မျိုးသုဉ်းသွားပြီဖြစ်သည့်
ကျားသစ်မျိုးစိတ်ကို ပထမဆုံးအကြိမ် ပြန်လည်တွေ့ရှိ
-----
နှစ်ပေါင်း
၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် မျိုးသုဉ်းပျောက်ကွယ်သွားတော့မည့် ကျားသစ်အား တိုင်ပေတွင်
ပြန်လည်တွေ့ရှိခဲ့သည်။
“ မျိုးသုဉ်း” ပျောက်ကွယ်နေသည့် ထိုင်ဝမ်ကျားသစ်သည် ၁၉၈၃ ခုနှစ်မှစတင်၍
တွေ့ရှိခြင်း မရှိတော့ပဲ လုံးဝပျောက်ကွယ်နေရာမှ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်မြင်တွေ့ခဲ့ရခြင်း
ဖြစ်သည် ။
မကြာသေးမီနှစ်များအတွင်း
ကမ္ဘာသည် တကယ့်ကို တုန်လှုပ်ချောက်ချားဖွယ်ကာလအချို့နှင့် ကြုံတွေ့ခဲ့ရသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက
ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်သည် ၎င်း၏သမိုင်းတွင် ဆဌမမြောက် အစုလိုက်အပြုံလိုက်မျိုးသုဉ်းခြင်းနှင့်
ပုံမှန်စက်ဝန်းထက် အဆ ၁၀၀၀ မှ ၁၀၀၀၀ အထိနှုန်းဖြင့်
မျိုးသုဉ်းမည့်အပင်များ ၊ တိရိစ္ဆာန်မျိုးစိတ်များ ကြုံတွေ့နေရသည်ဟု ပြောကြားခဲ့သည်။
တစ်ခါတစ်ရံ
သိပ့်ကို နောက်ကျနေပြီဖြစ်သော မျိုးစိတ်များကို ပြန်လည်တွေ့ရှိှမှုများလည်း ရှိသည်
။ မိခင် သဘာဝတရားကြီးကို ကယ်တင်ဖို့ရန်အတွက် အစွမ်းကုန် ကျိုးပမ်းဖို့ရန် လိုသော အချိန်အခါသမတွင်
ရှားပါးမျိုးစိတ်များ တွေ့ရှိခြင်းမှာ ဖြစ်နိုင်ခဲသော အရာတစ်ခု ဖြစ်လေသည် ။ သို့သော်
ဤသို့ ဖြစ်စဉ်မျိုးလည်း ရှိသေး၏ ။
ဤသည်မှာထိုင်ဝမ်တွင်ဖြစ်သည်။ ထိုင်ဝမ်သတင်းများအရ
အလွန်ရှားပါးသော ကြောင်ကြီးမျိုးစိတ်ဖြစ်သည့် Formosan တိမ်တိုက် ကျားသစ်ကို ကျွန်းစုအရှေ့တောင်ပိုင်းရှိ
လူအများက တောရိုင်းအတွင်းတွင် ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရခြင်း ဖြစ်သည် ။
ယခုအချိန်အထိ
လှပသောကျားသစ်သည် ၁၉၈၃ ခုနှစ်မှစ၍ တရား၀င်စာရင်းအရ
ပျောက်ကွယ်သွားသော မျိုးစိတ်တစ်ခု ဖြစ်သည် ။
တိုင်တွန်ကောင်တီ၏ Daren မြို့နယ်အနီးရှိ
လူမျိုးစုအာဏာပိုင်များက ဒေသကင်း လှည့်နေကြသည်။ ထိုအချိန်၌ ၎င်းကျားသစ်ကို တွေ့မြင်ခဲ့ခြင်းဖြစ်ပြီး
အဖွဲ့ဝင်တစ်ဉီးသည် ကျားသစ်အား ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ရန် သစ်ပင်တစ်ပင်ပေါ်သို့
တက်ရောက်၍ ကြည့်ရှုခဲ့သည် ။ ကျားသစ်၏ အပြေးနှုန်းမှာ အလွန်လျင်မြန်ကြောင်း ပြန်လည်ပြောပြခဲ့၏
။ မှတ်ချက် - ကမ္ဘာပေါ်တွင် အပြေးအမြန်ဆုံးသော
သတ္တဝါမှာ ကျားသစ်ဖြစ်သည် ။
Alangyi ကျေးရွာမှ ဒေသခံရွာသားများသည် မျိုးနွယ်စုဝေးမှုများပြုလုပ်ခဲ့ပြီး
ထိုသတ္တဝါကို မြင်ကွင်းနှင့် ထိတွေ့မှုအရှိဆုံးနေရာအထိ ချဉ်းကပ်နိုင်ခဲ့သည်။
ကျေးရွာအကြီးအကဲများအနေဖြင့်
အဆိုပါရှာဖွေတွေ့ရှိမှုကြောင့် ဧည့်သည်များနှင့် ပြင်ပမှလာရောက်သူများ၏
အမဲလိုက်ခြင်းကို ၎င်းရှာဖွေတွေ့ရှိမှုက ရပ်တန့်သွားစေလိမ့်မည်ဟု မျှော်လင့်နေကြသည်။ လူမျိုးစုအဖွဲ့ဝင်များကမူ
သစ်နှင့်သစ်ပင်များကို ထိခိုက်စေသော သစ်ထုတ်လုပ်ခြင်းကို ရပ်တန့်ရန် ထိုင်ဝမ်အာဏာပိုင်များကို
တိုက်တွန်းနေကြသည်။
Formosan ကျားသစ်သည် အလွန်လျင်မြန်ပြီး ၎င်း၏မြန်နှုန်းနှင့်
သွက်လက်မှုကြောင့် လူသိများသည်။ ၎င်းအား ဖမ်းမိရန် သို့မဟုတ် သတ်ရန်ကြိုးပမ်းမှုမှ
လွတ်မြောက်ဖို့အတွက် သူသည် နှစ် ၃၀ နီးပါးမျှ လူသား၏ ဖမ်းဆီးခြင်းကို
ရှောင်ရှားနိုင်ခဲ့သည်။
ဒေသခံ Bunun လူမျိုးများက
လိုက်လံဖမ်းဆီးရမိသောတိရစ္ဆာန်များနှင့် ပတ်သက်၍ ယခင်အစီရင်ခံချက်များ
ရှိခဲ့သည်။ ပါမောက္ခလျူက ပြောကြားသည်မှာ - ကျားသစ်တည်ရှိရာနေရာကို
စုံစမ်းစစ်ဆေးနေစဉ်အတွင်း ယင်းမျိုးနွယ်များအား ၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင်
အသေဖမ်းမိခဲ့ကြောင်း ဝန်ခံခဲ့သည်။ သို့သော် ထိုင်ဝမ်၏ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအက်ဥပဒေအား
ချိုးဖောက်မည်ကို စိုးရိမ်သောကြောင့် သူတို့သည် ယင်းကျားသစ်အလောင်းများကို ဘာတစ်ခုမျှမကျန်အောင်
မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ဆိုသည် ။
၂၀၀၁ မှ ၂၀၁၃ အတွင်း
ထိုင်ဝမ်နှင့် အမေရိကန်သတ္တဗေဒပညာရှင်များ ပူးပေါင်းထားသော ဒေသ၏စစ်တမ်းများအရ ယင်းတိရိစ္ဆာန်သည်
ထိုစာရင်းတွင် မရှိတော့ကြောင်း နှင့် ကျားသစ်အား တရားဝင်မျိုးသုဉ်းကြောင်း ကြေငြာခဲ့သည်။
မှတ်တမ်းများအရ
ယခုအခါ ပြန်လည်တွေ့ရှိရသော တိမ်တိုက်ကျားသစ်မျိုးစိတ်ကို ယခုအချိန်မတိုင်မီ နောက်ဆုံးတွေ့မြင်ခဲ့ရသည့်
ခုနှစ်မှာ ၁၉၀၀ ခုနှစ်တွင် ဖြစ်ပြီး တွေ့ရှိခဲ့သူမှာ ဂျပန်မနုဿဗေဒပညာရှင် Torii Ryūū ဖြစ်သည်ဟု
ဆိုသည် ။
#htoohtoolay


Comments
Post a Comment