လူ့သမိုင်းအတွက်
အရေးပါသော ဒဿနိကဗေဒ၏ အထွတ်အထိပ်ရောက်ဆုံးအချိန်က အခြေအနေများ
-----
၅
ရာစု၏ ရဲရင့်သော ရှေ့ခြေလှမ်းများနှင့်လည်းကောင်း ၊ ၃ ရာစု၏ တော်လှန်သော
စွမ်းဆောင်ချက် များနှင့်လည်းကောင်း နှိုင်းယှဉ်လျှင် ၄ ရာစု၏ သိပ္ပံပညာသည်
များသောအားဖြင့် ၄င်း၏ အချက်အလက်များ ၊ စုဆောင်းရရှိမှုကို မှတ်တမ်းတင်ရင်း
မိမိဘာသာမိမိ ကျေနပ်နေသော အချိန်ဖြစ်နေသည် ။ ဇီနာ့ခရတိုဇ်က ဂျီအော်န်းမထရီသမိုင်းကိုရေးသည်
။ သီးအဖရက်စ်တက်စ် က သဘာဝ ဒဿနိကဗေဒသမိုင်းကိုရေးသည် ။ မန်းနန်က
ဆေးပညာသမိုင်းကိုရေးသည် ။ မက်စ်က ဂဏန်းသင်္ချာသမိုင်း ၊
ဂျီအော်န်းမထရီသမိုင်းနှင့် နက္ခတ္တဗေဒသမိုင်းများကိုရေးသည် ။
ဘာသာရေး
၊ လူကျင့်ဝတ်နှင့် နိုင်ငံရေးပြဿနာများသည် သဘာဝတရား ကြီး၏ ပြဿနာများထက်
ပိုအရေးပါပြီး ပိုအပူတပြင်းဖြစ်ပုံပေါ်ရာ လူအများသည် ဆော့ခရတီဇ်နှင့်အတူ ရုပ်လောကကြီးကို
ဓမ္မဓိဌာန်ကျကျရှုမြင်လေ့လာသည့်ဘက်မှ စိတ်ဝိညာဉ်နှင့် နိုင်ငံတော်အရေးအရာ ကိစ္စများကို
စဉ်းစားဆင်ခြင်သည့်ဘက်သို့ လှည့်သွားသည် ။
ပလေးတိုကမူ
သင်္ချာကို ချစ်မြတ်နိုး၍ သူ့ဒဿနကို သင်္ချာအတွင်း နက်နက်ရှိုင်းရှိုင်း နှစ်ထားကာ
သူ့အကက်ဒမီကို သင်္ချာအတွက်ရည်စူးပြီး ဆီးရကျုစ်တွင် ဤသင်္ချာအတွက်
တစ်နိုင်ငံလုံးကိုပင်ပေးသည် ။ သို့ရာ တွင် ဂဏန်းသင်္ချာသည် သူ့အတွက် တစ်ဝက်တစ်ပျက်
လျှို့ဝှက်ဆန်းကြယ်ဆန်သော ကိန်းသီဝရီဖြစ်သည် ။ ဂျီအော်န်းမထရီသည်
မဟာပထဝီမြေကြီးကို တိုင်းတာရေးအတွက်မဟုတ်ဘဲ ဆင်ခြင်မှုသက်သက် ပညာရပ်သာဖြစ်ရာ
ဘုရားသခင်၏ စိတ်ဆီသို့ ဝင်ရာ ဂိတ်တံခါးဖြစ်သည် ။
မက္ကင်းနစ်ပညာရပ်တွင်
လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နေသော ယူဒေါ့ခ်ဆက်စ်နှင့် အားခီတက်စ်တို့အပေါ်
ပလေးတို ဒေါသထွက်ပုံကို ပလူးတာ့ခ်က ဖော်ပြရာတွင် ' ဤပညာရပ်သည် အသိဉာဏ်သက်သက်၏
လက်ဆုပ်လက်ကိုင်ပြမရသော အခြင်းအရာကို ကျောခိုင်းပြီး အတွေ့အထိအာရုံဘက်ဆီ တစ်ပတ်လည်
ပြန်ရောက်ကာ ရုပ်ဝတ္ထုဆီမှ အကူအညီတောင်းခံရင်း ဂျီအော်န်းမထရီ၏ အနှစ်သာရကို
ဖဲ့ဖျက်ဆီးခြင်းဖြစ်သည်ဟုဆိုသည် ။ ပလူးတာ့ခ်က ဆက်လက်ပြီး ' ဤ နည်းနှင့်
မက္ကင်းနစ်ကို ဂျီအော်န်းမထရီမှ ခွဲထုတ်ပြီး ဒဿနပညာရှင်များက စွန့်ပယ်ခြင်း
သို့မဟုတ်လျစ်လျူရှု ခြင်းလုပ်ကြရာ ၄င်းက စစ်တိုက်မှု အတတ်ပညာတစ်ခုအဖြစ်
နေရာဝင်ယူသည် ' ဟုဆိုသည် ။
မည်သို့ဆိုစေ
ပလေတိုသည် သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့် သင်္ချာပညာအတွက် ကောင်းစွာအသုံးတော်ခံသည် ။
သူက အမှတ်ဆိုသည် မျဉ်းတစ်မျဉ်း၏ အစအဖြစ် အဓိပ္ပာယ်ပြန်လည်ဖွင့်ဆိုပေးပြီး
နှစ်ထပ်ကိန်းနှစ်ခုပေါင်း၏ နှစ်ထပ်ကိန်းများ ရှာသည့် စည်းမျဉ်းဖော်ထုတ်ကာ
သင်္ချာဆန်းစစ်ချက်ကို တီထွင်ခြင်းသို့မဟုတ် ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ခြင်း
ဆောင်ရွက်ခဲ့သည် ။
သင်္ချာဆန်းစစ်ချက်ဆိုသည်မှာ
အဆိုပြုချက်တစ်ရပ်ကို အမှန်အဖြစ် ယူဆရာမှ ရရှိလာသော ရလဒ်ကို စဉ်းစားခြင်းဖြင့်
အဆိုပါ အဆိုပြုချက်ကို မှန်ကန်ကြောင်း သက်သေပြခြင်း သို့မဟုတ် မှားယွင်းကြောင်း
သက်သေပြခြင်းဖြစ်သည် ။ အဓိပ္ပာယ်မဲ့သည့်အဖြစ်သို့ အခြေဆိုက်စေခြင်းသည် ဤနည်းလမ်း၏
ပုံစံတစ်ခု ဖြစ်သည် ။ အကက်ဒမီ၏ သင်ရိုးညွှန်းတမ်းအတွင်း သင်္ချာကို
ဦးစားပေးထားခြင်းသည် အနည်းဆုံးအနေနှင့် နိုင်းဒက်စ်မှ ယူခ်ဆက်စ်နှင့် ပွန်းအတ်စ်မှ
ဟဲရကလိုင်းဒီ့ဇ်တို့ကဲ့သို့ တီထွင်ဉာဏ်ကောင်းသော တပည့်ကျော် များကို လေ့ကျင့်
မွေးထုတ်နိုင်ခြင်းဖြင့် သိပ္ပံပညာကို ပံ့ပိုးကူညီရာရောက်သည် ။
ပလေတို၏
မိတ်ဆွေ အားခီတက်စ်သည် တရက်စ်၏ စစ်ဦးစီးမှူး အဖြစ် ၇ ကြိမ်ရွေးချယ်ခံခြင်း နှင့်
ပသက်ဂရက်စ် ဒဿနဆိုင်ရာကျမ်းငယ်အများအပြား ရေးသားခြင်းတို့အပြင် ဂီတ၏သင်္ချာကို
ဖော်ထုတ် ၍ ကုဗပုံကို ၂ ဆလုပ်ကာ မက္ကင်းနစ်အကြောင်း သိရသမျှတွင် ပထမဆုံးဖြစ်သော
ကျမ်းကို ပြုစုခဲ့သည် ။ ရှေးခေတ်ဟောင်းက သူ့အား စက်သီး ၊ ဝက်အူနှင့် ဂျောက်ဂျက်ဆိုသည့်
တစ်ခေတ်ဆန်းသစ်စေသော တီထွင်မှု ၃ မျိုးပြုလုပ်ခဲ့သူအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်သည် ။
ပထမ ၂ မျိုးသည် စက်ယန္တရားသုံး ကုန်ထုတ်လုပ်ငန်း အတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးသည်
။ လေးနက်တည်ကြည်သော အဲရီစတာ့တယ်လ်က ' တတိယ အမျိုးအစားသည် ကလေးတွေစိတ်ဝင်စားစရာ
တစ်ခုအတွင်း အာရုံရောက်စေခြင်းဖြင့် အိမ်အတွင်း အခြား ပစ္စည်းများကို မရိုးမပျက်အောင်
တားဆီးနိုင်သည်ဟုဆိုသည် ။ ထိုခေတ်တစ်ခေတ်တည်းမှာပင် ဒိုင်နော့စ်ထရကက်စ် " က
ကွာဒရေးထရစ်ခ်စ်မျဉ်းကွေးကို သုံးပြီး စက်ဝိုင်းကို စတုရန်းလုပ်သည် ။ သူ့ညီ
မနက်ခ်မက်စ် သည် ပလေတို၏ တပည့်တစ်ဦးဖြစ်ပြီး လုံးချွန်ဖြတ်ပိုင်းပုံ များ၏
ဂျီအော်န်းမထရီကို စတင်တည်ထောင်ကာ ကုဗပုံကို ၂ ဆလုပ်ပြီး ပုံမှန်ဒုပုံ ၅ မျိုး၏
တည်ဆောက်ပုံကို သီဝရီအရဖော်ထုတ်ပြီး အီရက်ရှနယ်လ်ကိန်း သီဝရီကို
တိုးတက်အောင်ပြုလုပ်ပြီး ကမ္ဘာကြီးအတွက် ထင်ရှားကျော်ကြားသော
စကားတစ်ခွန်းပြောခဲ့သည် ။ သူက အယ်လက်ဇန်းဒါအား ' အို . . အရှင်မင်းကြီး ၊
တစ်နိုင်ငံလုံးကို ခရီးသွားဖို့အတွက် တော်ဝင်လမ်းမကြီး များကော ၊
သာမန်အရပ်သူအရပ်သားများသုံးလမ်းများကော နှစ်မျိုးစလုံးရှိသည် ။ သို့ရာတွင် ဂျီအော်န်းမထရီ
တွင်မူ လူတိုင်းအတွက် တစ်လမ်းတည်းသာရှိသည်ဟုဆိုသည် ။
၄
ရာစုသိပ္ပံတွင် ကြီးကျယ်သော အမည်ပိုင်ရှင် သည် ယူဆေ့ခ်ဆက်စ်ဖြစ်ပြီး သူသည်
နိုင်းဒက်စ်ကို သမိုင်းအတွင်းနေရာ တစ်နေရာရရှိအောင် ပရက်ခ်ဆစ်တလီ့ဇ်အား
ပံ့ပိုးပေးသူဖြစ်သည် ။ နိုင်းဒက်စ်၌ ၄၀၈ ခုတွင် မွေးဖွားပြီး အသက် ၂၃
နှစ်အရွယ်တွင် ထွက်ခွာလာကာ လိုးခရိုင်တွင် ဖီလစ်စ်တအန် ထံမှောက်၌
ဆေးပညာကိုလည်းကောင်း ၊ ထရက်စ်တွင် အာခီတက်စ်ထံမှောက်၌ ဂျီအော်န်းမထရီကိုလည်းကောင်း
၊ အက်သင်ဇ်တွင် ပလေးတိုထံမှောက်၌ ဒဿနိကဗေဒကိုလည်းကောင်း လေ့လာသင်ယူသည် ။
သူသည်
ဆင်းရဲ သဖြင့် ပိုင်ရီးအက်စ်တွင် ခြိုးခြိုးခြံခြံနေထိုင်ကာ ကျောင်းတက်ရက်တိုင်း
ပိုင်ရီးအက်စ်မှ အကက်ဒမီသို့ လမ်းလျှောက်သွားသည် ။ နိုင်းဒက်စ်တွင် ခေတ္တပြန်နေပြီး
အီဂျစ်သို့သွားကာ ဟီးလအော့ပလစ်စ် မှ နတ်ဆရာ ဘုန်းကြီးများထံမှောက်တွင်
နက္ခတ္တဗေဒကို ၁၆ လကြာ သင်ယူသည် ။ နောက်တစ်ကြိမ်တွင် သူ့ကို ပရိုပွန်တိုင်းဆစ်ဇကက်စ်တွင်
သင်္ချာသင်ကြားပေးနေသည်ကို ကျွန်တော်တို့ တွေ့ရသည် ။ အသက် ၄၀ တွင်
သူ့တပည့်အားလုံးနှင့်အတူ အက်သင်ဇ်သို့ ရွှေ့လာပြီး သိပ္ပံနှင့်
ဒဿနိကကျောင်းတစ်ကျောင်း ဖွင့်လှစ်ရာ အချိန်ကာလတစ်ခုအထိ ပလေးတိုနှင့်
ပြိုင်ဖက်ဖြစ်ခဲ့သည် ။ နောက်ဆုံး ၊ နိုင်းဒက်စ်သို့ ပြန်သွားပြီး နက္ခတ်တာရာ ကြည့်
မျှော်စင်တစ်ခု တည်ဆောက်ပြီး မြို့တော်အတွက် ဥပဒေစည်းမျဉ်းတစ်စုံရေးသားပေးဖို့
တာဝန်ပေးခြင်း ခံရသည် ။
မအော်န်းမထရီအတွက်
သူ၏ ပါဝင်ထည့်ဝင်မှုသည် အခြေခံများဖြစ်သည် ။ အချိုးအစား သီဝရီကို သူတီထွင်ခဲ့ရာ
သူ့အဆိုအများစုသည် ယူးကလစ်၏ ပဉ္စမမြောက်စာအုပ်မှတစ်ဆင့် ကျွန်တော်တို့ဆီအထိ
ဆင်းသက်လာသည် ။ စက်ဝိုင်း၏ ဧရိယာ ၊ စက်လုံး ၊ ပိရမစ်နှင့် ဒုခွျန်တို့၏ ထုထည်တို့ကို
တွက်ချက်နိုင်သည့်နည်းလမ်း ကို သူတီထွင်ခဲ့ရာ ဤအခြေခံနည်းများမရှိလျှင် အာမီးဒီ့ဇ်
" ပေါ်ပေါက်လာစရာ အကြောင်း မရှိပေ ။
သို့ရာတွင်
ယူဒေါ့ခ်ဆက်စ် စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး စိတ်ဝင်စားသောပညာရပ်သည် နက္ခတ္တဗေဒ
ဖြစ်သည် ။ အကယ်၍သာ နေမင်းကြီး၏ သဘာဝ ၊ အရွယ်အစားနှင့် ပုံသဏ္ဌာန်ကို ဖော်ထုတ်တွေ့ရှိနိုင်မည်ဆိုလျှင်
ဖေးအသွန်ကဲ့သို့ပင် မီးတောက်မီးလျှံ၏ ဝါးမျိုမှုကို သူဝမ်းမြောက်ဝမ်းသာ
ခံယူမည်ဆိုသော သူ၏စကားတွင် သိပ္ပံပညာရှင်တစ်ယောက်၏ စိတ်ဓာတ်ကို ကျွန်တော်တို့
တွေ့ရှိနိုင်သည် ။
နက္ခတ်ဗေဒင်
ဆိုသော ဝေါဟာရသည် ယနေ့ခေတ် ကျွန်တော်တို့ခေါ်နေသော နက္ခတ္တဗေဒပါ အပါအဝင်အတွက်
အသုံးပြုခဲ့ခြင်းဖြစ်သည် ။ သို့ရာတွင် ယူဒေါ့ခ်ဆက်ဇ်က သူ့တပည့်များအား လူတစ်ယောက်၏
ကံကြမ္မာကို သူမွေးသည့် အချိန်တွင် ရှိနေသောနက္ခတာရာများ၏ တည်နေရာ အနေအထားအရ
ပြောနိုင်သည်ဆိုသော ကယ်လ်ဒီးအန် ” အယူအဆကို
ဂရုမစိုက်ကြရန် မှာကြားသည် ။ အဇဋာတစ်ခွင် ရွေ့ရှားသွားလာနေမှု အားလုံးကို
ပုံသေကားချ နိယာမအဖြစ် သတ္တုချနိုင်ရေး သူရည်မှန်းသည် ။ ရှေးခေတ်ဟောင်းအတွင်း
ထိုစဉ်က နက္ခတ္တဗေဒ အကြောင်း ရေးသားသောစာအုပ်များထဲတွင် အကြီးအကျယ်ဆုံးစာအုပ်အဖြစ်
ရှေးခေတ်ဟောင်း က ယူဆသော သူ၏ ဖိုင်နော်မ်းမနာ ထဲတွင် သူသည် ရာသီဥတုကို
သိပ္ပံနည်းကျ ကြိုတင်ခန့်မှန်းနိုင်မည့် နည်းလမ်း များ၏ အခြေခံအုတ်မြစ်များ
ချမှတ်ပေးသည် ။
သူ၏
အကျော်ကြားဆုံး သီဝရီကမူ စဉ်းစားပုံကောင်းသော်လည်း မမှန်ကန်သော သီဝရီဖြစ်သည် ။ သူက
စကြဝဠာသည် ဖောက်ထွင်းမြင်ရ၍ ရှိနေမှန်း မမြင်နိုင်သော စက်လုံးကြီး ၂၇ လုံးဖြင့်
ဖွဲ့စည်းထားကာ ဤစက်လုံး ကြီးများသည် ကမ္ဘာ့အလယ်ချက်ကို ဗဟိုပြု၍ အမျိုးမျိုးသော
ဦးတည့်ရာနှင့် အမျိုးမျိုးသော အမြန်နှုန်းများဖြင့် လှည့်ပတ်နေကြပြီး
ကောင်းကင်မှဝတ္ထုများသည် ဗဟိုချက်အတူတူဖြစ်သော ဤစက်လုံးကြီး များ၏
အပေါ်ခွံပေါ်တွင် ပုံသေတွယ်ငြိနေကြသည်ဟုအဆိုပြုသည် ။
ဤသီဝရီသည်
ရှေးခေတ်ဟောင်း၏ နက္ခတ္တဗေဒ သုတေသနအပေါ် လှုံ့ဆော်မှုပြုရာတွင် ၃၉၀
ပြည့်နှစ်ခန့်တွင် ဆီးရကျူ့စ်မှ အက်ခ်ဖန်းတက်စ်က ' ကမ္ဘာမြေကြီးသည် အရှေ့ဘက်သို့
ဦးတည်၍ မိမိအလယ်ချက်ကို ဗဟိုပြုပြီးလည်သည် ' ဟု ရေးခဲ့သည် ။ ရှေးခေတ်ဟောင်း၏
ဗဟုသုတ ဟင်းလေး အိုးကြီးများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ပြီး သဒ္ဒါ ၊ ဂီတ ၊ ကဗျာလင်္ကာ
အာဝဇ္ဇန်းအတတ် သမိုင်း ၊ ဂျီအော်န်းမထရီ ၊ ယုတ္တိဗေဒနှင့် လူ့ကျင့်ဝတ်အကြောင်း
ထင်ရှားကျော်ကြားသော စာအုပ်များ ရေးသားခဲ့သူ ပွန်းတက်စ်မှ ဟဲကလိုင်းဒီ့ဇ်သည်
စကြဝဠာတစ်ခုလုံးက ကမ္ဘာကိုပတ်ပြီးလည်နေခြင်းအစား ကမ္ဘာကသာ မိမိဝန်ရိုးအပေါ်တွင်
နေ့စဉ်လည်ပတ်နေသည်ဟု ယူဆခြင်းက ဤအခြင်းအရာကို ရှင်းပြနိုင်မှာဖြစ်သည်ဆိုသော
အယူအဆကို လက်ခံခြင်း သို့မဟုတ် မိမိဘာသာမိမိ လွတ်လပ်စွာ ဖော်ထုတ်နိုင်ခြင်းဖြစ်သည်
။
ဟဲရကလိုင်းဒီ့ဇ်
က ဗီးနက်စ်နှင့် မာကျူးရီတို့သည် နေကို လှည့်ပတ်နေကြသည်ဟုဆိုသည် ။ ဟဲရကလိုင်းဇ်က
စိတ်ကူးဉာဏ် ထက်မြက်သော တစ်ခဏအတွက် အယ်ရစတားကက်စ်နှင့် ကိုပါးနကက်စ် တို့ထက်
ကြိုပြီးရှေ့ကို မြင်ခဲ့ ကောင်းမြင်ခဲ့နိုင်သည် ။ အကြောင်းမှာ ဂျမ်းမနက်စ် (
ခန့်မှန်း ၇၀ ဘီစီ ) ၏ စာအပိုင်းအစများထဲတွင် ဤကဲ့သို့ ဖတ်ရ၍ ဖြစ်သည် ။ '
ပွန်းတက်စ်မှ ဟဲရကလိုင်းဒီ့ဇ်သည် နေက တစ်စုံတစ်ရာနည်းလမ်းနှင့် ရပ်တည်နေခိုက်
ကမ္ဘာက တစ်စုံတစ်ရာနည်းလမ်းနှင့် ရွေ့နေသည်ဟု ယူဆလျှင်ပင် နေနှင့်စပ်လျဉ်း၍
သိသာထင်ရှားသော ပုံမှန်မဖြစ်မှုသည် ရှိမြဲအတိုင်းရှိနိုင်သည် ။ ' ဟဲကလိုင်းဒီ့ဇ်
ဘာကိုဆိုလိုမှန်း ကျွန်တော်တို့ ဘယ်သောအခါမှ သိနိုင်မည်မဟုတ် သို့မဟုတ် တစ်ချိန် သိကောင်းမှ
သိနိုင်ပေလိမ့်မည် ။
ထိုအတောအတွင်း
၊ သိပ္ပံပညာတွင် အထိုက်အလျောက် တိုးတက်မှုစွမ်းဆောင်နိုင်သည် ။ ဂရိနိုင်ငံ၏ အတ္ထုပ္ပတ္တိရေးသူ
မဆေးနာမှ ဒိုင်းဆီအာ့ခ်ကက်စ်သည် ပထဝီဝင်ပညာတွင် တောင်များ၏ အမြင့်ကို တိုင်းတာ ခြင်း
၊ ကမ္ဘာ့အဝန်းကို မိုင် ၃၀ဝဝဝ ခန့်အဖြစ် ဖော်ထုတ်ခြင်း ၊ နေကြောင့် ဒီရေအပေါ်
သြဇာသက်ရောက်မှုကို မှတ်သားခြင်းတို့ကို ဆောင်ရွက်ခဲ့သည် ။
၃၂၅
ခုတွင် အယ်လက်ဇန်းဒါ၏ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ နီအားကက်စ်သည် အင်းဒက်စ် ( အိန္ဒူ
) မြစ်ဝမှထွက်ကာ ယူဖရေးတီဇ် ' မြစ် ရောက်သည်အထိ အေးရှာ၏ ကမ်းရိုးတန်းတစ်လျှောက်
ရွက်လွှင့်ခဲ့သည် ။ အယ်ရီအန်၏ ' အင်းဒကာ တွင် တစ်စိတ်တစ်ပိုင်းပါဝင်သော
သူ့ခရီးစဉ်မှတ်တမ်းသည် ရှေးဟောင်းပထဝီဝင်၏ ဂန္ထဝင်မြောက်လက်ရာများထဲတွင်
တစ်ခုအပါအဝင်ဖြစ်သည် ။
ကမ္ဘာ့မြေမျက်နှာပြင်
၊ တောင်အမြင့်များ ၊ ချိုင့်ဝှမ်းများ ၊ တည်နေရာများနှင့် ထုထည်များကို
တိုင်းတာသည့် ' ဂျီအော့ဒဆီ´သည် ဂျီအောန်းမထရီမှ
သီးခြားကင်းလွတ်သော ပညာရပ်အဖြစ် GEODAISIA
ဟု
အမည် ပေးထားပြီးဖြစ်သည် ။ ရာစုနှစ်အစတွင် အီတဲလျံ လိုးခရိုင်မှ ဖီလစ်စ်တအန်သည်
တိရစ္ဆာန်များကို ခွဲစိတ်ကြည့်ပြီး နှလုံးကို အသက်ဇီဝ၏ အဓိက
ထိန်းကျောင်းလည်ပတ်ပေးသော အရာ ၊ နူးမာ သို့မဟုတ် ဝိညာဉ်၏ တည်နေ ရာအဖြစ်ခေါ်သည် ။
ယူအီးအန်
ကရစ်စ်တက်စ်မှ ဒိုင်းအကလီ့ဇ်သည် ၃၇၀ ပြည့်နှစ်ခန့်တွင် တိရစ္ဆာန်၏ သားအိမ်ကို
ခွဲစိတ် ကြည့်ပြီး ၂၇ ရက်သားမှ ရက် ၄၀ သားရှိ လူသားသန္ဓေသား အကြောင်း
ကိုလည်းကောင်း ၊ အဆင့်မြင့် ခန္ဓာဗေဒ ၊ သန္ဓေသားဗေဒ ၊ မီးယပ်ရောဂါနှင့် သားဖွားပညာ
အကြောင်းကို လည်းကောင်း ဖော်ပြပြီး သန္ဓေသားဖြစ်အောင် ယောက်ျားကော ၊ မိန်းမကော
နှစ်ဖက်စလုံး၏ ' မျိုးစေ့ ပါဝင်ကြောင်း ထုတ်ဖော် ပြောဆိုရင်း ဂရိများ၏ အများ
ကြိုက်အမှားကို ချေဖျက်သည် ။
နောက်
အက်စ်ပေးရှီအာ တစ်ယောက်သည် ၄ ရာစု၏ အက်သင်ဇ်၏ ကျော်ကြားသော သမားတော်များထဲတွင်
တစ်ယောက်အပါအဝင်ဖြစ်ပြီး မိန်းမ ရောဂါများ ၊ ခွဲစိတ်မှုနှင့် ဆေးပညာ၏ အခြားသော
လက်တက်ခွဲများတွင် စွမ်းဆောင်နိုင်မှုများကြောင့် ထင်ရှားသည် ။ စားနပ်ရိက္ခာ
ထောက်ပံ့ပေးနိုင်မှုက လိုက်မမီနိုင်အောင် ဆေးသိပ္ပံပညာက အသေအပျောက်နှုန်းကို
လျင်မြန်လွန်းစွာ လျှော့ချပေးနေမည်ကို စိုးရိမ်သည့်အလား အာကေးဒီအန်တစ်ဦးဖြစ်သူ
အနီး အက်စ်တက်ခ်ထကက်စ် " က ၃၆၀ ပြည့်နှစ်ခန့်တွင် ဖီးလစ်ပ်နှင့်
အယ်လက်ဇန်းဒါတို့အတွက် အချိန်မီ ဂရိ၏ ပထမဆုံးဂန္တဝင် စစ်ပြုမှုအတတ် စာအုပ်ကို
ရေးသားထုတ်ဝေသည် ။
#htoohtoolay

Comments
Post a Comment