၄ ။ ဘာမှန်းမသိသည့် ပတ်ဝန်းကျင်ထဲက လူ
-----
ဤအခန်းကို တကယ့် ပုံဝတ္ထုဟု အမည်ပေးရမလိုဖြစ်သည် ။ အကြောင်းမှာ ဤအခန်းတွင် ကျွန်တော်တို့ဖော်ပြမည့် ကိစ္စသည် ရိုးရိုးဟုထင်ရသော်လည်း တကယ် ထူးဆန်းသည့်ကိစ္စ ဖြစ်သောကြောင့်တည်း ။
ကျွန်တော်တို့သည် ချက်ပြီးသားထမင်းကို ဖြစ်စေ ၊ ပေါင်မုန့်ကိုဖြစ်စေ ၊ ဖုတ်ပြီးသား ချပါတီကို ဖြစ်စေ အမှုမဲ့ အမှတ်မဲ့သာ စားကြသည် ။ သို့ရာတွင် ပေါင်မုန့် မည်သို့ ဖြစ်လာသည်ကို စူးစမ်းမေးမြန်းသူ အနည်းငယ်သာရှိသည် ။
ဂျုံမှုန့် ဘယ်က ဖြစ်လာသနည်း ။ ဂျုံမှုန့်ကြိတ်သော ဂျုံစပါးကို မည်သို့ စိုက်ပျိုးသနည်း ။ ဂျုံစပါး ၊ ပြောင်း ၊ မုယောစပါးတို့သည် ရှေးကတည်းက အမြဲရှိနေခဲ့သလား ။
ဂျုံစပါး ဖြစ်လာပုံကို ဤကဲ့သို့ ကျွန်တော်တို့ စဉ်းစားကြသောအခါ အစားအစာကို စိုက်ပျိုးခြင်းမှာ ထူးဆန်းအံ့သြဖွယ်တစ်ခု ဖြစ်နေပေသည် ။
ပြီးခဲ့သော အခန်းများတွင် လူသည် သူ၏လက်နှင့် ဦးနှောက်တို့ကို အသုံးပြုနိုင်သည့်အစွမ်း ရှိခဲ့ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည် ။
ထို့ကြောင့် နွားများနှင့် ကျွဲများက မြက်ကို စားကြသည့်အခါ ၊ ကျားများနှင့် ခြင်္သေ့များက ဆိတ်များနှင့် ခွေးလေခွေးလွင့်များကို စားကြသည့်အခါ လူသည် ဖုတ်ပြီးသား ပေါင်မုန့်ကို စားနိုင်ခဲ့ကြခြင်း ဖြစ်သည် ။
ကျွန်တော်တို့၏ ပထမဆုံး လူ့အနွယ်သည် တိရစ္ဆာန်များနှင့် မည်သို့ ကွဲပြားခြားနားခြင်း မှ မရှိခဲ့ ။ သို့ရာတွင် အစားအစာကို ချက်ပြုတ်လာတတ်သည့် အချိန်တွင်ကား တိရစ္ဆာန်နှင့် ကွဲပြားခြားနားလာသည်ဟု ဆိုရပေမည် ။
အစဦးတွင် လူသည် ကျွဲအုပ်များ ၊ ခြင်္သေ့အုပ်များ ၊ မြင်းကျားအုပ်များ ၊ ဆင်အုပ်များကဲ့သို့ လှည့်လည် သွားလာကာ တောကြီးမျက်မည်းတွင် ပေါက်သည့် မြက်ရိုင်းများ ၊ ချုံနွယ်များ ၊ အသီးအနှံများကို စားသောက်ခဲ့သည် ။
ကမ္ဘာမြေတွင် နေ့အခါ၌ နေပူ၍ ညမှောင်မည်းမည်း၌ လနှင့် ကြယ်တာရာ များ ထွန်းပသည် ။ ထိုနောက် နေကမ္ဘာကို ကျွန်တော်တို့၏ ကမ္ဘာမြေကြီးက လှည့်ပတ်ခြင်းကြောင့် ရာသီဥတုများ ပြောင်းလဲလာခဲ့သည် ။ ကမ္ဘာမြေတွင် မြက်ပင်များ ၊ ချုံနွယ်ပိတ်ပေါင်းများ ၊ သစ်ပင်များ ပေါက်လာကြသည် ။
တစ်ဖန် ယင်းတို့ သေသွားကြသည် ။ လေပြင်းများလည်း တိုက်ခတ်သည် ။ မိုးလည်း ရွာသည် ။ ထိုကာလက လူသည် အတော်ကြာသည်အထိပင် သူ့ဝန်းကျင် တွင် ဖြစ်ပျက်နေသည်တို့ကို နားမလည်နိုင်ဘဲ ရှိနေခဲ့သည် ။
သူသည် တော ကြီး မျက်မည်းထဲတွင်ဖြစ်စေ ၊ ဂူတစ်ခုမှ အခြားဂူတစ်ခုသို့ဖြစ်စေ တွားသွား ကာ လှုပ်ရှားနေထိုင်ခဲ့သည် ။
သဘာဝ၏ အဖြစ်သနစ်များကို လူက တစ်မျိုးတစ်ဖုံ ပြောင်းလဲပြုပြင်နိုင်သည့် အခါတွင်မှ လူသည် ကမ္ဘာမြေတွင် သြဇာ အကြီးဆုံးသတ္တဝါ ၊ အရေးကြီးဆုံးသတ္တဝါ အဖြစ်သို့ ရောက်လာခဲ့ပေသည် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment