ပိုက်သာဂိုရပ်စ်နှင့် ဂန္ဓါရီပညာ
-----
ပိုက်သာဂိုရပ်စ်သည် ဂန္ဓါရီပညာသည် တစ်ဦးဖြစ်သည် ။ သူလေ့လာသင်ကြားခဲ့ရသော ဂန္ဓာရီပညာ နည်းပညာများနှင့် အားပေးခဲ့သော ဆရာနှင့် သင်ကြားခဲ့ရာတွင် တိုင်းပြည်များသာလျှင် ခြားနားကွဲပြားခဲ့ သော်လည်း ယင်းဆရာများနှင့် ဂန္ဓာရီပညာ၏ အနှစ်သာရ အတွေးအယူမှာ ရှမ်ဗဲလားဆရာမြတ်တို့ ချမှတ်ပေးခဲ့သော မဟာဂန္ဓာရီဒဿနသာလျှင် အခြေခံဖြစ်သည် ။
အိန္ဒိယပြည်တွင်ဖြစ်စေ ၊ အီဂျစ်ပြည်တွင်ဖြစ်စေ ၊ ဘေဘီလုံတွင် ဖြစ်စေ လေ့လာခဲ့ရသော မဟာဂန္ဓာရီပညာ၏ အခြေခံမှာ တစ်မျိုးတည်း တစ်ခုတည်းပင် ဖြစ်သည် ။
ဧကော ( တစ် ) ဓာတ်ကြီး တစ်ခုတည်းသာလျှင် မူလအစ ပထမဆုံး ရှိခဲ့သော အရာဖြစ်သည် ။ ဒဿနပညာရှင်များက ကြွင်းမဲ့ဥဿုံ အလုံးစုံ မှန်ကန်သော သစ္စာတရား ကိုယ်ကြီးဟု ဓမ္မဓိဋ္ဌာန်ရည်ညွှန်းပြီး ဘာသာရေးနှင့် မဟာဂန္ဓာရီတို့က ပရမတ္ထဓာတ်ဘုရား ကြီးဟု ပုဂ္ဂလဓိဋ္ဌာန် ရည်ညွှန်းသောအရာဖြစ်သည် ။
ယင်းဧကောဓာတ်ကြီးမှ ယင်း၏ စွမ်းအင်တန်ခိုးများဖြင့် မိမိ၏ မိတ္တူကို ဖန်တီးလိုက်သောအခါ ဧကော ( တစ် ) မှ ဒွိ ( နှစ် ) ဖြစ်လာပြီး စွမ်းအင်တို့သဘာဝအတိုင်း မူလစွမ်းအင်သည် ယင်းဓာတ်ဖြစ်ပြီး ဒုတိယ မိတ္တူစွမ်းအင်သည် ယန်ဖြစ်လာသည် ။
တစ်နည်းအားဖြင့် အဖိုဓာတ် အမဓာတ် ဖြစ်လာသည် ။ ယင်းဖိုဓာတ် မဓာတ်တို့ ပေါင်းစည်းမှုဖြင့် တတိယဓာတ် ( ဝါ ) စွမ်းအင်သတ္တိအသစ်တစ်ခု ပေါ်ထွန်းလာသည် ။ ထို့နောက်တွင်ကား မတူညီသော စွမ်းအင်နှစ်ရပ်တို့ အချိုးစား အမျိုးမျိုး ပေါင်းစပ်ခြင်းဖြင့် စကြဝဠာကြီးနှင့်တကွ လောကကြီး ပေါ်ပေါက်လာသည် ။
ဤအတွေးအယူကို ပိုက်သာဂိုရပ်စ်က သင်္ချာဆရာပီပီ သင်္ချာနည်း ၊ ဂဲသြမေတြီနည်းဖြင့် အောက်ပါအတိုင်း ပုံဖြင့် သရုပ်ဖော်သည် ။ ဤသင်္ချာ သရုပ်ဖော်ခြင်းမှ ဆက်လက်၍ ဂဲသြမေတြီပညာ ၊ သင်္ချာပညာနှင့် ဂဏန်းဗေဒင်ပညာတို့ စတင်ပေါ်ပေါက်လာခြင်းဖြစ်သည် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment