Skip to main content

ကမ္ဘာပေါ်ရှိ နှစ်ပေါင်း ၁၄၀၀ သက်တမ်းရှိ တစ်ခုတည်းသော သစ်ပင်

ကမ္ဘာပေါ်ရှိ နှစ်ပေါင်း ၁၄၀၀ သက်တမ်းရှိ တစ်ခုတည်းသော သစ်ပင်
-----
အသက် ၁,၄၀၀ နှစ်ရှိ Gingko သစ်ပင်သည် အံ့သြဖွယ်ကောင်းသော ရွှေရောင်အရွက်များဖြင့် လှပနေသည် ။
ဤအထင်ကြီးစရာ ကောင်းသည့် gingko သစ်ပင်သည် တရုတ်ပြည် Zhongnan တောင်တန်းရှိ Gu Guanyin ဗုဒ္ဓဘာသာဘုရားကျောင်း၏ နံရံဘေးကြားတွင် တည်ရှိသည်။
ဆောင်း ဦး တိုင်း နှစ်ပေါင်း ၁၄၀၀ သက်တမ်းရှိသော ဤသစ်ပင်သည် ၎င်း၏ အစိမ်းရောင်အရွက်များကို တက်ကြွစွာ လန်းဆန်းလာစေပြီး တောက်ပသော အဝါရောင်များအဖြစ်သို့ ပြောင်းလဲစေကာ အနီးအနားပတ်ဝန်းကျင်ဒေသများမှ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်လျက်ရှိသည် ။
လန်ဒန်ရှိ Kew Gardens ၏ အဆိုအရ “ Ginkgo သစ်ပင်ကျောက်ဖြစ်ရုပ်ကြွင်းများသည် Jurassic နှင့် Cretaceous တို့၏ ကျောက်ဆောင်များတွင် တွေ့ရလေ့ရှိသော်လည်း ယနေ့တွေ့မြင်ရသော Ginkgo biloba သည် ကမ္ဘာပေါ်တွင် ၎င်း၏မျိုးတွင် တစ်ခုတည်းကျန်ခဲ့သော သစ်ပင်တစ်ပင်ဖြစ်သည် ။
အရှေ့ဘက်ရှိ ဘုရားရှိခိုးကျောင်းဥယျာဉ်များ၌ ဤစိတ်ဝင်စားဖွယ်ကောင်းသော မျိုးစိတ်များ ကြီးထွားရှင်သန်လာကြပြီး ၁၇၀၀ ပြည့်နှစ်များ၌ ပထမမျိုးစေ့များကို ဥရောပသို့ ယူဆောင်လာခဲ့သည်။ သစ်တောပြုန်းတီးမှု၏ ရလဒ်ဖြစ်ဖွယ်ရှိသည့် Gyngo သစ်ပင်ကို ယခုတွင် တရုတ်ပြည် တစ်ခုတည်းမှာသာ တွေ့မြင်နိုင်မည်ဖြစ်သည် ။

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...