကို ရှေးလူသားများ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ကြောင်းလဲ သက်သေပြကြ၏ ။ သို့သော် မည်သို့မျှ အဓိပ္ပါယ် မပေါ်ပေါက်လာခဲ့ပေ ။
အထက်ဖေါ်ပြပါအကြောင်းအရာများသည်ကား အမေရိကန်ပြည်ထောင်စုတွင် တည်ရှိသည့် နှစ်ပေါင်းအလွန်ကြာမြင့်ပြီဖြစ်သော ကျောက်တုံးကြီး တစ်တုံးအကြောင်းပင်ဖြစ်သည် ။ ယင်းကျောက်တုံးပေါ်တွင် ထွင်းထုထားသော စာများမှာ မည်သည့်လူသားများက ပြုလုပ်ထုထွင်းထားကြောင်းနှင့် မည်သည့် အဓိပ္ပါယ်များ ကွယ်ဝှက်နေကြောင်းကို တစ်ချိန်၌ ကျွန်ပ်တို့ ဖေါ်ထုတ်နိုင်လိမ့်မည်ဟုသာ မျှော်လင့်ရပေသည် ။
#htoohtoolay




Comments
Post a Comment