Skip to main content

သုတေသနခန်းမှ သက်ရှိနဂါးများ

သုတေသနခန်းမှ သက်ရှိနဂါးများ
-----
Borneo Earless Monitors များသည် နဂါးများနှင့်တူပြီး Lizard မျိုးစိတ်များ၏ “ Holy Grail” ဖြစ်သည် ။
ကမ္ဘာပေါ်ရှိ တွားသွားသတ္တဝါများကို ကမ္ဘာပတ်၀န်းကျင်အသိုင်းအဝိုင်းအကြား၌ “ herpetologists of the Holy Grail” ဟု ခေါ်ဆိုကြသည် ။ အလွန်ရှားပါးသော ပုတ်သင်ညိုများသည် ဘာနီယိုကျွန်းအား ၎င်းတို့၏ နေထိုင်ရာဇာတိအဖြစ် သတ်မှတ်လာကြပြီး မြစ်များအနီးရှိ မြေနိမ့်ပိုင်း မိုးသစ်တောများတွင် ကျက်စားကြလေသည် ။
မကြာသေးမီအချိန်အထိ၊ သိပ္ပံပညာရှင်များနှင့် ရှားပါးမျိုးစိတ်စုဆောင်းသူများသည် ၁၈၇၇ ခုနှစ်၌ ၎င်းကို ရှာဖွေတွေ့ရှိချိန်မှစ၍ နမူနာ (၁၀၀ ထက်နည်းသော) နမူနာများကို ဖမ်းဆီးနိုင်ခဲ့သည်။ သူတို့၏ သိပ္ပံနည်းကျအမည်မှာ Lanthanotus borneensis (စာသားအရ“ Borneo မှ ကွယ်ဝှက်သောနား” ဟုခေါ်သည် ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပြင်ပနားအပေါက်များ မရှိခြင်းကြောင့်ဖြစ်သည်)
တရားမဝင် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုအတွက် ပစ်မှတ်တစ်ခုဖြစ်ပြီး ၂၆-၂၈ ဒီဂရီစင်တီဂရိတ် အပူချိန် (၇၉-၈၂ ဒီဂရီဖာရင်ဟိုက်) အထိ ခံနိုင်ရည်ရှိခြင်းသည် သူတို့၏ ထူးခြားသည့် အသွင်အပြင်ဖြစ်သည်။
ပရာ့ဂ်တိရစ္ဆာန်ရုံသည် ဥရောပမွေးမြူရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့သည့်အောက်တိုဘာလက မွေးဖွားပြီးကာစ နားမရှိသည့် အဆိုပါ နဂါးများကို ပြသခဲ့သည် ။
ပုံမှန်အားဖြင့် ၂၀ စင်တီမီတာ (၇.၈၇ လက်မ) အရှည်ရှိ အကောင်များသည် ပြပွဲတွင်မပါဝင်ကြဘဲ လာမည့်လများအတွင်း ဥများထပ်မံပေါက်လာမည်လားဟူ၍ သုတေသနပြုသူများက မျှော်လင့်ထားကြသည် )

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...