လွန်ခဲ့သော နှစ်ပေါင်း ၄၈ သန်းခန့်က သန္ဓေသားပါသည့် မြင်း ကျောက်ဖြစ်ရုပ်ကျွင်း
-----
လွန်ခဲ့သော
နှစ်ပေါင်း ၄၈ သန်းခန့်က သန္ဓေသားပါသည့် မြင်း ကျောက်ဖြစ်ရုပ်ကျွင်းကို ဂျာမနီသုတေသနပညာရှင်များက
ရှာဖွေတွေ့ရှိခဲ့သည် ။ ဂျာမနီပညာရှင်များသည် အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည့်
သန္ဓေသားပါဝင်သော Eurohippus ဟု ခေါ်သော မြင်းနှင့်တူသည့် နို့တိုက်သတ္တဝါတစ်မျိုး၏
ထူးခြားသော ကျောက်ဖြစ်ရုပ်ကျွင်းခွဲခြမ်းစိတ်ဖြာမှုရလဒ်များအား တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်
။
ကျောက်ဖြစ်ရုပ်ကျွင်းများကို
၂၀၀၀ ပြည့်နှစ်တွင် ဂျာမနီရှိ မက်စယ်လ်တွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်သည် ။ ၎င်းသည် တွေ့ရှိသမျှ
ရှေးကျသော ကျောက်ဖြစ်ရုပ်ကျွင်းများအနက် သဘာဝတရား၏ အကောင်းဆုံး ထိန်းသိမ်းထားသော ကျောက်ဖြစ်ရုပ်ကျွင်းလည်း
ဖြစ်သည် ။ Messel ပတ်ဝန်းကျင်၏ ထူးခြားသော အရာများမှာ တွေ့ရှိသမျှ နမူနာကျောက်ဖြစ်ရုပ်ကျွင်းများအားလုံးကို
ပုံစံမပျက် တွေ့ရှိရခြင်းပင် ဖြစ်လေသည် ။
ယခုရှာတွေ့သော
ကျောက်ဖြစ်ရုပ်ကျွင်းအား သိပ္ပံပညာရှင်များက X-rays နှင့် scanning လုပ်၍ သုတေသနပြုနေကြသည်
။
၎င်းထဲမှ
သန္ဓေသားမှာ အပြည့်အစုံ ပါဝင်မှု မရှိသေးသောကြောင့် မွေးဖွားရန် အချိန်များစွာ လိုအပ်သေးကြောင်း သုတေသီများက
ဆိုကြပြီး ထိုသေဆုံးမှုသည် သန္ဓေသားနှင့် မသတ်ဆိုင်ကြောင်း ကောက်ချက်ချကြသည် ။
#htoohtoolay



Comments
Post a Comment