၁ ။ ဒုတိယကမ္ဘာစစ် နောက်ခံသမိုင်း
-----
၂၀ ရာစု ပထမ နှစ်ငါးဆယ်အတွင်း ပြိုင်စံကင်းသော ပျက်စီး ပြုန်းတီးမှုအတိဖြင့် ကမ္ဘာစစ်ကြီးနှစ်ခု ဖြစ်ပွားခဲ့လေသည် ။ ၁၉၁၄ ခုနှစ် ဇူလိုင်လ ၂၈ရက်မှ ၁၉၁၈ ခုနှစ် ၊ နိုဝင်ဘာလ ၁၁ ရက် အထိ ဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်ပွဲတွင် လူဦးရေသန်းပေါင်း ၁ဝဝဝ ပါဝင်သည့် နိုင်ငံပေါင်း ၃၆နိုင်ငံမှ လူပေါင်းသန်း ၇၀ ပါဝင်ဆင်နွှဲ တိုက်ခိုက်ခဲ့ပြီး လူသန်းပေါင်း ၃၀ ကျော် သေကြေပျက်စီးခဲ့ရသည် ။ လူပေါင်းသန်း ၂၀၀ မှာ ဒဏ်ရာ အနာတရ ရရှိခဲ့ကြသည် ။
ဒုတိယ ကမ္ဘာစစ်တွင်မူ လူဦးရေ သန်းပေါင်း ၁၇၀၀ တို့ ပါဝင်သည့် နိုင်ငံပေါင်း ( ၆၁ ) နိုင်ငံမှ လူသားသန်းပေါင်း ၁၁၀ ပါဝင် ဆင်နွှဲတိုက်ခိုက်ခဲ့ရပြီး လူသန်းပေါင်း ၅၀ ကျော် သေကြေ၍ လူသန်းပေါင်း ၃ဝဝ ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့သည် ။
ဒုတိယကမ္ဘာစစ်သည် တစ်ကမ္ဘာလုံးရှိ နေရာအနှံ့အပြား သို့ - ဂယက်ရိုက် ပျံ့နှံ့သွားသော တကယ့်ကမ္ဘာ့စစ် ဖြစ်သည်ဟု ဆိုလေသည် ။
၁၉၁၄ မှ ၁၉၁၈ အထိ ဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်မှာ နိုင်ငံအများအပြားပါဝင်သည့် စစ်ပွဲကြီးပင် ဖြစ်သော်လည်း ကမ္ဘာစစ်ဟူ၍ စင်စစ်ခေါ်နိုင်လောက်အောင် ကမ္ဘာတဝန်းရှိ နိုင်ငံတိုင်း ၊ လူမျိုးတိုင်းကို ထိခိုက်ခြင်း မရှိခဲ့ချေ ။
၁၉၃၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သော ဒုတိယကမ္ဘာစစ်ကြီးမှာမူ ကမ္ဘာစစ်ဟူ၍ အမည်ပေးနိုင်လောက်အောင် နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့သွားခဲ့လေသည် ။
ဒုတိယ ကမ္ဘာစစ်၏ စစ်မျက်နှာသည် ဆော်လမွန်ကျွန်းမှ စတာ လင်ဂရက်အထိ လည်းကောင်း ၊ အလာစကာ ပြည်နယ်မှလစ်ဗျားသဲကန္တာရ အထိလည်းကောင်း ကျယ်ပြန့်စွာ တည်ရှိခဲ့သည် ။
ကြည်း ၊ ရေ ၊ လေ တိုက်ပွဲ များသည် ကမ္ဘာပေါ်ရှိ တိုက်ကြီး ( ၆ ) တိုက်နှင့် သမုဒ္ဒရာ ( ၇ ) စင်းတို့၌ သည်းသည်းမဲမဲ မစဲဘဲဖြစ်ခဲ့သည် ။
ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားသည့် နေ့ကို နာဇီဂျာမနီက ပိုလန်နိုင်ငံကို ၁၉၃၆ စက်တင်ဘာလ ၁ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက် ပြီးနောက် ၊ ၂ ရက်အကြာတွင် ဗြိတိန် ၊ ပြင်သစ်တို့က ဂျာမနီနိုင်ငံအား စတင်ကြေညာခဲ့သည် ။ စက်တင်ဘာ ၃ရက်နေ့ကို စစ်ကြီးစတင်ဖြစ်ပွား ရာနေ့ဟု သမိုင်းဆရာတို့က မှတ်ယူကြသည် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment