Skip to main content

Posts

Showing posts from 2016

ဘဝဲ တွေက သဘောင်္တွေကိုတောင် မြိုနိုင်လောက်တယ်လား !

ဘဝဲ တွေက သဘောင်္တွေကိုတောင် မြိုနိုင်လောက်တယ်လား ! ------ ဒါကတော့ !  မိတ်ဆွေ ရုပ်ရှင်တွေကြည့်တာ များသွားတာဖြစ်မယ်ထင်ပါတယ် ။ ဘဝဲနဲ့ ပတ်သတ်လို့ နည်းနည်းပြောရရင် ဘဝဲမှာ မျက်လုံး နှစ်လုံးပါပြီး ကြီးမားတဲ့ ဦးခေါင်းတစ်ခုရှိပါတယ် ။ အဲ့ဒီ့ခေါင်းနဲ့ ဆက်ပြီး ရှည်လျားတဲ့ လက်တံပေါင်း ရှစ်ခု ရှိတယ် ။ အဲ့လက်တံတွေရဲ့အောက်ဘက်မှာတော့ စုပ်ခွက်တွေနဲ့ ပြည့်နေမှာဖြစ်ပါတယ် ။ တစ်ချို့ ဘဝဲတွေရဲ့ လက်တံက ၁၀ ပေနဲ့ ၁၂ ပေအထိပဲ ရှည်လျားတာ ဖြစ်ပါတယ် ။ ( တစ်ချို့တွေက ဒီအနေအထားကို ကြည့်ပြီး မမှန်းဆနိုင်တဲ့ ပင်လယ်ရေနက်ပိုင်းမှာ အင်မတန် ကြီးမားတဲ့ အကောင်တွေရှိနိုင်မယ်လို့ ယူဆကြပါတယ်) ဒါပေမယ့် အခုအချိန်ထိ ထွက်ပေါ်မလာသေးပါဘူး ။ ဒါက ပုံပြင်တစ်ခုပါပဲ ။ သူက အရောင်ပြောင်းနိုင်တယ် ။ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်ကြတဲ့အခါ အရောင်တွေကို အမျိုးမျိုး ပြောင်းလဲပစ်ကြတယ် ။ ရန်သူနဲ့ နီးလာပြီဆိုရင် အနက်ရောင် မှင်ရည်တွေကို မှုတ်ထုတ်ပြီး ရေကို နောက်ကျိအောင် လုပ်ပစ်လိုက်ကြတာဖြစ်ပါတယ် ။ အဲ့လို နောက်ကျိလာရင်တော့ သူတို့တွေဟာ အန္တရာယ်အတွင်းကနေ ရှောင်တိမ်းနိုင်စွမ်း ရှိသွားကြမှာဖြစ်တယ် ။ ဒါဆို အင်မတန် ကြီးမားတဲ့ ဘဝဲတွေ မရှိဘူးလားလို့...

ကရင် နှစ်သစ်ကူး ဖြစ်ပေါ်လာပုံ

ကရင် နှစ်သစ်ကူး ဖြစ်ပေါ်လာပုံ ! ----- ဗမာပြည်ထဲကို ဝင်ရောက်လာတဲ့ ကရင်(ကမ်းယံ) များမှာ နှစ်ဖွဲ့ရှိပါတယ် ။ ပထမအသုတ် ကရင်များက ဗမာပြည် ရောက်တဲ့အခါ လယ်ယာ စိုက်ပျိုးကြတယ် ။  နှစ်အတော်ကြာတော့ မှန်မှန်လေး စိုက်ပျိုးနိုင်လာတယ်။ အခြေနေလည်း ကောင်းမွန်လာတဲ့အခါ  ကောက်ဦး စားပွဲကို ကျင်းပကြတယ် ။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယ အကြိမ် ဆိုပြီး အဲ့လိုအရေအတွက် ရေတွက်ရာကနေ ကောက်ဦးစားပွဲ သက္ကရာဇ် ပေါ်လာတယ် ။ ဒုတိယအသုတ် ကလည်း ထိုနည်းလည်းကောင်းပဲ  လယ်ယာစိုက်ပျိုးတယ် ။ ကောက်ဦးစားပွဲကျင်းပပြီး သက္ကရာဇ်ပေါ်လာတယ်။ ပထမအသုတ်က  ရှေ့ကဖြစ်ပြီး ပင်လယ်နဲ့နီးတဲ့ အရပ်တိုင်အောင် ချီတက်သွားကြတယ်။ ဒုတိယအသုတ်က နောက်မှဖြစ်ပြီး ပင်လယ်နှင့် အနည်းငယ်လှမ်းတဲ့ နေရာများမှာ နေထိုင်ကြတယ် ။ အဲ့ဒီ့ခေတ်က ကူးလူးဆက်ဆံ သွားလာရေး မလွယ်ကူတဲ့အချိန် ဖြစ်တာကြောင့် သက္ကရာဇ်တွေက  မတူဘူး နှစ်မျိုးဖြစ်နေတယ် ။  ပဲခူးနယ် တောင်ပိုင်းက  ကရင်လယ်သမားကြီးများက ပြာသိုလဆန်း ၁ ရက် နေ့မှာ ကောက်ဦးစားပွဲပြုလုပ်ကြတယ် ။  ပဲခူး တောင်ပိုင်းသက္ကရာဇ်က ရွှေကျင်ကပါလာသော သက္ကရာဇ်ထက် နှစ် (၃၁၀) ကြီးတယ်လို့ ပြောသံကြားဖူးပါတယ် ။ ...

မံမီ ရုပ်အလောင်းဆိုတာ ဘာလဲ ?

မံမီ ရုပ်အလောင်းဆိုတာ ဘာလဲ ? ---- လူသေအလောင်းကို မပုပ်သိုးအောင် ကြာရှည်ခံအောင် ဆေး စီရင်ထားပြီး တစ်ခါတစ်ရံ မီတာ ရာပေါင်းများစွာ ရှည်လျားတဲ့ ပတ်တီးတွေနဲ့ စည်းနှောင်ထားတဲ့ ရှေးခေတ် အီဂျစ်ပြည်က ရုပ်အလောင်းတွေကို မံမီ လို့ ခေါ်တာ ဖြစ်ပါတယ် ။ မံမီဆိုတာ ရှားပါး အီရန် စကား မမ်မီးယား က ဆင်းသက်လာတာဖြစ်ပြီး ကတ္တရာစေးလို့ အဓိပ္ပါယ် ရတာဖြစ်ပါတယ် ။ ရုပ်အလောင်းကို ဆေးစိမ်တဲ့ အချိန်ကာလ ကြာမြင့်လာတဲ့အခါကျတော့ ရုပ်အလောင်းက မည်းလာတယ် ။ ယခင်က ရုပ်အလောင်းတွေကို ကတ္တရာစေးနဲ့ စိမ်ထားတာလို့ သုတေသီတွေက မှားယွန်းလက်ခံခဲ့ဖူးပါတယ် ။ #htoohtoolay

ခရစ္စမတ် လက်ဆောင်

သူငယ်ချင်းများအတွက် ခရစ္စမတ် လက်ဆောင် ! ------ Christmas ကနေ မှ X'mas အဖြစ်ကို အတိုကောက် ဖြစ်လာပုံ အကြောင်းလေး နည်းနည်း လေ့လာကြည့်ပါမယ် ။  လက်ဆောင်ပစ္စည်းတွေ ပေးတာပဲဖြစ်ဖြစ်၊ သကြားလုံးတွေ လိုက်ဝေရာမှာပဲ ဖြစ်ဖြစ် လူတိုင်း ခရစ္စမတ်စ် အစဉ်အလာကို မြတ်နိုးကြပေမယ့် ဒီရိုးရာ အစဉ်အလာတွေ ဘယ်လို၊ ဘယ်က လာလဲဆိုတာ လူအနည်းအကျဉ်းလောက် သာ သိကြပါတယ်။  ဒီခရစ္စမတ်စ် အစဉ်အလာများရဲ့ အံ့သြပျော်ရွှင်ဖွယ်ရာနဲ့ မူလဇစ်မြစ်ကို လေ့လာကြည့်ကြရအောင်။ ဘာကြောင့် Xmas လို့ အတိုကောက် ခေါ်သလဲ။ ဒါက ခရစ္စမတ် ကြိုဆိုနှုတ်ဆက်တဲ့ ကဒ်ပြားတွေမှာ နေရာအလုံလောက်မရှိတဲ့အခါ ကျွန်ုပ်တို့ သုံးကြတဲ့ အတိုကောက် ပုံစံတစ်ခု ဖြစ်ပါတယ်။  ဒါပေမယ့် X ဆိုတဲ့ အက္ခရာစာလုံးက Christmas ဆိုတဲ့ဝေါဟာရမှာ Christ ကို အစားထိုးတဲ့ အရာတစ်ခုဖြစ်ကြောင်း လူအနည်းငယ်သာ သိရှိကြပါတယ်။ လက်စသတ်တော့ ဂရိစလုံး 'chi' ကို 'x' လို့ ရေးထားတာဖြစ်ပြီး ဂရိဘာသာစကားမှာ Christ ဝေါဟာရရဲ့ ပထမဆုံး အက္ခရာစာလုံး ဖြစ်ကြောင်း သိရပါတယ်။ ခရစ္စမတ် သစ်ပင်ဘာကြောင့်လုပ်လဲဆိုရင် သစ်ပင်ဆိုတာ ဘ၀ရှင်သန်မှုရဲ့ သင်္ကေတဖြစ်တယ်။ လူတွေဟာ ကမ္ဘာဦး ကာလကစပြီးသစ်ပင်တွေကို ကိုးကွယ...

တရုတ်မှာ ဗုဒ္ဓဓါတ်တော်များ တွေ့ရှိ !

တရုတ်မှာ ဗုဒ္ဓဓါတ်တော်များ ထည့်သွင်းထားတဲ့ ရွှေသေတ္တာ တွေ့ရှိတယ်လို့ ဆိုပါတယ် ! ------ တရုတ်နိုင်ငံမှာ တူးဖေါ်ရရှိခဲ့တဲ့ ရှေးဟောင်း ရွှေသေတ္တာထဲက အရိုးစုဟာ ဗုဒ္ဓဓါတ်တော် အမွေတော်များဖြစ်တယ်လို့ ဒီလို ဆိုပါတယ် ။ ၂၀၁၀ ပြည့်နှစ်က တရုတ်နိုင်ငံ နန်းကျင်းမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုမှာ တူးဖေါ်မှုများ ပြုလုပ်တဲ့အခါ ရှေးဟောင်း သုတေသနပညာရှင်များက သက်တမ်း နှစ်ပေါင်း ၁၀၀၀ ရှိတဲ့ ရှေးဟောင်း ရွှေသေတ္တာကြီးကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ အဲ့ဒီ့ သေတ္တာထဲမှာရှိတဲ့ အရိုးများထဲမှာ ဗုဒ္ဓဓါတ်တော်များလဲ ပါဝင်တယ်လို့ ဆိုပါတယ် ။ ဘာကြောင့်လဲဆိုတော့ အဲ့သေတ္တာမှာ ဒီဘုရားကျောင်းတော်ကို တည်ထောင်တဲ့သူအမည်တွေ ဓါတ်တော်ရှင်တွေရဲ့ အမည်တွေကို ရေးထိုးထားပြီး အဲ့အမည်တွေထဲကမှ ဦးခေါင်းခွံတစ်ခုဟာ ဗုဒ္ဓဓါတ်တော်ဖြစ်ကြောင်း ဒီလို ရည်ညွှန်းထားပါတယ် ။ အဲ့ဒီ့ ရွှေသေတ္တာကို ဘုရားကျောင်းရဲ့ အောက်ဘက်မှာရှိတဲ့ မြေအောက်ခန်းထဲက ကျောက်သေတ္တာတစ်ခုကို ဖွင့်လိုက်တဲ့အခါ ဒီရွှေသေတ္တာလေးကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။ အဲ့ဒီ့သေတ္တာက လေးပေရှည်ပြီး တစ်ပေခွဲ အကျယ်ရှိကာ စန္ဒကူးသားနဲ့ ပြုလုပ်ထားပါတယ် ။ ရွှေ ငွေ ကျောက်မျက်ရတနာများနဲ့ ထ...

အသက်ရှုဖို့ ဘာကြောင့် မရှိမဖြစ် လိုအပ်တာလဲ ?

အသက်ရှုဖို့ ဘာကြောင့် မရှိမဖြစ် လိုအပ်တာလဲ ? ---- လူဖြစ်စေ တိရိစ္ဆာန်ဖြစ်စေ သက်ရှိအရာအားလုံး အသက်ဆက်လက်ရှင်သန်ဖို့အတွက် အသက်ရှုခြင်းဟာ မရှိမဖြစ် လိုအပ်ပါတယ် ။ ရိုးရိုးသာမန်အကြောင်းရင်းကတော့ အသက်ရှုခြင်းအားဖြင့် ကျွန်တော်တို့ဟာ လေကို  ရှုသွင်းတယ် အဲ့ဒီ့လေက ကျွန်တော်တို့အတွက် အောက်စီဂျင်ကို ပေးတယ် ။ အောက်စီဂျင်ဟာ သက်ရှိအားလုံး အသက်ရှင်ဖို့အတွက် အလွန်ပဓာနကျပြီး မရှိမဖြစ် လိုအပ်ပါတယ် ။ အသက်ရှုတဲ့အခါ ကျွန်တော်တို့က လေကို ရှူသွင်းတယ် ။ ရှူထုတ်တယ် ။ လေကို ရှူထုတ်လိုက်တဲ့အခါ ကာဗွန်ဒိုင်အောက်စိုက်ဓါတ်တွေကို ထွက်သွားစေတယ် ။ အသက်ရှူတယ်ဆိုတာ သဘာဝ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး အသက်ရှူခြင်းကို အပြင်နဲ့ အတွင်းဆိုပြီး နှစ်ပိုင်း ခွဲခြားထားပါတယ် ။ အတွင်းဘက် အသက်ရှူခြင်းမှာတော့ အဆုတ်က ပေးပို့တဲ့အောက်စီဂျင်ကို သွေးနီဥလေးတွေက ခန္ဓာကိုယ်ရဲ့ အသား မျှင်တွေဆီကို သယ်ယူပို့ဆောင်ပေးတာဖြစ်တယ် ။ လူတစ်ယောက်ဟာ နားနားနေနေ နေခိုက်မှာဆိုရင် ခန့်မှန်းခြေအားဖြင့် တစ်မိနစ်မှာ ၁၅ ကြိမ်လောက် အသက်ရှူဖို့ လိုအပ်ပါတယ် ။ ပြေးတာ လွှားတာလို ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ လေ လိုအပ်ချက်က ပိုမို ...

တိရိစ္ဆာန်တွေဟာ ကျွန်တော်တို့ရဲ့ အသုံးချခံတွေမဟုတ်ပါဘူး !

တိရိစ္ဆာန်တွေဟာ ကျွန်တော်တို့ရဲ့ အသုံးချခံတွေမဟုတ်ပါဘူး ! ----- လောကကြီးမှာ ကျွန်တော်တို့လူသားတွေက အလွန်ကို တစ်ကိုယ်ကောင်းဆန်ကြတဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ် ။ ဆဲလ်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ မျိုးစိတ်တွေထဲကမှ အနိုင်ရခဲ့သူတွေလဲဖြစ်တယ် ။ တစ်ချိန်က ကမ္ဘာပေါ်မှာ အာဏာလုပွဲကြီးတစ်ရပ် ပြင်းပြင်းထန်ထန်ပေါ်ပေါက်ခဲ့ဖူးပါတယ် ။ ဒီ အာဏာလုပွဲကြီးဟာ အင်မတန် အချိန်ကာလအားဖြင့် ကြာညောင်းခဲ့ပြီး မျိုးစိတ်တွေဟာ အဲ့ဒီ့ ဒဏ်တွေအပေါ်လိုက်ကာ ဆင့်ကဲတိုးတက်မှုတွေဖြစ်ပေါ်လာခဲ့ဖူးပါတယ် ။ ကျွန်တော်တို့ အာဏာရှင်လူသားတွေကတော့ ကိုယ်မှတစ်ပါး အခြားသော မျိုးစိတ်တွေအပေါ် ရက်စက်မှုတွေကို လွှမ်းမိုးစေခဲ့တယ် ။ အဲ့ဒီ့ကမှ အကြောက်တရားတွေကို ဆထက်ထမ်းပိုး လျှင်လျှင်မြန်မြန် တိုးတက်လာစေခဲ့ပြီးကာမှ ကျွန်တော်တို့ လူသားမျိုးစိတ်တွေအပေါ် အခြားသော မျိုးစိတ်တွေက ရှောင်ခွါထွက်ပြေးလာခဲ့ကြပါတော့တယ် ။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ အရာရာတိုင်းအပေါ် လွှမ်းမိုးချယ်လှယ်နိုင်ခွင့်ကို ပိုင်ဆိုင်မှုဟာ ထိုသတ္တဝါတွေအပေါ် အန္တရာယ် ကျရောက်စေခဲ့တာပါပဲ ။ တစ်ချိန်က မျိုးစိတ်များ အာဏာလုပွဲကြီးမှာ ကျွန်တော်တို့ အပျက်အသတ် နိုင်ခွင့် မရခဲ့ပါက ကျွန်တော်တို့...

အမြန်ဆုံး ပြေးနိုင်တဲ့ ကုန်းနေသတ္တဝါဆိုတာ ဘာကောင်လဲ ?

အမြန်ဆုံး ပြေးနိုင်တဲ့ ကုန်းနေသတ္တဝါဆိုတာ ဘာကောင်လဲ ? ---- ကမ္ဘာ့အမြန်ဆုံး ပြေးနိုင်တဲ့ ကုန်းနေသတ္တဝါဟာ တောလိုက် ကျားသစ်ဖြစ်ပါတယ် ။ သူဟာ တစ်နာရီမှာ ကီလိုမီတာ တစ်ရာအထိ ပြေးနိုင်တယ် ။ ဒါပေမယ့် ဒီ စံချိန်အတိုင်း အကြာချည်းတော့ မပြေးနိုင်ပါဘူး ။ ကြောင်(မျိုးနွယ်စု) တွေဟာ အဝေးကြီး မပြေးနိုင်ကြဘူး ။ သူတို့တွေဟာ သူတို့ရဲ့ သားကောင်တွေကို ချောင်းမြောင်းပြီး အမဲလိုက်ကြပါတယ် ။ သူတို့ဟာ သားကောင်နဲ့ တက်နိုင်သမျှ အနီးဆုံးကို ချည်းကပ်ရတယ် ။ ပြီးတော့မှ နောက်ဆုံးကျန်တဲ့ မီတာ အနည်းငယ်ကို တစ်ဟုန်ထိုး ပြေးပြီး ဖမ်းကြတာဖြစ်ပါတယ် ။ ကြောင်မျိုးနွယ်စုတွေဟာ သစ်ပင် စတဲ့ အရာတွေ မရှိဘဲ ကွင်းပြင်မှာ အမဲလိုက်ရတဲ့အခါ သူတို့ရဲ့ သားကောင်အနားကို အရမ်းကြီး ချည်းကပ်လို့မရကြပါဘူး ။ ဒါကြောင့် နောက်ဆုံး တစ်ဟုန်ထိုး ပြေးရတဲ့ အပြေးဟာ အလွန်ကို လျင်မြန်ကြတာ ဖြစ်ပါတယ်ခင်ဗျာ ။ #htoohtoolay

တစ်ရက်ကို ခြောက်စုံနီးပါးထိ ရှားပါးသက်ရှိမျိုးစိတ်များ ပျောက်ကွယ်နေတဲ့ ကမ္ဘာကြီး !

တစ်ရက်ကို ခြောက်စုံနီးပါးထိ ရှားပါးသက်ရှိမျိုးစိတ်များ ပျောက်ကွယ်နေတဲ့ ကမ္ဘာကြီး ! ------ ကမ္ဘာပေါ်မှာ သက်ရှိမျိုးပေါင်း များစွာရှိပေမယ့်လဲ အကြောင်း အမျိုးမျိုးကြောင့် မျိုးသုဉ်းပျောက်ကွယ်နေတာကို သုတေသနပြုမှု စာတမ်းများမှာ တွေ့ရှိရပါတယ် ။ မြန်မာအပါအဝင် ကမ္ဘာမှာ ရှားပါးတဲ့ သက်ရှိမျိုးစိတ်ပေါင်းတွေဟာ တစ်ရက်ကို ခြောက်ခုနီးပါးမျှကို လျင်လျင်မြန်မြန်ကြီး မျိုးသုဉ်းပျောက်ကွယ်နေတယ်လို့ ဆိုပါတယ် ။  ဒီလို ရှားပါးသက်ရှိများ မျိုးသုဉ်းပျောက်ကွယ်နေရခြင်းရဲ့ အကြောင်းအရင်းတွေက သူတို့ နေထိုင်ရာဒေသများ ပျက်ဆီး ပျောက်ကွယ်ခြင်း / ဓာတုပစ္စည်းများကြောင့် ပျောက်ကွယ်ရခြင်း / ခရမ်းလွန်ရောင်ခြည်ရရှိမှု တဖြေးဖြေး မြင့်တက်လာခြင်း / ရာသီဥတု ပြောင်းလဲလာခြင်း / အသားစား သတ္တဝါများ နေရာတစ်ခုမှ အခြားနေရာဒေသတစ်ခုကို သွင်းယူခြင်းနဲ့ မှိုရောဂါ စွဲကပ်ခြင်းတို့ကြောင့် မျိုးသုဉ်းပျောက်ကွယ်ရခြင်းဖြစ်တယ်လို့ သတ္တဗေဒဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆိုကြပါတယ် ။ #htoohtoolay

အကယ်လို့ ကမ္ဘာ့ရေခဲပြင်တွေ အားလုံးအရည်ပျော်သွားရင် ဘာဖြစ်မှာလဲ ?

အကယ်လို့ ကမ္ဘာ့ရေခဲပြင်တွေ အားလုံးအရည်ပျော်သွားရင် ဘာဖြစ်မှာလဲ ? ----- တကယ်လို့ ကမ္ဘာ့ရေခဲပြင်တွေအားလုံး အရည်ပျော်သွားရင် အာတိတ်နဲ့ အန္တာတိတ် ဒေသတွေ / အချို့ တောင်တန်းတွေမှာ နေရာဒေသအသစ်တွေ ပေါ်ပေါက်လာပါလိမ့်မယ် ။ ဒါပေမယ့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုကြောင့် ကမ္ဘာ့ဒေသ အများစုကတော့ ရေလွှမ်းမိုးခြင်းကို ခံရမှာဖြစ်ပါတယ် ။ အရင်အတိတ်တုန်းကလည်း ရေခဲပြင်တွေကြောင့် ပင်လယ်ရေမျက်နှာပြင် အပြောင်းအလဲ ဖြစ်ခဲ့ပြီးပြီ ။ ဒါကြောင့် အနာဂတ်မှာလဲ အပြောင်းအလဲ ဖြစ်နိုင်ချေ ရှိနေပါတယ်လို့ သုတေသီတို့က ဆိုကြပါတယ် ။ အကယ်လို့ ကမ္ဘာ့ရေခဲပြင်တွေသာ အရည်ပျော်သွားခဲ့မယ်ဆိုရင်တော့ ပင်လယ်ရေ မျက်နှာပြင်ဟာ အနည်းဆုံး ၆၅ မီတာလောက် မြင့်တက်လာမှာဖြစ်ပြီး ဒိန်းမတ် တိုင်းပြည်ဟာ ရေအောက်ကို ရောက်ရမှာဖြစ်ပါတယ် ။ ဒါ့အတူပဲ လန်ဒန် ဒပ်ဗလင် ပဲရစ် ရောမ ဟဲလ်စင်ကီ စတဲ့ မြို့တော်ကြီးတွေ အမြောက်အများလည်း ရေအောက်မှာ စံမြန်းရမှာ ဖြစ်ပါတယ်ခင်ဗျာ ။ အဲ့ဒီ့ အခါမှာတော့ ရေအောက်မြို့တော်သစ်များ ပေါ်ပေါက်လာမှာဖြစ်ပါတယ် ။ #htoohtoolay

အနံ့ကို ဘယ်လိုရလဲ ?

အနံ့ကို ဘယ်လိုရသလဲ ? ---- နှာခေါင်းဟာ အနံ့နဲ့ပတ်သတ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်တယ် ။ နှာခေါင်း မှာ ချွဲကျိတဲ့ အရည်ထွက်တဲ့ အမြှေးပါးလေးတွေ ဖွဲ့စည်း တည်ရှိပါတယ် ။ အနံ့အာရုံကို အလွယ်တကူ ခံစားနိုင်တဲ့ နှိုးဆွ ဆေ့ဆော်မှုကို လက်ခံတဲ့ (သို့မဟုတ်) ပေးပို့တဲ့ နဗ်ကြော (အာရုံကြော) တွေလည်း ပါဝင်တယ် ။ သူတို့ကို နဗ်ကြောမျှင်တွေနဲ့ ဝိုင်းရံထားပါတယ် ။ အဲ့ဒီ့ နဗ်ကြောမျှင်တွေက ချွဲဂလင်းတွေကြောင့် အမြဲတမ်း စိုထိုင်းနေတယ် ။  နှာခေါင်းပေါက်ထဲမှာ နုနယ်တဲ့ အမွှေးအမျှင်လေးတွေ ရှိတယ် ။ အဲ့ဒီ့ အမွှေးအမျှင်လေးတွေက ဆဲလ်တွေကနေ ထိုးထွက်လာတာ ဖြစ်ပါတယ် ။ နှာခေါင်းထဲမှာရှိတဲ့ ချွဲတွေက အနံ့ရှိတဲ့ ဓါတု ပစ္စည်းတွေကို အဲ့ဒီ့ အမျှင်လေးတွေရဲ့ ဝန်းကျင်ပတ်လည်မှာ စွဲရောက်ကပ်ငြိစေတယ် ။ ပုံမှန် အသက်ရှုနေတဲ့ အခါမှာတော့ ရှုသွင်းလိုက်တဲ့ လေက အဲ့ဒီ့အမျှင်လေးတွေကို မထိပါဘူး ။ အနံ့ရပြီဆိုရင်တော့ အတွင်းမှာရှိတဲ့ အာရုံခံ နဗ်ကြောတွေက  လျှပ်စစ် လှုပ်ဆော်မှုလှိုင်းတွေကို ဦးနှောက်အတွင်းမှာရှိတဲ့ အနံ့သိ ဗဟိုဌာနသို့ သယ်ဆောင်သွားပါတော့တယ် ။ အဲ့ဒီ့အကြောင်းကြောင့် သင်ဟာ အနံ့တွေ ကို ခွဲခြား သိရှိနိုင်တာ ဖြစ်ပါတယ် ။ #htoohtoolay

အရသာကို ဘယ်လိုသိလဲ ?

အရသာကို ဘယ်လို သိလဲ ? ---- လျှာဟာ ကျွန်တော်တို့ရဲ့ ပါးစပ်အတွင်းမှာ ရှိတဲ့ ကြွက်သားနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ် ။ အဲ့ဒီ့လျှာကို စကားပြောဖို့နဲ့ အရသာ အမျိုးအစား အမျိုးမျိုးကို သိရှိခံစားဖို့အတွက် အသုံး ပြုပါတယ် ။ ခန့်မှန်းခြေအားဖြင့် အရသာခံနိုင်တဲ့ အင်္ဂါစုလေးတွေ သုံးထောင်လောက် ရှိတယ် ။ သူတို့တွေဟာ လျှာရဲ့ အစွန်အဖျား အနားတွေနဲ့ လျှာရဲ့ နောက်ဘက်မှာ ရှိတယ် ။ အခြေခံအရသာ လေးမျိုး ရှိပါတယ် ။ အချို အငန် အချဉ်နဲ့ အခါးတို့ဖြစ်တယ် ။ အရသာခံ အင်္ဂါစုလေး တစ်ခုစီဟာ အခြေခံအရသာ လေးမျိုးအနက် တစ်ခုကိုသာ သိရှိနိုင်ကြတယ်လို့ ဒီလို ဆိုပါတယ် ။ #htoohtoolay

မျှော့

မျှော့ ---- မျှော့များရဲ့ ခန္ဓာကိုယ်ဟာ ပြားချပ်ပြီး အရစ်များ ပါရှိပါတယ် ။ မျှော့ရဲ့ အလျားမှာ ၀.၇၅ လက်မ ကနေ ၈ လက်မအထိ ရှည်တယ် ။ ခန္ဓာကိုယ်ကို ဆန့်ထုတ်တာ / ကျုံ့ယူတာများကို ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ် ။ အရောင်က အနက်ရောင် အနီရောင်နဲ့ နီညိုရောင်တို့ရှိပြီး ကိုယ်ပေါ်မှာ အစက်အပျောက်များ ရှိနေပါတယ် ။ မျှော့များမှာ အလင်းရောင် ခံစားနိုင်တဲ့ eyes ခေါ် ဆဲလ်များ ရှိတယ် ။ သူတို့က ထိတွေ့မှု / အပူ အအေးနဲ့ ခြောက်သွေးမှုများကို ခံယူနိုင်စွမ်းရှိပါတယ် ။ မျှော့များ၌ ဖိုမ မျိုးပွား အင်္ဂါ နှစ်မျိုးစလုံး ပါတယ်လို့ ဒီလိုဆိုပါတယ် ။ မျှော့များကို မြေဆီလွှာများထဲ / စမ်းချောင်း ရေအိုင် နဲ့ ပင်လယ်တို့ရဲ့ ရေအောက်ပိုင်းတွေမှာ တွေ့ရှိရတက်တယ် ။ မျှော့ဟာ မျိုးပေါင်း ဟီရုဒင်နီယာ ဖြစ်ပြီး မျိုးပေါင်းစု အန်နီလီဒါ ဖြစ်တယ် ။ မျှော့ကို သွေးစုတ်ကောင်လို့လဲ ခေါ်ကြပါတယ် ။ စုတ်ခွက်ဖြစ်တဲ့ ပါးစပ်ရှိတယ် ။ အဲ့ဒီ့ ပါးစပ်ထဲမှာ သေးငယ်တဲ့ သွားလေးတွေ ပါရှိကြပါတယ် ။ အချို့မျှော့တွေက ကပ်ပါးအဖြစ် နေကြပြီး အခြား သတ္တဝါတို့ရဲ့ သွေးကို စုတ်ယူကြတယ် ။ မျှော့မှာ ဟီရုဒင်လို့ခေါ်တဲ့ ဓာတု အရည်တစ်မျိုးကို ထုတ်ကာ အလွယ်တကူ သွေးစုတ်နိုင်အောင် ဆောင်ရွက်ကြပ...

အင်းဆက်ပိုးမွှားဆိုတာ ဘာလဲ ?

အင်းဆက်ပိုးမွှားဆိုတာ ဘာလဲ ? ----- အင်းဆက်တွေဟာ ခြေထောက် ခြောက်ချောင်းရှိပြီး မာကျောတဲ့ ခန္ဓာကိုယ်ရှိတဲ့ ပိုးကောင်တွေကို ခေါ်တာဖြစ်ပါတယ် ။ သူတို့ရဲ့ ခန္ဓာကိုယ်ကို သုံးပိုင်း ပိုင်းထားတယ် ။ ခေါင်းပိုင်း ရင်အုံပိုင်းနဲ့ ဝမ်းဗိုက်ပိုင်း တို့ဖြစ်ပါတယ် ။ ဒါ့အပြင် ရင်အုံပိုင်းမှာ ခြေထောက် သုံးစုံရှိတယ် ။ ပြီးတော့ တောင်ပံတစ်စုံ (ဒါမှမဟုတ်) နှစ်စုံလည်း ရှိကြတယ် ။ အင်းဆက် ပိုးမွှားတွေကို ပင်လယ်ပြင်ကလွှဲရင် ကျန် သဘာဝ ပတ်ဝန်းကျင်အားလုံး လိုလိုမှာ  တွေ့ရှိရမှာဖြစ်ပါတယ် ။ အချို့ ရှေးကျတဲ့ တောင်ပံမဲ့ စပရင်းတေးနဲ့ ဘရစ်စတယ်တေး တွေဟာလည်း အင်းဆက်ပိုးထဲမှာ ပါဝင်ပါတယ် ။ အတောင်ပံရှိတဲ့ အင်းဆက်တွေထဲမှာ ပုဇဉ်းတွေ နှံကောင်တွေ ပုရွတ်ဆိတ်တွေ ပိတုန်းတွေနဲ့ နကျယ်ကောင်တွေလဲ အပါအဝင်ဖြစ်ပါတယ် ။ #htoohtoolay

နှုတ်ဆက်ချိန်

နှုတ်ဆက်ချိန် ----- အိတ်ကပ်အတွင်းကို စမ်းကြည့်လိုက်သောအခါ ဟောင်းနွမ်းတွန့်ကျေနေသော အကြွေ နှစ်ရာတန်တစ်ရွက် ထွက်လာ၏ ။ ဆုံးဖြတ်ချက်တို့ မတင်မကျ ဖြစ်နေစဉ် အတွေးတစ်ခုသည် ခေါင်းအတွင်းသို့ စိုက်စိုက် ဝင်ရောက်လာတော့သည် ။ ထိုအခါ ဘေးမှာရှိသော လူတစ်ယောက်အား အချိန်နှင့် နေ့ရက်ကို မေးမြန်းမိလေ၏ ။ တနင်္လာနေ့ ညနေ ၅ နာရီကျော်ပြီဖြစ်ကြောင်း သိရလေတော့သည် ။ တစ်ဖန် မက်တပ် ရပ်နေသော ပလပ်ဖေါင်းပေါ်မှ ကတ္တရာလမ်းဘက်ကို လှမ်းကြည့်လိုက်သည်ရှိသော် တစ်ရွေ့ရွေ့ ဖြတ်သန်းသွားလာနေသော ကားများနှင့် ရုံးတက်  ရုံးပြန် ဝန်ထမ်းတို့ လွယ်အိတ် ကိုယ်ဆီ , ချိုင့် ကိုယ်ဆီနှင့် ကားမှတ်တိုင်ဂိတ်၌ စောင့်နေသည်ကို တွေ့ရလေ၏ ။ ထိုသူတို့နှင့် မခြားပေ ကျွန်တော်သည်လည်း အလုပ်မှ ပင်ပန်းကြီးစွာ ပြန်လာခဲ့သူဖြစ်ရကား ဘတ်(စ)ကား မှတ်တိုင်သို့ရောက်ရန် တစ်ဖက် ကားလမ်းသို့ ကူးရပေအုန်းမည် ။ သို့သော် လမ်းမကူးခင် ခြေလှမ်းတို့မှာ ရပ်တန့်နေလျက် ကားမှတ်တိုင်ကို သွားရမည်လော , တစ်ဖက်၌ ရှိသည့် ဖုန်းဆိုင်လေးဆီသို့ သွားရမည်လော နှင့် တွေဝေကာ ငါး မိနစ်ကျော်ကျော် ကြာသည့်တိုင် ရပ်တန့်မိနေလေတော့သည် ။ တစ်ပတ်တာ နေ့ရက်တို့သည် သူနှင့် ကျွန်တော့်အကြား ကန့်သတ်နယ်မြေအဖြင...

ထူးဆန်းလွန်းတဲ့ အချိန် !

ထူးဆန်းလွန်းတဲ့ အချိန် ! ------ အချိန်ဆိုတဲ့အရာကို ကြားလိုက်ရမယ်ဆိုရင် မိတ်ဆွေတို့တော့ နာရီတစ်ခုကိုသာ ပြေးမြင် ကြပါလိမ့်မယ် ။ ဒါပေမယ့် အချိန်ဆိုတာ နာရီကိုရည်ညွှန်းတာ မဟုတ်တာတော့ သတိမထားမိကြပါဘူး ။ အချိန်နဲ့ နာရီဟာ အင်မတန်မှ ကွာခြားလှပါတယ် ။ အချိန်ဆိုတာ အခုချိန်ထိတိုင် အဖြေရှာမရသေးတဲ့ အရာတစ်ခုပါ ။ သိပ္ပံပညာရှင်တွေကို စိန်ခေါ်မှုထဲက အချိန်ဆိုတာကြီးက အင်အားအကြီးဆုံး မေးခွန်းတစ်ခုပါပဲ ။ အခု ကျွန်တော်တို့တွေ သိရှိထားတာမှာ ဒီကမ္ဘာကြီးက နေကို တစ်ပတ် ပတ်တာ ပြည့်တဲ့အခါ လူသားတွေရဲ့ အသက်က တစ်နှစ်ရှိပြီလို့ ဒီလို လက်ခံထားကြပါတယ် ။ ဒီအချက်ထဲကမှ မေးခွန်းထွက်ပေါ်လာတာက ဒီလို နေကို တစ်ပတ် ပြည့်အောင်ပတ်တိုင်း တစ်နှစ်အသက်ကြီးသွားမယ်ဆိုရင် ကျွန်တော်တို့ နေစကြာဝဠာကြီးအတွင်းမှာရှိနေတဲ့ နက်ပ်ကျူးဂြိုလ်ကြီးဟာ ကမ္ဘာဂြိုလ်ထက် အဆ ၃၀ ပိုမိုဝေးကွာတဲ့ နေရာမှာတည်ရှိနေပါတယ် ။ အဲ့ဒီ့ ဂြိုလ်က ကမ္ဘာမြေတစ်နှစ်တာ အချိန်နဲ့ တွက်ကြည့်မယ်ဆိုရင် နေကိုပတ်တဲ့ တစ်ပတ်ပြည့်ချိန်ဟာ နှစ်ပေါင်း ၁၆၅ နှစ် ကြာမြင့်မှာဖြစ်ပါတယ် ။ ဒါဆို အဲ့ နက်ပ်ကျူး ဂြိုလ်ပေါ်မှာ အကယ်၍ လူသားတစ်ဦး ရောက်ရှိနေမယ်ဆိုရင် သူ့ရဲ့ တစ်နှစ်တာ အချိန်မှာ  ကမ္ဘာပေါ်က လ...

လိုချင်တာမရရင် အားလုံး ပိတ်ကုန်တယ်

❀ စိတ်မှာ အနှောက်အယှက်တစ်ခုက ဘာလဲဆိုလို့ရှိရင် လိုချင်တာရရင် ကျေနပ်နေတယ်၊ လိုချင်တာမရဘူးဆိုရင် ဘာဖြစ်လဲ စိတ်က ဗလောင်ဆူလာတယ်။ ❀ ကြည့်လေ၊ ကလေးလေးတွေ သူတို့လိုချင်တာကို အဖေအမေဆီက တောင်းလို့မရဘူးဆိုရင် ဘာဖြစ်လဲ၊ စာလည်းကျက်မှာ မဟုတ်ဘူးနော်။ မပေးဘူးဆိုရင် ဘာဖြစ်တုန်း စိတ်ကောက်တယ်လို့ ခေါ်တာပေါ့။ အဲဒီ စိတ်ကောက်နေတဲ့အချိန်ဆိုရင် စာကျက်လို့လည်း ဘာမှ ရမှာ မဟုတ်ဘူးပေါ့။ ❀ လူကြီးတွေလည်း ဒီလိုပဲ၊ စိတ်ဆိုးနေပြီ စိတ်အလိုမကျ ဖြစ်နေပြီိဆိုလို့ရှိရင် စဉ်းစားဉာဏ်တွေဟာ ပျောက်ကွယ်သွားမှာ။ အဲဒါဟာ ဘာနဲ့ ဥပမာတူတုန်းဆိုရင် ရေတွေဆူပွက်နေတာနဲ့ တူတယ်တဲ့။ ကိုယ့်ရဲ့ စိတ်အခြေအနေဟာ ဒေါသမီးနဲ့ ဆူပွက်ပြီးတော့နေပြီဆိုလို့ရှိရင် မှတ်ဉာဏ်တွေဟာ ပျောက်ကွယ်သွားမှာပဲပေါ့။ ဒါကြောင့်မို့လို့ သူ့ကို ဆူပွက်တဲ့ အနေအထားကြီး `ဗျာပါဒ´ဆိုတဲ့ `မုန်းတီးမှု၊ အလိုမကျမှု ´ ဆိုတာတွေကို လျှော့ချပေးဖို့လိုအပ်တယ်။ ❀ ဘာနဲ့လျှော့ချရမလဲဆိုလို့ရှိရင် ကြည့်၊ လူတစ်ယောက်အပေါ်မှာ မုန်းနေပြီ၊ မုန်းတီးတဲ့စိတ်၊ အလိုမကျတာတွေ ဖြစ်နေပြီ ဆိုလို့ရှိရင်​ `ကောင်းကွက်ကိုရှာ၊ မေတ္တာကိုပွား´ တဲ့။ လူတိုင်းလူတိုင်းဟာ အဆိုးချည်းပဲ ဘယ်တော့မှ မရှိဘူး။ အကောင်းလည်...

ထူးထူးခြားခြား ရှာဖွေတွေ့ရှိချက်များ

ထူးထူးခြားခြား ရှာဖွေတွေ့ရှိချက်များ ------- ကမ္ဘာပေါ်မှာ အလွန်ကို စိတ်ဝင်စားစရာကောင်းတဲ့အရာတွေထဲမှာ လူသားတို့ သမိုင်းလဲ ပါဝင်နေပါတယ် ။ လူသားတို့ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာတာကလည်း လွန်ခဲ့တဲ့ နှစ်ထောင်စုလောက်ကမှလို့ ဒီလို သိထားကြပါတယ် ။ ဒါပေမယ့် သုတေသန တူးဖေါ်မှုများနဲ့ ရှေးလူတို့ ထားရှိခဲ့ကြတဲ့ အထောက်အထားတွေကတော့ မယုံနိုင်စရာ ကွဲပြားနေတာကို တွေ့ရှိရမှာဖြစ်တယ် ။ လူသား သမိုင်းကို ဖေါ်ပြနေတဲ့အထဲမှာ ကျောက်ဖြစ်ရုပ်ကျွင်းများလဲ ပါဝင်ကြပါတယ် ။ ပြောရမယ်ဆိုရင် ကနေဒါနိုင်ငံနဲ့ ဆပ်စပ်နေတဲ့ မြောက်ဝင်ရိုး ဒေသမှာရှိတဲ့ ထုံးကျောက်တစ်ခုအပေါ်မှာ လူသားလက်ဝါးပုံစံ ကျောက်ဖြစ်ရုပ်ကြွင်းကို ထူးခြားစွာပဲ တွေ့ရှိခဲ့တဲ့အရာ တစ်ခုအပါအဝင်ဖြစ်တယ် ။ အဲ့ဒီ့ လက်ဝါးဟာ သက်တမ်းအနေနဲ့ တွက်ကြည့်မယ်ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း၁၀၀ ခန့်ကဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ် ။ ဒါ့အပြင် ရှေးလူတို့ ခြေရာများကို ထက်မံတွေ့ရှိတဲ့အခါ သက်တမ်းအရ နှစ်သန်းပေါင်း ၃၀၀ ကနေ ၆၀၀ အတွင်းခန့်ကဖြစ်ကြောင်း ဆိုကြပါတယ် ။ ဒါ့အပြင် လူသားတို့သမိုင်းကြောင်းမှာ အသိညာဏ် မြင့်မားကြတဲ့ ဂြိုလ်သားများအကြောင်းလဲ အထောက်အထားများမှတစ်ဆင့် သိရှိလာကြရပြန်ပြါ...

စဖင့်

စဖင့် ---- ပိရမစ်နဲ့တွဲပြီး ခွဲမရအောင် ပူးတွဲနေတဲ့ အရာဟာ စဖင့် ရုပ်ထုများ ဖြစ်ပါတယ် ။ စဖင့်ဆိုတာက လူမျက်နှာကြီးဖြစ်တယ် ။ စဖင့်က ကျောက်တုံးကြီးတစ်တုံးကို ထွင်းထုထားတာဖြစ်ပြီး ပိရမစ်များနဲ့ များသောအားဖြစ် ယှဉ်တွဲလျက် ရှိနေကြပါတယ် ။ စဖင့်နဲ့ ပတ်သတ်တဲ့ အထောက်အထားများဟာ အင်မတန်မှ ရှားပါးလှပါတယ် ။ ၁၈ ကြိမ်မြောက် မင်းဆက်ဖြစ်တဲ့ နောက်ပိုင်းခေတ် ကြမှသာ စဖင့်အကြောင်း မှတ်တမ်းများကို တွေ့ရှိရတာ ဖြစ်ပါတယ် ။ အကြီးဆုံး စဖင့်ကြီးက သဲထဲမှာ နစ်မြှပ်နေရာကနေ ပြန်လည် တူးဖေါ်ထားတာ ဖြစ်တယ် ။ စဖင့်များဟာ ပရမစ်များ ဘုရားကျောင်းများအနီးမှာ အစောင့်အရှောက်သဘောနဲ့ တည်ထားကြတာဖြစ်ပြီး ဂီဇာအရပ်မှာရှိတဲ့ စဖင့်ကြီးကတော့ အကြီးဆုံးဖြစ်ကာ လေးထပ်တိုက် တစ်လုံးခန့် မြင့်မားကြောင်း ဆိုပါတယ် ။ စဖင့်ရုပ်ထုများအားလုံးဟာ နေထွက်ရာ အရပ်ကို မျက်နှာမူကြတာဖြစ်တယ် ။ စဖင့် ရုပ်ထုကြီးဟာ မူလ ထွင်းထုစဉ်က အချိုးအစား ပြေပြစ်လှပပြီး ကျက်သရေရှိတဲ့ မျက်နှာများ ရှိကြောင်း ဆိုပါတယ် ။ အခုချိန်မှာတော့ ရာသီဥတုဒဏ်နဲ့ လက်ဆော့သူများရဲ့ လက်ချက်ကြောင့် နှာခေါင်း ပါးစပ်များဟာ ပျက်ဆီးသွားခဲ့ရပါပြီ ။ စဖင့်ရဲ့ မျက်နှာ ဟာ အထူးသဖြင့် ဂီဇာအရပ်မှာရှိတဲ့ မ...

ခံလိုက်ရပြီပေါ့

ခံလိုက်ရပြီပေါ့ ! ----- ဒီလူဟာ အတော် ဦးနှောက်မကောင်းတာပဲ ။ ဒီလူဟာ အင်မတန် ဦးနှောက် ကြပ်မပြည့်တာဖြစ်နိုင်တယ်  စတဲ့ ဒီလို အလိုမတူတဲ့အခါ လူတွေ သုံးနှုန်းတက်ကြသော စကားများကို သိကြလိမ့်မှာဖြစ်ပါတယ် ။ ဒါပေမယ့် သင်တို့မသိတဲ့ စကားအသုံးအနှုန်းတစ်ခုကို သုံးစွဲခြင်း ခံလိုက်ရတဲ့အခါမှာတော့ သိနေတဲ့ အဓိပ္ပါယ် ပုံဖေါ်ချက်တွေက အတော်လေး ရှုပ်ထွေးသွားစေနိုင်မယ့် အရာတွေ ဖြစ်တက်ကြလေရဲ့ ။ တစ်ခါတစ်ခါ ကိုယ်မသိတဲ့အခါ ကြောင်တောင်တောင်ပင် နိုင်ခဲ့ရတဲ့ အခွင့်အခါများလည်း ကြုံဖူးကြပါလိမ့်မယ် ။  ဒီတစ်ခေါက်တော့ အလိုမတူတဲ့ တစ်ယောက်က အခြေအတင်ပြောနေကြရင်းနဲ့ ( မင်းဟာ အင်မတန် ညာဘက် ဦးနှောက် အစွန်းရောက်ပြီး ဘယ်ဘက်ဦးနှောက်က ပျက်နေတာပဲ ) လို့ ပြောခံလိုက်ရတဲ့ အခါမှာ ရူးလောက်တဲ့ စကားကို နားမလည်စွာ ကြောင်တောင်တောင် နိုင်ခဲ့ရပါတယ် ။ ဒီတော့ ဦးနှောက်အကြောင်းကို လေ့လာရပြီပေါ့ ။ သင်ဟာ လူ့ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး ဗဟုသုတ အနည်းငယ်ရှိလိမ့်မယ်ဆိုရင် ဦးနှောက်ဟာ နှစ်ခြမ်းစပ် တည်ရှိနေတယ်ဆိုတာကို သိနိုင်မှာဖြစ်တယ် ။ လူသားတို့ဦးနှောက်မှာ ဦးနှောက်ရဲ့ အရှေ့ဘက်မှသည် အနောက်ဘက် ရောက်တဲ့အထိ အစိတ်အပိုင်းနှစ်ခု ခွဲခြားထားသလို ဖြစ်ပေ...

ကဗာလာ မဟာဂန္ဓာရီဂိုဏ်း ပေါ်ပေါက်ပျံ့နှံ့ခြင်း

ကဗာလာ မဟာဂန္ဓာရီဂိုဏ်း ပေါ်ပေါက်ပျံ့နှံ့ခြင်း ! ----- ကမ္ဘာပေါ်မှာ လူပေါ်တဲ့အချိန်ကနေစပြီး ဘာသာတရားများ ပေါ်ပေါက်လာသလိုပဲ ဂန္ဓာရီပညာရှင်များလည်း ပေါ်ပေါက်လာခဲ့တယ် ။ အဲ့ဒီ့ ဘာသာရေးခေါင်းဆောင်တွေ တမန်တော်တွေ စတာတို့ဟာ ဂန္ဓာရီပညာရှင်တွေဖြစ်ကြတယ် ။ ကဗလာပညာဟာ အစ္စရေး လူမျိုးတို့ရဲ့ ရှေးဟောင်း ဟီးဘရူး ဘာသာဝင်တို့က စတင်ခဲ့တာလို့ ဒီလိုဆိုပါတယ် ။ အာဒမ်နဲ့ ဧဝတို့ရဲ့ အနွယ်တော် အီဗရာဟမ်ဟာ အီဂျစ်ကို ရောက်လာပြီးနောက် ကဗာလာဂန္ဓာရီပညာကို ဂျူးတို့အား လက်ဆင့် ကမ်းခဲ့တာ ဖြစ်တယ် ။ ကဗာလာဆိုတဲ့ ဝေါဟာရဟာ ဟီဘရူးဘာသာနဲ့ဆိုရင် ရှေးရိုးစဉ်လာလို့ အဓိပ္ပါယ်သက်ရောက်ပါတယ် ။ တမန်တော် မိုးဇက်လက်ထက်မှာ မိုးဇက်က ပထမဆုံး ကဗာလာဂန္ဓာရီပညာဂိုဏ်းဝင်တစ်ဦးဖြစ်ပြီးတော့ တပည့် ၇၀ ကို တစ်ဖန် လက်ဆင့်ကမ်းကာ ကဗာလာဂန္ဓာရီပညာကို တစ်ဆင့်တစ်ဆင့် လက်ဆင့်ကမ်းခဲ့ပြီး ခရစ်ယာန်ဘာသာပေါ်ထွန်းလာတဲ့အခါမှာ အနောက်နိုင်ငံများနဲ့တကွ အာရပ်လောကထိပါ ပျံ့နှံ့သွားခဲ့ပါတယ် ။ ခရစ်ယာန်ဘာသာရဲ့ အတွင်းလမ်းဖြစ်တဲ့ နော့ဆစ်ဂိုဏ်းကြီးကို ထူထောင်ခဲ့တဲ့ တီယာနာဟာ ကဗာလာပညာရှင်တစ်ဦးဖြစ်တယ် ။ ဒါကြောင့် ကဗာလာဂန္ဓာရီပညာသည် ခရစ်ယာန် နော့ဆစ်ဝါဒီနဲ့ ရိုဆီခရစ်ဆီယံဂိုဏ်းတို့ကနေမှတစ်ဆင့် ...

အီဂျစ် မဟာဂန္ဓာရီပညာ

အီဂျစ် မဟာဂန္ဓာရီပညာ ! ---- အီဂျစ်ဂန္ဓာရီပညာဟာ တစ်ကမ္ဘာလုံးမှာ အစောဆုံး ပေါ်ပေါက်လာတဲ့ ဂန္ဓာရီပညာဖြစ်ပါတယ် ။ ဟီဘရူး မဟာဂန္ဓာရီပညာဖြစ်တဲ့ ကဗာလာဂန္ဓာရီပညာပင်လျှင် အီဂျစ် ဂန္ဓာရီမှတစ်ဆင့် လက်ဆင့်ကမ်း ရရှိခဲ့တာဖြစ်တယ် ။ ကဗာလာပညာဟာ ကမ္ဘာပေါ်မှာ လူသိအများဆုံး ယခုထက်တိုင် တွင်ကျယ်ဆဲ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇ သိန်း ခန့်က ကမ္ဘာပေါ်မှာ အတ္တလန်တိတ် တိုက်ကြီးရှိပြီး အတ္တလန်တိယံ လူသားများ နေထိုင်ခဲ့ပါတယ် ။ ညာဏ်ပညာ အဆင့်အတန်း မြင့်မားရုံတာမက ဂန္ဓာရီ ပညာရပ်များပါ အထက်တန်း ကျကျ တက်မြောက်ထားသူတွေဖြစ်တယ်လို့ ပလေတိုက ရေးသားခဲ့တဲ့ အကြာင်းကို ပြုပြီး အတ္တလန်တိယံ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှု အနုပညာနဲ့ ဂန္ဓာရီပညာများကို စိတ်ဝင်စားလာကြပါတယ် ။ အခုခေတ်မှာတော့ ယခင်ခေတ်များထက် ပိုမိုစိတ်ဝင်စားလာရုံတာမက အတ္တလန်တိယံတို့နဲ့ ပတ်သတ်ပြီး ရေးသားထားတဲ့ စာအုပ်တွေပင် ထွက်ပေါ်လာပါပြီ ။ အချို့ အနောက်တိုင်း နိုင်ငံများမှာ အတ္တလန်တိယံ လူမျိုးများအကြောင်း လေ့လာဖို့ အတွက် အဖွဲ့အစည်းများကိုပင် ဖွဲ့စည်းဆောင်ရွက်နေကြပါတယ် ။ အခုခေတ် ဂန္ဓာရီပညာရှင်များကလည်း သူတို့ရဲ့ စိတ်စွမ်းအင်နဲ့ ရှေးဟောင်း အတ္တလန်တိယံ သမိုင်းနှင့် ဂန္ဓာရီပညာများကို လေ့လာကြက...

အတက်အကျများနဲ့ ခရီးသည်

အတက် အကျများနဲ့ ခရီးသည် ---- ကျွန်တော်တို့တွေဟာ တစ်ခါတစ်ရံမှာ အလိုလိုနေရင်း အကြောင်းအရင်း သေခြာမသိပဲ ပျော်ရွှင်နေတာတွေ စိတ်လက်ပေါ့ပါးလန်းဆန်းနေတာတွေ နဲ့ တစ်ခါတစ်ရံမှာတော့ စိတ်ဓါတ်ကျနေတက်တာမျိုးတွေ/ လေးလံနေတာမျိုးတွေအပြင် မလုပ်ချင် မကိုင်ချင် ဖြစ်နေတာမျိုးတွေ ကြုံဖူးပါလိမ့်မယ် ။ အဲ့ဒီလို တက်လိုက် ကျလိုက်ဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တွေးခေါ်မျှော်မြင်မှုပိုင်းဆိုင်ရာ ကိစ္စရပ်တွေဟာ ရောဂါတစ်စုံတစ်ရာကြောင့် ဖြစ်ပေါ်တာမျိုးမဟုတ်ပဲ သဘာဝအတိုင်း ရှိနေတဲ့ ဘိုင်အိုရစ်သမ် ခေါ် ဇီဝနရီ စည်းချက်များကြောင့် ဖြစ်တယ်ဆိုရင် ကျွန်တော်တို့တွေဟာ အံ့သြမိပါလိမ့်မယ် ။ မှန်ပါတယ် ။ ဒါဟာ တက်လိုက် ကျလိုက်ဖြစ်နေတဲ့ စိတ်ပိုင်းကို အကောင်းဆုံး သိပ္ပံက ထိုးဖေါက် စုံစမ်းလိုက်ခြင်းပါပဲ ။ ဒါပေမယ့် အဲ့ဒီ့ ဘိုင်အိုရီသမ် ခေါ် ဇီဝနရီစည်းချက်ကို သိပ္ပံနည်းကျ အတည်ပြုသေးခြင်းတော့ မရှိသေးပါဘူး ။ သို့ပေမယ့်လည်း သိပ္ပံပညာရှင်များနဲ့ ပညာတက် အသိုင်းအဝိုင်းများမှာ ဒီသီအိုရီကို လက်ခံထားပြီး ဖြစ်ပါတယ် ။ ဒီအယူအဆ ပေါ်ပေါက်ခဲ့တာကတော့ အခုမှ စတင်ခဲ့တာ မဟုတ်ပါဘူး ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ခန့်က ဂရိလူုမျိုးတို့ဟာ လူ့ကိုယ်ခန္ဓာမှာ ...

မီးကိုမြင်တိုင်း သနားကြင်နာပါ

မီးကိုမြင်တိုင်း သနားကြင်နာပါ ----- ဂရိလူမျိုးတို့ရဲ့ ဖန်ဆင်းရှင်အယူအဆက အင်မတန် စိတ်ဝင်စားစရာပါပဲ ။ များသောအားဖြင့် ဖန်ဆင်းရှင်အကြောင်းအရာများနဲ့ ပတ်သတ်တဲ့အခါ သိပြီးရင်းဖြစ်တဲ့ ဘာသာကြီး လေး ဘာသာက အကြောင်းအရာများပဲ ထိတွေ့လာခဲ့ကြပါတယ် ။ ဒီတစ်ခေါက်ကတော့ တစ်မူထူးခြားတဲ့ သုတစာတိုလေးဖြစ်အောင် ဖန်ဆင်းရှင်ကို ရှိရင်းဘာသာကြီးများထဲကမဟုတ်ပဲ ဂရိလူမျိုးများရဲ့ ယုံကြည်ရာ အကြောင်းလေးကို ထုတ်ဖေါ်ပေးမှာဖြစ်တယ် ။ ဂရိတို့ရဲ့ ဖန်ဆင်းရှင်အယူအဆလေးကို ပြောရမယ်ဆိုရင် အစပထမတုန်းက ပိန်းပိတ်အောင် မှောင်နေတဲ့ ဟင်းလင်းပြင်ကြီးမှာ တစ်ခုတည်းသော သက်ရှိတာရှိပြီး အခြားဘယ်အရာမှ မရှိခဲ့ပါဘူး ။ အဲ့ဒီ့ တစ်ခုတည်းသော သက်ရှိမှာလည်း အနက်ရောင် အတောင်ပျံများရှိကာ အလွန်ကို ကြီးမားတဲ့ နစ်စ် ခေါ် ငှက်ကြီးတစ်ကောင်ဖြစ်တယ် ။ တစ်နေ့မှာတော့ အဲ့ဒီ့ငှက်ကြီးဟာ အလွန်ကြီးမားတဲ့ ရွှေဥကြီးတစ်လုံးကို ဥချခဲ့တယ်လို့ ဆိုပါတယ် ။ နောက်ပြီး အဲ့ဒီ့ဥကို နှစ်ပေါင်းများစွာ ဝပ်နေခဲ့တယ် ။ နောက်ဆုံးမှာတော့ ယင်းဥကြီးဟာ လှုပ်ရှားလာပြီး အီးရိုးစ် အမည်ရှိတဲ့ အချစ်နတ်ဘုရားတစ်ပါး မွေးဖွါးလာခဲ့လေတယ် ။ ဒါ့အပြင် ကွဲသွားတဲ့ ဥကြီးရဲ့ အပ်ါခြမ်းဟာ လေထဲကို မြောက်တက်သွား...

ကံကောင်းလို့ပါတဲ့ !

ကံကောင်းလို့ပါတဲ့ ! ------ သင်ဟာ ကြီးကျယ်ထင်ရှားတဲ့ သိပ္ပံရှာဖွေမှုတစ်ရပ်ကို အမှတ်မထင် ကံကောင်းထောက်မစွာ တွေ့ရှိခဲ့တယ်လို့ ပြောသံကြားလိုက်တဲ့အခါ ဘယ်လို မှတ်ချက် ချမိပါမလဲ ။ ဒီလို အပြောမျိုးကိုရော သိပ္ပံပညာရှင်တွေ သုံးလေ့ရှိပါ့မလားလို့ သင် တွေးထင်ကောင်း ထင်မိပါလိမ့်မယ် ။ သို့သော် သင် လက်ခံရမှာက သိပ္ပံပညာရှင် အလက်ဇန္ဒားဖလင်းမင်းကတော့ သူ့ကိုယ်သူ နှိမ့်ချကာ သူ့ရဲ့ ကြိုးပမ်းမှုများအားလုံးအတွက် မာန်မာနမရှိပဲ ဒီလို စကားမျိုး သုံးနှုန်းလိုက်ပါတယ် ။ ( ဒီ တွေ့ရှိမှုဟာ ကံကောင်းထောက်မစွာ အမှတ်မထင် တွေ့ရှိလိုက်တာပါ ) တဲ့ ။ ခေတ်အဆက်ဆက် အကြီးကျယ်ဆုံး အသက်ကယ်ဆေးတွေထဲက တစ်ခုကို ရှာဖွေဖေါ်ထုတ်ပြီး တိုးတက်အောင် လုပ်နိုင်ခဲ့တာဟာ ကံကောင်းလို့ဆိုတာထက် အများချည်း ပိုပါတယ် ။ နှစ်ပေါင်းများစွာ သိပ္ပံဆိုင်ရာ အလေ့အကျင့်တွေ စိတ်ကူးစိတ်သန်းတွေနဲ့ သိလိုစိတ် ပြင်းပြမှုတွေဟာ တွေ့ရှိမှုတိုင်းရဲ့ နောက်ကွယ်မှာ ဒုနဲ့ဒေး ပါဝင်ပါတယ် ။ အနည်းငယ် ဘတ်တီးရီးယားတွေဟာ လူသားတွေအတွက် အကျိုးပြုသော်ငှားလည်း အများစုကတော့ အန္တရာယ်ကောင်တွေပါ ။ ဆုံဆို့နာရောဂါ / အူရောင်ငန်းဖျား / နမိုးနီးယားနဲ့ အဆုတ်ရောဂါလို ရောဂါမျိုးတွေဟာ ဘက်တီးရီးယားကြောင့်ြ...

မျိုးရိုးဗီဇဆိုတာ

မျိုးရိုးဗီဇဆိုတာ ---- တစ်စုံတစ်ယောက်က သင့်ကို အမေတူ နှာတံရှိတယ် ဒါမှမဟုတ် မျက်လုံးက အဖေနဲ့ ချွတ်စွတ် စတဲ့ စကားလုံးတွေနဲ့ ပြောဆိုခြင်း ခံခဲ့ဖူးပါသလား ။ မိဘတွေ အဘိုးအဘွားတွေထံက တစ်ချို့သော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ သူတို့ သားသမီး မြေးမြစ်ဆီ မကြာခဏ မျိုးရိုးဗီဇ ပါလာတက်ကြပါတယ် ။ ဆံပင်ကောက်ကောက်နဲ့ အမျိုးသားတစ်ဦးမှာ သူ့လို ဆံပင်ကောက်တဲ့ သမီးလေးတစ်ယောက် ရှိနေနိုင်တယ်မဟုတ်ပါလား ။ တကယ်လို့ သင့်မိဘ နှစ်ဦးစလုံး မျက်စံညိုသူတွေဖြစ်ခဲ့ရင် သင်လည်း မျက်စံညိုသူတစ်ယောက် ဖြစ်နိုင်ပါတယ် ။ တချို့သော ရုပ်လက္ခဏာတွေ သင့်မှာ ဗီဇ ပါလာနိုင်ပါတယ် ။ ဒီလို မျိုးရိုးလိုက်တာကို လေ့လာတဲ့ သိပ္ပံဘာသာရပ်ကတော့ ( Ge-netics ) လို့ ခေါ်ပါတယ် ။ မျိုးရိုးလိုက်တာကို သိပ္ပံနည်းကျ ပထမဆုံး လေ့လာခဲ့သူဟာ ဂရီဂေါဂျိုဟန်မန်ဒယ် ဖြစ်တယ် ။ သူဟာ ရွှင်ပြပြဝဖိုင့်ဖိုင့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးပါ ။ မျိုးရိုးဆက်ခံခြင်း ပဟေဠိတွေကို ဖြေရှင်းနိုင်မဲ့ နိယာမတွေကို ပထမဆုံး အုတ်မြစ်ချပေးခဲ့တဲ့ သိပ္ပံပညာရှင်ဖြစ်တယ် ။ သူ့ နိယာမတွေဟာ မျိုးရိုးဗီဇ သိပ္ပံပညာရဲ့ တာထွက်အစလို့ ဆိုနိုင်ပါတယ် ။ ထူးဆန်းတယ်လို့ ဆိုရမှာကတော့ ဘုန်းတော်ကြီးမန်ဒယ်ကို မျိုးရိုးလ...

ဇာတိပေါ်လာတာနဲ့ ဒုက္ခဆင်းရဲဆိုတာ ဘာလဲ မိတ်ဆွေ ?

ဇာတိပေါ်လာတာနဲ့ ဒုက္ခဆင်းရဲဆိုတာ ဘာလဲ မိတ်ဆွေ ? ----- ကမ္မဆိုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ က ဘဝသစ်ဖြစ်ခြင်း = ဇာတိဆိုတဲ့အကျိုးကို ဖြစ်ပေါ်စေတာမှာ ကံများစွာရှိနေရင် ဘယ်လို ကံက အကျိုးပေးတယ်ဆိုတာကို ပြောရမှာဖြစ်တယ် ။ အဲ့ဒီ့ကံက ဘယ်လိုဖြစ်လာတာလဲလို့ မေးမယ်ဆိုပါတော့ ။ အဲ့ဒါက သင်္ခါရ ပစ္စယာ ဝိညာဏံ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုတာမှာ သေခါနီးက ကံ ကမ္မနိမိတ် ဂတိနိမိတ် ထင်စေတယ် ။ အဲ့ဒီ့ အာရုံနိမိတ်ကို စွဲလမ်းနေရင်း နောက်ဆုံး စုတိစိတ်နဲ့ စိတ်အစဉ် ပြတ်ပြီး သေသွားတဲ့အခါ အဲ့ဒီ့ စွဲလမ်းခဲ့တဲ့ အာရုံနိမိတ်ကိုပဲ စွဲမှီ အာရုံပြုကာ ဘဝသစ် ဝိညာဏ် ဖြစ်သွားရပါတယ် ။ အဲ့ဒီ့စိတ်နဲ့အတူ ကမ္မဇရုပ်တွေလဲ ဖြစ်တယ် ။ အဲ့ဒီ့ ရုပ်နာမ် ခန္ဓာတွေနဲ့ ရှေးဦးစွာ ဖြစ်ပေါ်မှုကို ဘဝအသစ် ဖြစ်ပေါ်စေရတာလို့ ဒီလိုဆိုတာဖြစ်တယ် ။ အဲ့ဒီ့နောက် အာရုံခြောက်မျိုး - အကောင်းနဲ့ အဆိုးကို ခံစားလို့ရတဲ့ တပ်မက်သာယာတဲ့ တဏှာ ခြောက်ပါး ဖြစ်ပေါ်လာတယ် ။ အဲ့ဒီ့ တဏှာက ရင့်လာတော့ စွဲလမ်းမှု ဥပါဒါန်ဖြစ်လာတယ် ။ မရသေးတာကို ရအောင် ရပြီးတာတွေလည်း မပျောက်ပျက်ရအောင် မခွဲမခွါရအောင် သတ်မှတ်မှဘဲ လိမ်မှပဲ ကုန်းတိုက်မှပဲ စတာတွေနဲ့ မှားမှား ယွင်းယွင်း စွဲလမ်းတယ် ။ ကုသိုလ်ပြုမှပဲ ဒါနပြု...

အရှိတရားနဲ့ အဖြစ်တရား

အရှိတရားနဲ့ အဖြစ်တရား ---- မြတ်စွာဘုရားက ( ဖြစ်ခြင်းသဘောမရှိတဲ့ တရားဟာ ရှိတယ် ) ဘာလဲဆို နိဗ္ဗာန်တဲ့ ။ ဒါကြောင့် နိဗ္ဗာန်ကို အရှိတရားလို့ ပြောရင် ရတယ် ။ နိဗ္ဗာန်ကို ဘယ်အကြောင်းက ထုတ်လုပ်တယ်လို့ အကြောင်းတရားရှာပြီး ပြောစရာ မလိုဘူး ။ နိဗ္ဗာန်ကို ထုတ်လုပ်တဲ့ အကြောင်းရယ်လို့ မရှိဘူး ။ သို့သော် နိဗ္ဗာန်ကို ရောက်စေတက်တဲ့ အကြောင်းတော့ ရှိတယ် ။ ဒါနကောင်းမှုလုပ်တယ် ။ သီလစောင့်တည်တယ် ။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်တယ် ။ ဒါတွေက နိဗ္ဗာန်ကို ရောက်စေတက်တဲ့ အကြောင်းတရားတွေပဲ ။ သို့သော် ဒီအကြောင်းတရားတွေက နိဗ္ဗာန်ကို ဖန်တီးတဲ့ အကြောင်းတရားတွေ မဟုတ်ဘူး ။ ဒါကြောင့် နိဗ္ဗာန်သည် အရှိတရား / ထာဝရရှိနေတဲ့ အရှိတရားပဲ ။ အဲ့ဒါကြောင့်မို့ ( အ,ဇာတ ) အဖြစ်တရား မဟုတ်ဘူး အရှိတရားလို့ ပြောတာ ။ ဘာကြောင့်လဲဆိုတော့ မီးငြိမ်းနေတာကို ကြည့်မယ်ဆိုရင် ငြိမ်းအေးမှုဆိုတာ မီးမရှိမှုကို ပြောတာ ။ မီးမရှိတဲ့ နေရာတိုင်းကို ငြိမ်းအေးတယ်လို့ ပြောလို့ ရသလား ။ မီးတောက်ပြီးတဲ့ နေရာမှာ အဲ့ဒီ့ မီးတောက်လေး ငြိမ်းသွားမှ အငြိမ်းလို့ ပြောလို့ရတာ ။ သို့သော် ငြိမ်းတယ်ဆိုတာ မရှိဘူးလားဆိုတော့ ရှိတယ် ။ အမြဲတမ်း ရှိတဲ့ အရာတစ်ခု ။ ငြိမ်းအေးတယ်ဆိုတဲ့ သဘာဝက အ...

အာရုံဆိုတာ ဘာကိုပြောတာလည်း ?

အာရုံဆိုတာ ဘာကို ပြောတာပါလဲ ? ---- အာရုံဆိုတဲ့စကားက ပါဠိသက် ဝေါဟာရပါ ။ ပါဠိက ( အာရမ္မဏ ) / (အာ) ဆိုတာ လာရောက်ပြီး ( ရမ္မဏ) ပျော်မွေ့တယ်ဆိုတဲ့ အဓိပ္ပါယ် ။ ပျော်မွေ့နေကြတယ် ။ အာရုံရှိရာကကိုသွားပြီး ပျော်မွေ့နေကြတယ် ။ သို့သော်လည်း ဒါဟာ တင်စားပြီးပြောတဲ့ စကားလုံးတွေ ဖြစ်ပါတယ် ။ အရပ်ထဲမှာလည်း ဒီလိုပဲ ပြောတာပါပဲ ။ တကယ်တော့ စိတ်က အာရုံဘက်ကို ထွက်သွားပြီး ပျော်မွေ့နေတာ မဟုတ်ဘူး ။ စိတ်က အာရုံကို တွေးနေတာဟာ ပျော်နေတာပဲ ။ ကောင်းတဲ့ အာရုံပဲ ဖြစ်ဖြစ် မကောင်းတဲ့ အာရုံပဲဖြစ်ဖြစ် အာရုံဆီ စိတ်ရောက်နေတာကို ပြောတာ ။ ဆိုပါစို့ - လူတစ်ယောက်ဟာ တစ်ခုခုကို မြင်ပြီးရင် စိတ်က အဲ့ဒီ့ မြင်ထားတဲ့ အာရုံဆီကို ရောက်မနေဘူးလား ? ။ အသံလေးတစ်သံ ကြားလိုက်လို့ရှိရင် ကြားလိုက်တဲ့ အသံအပေါ် အတွေးတွေ ရောက်သွားတာပါပဲ ။ ( စိတ်ကလေး လာရောက်ပြီး ပျော်မွေ့စရာ / လာရောက်ပြီး ကျတ်စားစရာ ) ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဖွင့်ဆိုတာ ။ တကယ်စိတ်က ထွက်သွားပြီး အာရုံဆီ သွားနေတာတော့ မဟုတ်ဘူးပေါ့ ။ သို့သော် စိတ်နဲ့ အာရုံက တွေ့မနေဘူးလား ။ မျက်စိနဲ့ အဆင်းအာရုံလေး ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ကလေး ပေါ်လာတယ် ။ အဲ့ဒီ့ စိတ်ကလေး ဘယ်သူနဲ့ အလုပ် လုပ်လည်းဆိုရင် မ...

ပဋ္ဌာန်းရဲ့ အဓိပ္ပါယ်

ပဋ္ဌာန်းရဲ့ အဓိပ္ပါယ် ---- ဒီနေရာမှာ ( ပဋ္ဌာန) ကို အဓိပ္ပါယ်မပြန်ပဲ ပဋ္ဌာန ဆိုတဲ့ စကားလုံးအတိုင်းပဲ ( ပဋ္ဌာန်း) လို့ ခေါ်နေကြတယ် ။ အဲ့ဒီ့တော့ ပဋ္ဌာနရဲ့ အဓိပ္ပါယ်က ဘာလဲ ? ။ Literal meaning ကို သိဖို့ လိုတာပေါ့ ။ ပဋ္ဌာန မှာ ပ ရဲ့ အဓိပ္ပါယ်က အမျိုးမျိုးလို့ ဆိုလိုတာ ။ ဋ္ဌာန က အကြောင်းတရား ။ အမျိုးမျိုးသော အကြောင်းတရားကို ပဋ္ဌာနလို့ ခေါ်တယ် ။ အဲ့ဒီ့ အကြောင်း အမျိုးမျိုးကို ရှင်းလင်းပြတဲ့ ဒေသနာတော်ကြီးကိုလည်း ပဋ္ဌာန - (ပဋ္ဌာန်း) လို့ ခေါ်တယ် ။ ဒါက အဓိပ္ပါယ်တစ်မျိုးနဲ့ ဖွင့်ဆိုချက်ဖြစ်တယ် ။ နောက်တစ်မျိုးက ပဋ္ဌာန ဆိုတာ ဝိဘဇန - ခွဲခြမ်းစိတ်ဖြာ ကြည့်ရှုခြင်း ဆိုတဲ့ အဓိပ္ပါယ် ရတယ် ။ မြတ်စွာဘုရားက အရာခပ်သိမ်းကို ခွဲခြမ်းစိတ်ဖြာပြီး ဟောကြာလေ့ရှိတယ် ။ သာမန်ပုဂ္ဂိုလ်တွေက ကြည့်လိုက်မယ်ဆိုရင် တစ်ခုလို့ပဲမြင်ကြတယ် ။ ဘာဖြစ်လို့လဲ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမရှိလို့ ။ ကြည့်လေ သာမန်ပုဂ္ဂိုလ်တွေက ရေလို့ပဲသိတယ် ။ သိပ္ပံပညာရှင်ကျတော့ H2O လို့ ပြောကြတယ် ။ ဟော ! ရေထဲမှာ ဖွဲ့စည်းထားတဲ့ အရာ နှစ်ခုကို တွေ့တာ ။ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင် ပေါင်းထားတာ ။ ရေဆိုတာ h2o လို့ ပြောကြတယ် ။ ဒါ စမ်းကြည့်လို့ သိတာ ။ မြတ်စွာဘုရားက ရေ ဆိုတာကို ရုပ် ၈ ခုနဲ့ ခ...

မာနရှိနေသူဆီမှာ ခိုလုံခွင့် မရှိဘူး ။ 

မာနရှိနေသူဆီမှာ ခိုလုံခွင့် မရှိဘူး ။ ----- ဗုဒ္ဓဂေါတမမြတ်စွာဘုရားဟောတဲ့ မေတ္တာတရားက အခြေခံအနေနဲ့ လူတို့ရဲ့ ချစ်စိတ်နှင့် သိသိသာသာကွဲပြားလှပါတယ် ။ အဓိက ကွာခြားချက်က အတ္တမာနက ဦးဆောင်ပြီး မေတ္တာတရားမှာ အတ္တမာန လုံးဝကင်းတဲ့တရားဖြစ်တယ် ။ ပိဋကတ်စာပေမှာ သူတစ်ပါးထက် မြတ်တယ် ဆိုပြီးတော့ဖြစ်စေ / သူတစ်ပါးနဲ့ တန်းတူဆိုပြီးတော့ ဖြစ်စေ / သူတစ်ပါးအောက် နိမ့်တယ်ဆိုပြီးတော့ဖြစ်စေ ထင်မြင်မှု သုံးမျိုးစလုံးကို မာနအနေနဲ့ ဖေါ်ပြထားပါတယ် ။ တစ်နည်းဆိုရမယ်ဆိုရင် အတ္တစွဲနဲ့ မိမိကိုယ်ကို သူတစ်ပါးနဲ့ ခွဲခြားနှိုင်းယှဉ်မှုများဟာ မာနတွေဖြစ်တယ် ။ အတ္တစွဲနဲ့ ငါ သူတစ်ပါး ခွဲခြားလိုတဲ့သူဟာ အတ္တစွဲ နယ်နိမိတ် သတ်မှတ်ချက်မရှိကာ ကျယ်ပြန့်တဲ့ မေတ္တာတရား မွေးမြူနိုင်လိမ့်မှာ မဟုတ်ပါဘူး ။ သူတစ်ပါးထက် မြတ်တယ်ဆိုတဲ့ အစွဲနဲ့ စိတ်ဓါတ် မောက်မာသူ တန်းတူဖြစ်တယ်ဆိုတဲ့ အစွဲနဲ့ ထောင်လွှားတဲ့ သူနဲ့ နှိမ့်ကျတယ်ဆိုတဲ့ စိတ်ဓါတ်နုံဖျင်းတဲ့ သူတွေဟာ ကျွန်ပ်တို့အား သာယာအေးမြတဲ့ မေတ္တာရိပ့်ခိုလုံခွင့် ပေးစွမ်းနိုင်လိမ့်မှာမဟုတ်ပါဘူး ။ လူ အချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာ အတ္တမာန သုံးမျိုးရှိတယ် ။ အဲ့ဒါတွေက စိုးမိုးလိုတာကတစ်ခု / တုပ ပြိုင်ဆိုင်လိုတာကတစ်...

ဂိုဏ်းကွဲခြင်း ( ခရစ်ယာန် )

ဂိုဏ်းကွဲခြင်း ( ခရစ်ယာန် ) ------------- တပည့်တော်ကြီး ၁၂ ဦးတို့အနက် ရှိမှန်သည် ယေရှုသခင်ကို ခရစ်တော်ဖြစ်ကြောင်း ဦးစွာ သိမြင်ခဲ့သူဖြစ်သည် ။ ယေရှုက ရှိမှန်ကို ပေတရု အမည်သို့ ပြောင်းစေကာ တပည့်တော်ကြီးများအနက် အကြီးအမှူးအရာကို ပေးသည် ။ ပေတရုသည် ခရစ်တော်ကို ငြင်းပယ်ခဲ့သူပင် ဖြစ်သော်လည်း အခြားတပည့်တော်ကြီးများကို အုပ်ချုပ်မည့်သူအဖြင့် ခန့်အပ်ခဲ့သည် ။ ယေရှုခရစ်တော်၏ နောက်ဆုံး ညစာစားပွဲတွင် တပည့်တော်ကြီးများအား ခရစ်ယာန်ဘာသာ ပျံ့ပွားရေးကို ဆောင်ရွတ်စေရန်အတွက် ဂိုဏ်းအုပ်များအဖြင့် သိက္ခာတင်ပေးခဲ့သည် ။ ခရစ်တော် ကောင်းကင်ဘုံသို့ တက်သွားပြီးနောက် ၉ ရက်မျှ ဂျေရုစလင်မြို့တွင် နေထိုင်ကြပြီး တပည့်တော်တို့သည် ခရစ်ယာန်ဘာသာ သာသနာပြုရန် ထွက်သွားကြလေသည် ။ တပည့်တော်ကြီး ပေတရုသည်လည်း ရောမမြို့သို့ သွားရောက်၍ ရောမမြို့၏ ပထမဦးဆုံးသော ဂိုဏ်းအုပ်အဖြစ်ဖြင့် သာသနာပြုလေသည် ။ ခရစ်သက္ကရာဇ် ၆၄ သို့မဟုတ် ၆၇ ခုနှစ်တွင် နီရိုးဘုရင်လက်ထက် ရှင်ပေတရုမှာ ကွပ်မျက်ခြင်းကို ခံလိုက်ရသည် ။ ထိုအချိန်တွင် ခရစ်ယာန်ဘာသာကို အခြားဘာသာများကဲ့သို့ တရားဝင်ကိုးကွယ်ခွင့်မရရှိသေးပေ ။ ရှင်ပေတရု၏ နေရာကို ပထမဦးဆုံး ဆက်ခံသောသူမှာ လိနပ်ဖြစ်ပြ...