Skip to main content

နှစ်ပေါင်း ၇၀၀၀ က ရေအိမ်တစ်ခု


ရှေးဟောင်းသုတေသနပညာရှင်များသည် နှစ်ပေါင်း ၇၀၀၀ သက်တမ်းရှိသည့် ပစ္စည်းတစ်ခုကို ဥရောပအရှေ့ပိုင်း၌ ရှာဖွေတွေ့ရှိခဲ့ကြပြီး ၎င်းသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး သစ်သားဖြင့် ပြုလုပ်ထားသော ရေအိမ်ဖြစ်သည်ဟု ဖော်ပြသည် ။  

dendrochronology ဟု လူသိများသည့် သိပ္ပံနည်းကျဖြစ်သော ကိုယ်ထည်သစ်သားများကို စစ်ဆေးပြီးနောက် ထိုကဲ့သို့ ဖော်ထုတ်ခဲ့ခြင်းလည်း ဖြစ်သည် ။ သုတေသီများသည် BC ဝန်းကျင်လောက်က လယ်သမားများ တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည် ။ ချက်သမ္မတနိုင်ငံရှိ သုတေသီများအဆိုအရ ၎င်း၏ သက်တမ်းသည် ကမ္ဘာပေါ်ရှိ သစ်သားကိုယ်ထည်ပစ္စည်းများအနက် ရှေးအကျဆုံးသော တွေ့ရှိချက်ဖြစ်သည်ဟု ဆိုသည် ။

ပါကစ္စတန်နိုင်ငံ ပြန်လည်ထူထောင်ရေးဌာနမှ Karol Bayer မှ သတင်းစာရှင်းလင်းပွဲတွင် ယင်းသည် ရာစုနှစ်များစွာ ရေအောက်တွင်ရှိသောကြောင့် အစိုဓာတ်များ စိပ့်ဝင်နေသည် ။ ယခု ကျွန်ုပ်တို့သည် ၎င်းကိုခြောက်သွေ့အောင်မလုပ်နိုင်သဖြင့် ပျက်စီးသွားနိုင်သည်ဟု ပြောကြားခဲ့သည်။ သုတေသီများသည် သစ်သားခြောက်သွေ့ရန်နှင့် သစ်သား၏ ဆယ်လူလာဖွဲ့စည်းပုံကို အားဖြည့်ရန် သကြားကို အသုံးပြု၍ ပုံသဏ္ဏာန်မပျက်စေဘဲ ထိန်းသိမ်းထားရန် လုပ်ဆောင်နေကြသည်။

အမြင့် ၁၄၀ စင်တီမီတာ (၅၆ လက်မ) ရှိပြီး အနံ ၈၀ မှ ၈၀ စင်တီမီတာ (၃၂ မှ ၃၂ လက်မ) စတုရန်း အခြေရှိသော ၎င်းပစ္စည်းကို လွန်ခဲ့သောနှစ်က ချက်သမ္မတနိုင်ငံ၊ Ostrov အနီးရှိ D35 ကားလမ်းဖောက်လုပ်စဉ်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သုတေသီများက သူတို့၏တွေ့ရှိချက်များကို ရှေးဟောင်းသုတေသနသိပ္ပံဂျာနယ်တွင် ဖော်ပြခဲ့သည်။

၎င်း၏ဒီဇိုင်းပုံစံသည် Neolithic လူမျိုးများကျွမ်းကျင်သည့် အတက်ပညာများမဟုတ်ကြောင်း  သုတေသီများမထင်ထားသည့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများဖြစ်နေသည် ။

"ဒီ ဒီဇိုင်းမှာ ထိုးထားတဲ့ထောင့်တိုင်တွေ ပါ၀င်ပါတယ်။ ဒီတည်ဆောက်မှုပုံစံက အဆင့်မြင့်နည်းပညာဆိုင်ရာဗဟုသုတကို ဖော်ထုတ်ပြသပြီး အခုအချိန်အထိ ဒီဒေသနှင့် အချိန်ကာလအတွင်း တစ်ခုတည်းသောလူသိများတဲ့ အမျိုးအစား" ဟု စာရေးသူက ရေးသားခဲ့သည်။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...