အီဂျစ်မှ တူးဖော်တွေ့ရှိသမျှ ရုပ်ထုတိုင်းက ဘာကြောင့် နှာခေါင်းတွေ ကျိုးပဲ့နေရတာလဲ ?
-----
ရှေးဟောင်းအရှေ့ပိုင်းအနုပညာနှင့် ရှေးဟောင်းအနုပညာပြတိုက် ကို ကြီးကြပ်ကွပ်ကဲနေသော Bleiberg သည် ဤမေးခွန်းကို သူအကြိမ်ကြိမ်ကြားခဲ့ရသည်အား အံ့အားသင့်ခဲ့သည်။ သူသည် ပန်းပုလက်ရာများပျက်စီးသွားသည်ကို ပေါ့ပေါ့တန်တန်သဘောမထားပေ ။
လွန်ခဲ့သော ဘီစီ ၂၅ ရာစုမှ အေဒီ ၁ ရာစု အထိ သက်တမ်းရှိသည့် ရုပ်ထုများသည် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းကို ခံခဲ့ရသည် ။ ၎င်း မှာ ရုပ်တုတစ်ခု၏ အဓိကနေရာဖြစ်သော နှာခေါင်းပိုင်းတွင်ဖြစ်သည် ။ ရှေးအခါက တူးဖော်တွေ့ရှိခဲ့သည့် ယင်း ပျက်ဆီးမှုသည် အချိန်ကာလကြာမြင့်ခြင်းကို အကြောင်းပြု၍ ပျက်ဆီးယိုယွင်းခဲ့ခြင်းဖြစ်ကြောင်း ထင်မြင်ယူဆခဲ့သော်လည်း တူးဖော်တွေ့ရှိသည့် လက်ရာမြောက်လှသော ရုပ်တုတိုင်းလိုလိုသည် နှာခေါင်းနေရာ၌ တူညီစွာ ပျက်ဆီးနေလေ၏ ။ ဤအချက်သည် အလွန်ထူးခြားသည့် အချက်တစ်ခုဖြစ်လာသည် ။
Bleiberg ကမူ အီဂျစ်၏ ထိုခေတ်ထိုအချိန်က တွေ့ကြုံခဲ့ရသော လူမျိုးရေး ၊ ဘာသာရေး ၊ နိုင်ငံရေးနှင့် ပုဂ္ဂိုလ်ရေးကိစ္စများကြောင့် ဤသို့ ဖျက်ဆီးခဲ့ခြင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချသည် ။ ပုဂ္ဂိုလ်ရေးနှင့် ရာဇဝတ်မှုများကို အခြေခံ၍ ယင်းသို့ ရှေ့နောက်တူညီသည့် ဖျက်ဆီးခြင်းမျိုးကို ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည် ။
ရှေးခေတ် အီဂျစ်လူမျိုးတို့သည် အရုပ်စာများကို တည်ထွင်အသုံးပြုခဲ့ကြပြီး ယင်းစာများ၌ လူသဏ္ဏာန်သည် အရေးပါသော အခန်းကဏ္ဏများတွင် ထည့်သွင်းဖော်ပြကြသည် ။ နတ်ဘုရားများကို ပုံဖော်ရာ၌ လူသရုပ်ကို အသုံးပြုခဲ့ကြပြီး အရေးကြီးသည် လူပုဂ္ဂိုလ်အား ဖော်ပြရာ၌ ထိုသို့ ထုဆစ်လေ့ရှိသည် ။ ရှေးအီဂျစ်တို့သည် လူသေသောအခါ ထို ထုဆစ်ထားသော ရုပ်တုအတွင်းသို့ ဝိဉာဉ်သည် ကူးပြောင်းနေထိုင်သည်ဟု ယူယုံကြည်သည့် ဓလေ့တစ်ခုရှိသည် ။ ထို့ကြောင့် ထိုဖျက်ဆီးခြင်းမှာ နိုင်ငံရေး ဘာသာရေးနှင့် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ကြသောအခါ အရုပ်အတွင်းမှ တည်ရှိနေသော ဝိဉာဉ်၏ စွမ်းအားကို ပိတ်ပင်နိုင်သည်ဟု ယုံကြည်သောကြောင့် ဤသို့ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း သုတေသီများက ကောက်ချက်ချ၏ ။
Bleiberg က ‘ နှာခေါင်းမရှိဘူးဆိုရင် ရုပ်တု အသက်မရှုနိုင်တော့ဘူး ၊ ဒါကြောင့် သူက သေတာနဲ့ အတူတူပဲပေါ့ ၊ နှာခေါင်းကို ဖျက်ဆီးပြီး ရုပ်တုကို သတ်လိုက်တာ ’ ဟု ၎င်းက ဆိုသည် ။
သို့သော် ဤသို့ ပျက်ဆီးနေခြင်းသည် အခြားသော ရည်ရွယ်ချက်တစ်ခုကြောင့်လည်း ဖြစ်နိုင်သည် ။ ကမ္ဘာကျော် စဖင့် ရုပ်တုကြီသည်းလည်း အလျားတူ ပျက်ဆီးနေလေ၏ ။
#htoohtoolay






Comments
Post a Comment