Skip to main content

ဂူအောင်းလူသားများ၏ ရုပ်ကျွင်းကို နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိ


ဂူအောင်းလူသားများ၏ ရုပ်ကျွင်းကို နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိ
-----
ပြီးခဲ့တဲ့အပတ်က ကျွန်တော် ရှေ့ခေတ် ဂူအောင်လူသားတွေနဲ့ပတ်သတ်ပြီး video တစ်ခု တင်ပေးဖူးပါတယ် ။ သူတို့ အခု ဘယ်မှာရှိနေလဲဆိုပြီးတော့ပေါ့ ။ ကြည့်မိတဲ့သူတွေကတော့ သိကြပါလိမ့်မယ် ။ ကျွန်တော်တို့ ခေတ်သစ်လူသားတွေဟာ အဲ့ဒီ့ Neanderthal လူမျိုးတွေကနေ ဆင်းသက်လာတယ်ဆိုတာ DNA စစ်ချက်အရ သိရှိကြရတယ် ။ ဆိုတော့ကာ တကယ်ပဲ ကျွန်တော်တို့ရဲ့ သုတေသနပြုချက်များကို ပိုမိုပီပြင်အောင် နောက်ထပ် ရှေးဂူနေလူမျိုးတွေရဲ့ ရုပ်ကျွင်းတွေကို ပိုမိုရရှိဖို့ လိုအပ်လာပါတယ် ။ မနေ့က CNN သတင်းတစ်ပုဒ်တက်လာတာတွေ့တော့ ဖတ်မိထားတယ် ။ အဲ့ဒီ့ Neanderthal ရုပ်ကျွင်းအကြောင်းကို ။ အခု အဲ့ဒါကို ပြန်လည် ဖောက်သည် ချပါမယ် ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀၀၀ အတွင်းက သေဆုံးခဲ့တဲ့ Neanderthal လူသားတစ်ဉီးရဲ့ရုပ်ကျွင်းကို ရှန်ဒါဂူထဲမှာ တူးဖော်တွေ့ရှိခဲ့တယ် ။ အဲ့ဒီ့ခန္ဓာကိုယ်ကို ဂရုတစိုက် တစ်ဖြေးဖြေး ဖော်ထုတ်တဲ့အခါ နောက်ကျော အောက်ပိုင်း ၊ လက်ျာလက်ရဲ့ ဆန့်နေတဲ့ အရိုးတွေနဲ့ လက်ဝဲလက်တို့က ခေါင်းခွံရဲ့အနောက်မှာ ခေါင်းအုံးသဖွယ် ရှိနေတာကို တွေ့ကြရတယ် ။ ခန္ဓာကိုယ်အောက်ပိုင်းကိုတော့ ရှာဖွေမတွေ့တော့ပါဘူး ။ ဒီရှာဖွေတွေ့ရှိမှုဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ပထမဆုံးသော Neanderthal လူသားရုပ်ကျွင်းကို ရှာဖွေတွေ့ရှိမှု ဖြစ်ပါတယ် ။ ခန္ဓာအစိတ်အပိုင်းများဟာ ရှေ့က တူးဖော်ရရှိခဲ့တဲ့ ရုပ်ကျွင်းများထက် ပိုမိုပြီပြင်ပြီး အသေးစိတ်  DNA လေ့လာမှုများကို ရှေ့ကထပ် ပို၍ လေ့လာနိုင်မှာဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ် ။

၎င်း ရှာဖွေတွေ့ရှိမှုကို အခြေခံပြီး ရှေ့က ယုံကြည်ထားတဲ့ Neanderthal လူမျိုးများအကြောင်းတွေကလည်း ပြောင်းလဲသွားနိုင်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့ တူးဖော်ရရှိခဲ့တဲ့ ရုပ်ကျွင်းရဲ့ ခေါင်းရင်းမှာ Neanderthal လူမျိုးစုဖြစ်တဲ့အကြောင်း တံဆိပ်လို့ယူဆရတဲ့ တြိဂံ ကျောက်ပြားတစ်ခုကို ထည့်သွင်းမြှပ်နှံထားလို့ပဲ ဖြစ်ပါတယ် ။ ယခင် ကျွန်တော်တို့ သိရှိထားသော Neanderthal လူမျိုးများဟာ တိရိစ္ဆာန်များနှင့် မခြားနားပဲ အလွန်ရိုင်းစိုင်းတဲ့ ဂူနေလမ်းလျှောက်သူများလို့ ထင်မှတ်ခဲ့ကြပါတယ် ။ အခု ရှာဖွေတွေ့ရှိချက်က ဒီအချက်ကို လုံးဝ ပယ်ဖျက်သွားစေနိုင်တယ်လို့ သုတေသီတွေက ယုံကြည်နေကြပါတယ် ။

Neanderthal လူသားများမှာ ယဉ်ကျေးမှုတစ်ခု ရှိနေခဲ့ပြီး တြိဂံကျောက်ပြားရဲ့ အဓိပ္ပာယ်ကိုတော့ ကျွန်တော်တို့ မသိရှိနိုင်သေးပါဘူး ။ နောက်ထပ် ရှာဖွေတွေ့ရှိချက်များ ရှိလာပါက ထိုအချက်ကို ရှင်းပြနိုင်လိမ့်မယ်လို့ ဆိုပါတယ် ။ ယင်းရုပ်ကျွင်းကို Iraqid Kurdistan ရှိ Shanidar ဂူထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ် ။

#htoohtoolay







Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...