စကြာဝဠာကြီး စတင်ဖြစ်ပေါ်ခဲ့သည့် Big Bang မဟာပေါက်ကွဲမှုနေရာကို
ရှာတွေ့ပြီ
-----
နက္ခဗေဒပညာရှင်များသည် စကြာဝဠာကြီး စတင်ဖြစ်ပေါ်လာသည့်
မဟာပေါက်ကွဲမှုကြီး Big Bang နေရာကို ရှာဖွေတွေ့ရှိခဲ့သည် ။ သုတေသီများက ၎င်းပေါက်ကွဲမှုသည်
စကြာဝဠာအတွင်း အကြီးမားဆုံးသော ပေါက်ကွဲမှုဖြစ်ကြောင်း ဆိုသည် ။ ထိုပေါက်ကွဲသည့် နေရာသည်
ကမ္ဘာမှ အလင်းနှစ် ၃၉၀ သန်းခန့် ဝေးကွာသော အရပ်တွင် တည်ရှိသည် ။ ပေါက်ကွဲမှုသည် ယခင်စံချိန်တင်ထားသည်ထက်
ငါးဆမျှ ပိုမိုပြင်းထန်ကြောင်း တွေ့ရ၏ ။ ထိုပေါက်ကွဲမှု
နေရာအတွင်း၌ ထောင်ပေါင်းများစွာသော နဂါးငွေ့တန်းများ တည်ရှိနေသည်ကို ပထမဆုံးအကြိမ်
တွေ့ရှိခဲ့ရသည်ဟု ဆိုသည် ။
နဂါးငွေ့တန်းရဲ့ အလယ်စင်တာက ပေါက်ကွဲမှုမျိုးကို ကျွန်တော်တို့
အရင်က တွေ့ဖူးပေမယ့် အခုက တကယ့်ကို ကြီးမားကျယ်ပျံ့ပါတယ် - ဟု အပြည်အပြည်ဆိုင်ရာ ရေဒီယိုနက္ခတ္တဗေဒသုတေသနဌာနမှ
ပါမောက္ခ Melanie Johnston-Holitt ကပြောကြားခဲ့သည်။ ဘာကြောင့် အဲ့လောက်ထိ ကြီးမားတဲ့ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့တယ်ဆိုတာကို
ကျွန်တော်တို့ မသိသေးပါဘူး ။
Post ပါပုံတွင် ပါဝင်သည့်
အနီရောင်များသည် HETDEX နေရာမှ နဂါငွေ့တန်း များစွာဖြစ်သည် ။ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ
သိပ္ပံပညာရှင် ၂၀၀ ကျော်သည် ယခင် လူသားများ တစ်ခါမှ မမြင်ဖူးသော ထောင်ပေါင်းများစွာသော
နဂါးငွေ့တန်းများကို ရှာဖွေတွေ့ရှိခဲ့ပြီဟု အတည်ပြုကြသည် ။ နက္ခတ္တဗေဒပညာရှင်များသည်
LOFAR (Low Frequency Array) ရေဒီယိုတယ်လီစကုပ်ကွန်ယက်ဖြင့် မြောက်ပိုင်းကောင်းကင်ပြာမြေပုံကို
ဖန်တီးခဲ့ကြခြင်းဖြစ်သည်။
#htoohtoolay


Comments
Post a Comment