၃ ။ အရိုင်း , အယဥ် ခေတ်
-----
ကာလ အလွန်ရှည်ကြာသော ရေခဲခေတ်များ အတွင်း လူသည် ဘေးရန် အသွယ်သွယ် အန္တရာယ်အမျိုးမျိုးတို့မှ လွတ်မြောက်ကာ အသက်ရှင်ကျန်ရစ်ခဲ့ ပြီးလျှင် အစာရှာဖွေရန်အတွက် မိမိခြေလက်တို့ကို အသုံးပြုနိုင်ရန် သင်ကြား လေ့လာနေလေသည် ။ သို့ဖြစ်ရာ လူသည် မိမိ အသက်ရှင်ရေးအတွက် ကာလ ဒေသနှင့် ညီညွတ်အောင် မည်ကဲ့သို့သော နည်းလမ်းသစ်များ တီထွင် ကျင့်သုံးကာ နေထိုင်သည်ဆိုသော အချက်အပေါ် အခြေတည်၍ လူ့သမိုင်း၏ ခေတ် အသီးသီး ၊ ကဏ္ဍအသီးသီးကို ဖော်ပြကြသည် ။
လူ၏ အသက်မွေး နေထိုင်ခြင်းဆိုင်ရာ ဇာတ်လမ်းသည် လွန်ခဲ့သော နှစ်ပေါင်း ငါးသိန်းမှ စခဲ့လေသည် ။ ထိုအဆင့်တွင် လူသည် ရှားပါးသော တိရိစ္ဆာန်တစ်ကောင်အဖြစ်လည်းကောင်း ၊ အစာရှာဖွေသူတစ်ဦးအဖြစ်လည်းကောင်း ပေါ်ထွန်းလာသည် ။
သူသည် အခြားတိရစ္ဆာန်များကို လိုက်လံသတ် ဖြတ်သည် ။ သဘာဝကပေးသည့် အစာအာဟာရတို့ကို တတ်နိုင်သမျှ စု ဆောင်းသည် ။
ကမ္ဘာမြေတွင် လူသားများ ဖြတ်ကျော်ခဲ့ရသော ၊ ရှေးအကျဆုံးလည်းဖြစ် အရှည်လျားဆုံးလည်းဖြစ်သော ဤကဏ္ဍတွင် လူသည် အထက်၌ ဖော်ပြခဲ့သည့်အတိုင်းပင် အစားအစာ ရှာဖွေစားသောက် နေထိုင်ခဲ့လေသည် ။
အတိတ် သမိုင်းကို လေ့လာသော ရှေးဟောင်းသုတေသီတို့က ကျွန်တော်တို့၏ ကမ္ဘာ မြေတွင် လူဖြတ်သန်းခဲ့သည့် ခရီးတာ၏ ကိုးဆယ့်ရှစ်ရာခိုင်နှုန်းဖြစ်သော ဤခေတ်ကို ပေလီယိုလစ်သစ်ခေတ် သို့မဟုတ် ကျောက်ဟောင်းခေတ်ဟု ခေါ်ကြ၏ ။ လူကို တိရစ္ဆာန်လောက၏ အစိတ်အပိုင်းတစ်ခုအဖြစ် လေ့လာ ကြသော ပုရဗေဒသမားတို့က ဤခေတ်ကို အရိုင်းခေတ်ဟု ခေါ်ကြ၏ ။ ကမ္ဘာမြေ၏ ရုပ်သဏ္ဌာန်ကို လေ့လာသော ဘူမိဗေဒပညာရှင်တို့ကမူ ယင်း ၊ ခေတ်ကို ပလီတိုစင်းခေတ်ဟု ခေါ်ကြ၏ ။
အများ သိကြသည့်အတိုင်းပင် အာဖရိကတိုက် ၊ မာလာယု ကျွန်းဆွယ် ၊ သြစတြေးလျပြည် အနောက်မြောက်ပိုင်းနှင့် အာတိတ်ဒေသများတွင် လူရိုင်းအုပ်စုငယ်အချို့သည် ယခုထက်တိုင် အစားအစာ ရှာဖွေ၍ အသက်မွေးနေထိုင်ကြဆဲ ဖြစ်ပေသည် ။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကမူ အရှေ့ ရင်းဒေသတွင် အချို့ သော လူမျိုးအုပ်စုတို့သည် ဦးစွာပထမ အပင်များကို စိုက်ပျိုး၍ အသီးများကို စားသုံးစပြုလာသည် ။ အိမ်သုံးတိရစ္ဆာန်များကို မွေးမြူစပြုလာသည် ။ ရှေး ဟောင်းသုတေသန ပညာရှင်တို့က ဤခေတ်ကို နီယိုလစ်သစ်ခေတ် သို့မဟုတ် ကျောက်သစ်ခေတ်ဟု ခေါ်ကြ၏ ။
ဤသို့ အစာအဟာရ ထုတ်လုပ်သည့် ကဏ္ဍကို ပုရဗေဒသမားတို့က ရိုင်းစိုင်းကြမ်းကြုတ်သောခေတ်ဟု ခေါ်ကြ၏ ။ အမှန်စင်စစ် မည်သို့ပင်ခေါ်စေခါမူ ကျောက်သစ်ခေတ် ( နီယိုလစ်သစ်ခေတ် ) ဟူသောစကားကို အနည်းငယ် အကျယ်ချဲ့ရန်လိုသည်ဟု ထင်၏ ။ အကြောင်း မှာ ထိုအချိန်တွင် အုပ်စုအချို့သည် နှောင်းခေတ်များ၏ သံလက်နက် ကိရိယာနှင့် ကြေးညိုလက်နက် ကိရိယာတို့ကို အသုံးပြုလာတတ်ပြီ ဖြစ်သော်လည်း ကျောက်သစ်ခေတ်၏ လက်နက်ကိရိယာများကို ထိုကာလတိုင် အသုံးပြု နေသောကြောင့် ဖြစ်၏ ။
မိမိဘဝကို မိမိကိုယ်တိုင်ဖန်တီးသော နောက်ကဏ္ဍတစ်ခုသည် နိုင်း မြစ်ဝှမ်းဒေသ တိုက်ဂရစ် - ယူဖရေတိ မြစ်ဝှမ်းဒေသနှင့် အိန္ဒုမြစ်ဝှမ်းဒေသများ ၌ လွန်ခဲ့သော နှစ်ပေါင်း ငါးထောင်ခန့်က အစပျိုးလေသည် ။
ထိုဒေသတို့ တွင် အချို့သောကျေးရွာများသည် မြို့ငယ်များ ၊ မြို့ကြီးများအဖြစ်သို့ တိုးပွား စည်ပင် လာကြသည် ။ ယင်းသို့ စည်ပင်လာသော မြို့ငယ် ၊ မြို့ကြီးများတွင် နေထိုင်သော လူ့အဖွဲ့အစည်းက တောင်သူလယ်လုပ်များအား အစာအာဟာရကို လိုသည်ထက် ပို၍ စိုက်ပျိုးစေသည် ။ ပိုလျှံသော အစာများကို အိုးထိန်းသည်များ ၊ ရက်ကန်းသည်များ ၊ ဘုန်းကြီးများ ၊ ကုန်သည်များ ၊ အရာရှိများ ၊ စသော လယ်ယာ မလုပ်ကိုင်သည့် လူများအား ကျွေးမွေးရ၏ ။
ထိုအခါတွင် လှပသော နေအိမ်သစ်များ ဆောက်ရန်လည်းကောင်း ၊ မိမိတို့ဘဝကို မိမိတို့ ကိုယ်တိုင် သိနားလည်စွာ နေထိုင်ကြရန်လည်းကောင်း လူတို့သည် သူတို့ ၏ အတွေးအခေါ် အယူအဆများကို အက္ခရာတင်၍ ရေးချစ ပြုကြလေပြီ ။
ဤသို့သော ကာလကို ယဉ်ကျေးသောခေတ်ဟု ခေါ်စမှတ် ပြုကြလေသည် ။ ယဉ်ကျေးသော ခေတ်ဟု ခေါ်သည့် ဤခေတ်ကို လေးကဏ္ဍ ပိုင်းခြား နိုင်သည် ။
၁ ။ ။ ဤကဏ္ဍ၏ ပထမ နှစ်ပေါင်းနှစ်ထောင်ကို ကြေးညိုခေတ်ဟု ခေါ်၏ ။ အကြောင်းမှာ ဤခေတ်တွင် လူတို့သည် ကြေးနီနှင့် ကြေးညိုတို့ ကို လက်နက်ကိရိယာများအဖြစ် လုပ်ကိုင်အသုံးပြုစပျိုးပြီ ဖြစ်သောကြောင့် တည်း ။
သို့သော် ဤသတ္တုများမှာ အဖိုးတန်လေရကား ဘုရင်များ ၊ အကြီး အကဲများ ၊ ဘုန်းကြီးများနှင့် ထိုအခါက လူ့အဖွဲ့ အစည်းတွင် အချမ်းသာဆုံး သော လူကုံထံများသာ အသုံးပြုကြလေသည် ။
ကြေးညိုခေတ်နှင့် ကြေးနီ ခေတ်တို့ ဖွံ့ဖြိုးလာရခြင်းတွင် အိန္ဒိယပြည် ၊ အီဂျစ်ပြည် ၊ တရုတ်ပြည်နှင့် အခြားတိုင်းပြည်များ၏ ကျေးဇူးလည်း ပါရှိလေသည် ။
၂ ။ ။ သံခေတ်ဦးသည် ခရစ်မပေါ်မီ နှစ်ပေါင်းတစ်သောင်းနှစ်ထောင် တွင် အစပြု၏ ။ ဤအချိန်တွင် သံကျက်ပြုလုပ်သော နည်းကောင်းတစ်ခုကို တွေ့ရှိကြပြီဖြစ်၏ ။ ဘုန်းကြီးများသာ တတ်ကျွမ်းသည်ဟု ထင်ရသော အံ့ဖွယ်သရဲဖြစ်သည့် စာပေရေးသားခြင်း အတတ်သည်လည်း အရှေ့ ရင်းဒေသ တွင် အက္ခရာတို့ကို တီထွင်လိုက်သည်မှ လူသိ များလာခဲ့လေသည် ။
ခရစ် မပေါ်မီ နှစ်ပေါင်း ၇၀၀ ခန့်တွင် ကုန်စည်ပစ္စည်းတို့ ရောင်းဝယ်ရန်အတွက် ငွေကြေး အလုပ်အဖွဲ့ကလေးများကို စတင် အသုံးပြုလာကြသည် ။ အိန္ဒိယ ယဉ်ကျေးမှု ၊ ဂရိယဉ်ကျေးမှု ၊ ရောမယဉ်ကျေးမှုတို့ ထွန်းကားသော ခေတ် များတွင် တစ်နေရာမှ အခြားတစ်နေရာသို့ သွားရောက် ကုန်စည်ရောင်းချရန် အတွက် ငွေဝယ်ကျွန်များခတ်သော လှေများကို အသုံးပြုကြလေသည် ။
သို့ဖြစ်လေရာ ချမ်းသာသော ကုန်သည်များနှင့် လယ်သမားများ ပေါ်ပေါက်ထွန်းကားလာလေသည် ။ မြေထဲပင်လယ်တစ်ဝိုက်တွင် လူဦးရေလည်း တိုးပွားလာခဲ့သည် ။
သို့ရာတွင် လယ်ယာထွန်ယက်ခြင်းဖြင့် လည်းကောင်း ၊ လူ့အသုံးအဆောင်များ ပြုလုပ်ခြင်းဖြင့်လည်းကောင်း ထိုခေတ်၏ ကြွယ်ဝချမ်းသာခြင်း ကို တကယ်စင်စစ် ဖန်တီးသူများ ဖြစ်ကြသည့် ကျေးကျွန်များမှာ ငတ်မွတ် ခေါင်းပါးကြသဖြင့် လူဦးရေသည် အရှိန်ကောင်းစွာ မတိုးပွားခဲ့ရပေ ။
၃ ။ ။ ထိုနောက် အိန္ဒိယပြည်တွင် ကျေးရွာ သမ္မတအဖွဲ့များ ပေါ် ထွန်းလာခဲ့သည် ။ ဥရောပတိုက်တွင်ကား ခြေသလုံးအိမ်တိုင်ပြု၍ လှည့်လည် သွားလာနေကြရသော တောင်သူလယ်လုပ်တို့မှာ မြေရှင်ကြီးများ ၊ မှူးမတ် ကြီးများ ပိုင်ဆိုင်ကြသည့် မြေယာများတွင် အလုပ်လုပ်ကြရလေသည် ။ ဂရိ ပြည် ၊ ရောမပြည် တို့တွင်ကဲ့သို့ပင် တောင်သူလယ်လုပ်တို့မှာ ကျေးကျွန်များ အဖြစ် မလုပ်ကိုင်ကြရတော့ဘဲ လယ်မြေအများ ပိုင်ဆိုင်သူတို့ထံတွင် အခစားများ အဖြစ် လုပ်ကိုင်ကြရလေသည် ။
လက်မှုပညာသည်တို့သည်လည်း ဘဝတူချင်း သွေးစည်းကာ ဂိုဏ်းအဖွဲ့များ ဖွဲ့စည်းကြလေသည် ။ တူးမြောင်း များ ဖောက်လုပ်၍ စနစ်တကျ ရေသွင်းစိုက်ပျိုးသော လယ်ယာများမှ သီးနှံထွက် တိုးတက်ကောင်းမွန်လာလေရာ ယင်းကိုမှီ၍ ကုန်စည်ကူးသန်းခြင်းနှင့် စက်မှုလုပ်ငန်းတို့သည်လည်း ဖွံ့ဖြိုးလာခဲ့သည် ။ ဥရောပတိုက်၏ လူဦးရေ သည်လည်း ပိုမို တိုးပွားလာခဲ့လေသည် ။
၄ ။ ။ အနောက်တွင် တိုင်းပြည်တို့ ဖွံ့ဖြိုးလာသည်နှင့်အမျှ ထိုတိုင်း ပြည်များက ရဲဝံ့စွန့်စားသူတို့သည် ပင်လယ်ရေကြောင်းခရီး ထွက်ကြလေသည် ။ ထိုသို့ ပင်လယ်ခရီး ထွက်ရာမှ အမေရိကတိုက် ၊ အိန္ဒိယပြည်နှင့် အရှေ့ဖျားဒေသများသို့ သွားရာ ရေကြောင်းခရီးသစ်များကို တွေ့ရှိကြလေသည် ။
အသစ်တွေ့ရသော တိုင်းပြည်တို့မှ ဥရောပတိုက်က ထုတ်လုပ်သော ကုန်စည်များကို ရောင်းချရာဈေးကွက်များ ဖြစ်လာကြလေသည် ။
တစ်ဖန် အတ္တလန်တိတ် တိုင်းပြည်များသည် ကမ္ဘာအရပ်ရပ်ရှိ တိုင်းပြည်တို့မှ အစား အစာတို့ကို လက်ခံဝယ်ယူ၍ အပြန်အလှန်အားဖြင့် မိမိတို့နိုင်ငံမှ ထုတ်လုပ်သော စက်ကိရိယာများကို ရောင်းချကြလေသည် ။
ဤသို့ဖြင့် ကုန်စည်ကို အကျယ်အပြည့် ထုတ်လုပ်ရောင်းချကြလေသည် ။
ခရစ်နှစ် ၁၇၅၀ ပြည့်နှစ် နှင့် ၁၈၀၀ ပြည့်အတွင်း အင်္ဂလန်ပြည်တွင် တစ်မုဟုတ်ချင်း လူဦးရေ တိုးပွားလာသည့် ဂဏန်းများအရ အရင်းရှင် လူ့အဖွဲ့ အစည်းဟု ခေါ်ကြသော ၊ လူ့အဖွဲ့ အစည်းသစ်တစ်ခုသည် များစွာ ဖွံ့ဖြိုးကြွယ်ဝလာဟန် တူပေသည် ။
ဥရောပတိုက်တွင် ဖြစ်ပေါ်သော စက်မှုတော်လှန်ရေးသည် များမကြာမီပင် ကမ္ဘာအနှံ့အပြားသို့ ကူးစက်ခဲ့လေသည် ။ သို့ဖြစ်လေရာ ဗြိတိသျှတို့က အရှေ့တိုင်းမှ တိုင်းငယ် ပြည်ငယ်ကလေးများကို သိမ်းပိုက်သည့် လွန်ခဲ့သော အနှစ်နှစ်ရာခန့်ကမူ အိန္ဒိယတိုင်းသားတို့ပင် ဤစက်မှုတော်လှန်ရေး အခန်းတွင် ပါဝင်ခဲ့ကြရသည် ။
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment