၁၀ ။ ကမ္ဘာဦး လူသားတို့၏ ပထမဆုံး အက !
-----
ဤ ကျွန်တော်တို့၏ ရှေးအကျဆုံး အနွယ်များသည် သားငါးရှာဖွေ စားသောက်သည့် မုဆိုးများသာ ဖြစ်လေသည် ။ သားရိုင်းကို အစာအလို့ငှာ သတ်ဖြတ်ရခြင်း ဖြစ်သည် ။ သို့မဟုတ်လျှင် သားရိုင်းတိရစ္ဆာန်တို့က သူတို့ကို သတ်ဖြတ်ပေလိမ့်မည် ။
တစ်ချိန်ကဆိုလျှင် အမဲလိုက်ရာတွင် သူတို့သည် လက်နှင့် ပါးစပ်က သွားများကိုသာ အသုံးချခဲ့ကြသည် ။ ထို့နောက် ရဲတင်းများနှင့် အခြားလက်နက်ကိရိယာများကို လုပ်ကိုင်လာကြသည် ။
သို့ရာတွင် တစ်ချိန်တည်းမှာပင် သူတို့သည် လျှို့ဝှက်သော လက်နက်တစ်မျိုးတို့ တီထွင် ခဲ့ဟန် တူသည် ။
ယင်းမှာ သူတို့ လိုက်လံသတ်ဖြတ်မည့် အမဲကောင်၏သားရေများ ၊ အမွေးအမှင်များကို ဝတ်ဆင်ခြင်းပင်ဖြစ်သည် ။ ဤသို့ ဝတ်ဆင် ခြင်းဖြင့် သူတို့သည် အင်အားကြီးမားလာသည်ဟု ယူဆကြဟန် (ဝါ) အမဲကောင်များ အမှတ်တမဲ့ မမြင်နိုင်ရန် တူသည် ။
တစ်ကြောင်းမှာလည်း တစ်စုံတစ်ခုကို တုပလျှင် ယင်း တစ်စုံတစ်ခုကို လွှမ်းမိုးအောင်မြင်နိုင်သည့် သတ္တိထူးလာသည်ဟု ထင်မှတ်ကြခြင်းပင်ဖြစ်သည် ။
ထို့ကြောင့် သူတို့သည် အမဲလိုက်မထွက်မီ သဏ္ဌာန်လုပ် သရုပ်နှင့် တူအောင် အမဲလိုက်ခန်းကို ဇာတ်တိုက်ခြင်းတစ်မျိုး ကျင်းပသည် ။
တချို့က အမဲလိုက်မုဆိုး နေရာတွင် ကပြသည် ။ အချို့က အမဲကောင် ဟန်ဆောင်ကာ ကပြသည် ။
ဤသို့ ကြိုတင်ဇာတ်တိုက်ရာတွင် အမဲလိုက်သူတို့ကသာ အမြဲ အနိုင်ရသည် ။
တကယ့်သားကောင် အစစ်သည် ဤနည်းဖြင့် ဓါက်ရိုက် မန်းမှုတ် ခြင်းကြောင့် အနည်းငယ်မျှ ထိခိုက်မည်မဟုတ် ။ သို့ရာတွင် ကျွန်တော်တို့၏ အနွယ်ဖြစ်သော အမွေးအမျှင်ထူထဲသည့် လူအား များစွာ နှစ်ထောင်းအားရ ရှိလေသည် ။
တကယ်အမဲလိုက်ရာတွင် သားရိုင်းတိရိစ္ဆာန်ကို ဖမ်းဆီးသတ်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်စပြုလာသည် ။
ယုံကြည်ခြင်းသည် စစ်ပွဲ တစ်ဝက် နိုင်သည် မဟုတ်လား ။
ကာလအတန်ကြာသောအခါ ဤသို့ အမဲလိုက် ဇာတ်တိုက်ခြင်းသည် အလေ့အထတစ်ခု ဖြစ်လာသည် ။
အမဲလိုက်ခန်း ကျင်းပသည့်အခါ အမူအရာ လှုပ်ရှားပုံ ၊ အသံအော်ဟစ် မြည်ကြွေးပုံတို့သည် သရုပ် တူလာလေသည် ။ သရုပ်ဖော်ကောင်းလာသည် ဆိုရငြားလည်း တကယ့်အမဲလိုက်ပုံနှင့် ထပ်တူထပ်မျှ တစ်သဝေမတိမ်းတူအောင် ကပြကြသည် မဟုတ် ။
တကယ်အမဲလိုက်ပုံနှင့် တူနိုင်သမျှတူအောင် သူတို့နည်းနှင့်သူတို့ တီတွင် ဖန်တီး ကပြခြင်းသာ ဖြစ်သည် ။
ဤသို့ ဂါထာမန္တရား ရွတ်ဖတ်ခြင်း ၊ တုပခြင်း စသည်တို့သည် နှောင်းခေတ်များတိုင်အောင် တည်တံ့ကျန်ရစ်ခဲ့သည် ။
တစ်ဖန် ထိုလူရိုင်တို့သည် တစ်စုံတစ်ခု ပြုလုပ်ဆောင်ရွက်ရန် ရှိလာလျှင် ပွဲမဝင်ခင် အပြင်က ကျင်းပ ဆိုသကဲ့သို့ ဇာတ်တိုက်ခြင်း လုပ်လေ့လုပ်ထရှိလာကြသည် ။ နောင်သော် အလေ့အထ ဖြစ်လာသည် ။
ဥပမာဆိုလျှင် လယ်ယာ၌ ကောက်စေ့ကို စိုက်ပျိုးမည် ဆိုပါစို့ ။ ထိုအခါ ပြေးလွှားခုန်ပေါက်လျက် လည်းကောင်း ကခုန်မြူးထူးလျက်လည်းကောင်း ဂါထာမန္တရား ရွတ်ဖတ်ကြသည် ။
သူတို့ရွတ်ဖတ်သည်တွင် ကောက်ပင်အောင်ဖို့ မိုးရွာစေရန် မိုးခေါ်ခြင်း ၊ ကောက်ပင် ပေါက်လာစေရန် နေပူခိုင်းခြင်းတို့ ပါဝင်လေသည် ။
သူတို့စိတ်ထဲတွင် သူတို့ ဝန်းကျင်ရှိ အရာရာသည် သူတို့ အသက်ရှင်နေသကဲ့သို့ပင် အသက်ရှင် ကြသည်ဟု ထင်မြင်ယုံကြည်နေကြဟန်တူသည် ။
အရာရာတိုင်းတွင်လည်း ဝိညာဥ်တစ်ခုခု တွယ်ကပ်နေသည်ဟု ထင်ကြသည် ။
အိန္ဒိယ ရှေးဟောင်း ကျမ်းစာဖြစ်သော ဗေဒကျမ်းစာများတွင် အိန္ဒြဟုခေါ်သော မိုးကြိုးနတ်မင်း ၊ သူရိယဟု ခေါ်သော နေနတ်သား ၊ ရုန္ဒြဟုခေါ်သော မုန်တိုင်းနက်မင်းတို့ ရှိကြောင်း တွေ့ရသည် ။
မြစ် ၊ သစ်ပင် ၊ တောင် ၊ တိရစ္ဆာန် စသည်တို့တွင်လည်း မြစ်စောင့်နတ် ၊ သစ်ပင်စောင့်နတ် ၊ တောင်စောင့်နတ် စသည်တို့ ရှိသည်ဟု ဆိုလေသည် ။
ဤနည်းအတိုင်းပင် ကျွန်တော်တို့သည် ပုံပြင်များတွင် နတ်သမီး နတ်သားများအကြောင်း ၊ အနန္တတန်ခိုးတော်ရှင်များအကြောင်း ၊ မကောင်းဆိုးဝါး နတ်ဆိုးများ မာရ်နတ်များအကြောင်း ၊ တစ္ဆေသရဲတို့အကြောင်းကို ပြောဆိုကြလေသည် ။
အမှန်စင်စစ် ဂါထာမန္တရား ရွတ်ဆိုခြင်းသည် အက ၊ ဂီတ ၊ ဇာတ်သဘင် ၊ ကဗျာ ၊ သီချင်း ၊ ပန်းချီ ၊ ပန်းပု စသော အနုပညာအားလုံး၏ အစ ဦး မြစ်ဖျားခံရာ ဖြစ်ပေသည် ။
ယင်းတို့အနက် ကခုန်ခြင်းသည် အနုပညာအားလုံး၏ မိခင်ဖြစ်လေသည် ။
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment