၁၅ ရာစုမှ
အရိုးများကို ဘုရာရှစ်ခိုးကျောင်း၏ နံရံအတွင်း၌ ရှာဖွေတွေ့ရှိ
-----
ရှေးဟောင်းသုတေသနပညာရှင်များသည်
ဘယ်ဂျီယံနိုင်ငံရှိ Saint-Bavo ဘုရားရှစ်ခိုးကျောင်းအောက်၌ လူအရိုးနှင့် ဉီးခေါင်းခွံများကို
နံရံများအအတွင်း၌ ရှာဖွေတွေ့ရှိခဲ့သည် ။
Ghent ၏ Saint-Bavo ဘုရားရှိခိုးကျောင်းတော်၌
အလုပ်လုပ်ခဲ့သော ရှေးဟောင်းသုတေသနပညာရှင်များသည် အဆောက်အအုံ၏နံရံများသည် လူတို့၏ အရိုးများနှင့်
ပြုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည် ။ ဘရပ်ဆဲလ်စ်တိုင်းမ် တွင် ထုတ်ဝေသော အစီရင်ခံစာအရ ဘရူဂ်မြို့ရှိ ရူဘင်ဝိုင်လတ်စ် bvba မှ ရှေးဟောင်းသုတေသနအဖွဲ့ကပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘယ်လ်ဂျီယံရှိ ရှာဖွေတွေ့ရှိမှုသည် ထူးခြားကြောင်းပြောဆိုခဲ့သည်
။
ရှာဖွေတွေ့ရှိမှုကို
အလေးပေး ဖော်ပြသည်မှာ နံရံများသည် လူကြီးများ၏ ပေါင်၏ အရိုးများနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး
နံရံများအကြားရှိ နေရာများတွင် ဉီးခေါင်းခွွံများနှင့် ပြည့်နှက်နေသည်ဟု ဆိုသည် ။ ထို့အပြင်
အပြည့်အဝပါရှိသော လူအရိုးများကိုလဲ ရှာဖွေတွေ့ရှိခဲ့သည် ။
ဤဘုရားကျောင်းအား
အသစ်ဆောက်လုပ်ရန်ပြင်ဆင်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လုပ်ဆောင်နေကြောင်း အစီရင်ခံစာတွင်
ဖော်ပြထားသည် ။ အဖွဲ့မှ ထုတ်ပြန်သော ကြေငြာချက်တစ်ခုအရ Ghent ရှိ နေရာသည် ကမ္ဘာလှည့်ခရီးသည်များအတွက်
ဆွဲဆောင်နိုင်သည့် နေရာမဟုတ်သည့်အတွက် ယင်းအရိုးများကို ဖယ်ရှားသွားမည်ဟု ဆိုသည် ။
အစီရင်ခံစာအတွင်း
ဖော်ပြထားသည့်အချက်၌ ၎င်းအရိုးစုများသည် ၁၅ ရာစုမှ ဖြစ်ပြီး ယခုအချိန်အထိ တည်ရှိနေခြင်းအပေါ်
လူအများက မေးခွန်းများ ထုတ်လာကြသည် ။ ထို့အပြင် ၎င်းနံရံအား မည်သည့်အချိန်က တည်ဆောက်ခဲ့ခြင်းအပေါ်လဲ
ဝေဖန်မှုများ မြင့်တက်ခဲ့သည် ။
စီမံကိန်းခေါင်းဆောင် Janiek De Gryse က The Brussels Times သို့ပြောကြားရာတွင် - အရိုးများကို ဖယ်ထုတ်လို့ မရပါဘူး
၊ လူတွေက ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ကြတဲ့အတွက် အရိုးတွေကို ဗိသုကာရဲ့ အရေးကြီးတဲ့အပိုင်းတွေမှာ
ထည့်သွင်းခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့သည် ။
- ဒါကြောင့် တစ်ခါတစ်ရံမှာ ကျောက်တုံးအိမ်တွေကို မြို့၊သင်္ချိုင်းနေရာတွေမှာ
တည်ဆောက်ကြတယ် ။ အရိုးစုလို့ခေါ်တဲ့ အရိုးအိုးနဲ့ ရှည်လျားတဲ့ အရိုးတွေကို ထည့်သွင်းဖို့ဖြစ်တယ်လို့
၎င်းက ဖြည့်စွက်ပြောကြားခဲ့သည် ။
#htoohtoolay

Comments
Post a Comment