Skip to main content

ပျောက်ဆုံးနေသော အတ္တလန္တိတ်မြို့တော်ကို ရှာတွေ့ပြီလား



ပျောက်ဆုံးနေသော အတ္တလန္တိတ်မြို့တော်ကို ရှာတွေ့ပြီလား
-----
Google Map ကနေ ရှာတွေ့ခဲ့တဲ့ သမုဒ္ဒရာအတွင်း လှျို့ဝှက်ဆန်းကျယ်စွာ ဖွဲ့စည်းထားမြေနေရာဟာ ပျောက်ဆုံးနေသော အတ္တလန္တိတ်မြို့လားဆိုပြီး အနောက်တိုင်းကတင်တဲ့ ဆောင်းပါးတစ်ခု တက်လာတာကို တွေ့ရပါတယ် ။ အခုအခါ အဲ့ ဆောင်းပါးကို လေ့လာကြည့်မှာဖြစ်တယ် . . .  

Google map သည် ဂြိုလ်တုမှတစ်ဆင့်မြင်နိုင်သည့် ကမ္ဘာ့မြေမျက်နှာပြင်အား စူးစမ်းရှာဖွေနိုင်သလို ယခုနောက်တွင်မူ ထိုကိရိယာဖြင့် ရှေးဟောင်းနက်နဲသည့်အရာကို ရှာဖွေနိုင်ပြီးလားဟု မေးခွန်းများ ထွက်ပေါ်လျက်ရှိသည် ။ အဘယ်ကြောင့်ဆိုသော် You tube အဖွဲ့ဝင်တစ်ဉီးက ထို နှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးနေခဲ့သော အတ္တလန္တိတ်မြို့တော်ကို ရှာတွေ့ခဲ့ပြီဟု ဆိုသောကြောင့်ဖြစ်သည် ။

Google map တွင် ပါရှိသော 3d ရုပ်ပုံကိုအသုံးပြု၍ ခလုတ်တစ်ချက်နှိပ့်ရုံမျှဖြင့် စူးစမ်းရှာဖွေနိုင်သည် ။

၂၀၀၁ ခုနှစ်မှ စတင်ခဲ့သော google map ကမ္ဘာ့မြေပုံသည် အလွန်မြင့်မားသော တောင်တန်းတွေမှစကာ ပင်လယ်သမုဒ္ဒရာအတွင်း၏ အောက်ခြေထိတိုင် မှတ်တမ်းတင်နိုင်ခဲ့သည် ။

သို့သော် google နှင့်ပတ်သတ်၍ အသုံးပြုသူများအကြား စိတ်ပျက်စရာကောင်းသည့် အရာတစ်ခု ဖြစ်ပေါ်ခဲ့သည် ။ ၎င်းမှာ ဆုံးရှုံးသွားသော အတ္တလန္တိတ်မြို့ကို ရှာဖွေတွေ့ရှိပြီလားဟုဆိုသည့်အပေါ် သဘာဝတရားပညာရှင်များက ပူးပေါင်းကြံစည်မှုများဖြစ်နိုင်သည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သည် ။

အတွေးအခေါ်ပညာရှင်တစ်ဉီးဖြစ်သည့် ပလေတိုသည် သူ၏ အဘိုးဖြစ်သူက သူ့အား ဤ ဒဏ္ဏာရီလာ ရှေးဟောင်းမြို့တော်သည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက တည်ရှိခဲ့ပြီး ယခုအခါ၌ လျှို့ဝှက်နက်နဲသောနေရာတွင် ပျောက်ကွယ်နေသည်ဟု သူ့အား ပြောကြားခဲ့သည်ဆို၏ ။

ပလေတိုက - ပြင်းထန်တဲ့ မြေငလျင်လှုပ်ခြင်းနဲ့ ရေလွှမ်းမိုးမှုများကြောင့် တစ်နေ့ တစ်ညမှာ ဘေးဉပါဒ်ကျရောက်ပြီး ထိုမြို့တော်သည် ပျောက်ကွယ်သွားရသည်ဟု ဆိုသည် ။

ယူကျူ့၌ တင်ထားသော video တစ်ခုက google earth သည် အတ္တလန္တိတ်မြို့ကြီး တည်ရှိနေကြောင်း သက်သေပြနေသည်ဟု ဆိုသည် ။ ထို ဗီဒီယိုသည် သမုဒ္ဒရာကြမ်းပြင်၌ သဘာဝမဟုတ်သော ထူးဆန်းသည့် တည်ဆောက်ပုံတစ်ခုကို ပြသထားသည် ။ ၎င်းသည် အာဖရိက ကမ်းရိုးတန်းရှိ သမုဒ္ဒရာအနက် ၄၅၀၀ မီတာတွင် တည်ရှိနေသည် ။ သို့သော် လျှို့ဝှက်ဆန်းကြယ်သည့် လိမ်လည်မှုများကို ရေအောက်ရှိ ဂျီအိုမေတြိပုံစံများဖြင့် ဖန်တီးနိုင်သည်ဟု ဆိုသည် ။ ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ယခုမူ ပျောက်ဆုံးနေသော အတ္တလန္တိတ်မြို့များ ဖြစ်နေမည်လားဟူ၍ မေးခွန်းများ ပျံ့နှံ့လျက်ရှိသည် ။

Time သတင်းစာ၏ ဖော်ပြချက်အရ ထို နေရာသည် ဝေလနယ်မြေများနှင့်တူကြောင်း လေ့လာသူများက သတိပြုမိခဲ့ကြသည် ။ ဗီဒီယိုတွင် ဖော်ပြပါရှိသော အတ္တလန္တိတ်၏ ပျောက်ဆုံးနေသော လူ့ယဉ်ကျေးမှုကို ရှာတွေ့ပြီဆိုသော အရာအပေါ် အချက်တစ်ခုက ငြင်းဆန်နေသည် ။ ၎င်းမှာ ပလေတို၏ မှတ်တမ်းများအရ ပျောက်ဆုံးနေသော အတ္တလန္တိတ်မြို့တော်၏ တည်ဆောက်ပုံသည် မြို့ကို ကွင်းများဖြင့် ဝိုင်းပတ်ထားသည်ဟု ဆိုသည် ။ ယခု ရှာဖွေတွေ့ရှိခဲ့သော ဂျီအိုမေတြိမျဉဉ်းများဖြစ် မဟုတ်ကြောင်း ဆို၏ ။

မှတ်ချက် ။ ။  အတ္တလန္တိတ်မြို့တော်နှင့်ပတ်သတ်၍ မှတ်တမ်းများသည် ကမ္ဘာပေါ်၌ ပလေတိုတစ်ဉီးတည်း၏ မှတ်တမ်းသာ ရှိလေသည် ။

တစ်ချို့သူများက google earth သည် သမုဒ္ဒရာအတွင်းသို့ မထိုးဖောက်နိုင်ပါဟု ဆိုသည် ။ ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ရေအောက် ဖွဲ့စည်းပုံအခြေနေတစ်ခုကို ရှင်းလင်းပြချက်တစ်ခုလည်း ရှိလေသည် ။ ၎င်းမှာ google earth အင်ဂျင်နီယာများက google map ကို ပြုလုပ်ရာ၌ မြေပုံအချက်အလက်များကို စုဆောင်းဖို့ရာ လှေများပေါ်မှ မှတ်တမ်းရိုက်ယူရန် တည်ဆောက်ခဲ့ရသည်ဟု ဆိုသည် ။

3D tool ကို အသုံးပြုသူများသည် တစ်ခါတစ်ရံ ထူးဆန်းပြီး ရှင်းလင်းပြတ်သားမှုမရှိသည့် အရာများကို ရှာဖွေတွေ့ရှိလေ့ရှိကြောင်း ဆိုသည် ။ ၎င်းနှင့် ပုံစံတူ သဲကန္တာရတစ်ခု၏ map ပေါ်တွင် တြိဂံ ပုံတစ်ခုလည်း တွေ့ရှိဖူး၏ ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...