ရှောလမုန်မင်းကြီး၏
ပျောက်ဆုံးသွားသော ဘဏ္ဏာတိုက် နှင့် ဝိညာဉ်သေတ္တာ
-----
ဟေဗြဲကျမ်းစာတွင် သရေလတတိယဘုရင်ရှောလမုန်ကို
ဘီစီ ၉၆၅ မှ
ဘီစီ ၉၂၅ အကြားတွင်
အုပ်ချုပ်ခဲ့သော အလွန်ချမ်းသာ၍ ပညာညာဏ်ကြီးမားသော
ဘုရင်ဖြစ်သည်ဟု ဆိုသည် ။ သူသည် ဂျေရုဆလင်၌ အလွန် ခမ်းနားထည်ဝါသော နန်းတော်များနှင့်
ရဲတိုက်များကိုတည်ဆောက်ကာ အလွန်ထူးခြားသော အရာမှာ ပရဝိညာဉ်သေတ္တာကိုသိမ်းဆည်းရန်အတွက်
ဝတ်ပြုရာအိမ်တော်ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည် ။
ဘီစီ ၅၇၇ နှင့်
ဘီစီ ၅၈၆ တွင်
သူ၏ဗိမာန်တော်ကိုဖျက်ဆီးသည့်အခါ ၎င်းသေတ္တာတော်နှင့် အခြားဘဏ္ဏာများသည် ၎င်းနေရာမှ
ပျောက်ဆုံးနေကြောင်း ဆိုသည် ။ ထိုနေ့မှစ၍ မည်သူတစ်ဉီးတစ်ယောက်မှ ယင်းပရဝိညာဉ်သေတ္တာနှင့်ပတ်သတ်၍
တွေ့မြင်ခြင်းမှတ်တမ်း မရှိတော့ပေ ။
ရှောလမုန်မင်းကြီး၏
ဘဏ္ဏာတော် -
သမိုင်းမှတ်တမ်းများတွင်
ရှောလမုန်သည် ကြွယ်ဝချမ်းသာသည့်ဘုရင်အဖြစ် ပုံဖော်ခံခဲ့ရသည်။ ဥပမာအားဖြင့် ဓမ္မရာဇဝင်ပထမစောင် (ရှောလမုန်နှင့်
ပတ်သက်သော ကျွန်ုပ်တို့၏ အသိပညာအများစု ရရှိသော ကျမ်းစောင်နှစ်ခုအနက်မှ တစ်ခုဖြစ်သည့်
ရာဇ၀င် ၂ ) တွင် - ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော
ရွှေချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက်ပိဿာ
ဖြစ်သည်ဟု ဖော်ပြပါရှိသည် ။
ရှောလမုန်မင်းကြီးသည်
ရွှေခြောက်ပိဿာစီဖြင့်
ပြုလုပ်ထားသော ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ပြုလုပ်ထားသော
ဒိုင်းငယ်သုံးရာတို့ကို လေဗနုန်တောရှိ
သစ်သားနှင့် တည်ဆောက်ထားသော နန်းတော်၌ ထားတော်မူ၏။ ရှင်ဘုရင်သည်လည်း၊ ဆင်စွယ်ရာဇပလ္လင်ကြီးကို လုပ်၍ ရွှေစင်နှင့်မွမ်းမံလေ၏။ ရှောလမုန်မင်းကြီးသောက်သော
ဖလားတော်ရှိသမျှနှင့် လေဗနုန်နန်းတော်၌သုံးသော ဖလားတော်ရှိသမျှတို့သည် ငွေဖလားများမဟုတ်
ရွှေဖလားသက်သက်ဖြစ်၏။ ငွေနှင့်ပတ်သတ်၍ တစ်ခုမျှမရှိ။ ရှောလမုန်လက်ထက်၌
ငွေကို လုံးဝဂရုမစိုက်ကြပေ ။
ထိုသို့ရှောလမုန်သည်
မြေကြီးပေါ်၌ ရှိသမျှသောရှင်ဘုရင်တို့ထက် ပညာနှင့်စည်းစိမ်အားဖြင့်မူ သာလွန်သည်ဟု ဆိုသည်
။
ရှောလမုန်၏
ကြွယ်ဝသောစည်းစိမ်ဥစ္စာများသည် လူအများ မမြင်နိုင်သည့်
လျှိုဝှက်သောအရပ်တစ်ခု၌ မြှပ်နှံခဲ့သည်ဟု ယုံကြည်နေကြသည် ။ သို့သော် ထိုရာနှင့်ပတ်သတ်၍
မှတ်တမ်းအတိအကျကို မသိရသည့်အပြင် ဝိညာဉ်သေတ္တာသည်ပင် မသေခြာ မရေရာသော အရာတစ်ခုဖြစ်သည်ဟု
တစ်ချို့သော သမိုင်းသုတေသီတို့က ကောက်ချက်ချ၏ ။ သို့သော် ယခုအချိန်ထိတိုင် များစွာသော
သုတေသီများသည် ၎င်း golden city ကို ရှာဖွေနေလျက်ရှိသည် ။
လွန်ခဲ့သောနှစ်နှစ်ခန့်က
အင်္ဂလိပ်သို့ပြန်ဆိုသော 'Treatise of the Bessels' ဟုခေါ်သော ဟေဗြဲစာသားတွင်
ရှောလမုန်၏ 'ဘဏ္ဏာ' တွင် ပရဝိညာဉ်သေတ္တာ၊ တဲတော်၊ ရွှေတူရိယာများနှင့်
ယဇ်ပုရောဟိတ်မင်း၏အင်္ကျီများ ပါ ၀င်သည်ဟု သိရသည် ။
ရှောလမုန်၏
ဘဏ္ဏာနှင့်ပတ်သတ်၍ ဘုရင်များ၏ မှတ်တမ်းအများစု၌ ထည့်သွင်းဖော်ပြထားခြင်း အများအပြားခံရသည်
။ ထိုသို့ မှတ်တမ်းတင်ခဲ့သော ဒဏ္ဏာရီများအကြား ထူးခြားသည့် မှတ်တမ်းတစ်ခုမှာ ရှောလမုန်၏
ဝိညာဉ်သေတ္တာနှင့်ပတ်သတ်၍ ဖော်ပြချက်တစ်ခုပါရှိသည် ။ ၎င်းမှာ ထိုဝိညာဉ်သေတ္တာသည် ဘုရားသခင်၏
နာမတော်ကို အက္ခရာတင်ထားသော တံဆိပ်ခက်အရာတစ်ခုပါရှိသည်ဟု ဆိုသည် ။ ( မှတ်ချက် - ရှောလမုန်ဘုရင်၏
ယင်းဝိညာဉ်သေတ္တာအတွက် ဗိမ္မာန်တည်ဆောက်ချိန်တွင် ခရစ်ယာန်ဘာသာ မပေါ်ပေါက်သေးပေ ။ မည်သည့်ဘုရားကို
ရည်ညွှန်းသည်အား အတိအကျ မသိရ ။ သို့သော် အနောက်တိုင်း၌ ခရစ်ယာန်ဘာသာမှ ဖန်ဆင်းရှင်အား
ရည်ညွှန်းထားသည်ဟု ယုံကြည်လျက်ရှိသည် )
ထိုအပြင်
နတ်ဝိဇ္ဇာအတတ်ပညာဖြင့် ရှောလမုန်သည် နတ်ဆိုးများကို အမိန့်ပေးနိမ်နင်းနိုင်သည်ဟု ဆိုသည်
။
ရှောလမုန်၏
ရွှေစားပွဲ -
ရှောလမုန်၏
ပိုင်ဆိုင်မှုနောက်တစ်ခုဖြစ်သော သူ၏စားပွဲသည် အိုင်ဘာရီယာ အစ္စလာမ်ကို အနိုင်ယူခြင်းနှင့်
ပတ်သက်သော ပုံပြင်တစ်ပုဒ်တွင် ပါရှိသည်။ ဤပုံပြင်တွင် မော်ရိုကို၏
အုပ်ချုပ်ရေးမှူး မူဆာအိဗ်နာဆာရသည် စစ်အင်အားကို အုပ်ချုပ်ခဲ့ပြီး တာဘာအစ်ဇနိယတ်အား
သူ၏ဘာဘာကျေးရွာအုပ်စုကို ဦးဆောင်ရန် အမိန့်ပေးခဲ့သည်။
Tariq ၏ ဆင်းသက်ရာနေရာသည်
ယခုအခါ Gibraltar (ဒီအမည်ကို
Jabal Tariq ၏
စပိန်မှ ဆင်းသက်လာသည် ဟုဆိုလိုသည်။ ယင်းမှာ 'Tariq တောင်တန်း' ဟုအဓိပ္ပာယ်ရသည်) ဖြစ်သည်။ သူ၏ overlord သည် Gibraltar ရေလက်ကြားကိုပင်
မကျော်ဖြတ်မီ Tariq သည် ရှုံးနိမ့်ခဲ့သည်။ Visigoths ဘုရင် Roderick သည်
သူ၏မြို့တော် Toledo ကိုသိမ်းပိုက်ခဲ့သည်။ ဤမြို့တော်၌ Tariq တွင် ရှောလမုန်၏ ဗိမာန်တော်မှရခဲ့သည်ဟု
ကောလာဟလသတင်းများ ထွက်ပေါ်နေသည့် ရွှေစားပွဲတစ်လုံးကို တွေ့ရှိသည်ဟု မှတ်တမ်းများ၌
ဖော်ပြထားသည် ။
ထို့နောက်
၎င်းတို့သည် ဒမာသက်မြို့ရှိ အစ္စလမ်ဘာသာရေးခေါင်းဆောင်များကို လက်ဆောင်အဖြစ် ပေးအပ်ရန်ဆန္ဒရှိကြသည်။ ထိုအချိန်၌
အကြောင်းတစ်ခုကြောင့် စိတ်ဆိုးနေသော ကျွန်တစ်ယောက်သည် ထိုစားပွဲ၏ ခြေထောက်တစ်ဖက်ကို
ချိုးဖျက်ကာ အညံ့စားသစ်သားတစ်ခုဖြင့် အစားထိုးခဲ့သည်ဟု ဆိုသည် ။ ထို့နောက် အစ္စလမ်ဘာသာရေးခေါင်းဆောင်များ သိမ်းဆည်းထားသော ထိုစားပွဲသည် သမိုင်းမှ ပျောက်ကွယ်သွားတော့သည်။
ဖြစ်နိုင်ချေရှိသော
အရာဝတ္ထုနှင့်ပတ်သက်သည့် နောက်ဆုံးဇာတ်လမ်းတစ်ပုဒ်ကို 'မင်းသား Ahmed Al Kamel' ၏ Legend of Love of Pilgrim အမည်ရှိ ရောင်စုံပုံပြင်တစ်ပုဒ်တွင် တွေ့နိုင်သည်။ ၎င်းကို Washington Irving ၏ Alhambra ပုံပြင်များတွင်
တွေ့နိုင်သည်။
သူသည် Granada ရှိ Grand Moorish နန်းတော်၌
တည်းခိုနေစဉ် ပုံပြင်များ စုဆောင်းခဲ့သည်။ ရှောလမုန်ကို ဤပုံပြင်တွင်
အကြိမ်အနည်းငယ်သာ ဖော်ပြသည်။
သာဓကအားဖြင့်
မင်းသားသည် ငှက်များ၏ဘာသာစကားကို လေ့လာသင်ယူခဲ့ပြီး၊ ရှေဘမိဖုရားမှ ရှောလမုန်အား
ပညာများ သင်ကြားပေးခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။
Toledo ၏ ဘဏ္ဏာတိုက်ရှိ
စန္ဒြာသစ်သားသေတ္တာထဲတွင် ထားရှိသော ပိုးကော်ပျံဇောပိုင်ရှင်အဖြစ် ရှောလမုန်ကို ထပ်မံဖော်ပြသည်။ ထိုကော်ဇောသည် (ဂျေရုဆလင်ကျဆုံးပြီးနောက်
အဲဒီမှာခိုလှုံခဲ့တဲ့ ဂျူးတွေက Toledo ကို ခေါ်ဆောင်သွား တယ်လို့ဆိုပါတယ်) မှော်ဂုဏ်သတ္တိများရှိသည်
။ အာလာဒင်ထဲက ကော်ဇောပျံကို
ရည်ညွှန်းကြောင်း သိသာပေသည် ။
ရှောလမုန်၏
ဘဏ္ဏာ ပျောက်ဆုံးခြင်း -
ဘီစီ ၅၈၉ တွင်
နေဗုခဒ်နေဇာ ၂ လက်အောက်ရှိ ဗာဗုလုန်လူမျိုးသည် ဘီစီ ၅၈၇
နွေရာသီတွင် မြို့နှင့် ရှောလမုန်၏ ဗိမာန်တော်ကို ဖျက်ဆီးရန် ဂျေရုစလင်ကို ဝိုင်းရံခဲ့သည်။
ထိုအချိန်မှစ၍ ရှောလမုန်၏ ဗိမာန်တော် နှင့် ဘဏ္ဏာတိုက်သည် လုံးဝပျက်ဆီးသွားခဲ့ကာ တစ်ဖန်ပြန်လည်တွေ့ရှိခြင်းမှတ်တမ်း
မရှိတော့ပေ ။
ရှေးဟောင်းသုတေသနပညာရှင်များနှင့်
သမိုင်းပညာရှင်များသည် ပရဝိညာဉ်သေတ္တာခိုးယူခံရခြင်း၊ ဖျက်ဆီးခံရခြင်း
သို့မဟုတ် ဝှက်ထားခြင်း ရှိမရှိနှင့် ပတ်သတ်၍ မသေချာမရေရာဘဲ ပျောက်ဆုံးနေသော ဤဘဏ္ဏာတိုက်ကို
ယနေ့ထက်တိုင် ဆက်လက်ရှာဖွေနေကြသည်။
ပရဝိညာဉ်သေတ္တာ၏
လျှို့ဝှက်ဆန်းကြယ်သောနေရာအား ရှေးဟောင်းသုတေသနပညာရှင်များနှင့်
ဘဏ္ဏာရေးရာ ရတနာသိုက်ရှာဖွေသူများ၏ အာရုံကို အချိန်ကြာမြင့်စွာ ဖမ်းစားနိုင်ခဲ့သည်။ ထိုအချက်များ၌ပင်
တစ်ခုသောအရာမှာ ရှောလမုန်၏ ရတနာသိုက်နှင့်ပတ်သတ်၍ အရှေ့တိုင်းတွင် ရှောလမုန်ဘုရင်ကို
ဂန္ဓာရီပညာရှင်အဖြင့် ဖော်ပြကြကာ ထိုသေတ္တာသည် ရှမ်ဗဲလား၌ တည်ရှိနေသည်ဟု ဆိုသည် ။
#htoohtoolay

Comments
Post a Comment