အသံစွမ်းအင်
-----
အသံစွမ်းအင်သည် အသံတစ်ခုနှင့် တစ်ခု အဆက်အစပ် အတက်အကျတွင် သဟဇာတနိယာမတရားဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်ကို ပိုက်သာဂိုရပ်စ်က ပထမဆုံး ဖော်ထုတ်နိုင်သည် ။
ဂီတသံတို့၏ တစ်သံနှင့်တစ်သံ အကွာအဝေးမှာ ၁:၂ = ၂:၃ = ၃:၄ ဖြစ်သည်ကို သိပ္ပံနည်းကျ ပထမဆုံး စမ်းသပ်နိုင်ခဲ့သည် ။
လူ့လောကရှိ သံစဉ်တို့သည် လောကီလွန် အာကာသသံစဉ် ဖွဲ့စည်းမှု နိယာမအတိုင်း ဖြစ်ကြောင်းကို သိသူ ပိုက်သာဂိုးရပ်စ်သည် ရောဂါဝေဒနာများကို ဂီတသံစဉ်ဖြင့် ကုသနိုင်သည် ။
အလွန်ရိုင်းသော တိရစ္ဆာန်များကိုပင် ဂီတသံဖြင့် မိမိထံသို့ ခေါ်နိုင်သည် ။
သာဝကတို့ အိပ်ပျော်နေစဉ်တွင် အထူး စီစဉ်ထားသော ဂီတသံစဉ်ဖြင့် သာဝကတို့အား အိပ်မက်ပေးနိုင်သည် ။ အိပ်မက်ထဲတွင် သင်ပြနိုင်သော ဂန္ဓာရီပညာများကို သင်ကြားပေးသည် ။
သင်္ချာဘာသာ သင်ကြားရာတွင် ရုပ်လောကတွင် အလျားး ၊ အနံ ၊ ထု ဟူသော ပမာဏသုံးရပ်ကိုသာလျှင် သိမြင်နိုင်သည် ။ ဂဲသြမေတြီတွင်လည်း ယင်းပဏာမသုံးရပ် ကိုသာလျှင် တည်ဆောက်နိုင်သည် ။
စတုတ္ထပမာဏခေါ် ( Fourth Dimension ) ကိုမူ ရုပ်လောကတွင် မသိမြင်နိုင်ချေ ။ ရုပ်လောကလွန် နယ်ပယ်ဖြစ်သော အိပ်မက်လောကခေါ် တလွန်လောကတွင်သာ သိမြင်နိုင်သည် ။
တစ်နည်းအားဖြင့်ဆိုလျှင် နတ်မျက်စိဖြင့်သာ မြင်နိုင်သည် ။
ထို့အတူပင် လူများဖြင့် မကြားရသော အသံများရှိသည် ။ အာထရာဆောင်းသည် လူနားများဖြင့် မကြားရသော အသံဖြစ်သည် ။ ယင်းအာထရာဆောင်းကဲ့သို့သော အာကာသအသံများကို အိပ်မက်လောကတွင် ကြားနိုင်သည် ။
အိပ်မက်ဖြင့် သံစဉ်များကို သင်ကြားပြသနိုင်သည် ။ ဟာမင်ဟက်စ်၏ လက်ရာမွန်ဖြစ်သော မတ်စတာလူဒီ ဝတ္ထုတွင် ဂီတတက္ကသိုလ်မှ ဂီတဆရာသည် ဈာန်ဝင်စားပြီး ဈာန်လောက၌ ဂီတအသံနှင့် ဂီတသင်္ကေတများကို ရေးဖွဲ့ သည် ။ တမလွန်ဈာန်လောက၌ ရေးဖွဲ့ခဲ့သော အာကာသ ဂီတသံစဉ်များကို လူ့ပြည်ရုပ်လောကသို့ သယ်ဆောင်လာပြီး ရုပ်လောက တူရိယာများဖြင့် တီးမှုတ်ပြီး သံစဉ်ဖော်ကြောင်း ရေးသားထားသည် ။
လူသည် အိပ်သောအခါ ရုပ်ခန္ဓာမှ လိပ်ပြာခန္ဓာထွက်ပြီး လိပ်ပြာလောကသို့ ရောက်သွားသည်ဟု ဂန္ဓာရီပညာက ဆိုသည် ။
ရုပ်ခန္ဓာမှ လိပ်ပြာခန္ဓာသည် အချိန်မရွေး ထွက်နိုင်ပြီး တစ်ဖန် ပြန်လည်ဝင်နိုင်ခြင်းနှင့် ဤသို့ ရုပ်ခန္ဓာမှ စွန့်ခွာပြီး လိပ်ပြာလောကတွင် တွေ့ကြုံခဲ့ရသော အတွေ့အကြုံ ၊ အဖြစ်အပျက်သင်ခန်းစာနှင့် ဂန္ဓါရီပညာများကို ရုပ်ခန္ဓါသို့ ပြန်လည်သယ်ဆောင်နိုင်သော စွမ်းအင်ကို ထုံကူးခြင်း ၊ ထုံတက်ခြင်းဟုခေါ် ကြောင်း အီဂျစ်မဟာဂန္ဓါရီအကြောင်းတွင် ဖော်ပြခဲ့ပြီးဖြစ်သည် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment