လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀၀ သက်တမ်းရှိသည့် Armadillo ရုပ်ကျွင်းများ တွေ့ရှိ ----- အာဂျစ်တီးနားတွင်ရှိသော လယ်သမားတစ်ဉီးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀၀ သက်တမ်းရှိသည့် armadillo မျိုးစိတ်ရုပ်ကျွင်းကို သူ၏ လယ်ယာမြေအတွင်း၌ အမှတ်မထင် တွေ့ရှိခဲ့လေသည် ။ သူသည် ထိုရုပ်ကျွင်းကို ခလုတ်တိုက်မိ၍ တွေ့ရှိလေရာ အလန့်တကြားဖြစ်လျက် သူ၏ ကျွဲများကို ဆွဲကာ ပြေးလွှားခဲ့ရသည်ဟု ဆိုသည် ။ ရှေးဟောင်း သုတေသနပညာရှင်များသည် ၎င်းအား စတင်လေ့လာရာ၌ သမိုင်းမတင်မီက ဒိုင်နိုဆောကြေးခွံများဖြစ်နိုင်ကြောင်း ထင်မြင်ခဲ့ကြသော်လည်း ဆက်လက် ဖော်ထုတ်ချက်များအရ armadillo မျိုးစိတ်များဖြစ်နေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်လေသည် ။ ကမ္ဘာပေါ်တွင် ထိုကဲ့သို့ ကြီးမားသော မျိုးစိတ်များကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ လောက်ကတည်းက မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်ကြောင်း စာရင်းသွင်းထားပြီး ဖြစ်၏ ။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ ၏ရှေ့နှစ်များအတွင်း ထိုသတ္တဝါများသည် ကမ္ဘာမြေမျက်နှာပြင်အနှံ့ နေထိုင်ကျက်စားခဲ့သည်ဟု ဆိုသည် ။ ယခုတွေ့ရှိသော armadillo ရုပ်ကျွင်း၏ မျိုးဗီဇ DNA ကို စစ်ဆေးချက်အရ ယနေ့ခေတ် တွေ့မြင်နေရသော armadillo မျိုးစိ...
သင်၏ ငါးမိနစ်တာအချိန်သည် အကျိုးရှိသော စာတစ်ပိုဒ်နှင့် ကုန်ဆုံးရန် သင့်၏ ။