Skip to main content

ယနေ့ကမ္ဘာ့ထိပ်တန်းသတင်းများကို လေ့လာခြင်း


ယနေ့ကမ္ဘာ့ထိပ်တန်းသတင်းများကို လေ့လာခြင်း
-----
၁ ။ ပျောက်ဆုံးနေသော မြို့ -

လွန်ခဲ့သောအနှစ် ၅၀,၀၀၀ တွင် Doggerland ဟုခေါ်သော ကြွယ်ဝချမ်းသာသည့်နယ်မြေသည် ဗြိတိန်နိုင်ငံမှစ၍ နယ်သာလန်အထိ၊ ယခု မြောက်ပင်လယ်အထဲတွင် တည်ရှိသည် ။ သို့သော် လွန်ခဲ့သောနှစ်ပေါင်း ၈၅၀၀ တွင် ရေခဲမြစ်များ အရည်ပျော်သွားသည့်အတွက် ထိုနေရာ၏ သက်သေအထောက်အထားများ ဆုံးရှုံးသွားခဲ့သည်။ ယခုအခါ ဒတ်ချ်ကမ်းရိုးတန်းအား ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုမှ ကာကွယ်ရန် ယူရိုသန်း ၇၀ တန်ဖိုးရှိ ကမ်းရိုးတန်းကာကွယ်ရေးစီမံကိန်းများပြုလုပ်ရာမှ ယင်းရှေးဟောင်းရုပ်ကျွင်းများကို ပြန်လည်တွေ့ရှိခဲ့သည် ။ ၎င်းတွင် ရှေးခေတ် ဉရောပတိုက်သားတစ်ဉီး၏ အံသွားတစ်ချောင်းကိုလည်း ရရှိသည် ။

၂ ။ တွင်းနက်ကြီးများသည် ကြယ်များကို ဝါးမျိုနေသည် -

နဂါးငွေ့တန်းတိုင်းနီးပါး၏ ဗဟိုချက်တွင် နေထက်အဆသန်းပေါင်းများစွာ သို့မဟုတ် အဆပေါင်းဘီလီယံနှင့်ချီ၍ လေးလံသည့် ဧရာမအနက်ရောင် တွင်းကြီးတစ်ခု တည်ရှိသည်။ အများစုသည် မြှပ်ကွယ်နေသောကြောင့် ကြယ်တစ်လုံးသည် အလွန်နီးကပ်စွာဖြတ်သန်းသွားသည့်တိုင် နှစ်ပေါင်းထောင်ချီ၍ ၎င်းကို မမြင်နိုင်ပေ ။ ၎င်းသည် စူပါနိုဗာကဲ့သို့ အလွန်ပြင်းထန်သော လပေါင်းများစွာကြာသည့် ဒီရေပြတ်တောက်ခြင်းဖြစ်ရပ် (TDE) ကို ဖြစ်ပေါ်စေသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အထိ နက္ခတ္တဗေဒပညာရှင်များသည် လက်တဆုပ်စာမျှသာရှိသည့်  TDE များကို သာ ရှာတွေ့ခဲ့သည်။

ယခုမူကား update စစ်တမ်းကောက်ယူမှု၌ မကြာသေးမီအတွင်း ၎င်းတို့ကို ပိုမိုဖမ်းယူနိုင်ခဲ့သည်။ ဖျက်ဆီးစွမ်းအားမြင့်မားသည့် တွင်းနက်များသည် စကြာဝဠာအတွင်း၌ ပိုမို တိုးပွားလာလျက်ရှိသည် ။ ယခင်က လျှို့ဝှက်စွာ တည်ရှိနေသော်လည်း ယခုမူ ထင်ထင်ရှားရှား တွေ့မြင်လာရ၏ ။ ၎င်းဖြစ်ရပ်သည် အချိန်ခဏအတွင်း ဂြိုလ်ကမ္ဘာများ ပျက်ဆီးနေသည်ကို ဖော်ပြနေခြင်းဖြစ်သည် ။

၃ ။ မျိုးရိုးဗီဇပြုပြင်ထားသည့် ပိုးမွှားများသည် သီးနှံဖျက်ပိုးမွှားများကို ချေဖျက်နိုင်မည်လော -

Diamondback ပိုးသည် ပန်းဂေါ်ဖီစိမ်းကို နှစ်သက်ကြသည်။ သူတို့သည် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့် ဆက်စပ်သော ကောက်ပဲသီးနှံများကိုလည်း နှစ်သက်သည်။

ထိုပိုးများကို နှိမ်နင်းရန် လယ်သမားများအတွက်  မျိုးရိုးဗီဇ ပြုပြင်ထားသော ပိုးများကို စိုက်ခင်းအတွင်းလွှတ်၍ ၎င်း ပိုးရိုင်းများနှင့် မိတ်လိုက်စေကာ ပေါက်ပွားလာသော ပိုးလောင်းသစ်များက ၎င်းတို့၏ မျိုးဆက်ထက်ဝက်ခန့်ကို သေစေနိုင်သည့် မျိုးဗီဇပြုပြင်ပိုးများကို သုတေသနပြုနေ၏ ။

၄ ။ တရုတ်နိုင်ငံမှ ဗိုင်းရပ်စ်ကူးစက်မှုသည် ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေဖြစ်ကြောင်း ကြေငြာခဲ့သည် -

လွန်ခဲ့သော ပတ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် တရုတ်နိုင်ငံတွင် coronavirus အသစ်တစ်ခုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေငြာခဲ့သည်။ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဂျီနီဗာမြို့၌ ကြာသပတေးနေ့ ညနေပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှ စတင်ဖြစ်ပွားနေသော ယင်းဗိုင်းရပ် ရောဂါပိုးအသစ်သည် နိုင်ငံပေါင်း ၁၈ နိုင်ငံသို့ ပျံ့နှံ့သွားခြင်း ဖြစ်ကာ လူပေါင်း ၇၈၃၄ ယောက်ကူးစက်ခံခဲ့ရပြီး ၁၇၀ သည် တရုတ်နိုင်ငံအတွင်းမှ ဖြစ်သည် ။

၅ ။ ရေအောက်စက်ရုပ်သည် အန္တာတိက၏  'ကမ္ဘာပျက်' ရေခဲမြစ်အခြေကို မမျှော်လင့်ပဲ တွေ့ရှိခဲ့သည် -

ရေခဲပြင်အတွင်းရှိ မီတာ ၇၀၀ တွင်းသို့ ဆင်းသက်သွားသော စက်ရုပ်အား အသုံးပြု၍ အန္တာတိက၏ Thwaites Glacier တွင် သိပ္ပံပညာရှင်များက ရေခဲမြစ်၏ အခြေခံအုပ်မြစ်တွင် ၊ ရေခဲကုန်းမြေများ ပူနွေးလာခြင်းကြောင့် သမုဒ္ဒရာရေအတွင်းသို့ တဖြည်းဖြည်း အရည်ပျော်သွားနိုင်သည့် အခြေနေများကို ပထမဦးဆုံး ဗီဒီယိုမှတ်တမ်း တစ်ခု တင်နိုင်ခဲ့ကြသည်  - ၎င်းသည် ပြိုကျနိုင်သည့် အန္တရာယ်ရှိနေသည်။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...