Skip to main content

Godzilla ကို လေ့လာမယ်


Godzilla ကို လေ့လာမယ်
-----
Movie သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် Godzilla ဆိုတဲ့ စကားလုံးဟာ လူတိုင်း သိကြတဲ့ အမှတ်အသားတစ်ခုဖြစ်နေပါတယ် ။ ဂေါ်ဇီလာဆိုတာနဲ့ အလွန်ကြီးမားတဲ့ ရှေးဉီးသမိုင်းမတင်မီက သတ္တဝါဆိုးတစ်ကောင်ကို တွဲပြီး မြင်ရလေ့ ရှိတယ် ။ ဒီ ကြီးမားတဲ့ ရေဒီယိုသတ္တိကြွတွားသွားသတ္တဝါများဟာ မြို့ထဲကိုဝင်လာပြီး ဖျက်ဆီးလာခဲ့တာ အခုနဲ့ဆို နှစ်ပေါင်း ၆၀ ကျော်လာခဲ့ပါပြီ ။ ဒီဖျက်ဆီးမှုတွေကပဲ လူသားတွေကို ပျော်ရွှင်မှု ပေးခဲ့ကြတာဖြစ်တယ် ။ ဒီတော့ ဂေါ်ဇီလာကို ပြန်လည်သုံးသပ်ဖို့ အချိန်ကျပြီလို့ ထင်ပါတယ် ။

Godzilla ဆိုတာ ဘာလဲ ?

Godzilla ဆိုတဲ့ အရာဟာ ဂျပန်က စတင်ခဲ့တဲ့ အရာဖြစ်ပြီး ဂျပန်ဘာသာအရ ဂေါ်ဇီလာဆိုတာ အလွန်ကြီးမားတဲ့ ဒိုင်နိုဆောသတ္တဝါတစ်မျိုးကို ခေါ်တာဖြစ်တယ် ။ ၁၉၅၀ ခုနှစ်အတွင်းက အမေရိကန်စစ်တပ်က အက်တမ်လက်နက်များကို စမ်းသပ်ရင်း ခေတ်မီတိုးတက်တဲ့အရာတွေ လုပ်ရာမှ ဒီဂေါ်ဇီလာတွေ ပေါ်လာခဲ့တာနဲ့ ဇာတ်သွားကို ဆင်ခဲ့ကြတာဖြစ်တယ် ။ ဒီဧရာမ သားရဲဟာ ပင်လယ်ကြမ်းပြင်ကနေ ထိုးထလာတယ် ။ ဒါပေမယ့် သူက လူသားတွေကို တိုက်ခိုက်လိုတဲ့သတ္တဝါတော့ မဟုတ်ပါဘူး ။ သူနိုးထလာတာက ခေတ်မီဆန်းသစ်တဲ့ လက်နက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေဒီယိုသတ္တုကြွတွေကို ဖျက်ဆီးဖို့ဖြစ်တယ် ။ ဒါကြောင့် သူက စစ်သ‌‌ေင်္ဘာတွေကို နစ်မြှပ်စေပြီးတော့ စစ်လက်နတ်တွေကို ဖျက်ဆီးဖို့ အားထုတ်တော့တယ် ။ သူ့အရွယ်အစားက အလွန်ကြီးမားတဲ့အတွက် ဘေးအန္တာရာယ်တွေကို သူက ဂရုမစိုက်ဘူး ။ အထူးသဖြင့် သူက နဂါးတွေလို ရေဒီယိုသတ္တိကြွအပူရောင်ခြည်တွေကို ပါးစပ်ကနေ ထုတ်လွှတ်နိုင်တာပါပဲ ။

မူလက ဂေါ်ဇီလာကို ပေ ၁၆၄ ပေနဲ့ စတင်ခဲ့ကြတယ် ။ နောက်ပိုင်းရောက်တော့ ၃၂၈ ပေအထိ တိုးမြှင့်လာခဲ့ပါတယ် ။ သူရဲ့ပုံသဏ္ဏာန်က ကြွက်သားတွေကြီးမားပြီး အမြီးအပါအဝင် သူ့ရဲ့တစ်ကိုယ်လုံးဟာ ကျောက်တုံးတွေနဲ့ ပြည့်နက်နေတာဖြစ်တယ် ။ ဆယ်စုနှစ်များအတွင်းမှာ ဒီဒီဇိုင်းကိုပဲ အသုံးပြုခဲ့ပြီး အနည်းငယ်တာ ပြုပြင်လာခဲ့ကြတာ ဖြစ်ပါတယ် ။

ဂေါ်ဇီလာဟာ လူသားတွေရဲ့ ရန်သူမဟုတ်ပါဘူး ။ သူက ကမ္ဘာကြီး ပျက်ဆီးမဲ့အရေးကို ကာကွယ်လိုတာဖြစ်တယ် ။ ဘာကြောင့်လဲဆိုတော့ သူ့လဲ ကမ္ဘာအတွင်းမှာ နေထိုင်နေတဲ့ သတ္တဝါတစ်ကောင် ဖြစ်နေလို့ပါ ။ ဒါကြောင့် ရုပ်ရှင်တော်တော်များများမှာ ဂေါ်ဇီလာကို အသေသတ်တဲ့ ဇာတ်ဝင်ခန်းမျိုး မသုံးကြတာ ဖြစ်တယ် ။ နောက်ဆုံးပိုင်းရောက်တိုင်း သူဟာ သူရဲကောင်း တစ်ဉီးအနေနဲ့ တည်ရှိနေပြီး သူ့နေရပ်ဆီကို ပြန်ရစမြဲ ဖြစ်ပါတယ် ။

အမှန်တော့ ဂျပန်တွေဟာ ပညာပေးအနေနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ ။ ဘေးဉပါဒ်တွေ ကျရောက်နိုင်တဲ့ လေထုညစ်ညမ်းမှုတွေကို သိရှိစေပြီးတော့ ကမ္ဘာကြီးဟာ တစ်ချိန်မှာ ပျက်ဆီးသွားမဲ့အရေးကို ဖော်ထုတ်ထားတာဖြစ်တယ် ။ တကယ်တော့ ဂေါ်ဇီလာရဲ့ ဖွဲ့စည်းပုံခန္ဓာဟာ သမိုင်းကြောင်းတစ်လျှောက် မဖြစ်ပေါ်နိုင်တဲ့ ခန္ဓာမျိုး ဖြစ်တယ် ။ ဂေါ်ဇီလာနဲ့တူတဲ့ ကျောက်ဖြစ်ရုပ်ကျွင်းတွေကိုလဲ တူးဖော်တေွ့ရှိခြင်းတွေ မရှိပါဘူး ။ သူက မိကျောင်းတစ်ကောင်ကို မတ်တပ်ပေးရပ်ထားတာပဲ ဖြစ်တယ် ။

Godzilla ရဲ့ မူလအစ -

Godzilla ရုပ်ရှင်က စစ်ပြီးကာလမှာ ပေါ်ထွက်လာတဲ့ ဇာတ်ဝင်ကားတစ်ကားဖြစ်ပြီး သူ့ရဲ့ ကျောရိုးဟာ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တွေ ကျဲချခဲ့တဲ့ အနုမြူဗုံးကို ပမာပြုထားခြင်း ဖြစ်တယ် ။ ဗုံးကို  ဒေါသအရမ်းထွက်နေတဲ့  သတ္တဝါအနေနဲ့ ဖော်ပြပြီး ၁၉၅၄ မတ်လက အမေရိကန်စစ်တပ်က Castle Bravo အမည်ရှိတဲ့ ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်မှုကုဒ်ကိုပြုလုပ်ခဲ့ကြတယ် ။ မာရှယ်ကျွန်းက Bikini Atoll ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ပေါက်ကွဲခဲ့ပါတယ် ။ အဲ့ နျူကလီးယားပေါက်ကွဲမှုက မမျှော်လင့်ပဲ အဝေးမှာရှိနေတဲ့ ငါးဖမ်းသ‌ေင်္ဘာတွေကို ထိမှန်ခဲ့တယ် ။ အဲ့ဒီ့ရဲ့ ဓာတ်ငွေ့ရောင်ခြည်တွေကြောင့် ရောဂါတွေရပြီး ဖျားနာခဲ့ကြတယ် ။ အဲ့ အဖြစ်ပျက်ကို ကျောထောက်ခံပြုပြီးတော့ Toho ကုမ္ပဏီရဲ့ထုတ်လုပ်သူ Tomoyuki Tanaka က ၁၉၅၄ ခုနှစ်မှာ ဇာတ်သွင်းခဲ့တာပဲ ဖြစ်ပါတယ် ။ ဂေါ်ဇီလာဟာ ဗုံးကို ပမာပြုထားပေမယ့် သူ့ကို သင်္ခမ်းစာအနေနဲ့တာ ထားတဲ့အတွက် သူဟာ နူကလီယားဆန့်ကျင်မှုကို ပြုလုပ်စမြဲ ဖြစ်တယ် ။ ဒါကြောင့်သူဟာ သူရဲကောင်းအနေနဲ့ အမြဲတမ်း ကျန်နေခဲ့ရတာဖြစ်ပါတယ် ။

#htohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...