ရှာပါးသည့် ရွှံ့အခေါင်းများကို အီဂျစ်တွင် ရှာဖွေတွေ့ရှိ
-----
ရှေးဟောင်း သုတေသနပညာရှင်များက အီဂျစ်နိုင်ငံတွင် သင်္ချိုင်းပေါင်း ၈၃ ခုကို ရှာဖွေတွေ့ရှိခဲ့သည် ။ အီဂျစ် ရှေးဟောင်းဝန်ကြီးဌာနမှ အဆိုအရ သေဆုံးသွားသည့်သူများကို သင်္ဂြိုလ်မှုများမလုပ်ပဲ ရွှံ့အခေါင်းများအတွင်း ထည့်သွင်းမြှပ်နှံခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည် ။ အီဂျစ်တွင် ရှေးဟောင်းရုပ်ကျွင်းများ ရှာဖွေတွေ့ရှိခြင်းသည် မည်သည့်အချိန်မျှ ရပ်တန့်သွားမည်မဟုတ်ပေ ။
ဘီစီ ၄၀၀၀ စု၏ ဒုတိယနှစ်ဝက်ခန့်တွင် ဘူတို (သို့) အီဂျစ်ပြည်၏ ယဉ်ကျေးမှုအရ သင်္ချိုင်းမြေ ၈၀ ကို မြေထဲပင်လယ်နှင့် သိပ့်မဝေးသော အီဂျစ်နိုင်ငံမြောက်ပိုင်း ဒါကာလာပြည်နယ်တွင် အလောင်းများ မြှပ်နှံခဲ့ကြသည် ။ ထိုအလောင်းများကို ယခုအခါ သုသေတနပြုသူများက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည် ။
ဘီစီ ၃၂၀၀ မှ ၃၀၀၀ ခန့်အထိ ကြာမြင့်ခဲ့သော Naqada-III ကာလမှ သင်္ချိုင်း ၃ ခုကိုလည်း တွေ့ရှိခဲ့သည်။ ရှေးဟောင်းကောင်စီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သော Mostafa Waziri သည် Nakada III မှ Dakahlia တွင် ရွှံ့အခေါင်းများကို တွေ့ရှိရခြင်းမှာ ထူးခြားသည်ဟု ဆိုသည် ။ လန်ဒန်တက္ကသိုလ်ကောလိပ်၏ အဆိုရ ထိုအချိန်ကာလတွင် အီဂျစ်ပြည်အတွင်း၌ နေထိုင်ကြသော အခြားတိုင်းသားများ သေဆုံးကြသောအခါ ယင်းသို့အား ရွှံ့အခေါင်းများနှင့် သစ်သားအခေါင်းများကို အသုံးပြုကာ ရေတိမ်ပိုင်း၌ မြှပ်နှံခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည် ။
တူးဖော်တွေ့ရှိခဲ့သည့် Naqada-III သင်္ချိုင်းများတွင် အပိုပစ္စည်းများစွာ ပါဝင်ကြောင်း တွေ့ကြရသည်။ ယခုအချိန်အထိ တူးဖော်သူများက လက်ဖြင့်ပြုလုပ်ထားသော မြေအိုးများ၊ ကမာခွံများ၊ တီလားပီးယားပုံသဏ္ဏာန်ဖလားများ အစရှိသရေွ့ တွေ့ရှိခဲ့ကြသည် ။
ဤအချိန်ကာလမှအခြားသင်္ချိုင်းတွင်းပစ္စည်းများ၊ ကျောက်အိုးများ၊ အဖိုးတန်ကျောက်များနှင့် ရွှေဖြင့်ပြုလုပ်ထားသောအဆောင်လက်ဖွဲ့များ၊ အဆင်တန်ဆာများလည်း ပါဝင်သည်ဟု ဆို၏ ။

Comments
Post a Comment