Skip to main content

နှစ်ပေါင်း ၂၂၀၀ သက်တမ်းရှိ ပန်ချီကားများ


နှစ်ပေါင်း ၂၂၀၀ သက်တမ်းရှိ ပန်ချီကားများ
-----
ရှေးဟောင်းသုတေသနပညာရှင်များသည် ရှေးဟောင်းဂရိမြို့တစ်မြို့တွင် နှစ်ပေါင်း ၂,၂၀၀ သက်တမ်းရှိ ရှေးဟောင်းပြတိုက်များကို တွေ့ရှိခဲ့ကြသည် ။

အရှေ့ရောမအင်ပါယာ၏ အရေးအကြီးဆုံးသော မြို့တစ်မြို့မှာ Zeugma: မြို့ဖြစ်ပြီး တစ်ချိန်က ဖွံ့ဖြိုးဆဲမြို့တစ်မြို့ဖြစ်ကာ တူရကီတောင်ပိုင်းရှိ ယနေ့ခေတ် Gazientep တွင် တည်ရှိသည်။

ယခုအခါ သုတေသီများသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော ရှေးဟောင်းပန်းချီကားများကို တူးနေကြသည်။ ထိုတူးဖော်ခြင်းကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ပြီး ၊ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ယင်းရှေးဟောင်းမြို့တော်သည် ရေတွင် လုံးဝနစ်မြှပ်ပျောက်ဆုံးခဲ့သည်ဟု ဆိုသည် ။

ယနေ့ထိတိုင် ရှာဖွေတွေ့ရှိခဲ့သော အိမ်ခြေ ၂၀၀၀-၃၀၀၀ အတွင်း၌ နေအိမ် ၂၅ လုံးသည် ရေအောက်တွင်သာ ရှိနေဆဲဖြစ်သည်။ အိမ်များကိုရှာဖွေခြင်းသည် ထူးခြားရုံသာမက ဘီစီ ၂ ရာစုမှ စတင်ခဲ့သော မယုံနိုင်လောက်အောင် ကောင်းမွန်စွာထိန်းသိမ်းထားသည့် ရောင်စုံဖန်ခွက်ပန်ချီကား သုံးခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

ပထမဆုံးပန်းချီကားတွင်မူ ဆယ်ကိုးခုကို ပုံဖော်ထားသည် - စာပေ၊ သိပ္ပံနှင့် အနုပညာတို့ကို လှုံဆော်ပေးသော နတ်ဘုရားမများ၏ ပုံများဖြစ်သည် ။ ဒုတိယပန်းချီကားတွင် သမုဒ္ဒရာနှင့် ပင်လယ်ပြင်၏ ဘုရားသခင့်ဂုဏ်တော်လက္ခဏာကို ဖော်ပြသည်။ တတိယပန်ချီကားတွင် အရွယ်အစားသေးငယ်သော ပန်ချီကားတစ်ချပ်၌ လူငယ်တစ်ယောက်၏ပုံကို ဖော်ပြထားသည် ။  

ယခုမှစပြီး ငါတို့ဟာ ပြန်လည်ထူထောင်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်နေပါတယ် ။ ကျွန်တော်တို့ဟာ ရေရှည်ကာကွယ်နိုင်ဖို့အတွက် ယာယီခေါင်မိုးတည်ဆောက်ဖို့ စီစဉ်ထားပါတယ် ။ ရှေးဟောင်းမြို့မှာ အိမ် ၂၀၀၀ မှ ၃၀၀၀ အထိရှိတယ်လို့ ခန့်မှန်းရတယ် ။ သူတို့ထဲက နှစ်ဆယ့်ငါးလုံးဟာ ရေအောက်ထဲမှာ မြှပ်နေပါတယ် ။ နောက်နှစ် Muzalar အိမ်မှာ တူးဖော်ခြင်းတွေ ပြီးစီးလိမ့်မယ် ဟု တူးဖော်ရေးအကြီးအကဲ ပါမောက္ခ KutalmışGörkay က ပြောကြားသည်။

မြေတူးဖော်မှုကို နောက်နှစ်အနည်းငယ်အတွင်း ပြီးစီးရန် သတ်မှတ်ထားသည် ။

#htoohtoolay



Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...