လွန်ခဲ့သော
နှစ်သန်း ၁၀၀ က ပင့်ကူ
-----
လွန်ခဲ့သောနှစ်ပေါင်းသန်း
၁၀၀ ခန့်က Cretaceous ကာလတွင် ရှင်သန်နေထိုင်ခဲ့သော အမည်မသိသေးသည့် သတ္တဝါတစ်ကောင်အား
ပယင်းအတွင်း၌ ရှာဖွေတွေ့ရှိခဲ့ကာ ၎င်းသည် ပင့်ကူနှင့်တူသော သတ္တဝါတစ်မျိုးဖြစ်ပြီး
ယင်းကို အရှေ့တောင်အာရှတွင် ရှာဖွေတွေ့ရှိခဲ့သည် ။ ၎င်းသည် အမှောင်များအတွင်း၌ အဆိပ့်ပြင်းသော
အကောင်များထက် ပိုမိုအန္တာရာယ်ကြီးသည်ဟု ဆိုသည် ။
ရာစုနှစ်များစွာ
မြန်မာပြည်တွင် လက်ဝတ်ရတနာများအတွက် တူးဖော်ရရှိသောပယင်းများသည် ပင့်ကူများနှင့် အခြားသော
မျိုးဗီဇ၏ ဆင့်ကဲဖြစ်စဉ်ကို နားလည်ရန် အကောင်းဆုံးသော ရတနာများဖြစ်သည် ။ ယခုသီတင်းပတ်၌
ပုဂ္ဂလိကအဖွဲ့နှစ်ဖွဲ့သည် ပင့်ကူနှင့် ကင်းမြီးကောက်အကြား ကွာခြားချက်ကို လေ့လာရင်း
ပယင်းကျောက်အတွင်း နစ်မြှပ့်နေသည့် နှစ်သန်း ၁၀၀ ရှိသော နမူနာကို ဖော်ပြခဲ့သည် ။
ယင်းတွေ့ရှိမှုက
“ ပင့်ကူ ဆင့်ကဲဖြစ်စဉ်နဲ့
ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့ နားလည်မှုကို အကြီးအကျယ် ကွာဟစေနိုင်တယ် ” ဟု
မက်ဒီဆန်ရှိ Wisconsin တက္ကသိုလ်မှ ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ
ဖွံ့ဖြိုးမှု ဇီဝဗေဒပညာရှင် ပရာရှန်ရှာမာက ဆိုသည်။
Arachnids သည် ကင်းမြီးကောက်၊ အစက်အပြောက်နှင့်ပင့်ကူများ
၊ ခြေချောင်း၈ ခုပါ
ကျောရိုးမဲ့ အုပ်စုတစ်စုဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းသန်း ၃၀၀ ခန့်က
စတင်ပေါ်ပေါက်ခဲ့သည့် ပင့်ကူများသည် သူတို့၏ နေထိုင်ပုံအရ လူသိများသည်။ ၎င်းတို့၏
“ ခြေထောက်” သည်
ပိုးကိုထုတ်လုပ်ပြီး Spigots ဟုခေါ်သော သေးငယ်သည့် အပေါက်များက ယင်းထုတ်လွှတ်ခြင်းကို
ထိန်းချုပ်ထားသည်။
ပင့်ကူအထီးများသည်
သူတို့၏အစွယ်နှင့် ခြေထောက်လေးချောင်းကြားတွင် မျိုးပွားသုက်ပိုးများ ထည့်သွင်းနိုင်ဖို့အတွက်
အခြားခြေထောက်တစ်ချောင်းရှိသည်။
၁၉၈၉ ခုနှစ်က
သုတေသီများသည် နှစ်သန်းပေါင်း ၁၀၀ သက်တမ်းရှိသည့် အစောဆုံးပင့်ကူထက်
အသက်ပိုကြီးသည်ဟု ယူဆရသည့် ကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိဖူးသည်။ ၂၀၀၈ ခုနှစ်တွင်
ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များသည် ပိုးထုတ်လုပ်နိုင်ပါက ပင့်ကူမျိုးဗီဇများသာဖြစ်ကြောင်း
သဘောပေါက်ခဲ့ကြသည် ။ သုတေသီများက၎င်းကို လွန်ခဲ့သောနှစ်သန်းပေါင်း ၄၀၀ မှ
သန်း ၂၅၀ ကြားတွင်
ရှင်သန်ကြီးထွားခဲ့သည်ဟု ယူဆရသော Uraraneida အုပ်စုထဲသို့ စာရင်းထည့်သွင်းခဲ့သည်။
ယခုမူ
ပင့်ကူ၏ ဆင့်ကဲပြောင်းလဲခြင်းအရာကို တွေ့ရှိခဲ့သည် ။ ၎င်းသည် လွန်ခဲ့သော နှစ်သန်း ၁၀၀
က ဖြစ်သည် ။ ထိုနှစ်များအတွင်း ယခုပင့်ကူနှင့် ဆင့်ကဲပြောင်းလဲမှုသည် လုံးဝကွဲပြားခြားနားနေ၏
။ ထိုထပ်နောက်ကျသည့် နှစ်သန်း၂၀၀ ကမူ ပင့်ကူ၏ခန္ဓာသည် မည်သို့ရှိလိမ့်မည်နည်း ။ ယခုမူ
သုတေသီများသည် နှစ်သန်း ၂၀၀ ခန့်ရှိမည့် ပင့်ကူရုပ်ကျွင်းများကို ဆက်လက်ရှာဖွေနေကြသည်
။
#htoohtoolay

Comments
Post a Comment