Skip to main content

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀၀ သက်တမ်းရှိသည့် Armadillo ရုပ်ကျွင်းများ တွေ့ရှိ





လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀၀ သက်တမ်းရှိသည့် Armadillo ရုပ်ကျွင်းများ တွေ့ရှိ
-----
အာဂျစ်တီးနားတွင်ရှိသော လယ်သမားတစ်ဉီးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀၀ သက်တမ်းရှိသည့် armadillo မျိုးစိတ်ရုပ်ကျွင်းကို သူ၏ လယ်ယာမြေအတွင်း၌ အမှတ်မထင် တွေ့ရှိခဲ့လေသည် ။ သူသည် ထိုရုပ်ကျွင်းကို ခလုတ်တိုက်မိ၍ တွေ့ရှိလေရာ အလန့်တကြားဖြစ်လျက် သူ၏ ကျွဲများကို ဆွဲကာ ပြေးလွှားခဲ့ရသည်ဟု ဆိုသည် ။

ရှေးဟောင်း သုတေသနပညာရှင်များသည် ၎င်းအား စတင်လေ့လာရာ၌ သမိုင်းမတင်မီက ဒိုင်နိုဆောကြေးခွံများဖြစ်နိုင်ကြောင်း ထင်မြင်ခဲ့ကြသော်လည်း ဆက်လက် ဖော်ထုတ်ချက်များအရ armadillo မျိုးစိတ်များဖြစ်နေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်လေသည် ။

ကမ္ဘာပေါ်တွင် ထိုကဲ့သို့ ကြီးမားသော မျိုးစိတ်များကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ လောက်ကတည်းက မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်ကြောင်း စာရင်းသွင်းထားပြီး ဖြစ်၏ ။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ ၏ရှေ့နှစ်များအတွင်း ထိုသတ္တဝါများသည် ကမ္ဘာမြေမျက်နှာပြင်အနှံ့ နေထိုင်ကျက်စားခဲ့သည်ဟု ဆိုသည် ။

ယခုတွေ့ရှိသော armadillo ရုပ်ကျွင်း၏ မျိုးဗီဇ DNA ကို စစ်ဆေးချက်အရ ယနေ့ခေတ် တွေ့မြင်နေရသော armadillo မျိုးစိတ်နှင့် တူညီကြောင်း အတည်ပြုပြီးဖြစ်၏ ။ ယခုကဲ့သို့ မိသားစုလိုက် တွေ့ရသော ရုပ်ကျွင်းများတွင်တော့ ထိုတွေ့ရှိချက်သည် ကမ္ဘာပေါ်၌ ပထမဆုံးသော အဖြစ်အပျက်ဖြစ်လေသည် ။

ရုပ်ကျွင်းများသည် အရွယ်အစား အနည်းငယ် ကွာခြားကြပြီး ထို ကွာခြားမှုသည် အထီး ၊ အမ အလိုက် ဖြစ်နိုင်ကြောင်း သုတေသီတို့က ကောက်ချက်ချထားကြသည် ။ ထို armadillo မိသားစုသည် နေရပ်တစ်ခုကို ဉီးတည်သွားနေသောသဏ္ဏာန်ဖြစ်ကာ မည်သည့်အရပ်ကို ဉီးတည်နေသည်ဖြစ်ကြောင်း သုတေသီတို့ ရှာဖွေခန့်မှန်းနေကြ၏။ ယခုမူ သုတေသီများသည် ထို armadillo များ မည်သည့်အကြောင်းကြောင့် သေဆုံးခဲ့သည်ကို ရှာဖွေရန် သုတေသနပြုဖို့ အလွန်စိတ်အား ထက်သန်နေကြ၏ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...