Skip to main content

မံမီ ရုပ်အ​လောင်းများ

မံမီရုပ်အလောင်းများ
-----
ဘာသာရေးနှင့် တိုင်းပြည်ခေါင်းဆောင် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ ကွယ်လွန်သွားသောအခါတွင် ကြီးမြတ်သော ပုဂ္ဂိုလ်တို့၏ ရုပ်ကလာပ်မှာလည်း သန့်စင်မွန်မြတ်သော တန်ခိုးသတ္တိများ ရှိလေရာ ထိုပုဂ္ဂိုလ်ထူးတို့၏ ရုပ်ကလာပ်ကို မပျက်စီးအောင် ကျပ်စည်းပြီး ဂူသွင်းခြင်း ၊ မြေမြှုပ်ခြင်းကို ပြုခဲ့သော အစဉ်အလာဟောင်း ရှိသည် ။

ထို့အပြင် ထုံကူးချိန်တွင် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်၏ နာမ်ဝိညာဉ်သည် ရုပ်ခန္ဓာကိုယ်အား စွန့်ခွာပြီး အခြားဘုံများတွင် ကျက်စားနေရာမှ ပြန်လည်ရောက်ရှိလာပြီး မိမိ ခန္ဓာကိုယ်သို့ ဝိညာဉ်ပြန်ဝင်ရသည် ။

ဤသို့ ဝိညာဉ်ခရီး ထွက်နေစဉ်အတွင်း ထိုပုဂ္ဂိုလ်၏ ကျန်ရစ်ခဲ့သော ရုပ်ခန္ဓာ ( အလောင်း ) ကို မပျက်မစီးအောင် စီစဉ်မှုအနေဖြင့် ရုပ်ခန္ဓာကို ကျပ်စည်းခြင်း ဖြစ်သည် ။

နောင်အခါတွင် ဂန္ဓာရီပညာများ လျော့ပါးပြီး ထုံကူးခြင်းလည်း မပြုနိုင်သောအခါတွင် ဘုရင်နှင့် မိဖုရားတို့၏ ရုပ်အလောင်းကို ထုံကူးသူကဲ့သို့ မပျက်စီး ၊ မပုပ်သိုးအောင် ၊ ကျပ်စည်းသောဓလေ့ ဝင်ရောက်လာသည် ။

များသောအားဖြင့် ကျပ်စည်းထားသည်မှာ ဤသဘာဝအတိုင်းပင် ဖြစ်သည် ။

ယနေ့ တွေ့ရှိရသမျှသော မံမီရုပ်လောင်းအနက် အစောဆုံး မံမီသည် ဘီစီ ၂၉၀၀ ခန့်မှ ရုပ်အလောင်းဖြစ်သည် ။

မဟာပိရမစ်တည်သည်မှာ ဘီစီ ၃၀ , ၀၀၀ ဖြစ်ရာ မံမီများသည် များစွာနောက်ကျသောကာလမှသာလျှင် ပေါ်ခဲ့သော ၊ အလောင်းဖြစ်သည် ။

ဂန္ဓာရီပညာနှင့် မသက်ဆိုင်ဘဲ ဂန္ဓာရီအငွေ့အသက်ကို ယူကာ ပိရမစ်ထဲထားပြီး နှောင်းလူများက မိဘ ဘိုးဘွား ကိုးကွယ်မှုဓလေ့အဖြစ်ဖြင့်သာ ရပ်တည်ခြင်း ဖြစ်သည် ။

ဂန္ဓာရီပညာ၏ အငွေ့အသက်များဆိုသည်မှာ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ ရှားပါး ကွယ်ပျောက် သွားသောအခါတွင် ဂန္ဓာရီပညာ တစ်ပိုင်းတစ်စကို သိသူများက သူတို့ကိုယ်ကျိုးအတွက် မှော်ပညာအဖြစ် လေ့လာလိုက်စားကြသည် ။

ထို့ကြောင့် တချို့ မံမီများကို မှော်ပညာ အစီအရင်များဖြင့် စီရင်ထားရာ တူးဖော်သူ ၊ သယ်ဆောင်သူများအား ခိုက်သည်ဟု သတင်းကြီးလာသည် ။

ကိုင်ရိုက ဒေါက်ကလပ်ဆိုသူအား ညာလက် ဖြတ်ပစ်ရလိမ့်မည်ဟု လက္ခဏာ ဟောပြီးနောက် ဒေါက်ကလပ်သည် မံမီအလောင်းကို တူးဖော်ရာ သူ့လက်ကို ကျည်ဆန်မှန်၍ ၊ လက်ဖြတ်ပစ်လိုက်ရသည် ။

နောက်ဆုံးတွင် ထိခိုက်လွန်းသဖြင့် မံမီအလောင်းကို ဗြိတိသျှ ပြတိုက်ကပင် လက်မခံလိုတော့ရာ နယူးယောက်ပြတိုက်သို့ ပို့ရန်အတွက် တိုက်တန် သင်္ဘောပေါ် တင်ပေးလိုက်ရသည် ။

တိုက်တန်သင်္ဘောကြီး ရေနစ်သွားသောအခါ ယင်းမံမီရုပ်အလောင်းလည်း တစ်ပါတည်း ရေအောက်ရောက်သွားသည် ။

တိုက်တန်သင်္ဘောကြီး ရေနစ်ရသည်မှာ မံမီရုပ်အလောင်းကြောင့်ပင်လောဟု တွေးတောစရာပင် ဖြစ်နေသည် ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...