ဆော်လမွန်ဘုရင်ကြီး နှင့် သူ၏ ဂန္ဓါရီပညာ
-----
ဒေးဗစ်ဘုရင်ကြီးဆိုသည်မှာ ရိုလိုင်ယာလူ့ဘီလူးကြီးကို လောက်လေးဖြင့် ပစ်ပေါက်ပြီး အနိုင်ရခဲ့သူဖြစ်သည် ။ ဒေးဗစ်ဘုရင်ကြီးနှင့် ဘက်ရှီဗာ မိဖုရားတို့မှ သားတော် ဆော်လမွန်ကို ဘီစီ ၉၀၀ ခန့်တွင် ဖွားမြင်သည် ။ ဆော်လမွန် မင်းသားလေးမှာ နောင် အခါတွင် ဂန္ဓာရီပညာများကို ကမ္ဘာကျော်အောင် ပေါက်ရောက်သူဖြစ်ပြီး ဂျေရုဆလင် မြို့တွင် ဘုရားဝတ်ကျောင်း တည်ဆောက်ခဲ့သူဖြစ်သည် ။
ဆော်လမွန်ဘုရင်ကြီး၏ ဘုရားဝတ်ကျောင်းကို ဗဟိုဌာနချုပ် ပြုလုပ်တည်ထောင်ခဲ့သော ဂန္ဓာရီဂိုဏ်းမှာ ၁၁ ရာစုတွင် ပေါ်ပေါက်ခဲ့သော ဝတ်ကျောင်းသူရဲကောင်း ဂန္ဓာရီဂိုဏ်းဖြစ်သည်ကို သိရှိရသည် ။
ဝတ်ကျောင်းသူရဲကောင်းဂိုဏ်း၏ ပညာအမွေ ၊ အစီအရင်အမွေကို ယူထားသော မေဆင် ဂန္ဓာရီဂိုဏ်းသည်လည်း ဆော်လမွန် ဘုရင်ကြီး၏ ပညာအမွေ ဆက်ခံသူများ ဖြစ်သည်ဟုဆိုနိုင်သည် ။
ဆော်လမွန်ဘုရင်ကြီးသည် အီဂျစ်ဖာရိုဘုရင်များ ၊ ပီရမစ်ဘုရားကျောင်း တည်ဆောက်သည်ကို နမူနာယူ၍ ဂျေရုဆလင်တွင် ဘုရားကျောင်း တည်ဆောက်ရန် စီစဉ်သည် ။ ဤဘုရားကျောင်းသည် ဂန္ဓာရီပညာများကို ဖြန့်ဖြူးရန်ဖြစ်သည့်အလျောက် ဘုရားဝတ်ကျောင်း ဆောက်လုပ်ရာတွင်လည်း ရှေး အီဂျစ် စနစ်ဟောင်းအတိုင်း ဂန္ဓာရီပညာဖြင့် ကိုက်ညီသော ဝတ်ကျောင်းတော် ဖြစ်စေလိုသည် ။
ထို့ကြောင့် ယခုအခါ လက်ဘနွန် ခေါ်သော တိုင်ယာပြည်မှ ဘုရင် အဘစ်ဟာရမ်ကို လက်ဘနွန်သစ်တောမှ အကောင်းဆုံးသစ်များကို ပို့စေသည် ။
ဝတ်ကျောင်းတော် ဆောက်လုပ်ရေးအတွက် ဗိသုကာအဖြစ် အဘစ်ဟာရမ်ဘုရင်ကို တာဝန်ပေးသည် ။ အဘစ်ဟာရမ်ဘုရင် ကိုယ်တိုင်ကလည်း ဂန္ဓာရီပညာရှင်ဖြစ်ရုံ မက ဆော်လမွန်ဘုရင်နှင့် တွဲဖက်ပြီး ဂန္ဓာရီပညာများကို ဖြန့်ဖြူးရာ ဝတ်ကျောင်းတော်ကြီး ဆောက်လုပ်ရန် သဘောတူထားသူ ဖြစ်သည် ။
အဘစ်ဟာရမ်သည် လက် သမားအကျော် ၊ ပန်းရန်ကျော်များကို စုစည်းခဲ့ရာ အဘစ်ဟာရမ်က ပန်းရန်ပညာကိစ္စကို အကုန်သင်မပေးသဖြင့် ပန်းရန်သမားများက အဘစ်ဟာရမ်ကို အညှိုးထားပြီး သတ်ပစ်သည် ။ အဘစ်ဟာရမ်၏ လျှို့ဝှက်မှုကို နောင်အခါတွင် မေဆင်များက အလေး အမြတ်ပြုပြီး လျှို့ဝှက်ချက်များကို စောင့်ထိန်းကြသည် ။
ဟီဘရူးမဟာဂန္ဓာရီ ဂိုဏ်းချုပ်ကြီး ဘုရင်ဆော်လမွန်၏အစွမ်းမှာ မော်ကွန်းထိုးတင်လောက်သည် ။ ဆော်လမွန်ဘုရင်ကြီးသည် ' ဂျင် ” ခေါ် ဒေ၀တာများ၏ ချင်ခင်မှု ၊ လေးစားမှုကို ရသူဖြစ်သည် ။ နတ်ဒေဝတာတို့၏ ဘာသာစကားကို နားလည်သည် ။ ဝတ်ကျောင်းတော်ကို တည်ဆောက်ရာတွင် ဘုရင်ကြီး၏ ဘုန်းရှိန်ကြောင့် နတ်ဒေဝတာများကပါ ကူညီဆောက်လုပ် ပေးကြသည် ။ လူတစ်ရစ် ၊ နတ်တစ်ရစ် ဆောက်လုပ်ထားသော ဝတ်ကျောင်းတော် ဟု ပြောစမတ်ကျန်ရစ်သည် ။
ဝတ်ကျောင်းတော် ဆောက်လုပ်ဆဲတွင် ဘုရင်ကြီး နတ်ရွာစံသွားရာ ဆော်လမွန်ဘုရင် နတ်ရွာစံသည်ကို မသိအောင် ဖုံးထားပြီး တောင်ဝှေးကို ထောက်ပြီး ဘုရင်ကြီး ထိုင်နေပုံသဏ္ဌာန် ဆောင်ထားသည် ။ နတ်ရွာမစံမီကပင် ဤဝတ်ကျောင်းတော်ကြီး ဆောက်လုပ်မှုမပြီးမီ မိမိ မသေပါရစေနှင့်ဟု ဘုရင်ကြီးက ဆုတောင်းထားသည့်အတိုင်း ဝတ်ကျောင်းတော် ဆောက်လုပ်ပြီးစီးသော အချိန်ကျမှပင် ဆော်လမွန်ဘုရင်ကြီး နတ်ရွာစံကြောင်း သိရှိကြတော့သည် ။
ကော်ဇောပျံဟူသော ပုံပြင်နှင့် ဝေါဟာရကို စတင်ခဲ့သူမှာလည်း ဆော်လမွန်ဘုရင်ကြီးပင် ဖြစ်သည် ။ ရွှေမျှင်နှင့် ပိုးသားဖက်စပ်ရက်လုပ်ထားသော ကော်ဇောပျံသည် အလျားမိုင် ၆၀ ခန့်ရှည်သည် ။ ဘုရင်ကြီးနောက်တော်ပါ အခြွေအရံ အားလုံးတို့သည် ကော်ဇောပျံပေါ် စီးနင်းလိုက်ပါနိုင်ကြသည်ဟု ဆိုသည် ။ ဆော်လမွန်ဘုရင်ကြီး ကော်ဇောပျံ စီး၍ တိုင်းခန်းလှည့်လည်ရာတွင် နတ်ဒေ၀တာများက ငှက်ယောင်ဆောင်ပြီး ငှက်အုပ်ကြီးက လိုက်ပို့လေ့ရှိသည် ။ ဆော်လမွန်ဘုရင်ကြီးအပေါ် နေရိပ်မထိုးအောင် ထီးမိုးသကဲ့သို့ ပျံသန်း ပေးကြသည်ဟု ပုံပြင်ဆန်ဆန် ပြောစမှတ်ရှိသည် ။
ဆော်လမွန်၏ တံဆိပ်အမှတ်အသားသည် အနောက်တိုင်း ဂန္ဓာရီပညာတွင် ယနေ့ထိ ယုံကြည်စွာ အသုံးပြုလျက်ရှိသည် ။ လက္ခဏာပညာတွင်လည်း လက်ညှိုးအောက်ရှိ အရစ်ကို ဆော်လမွန်လက်စွပ်ဟု ခေါ်သည် ။ ဆော်လမွန်၏ မန္တန်ကို ရွတ်ဖတ်လျှင် အရာဝတ္ထုတွေ လေထဲပျံတက်သည် ။ စမ ရေးနည်းနှင့် စမ များ အကြောင်း ပါဝင်သော “ ဆော်လမွန်၏ သော့ ” ကျမ်းမှာ ယနေ့ထိ ဂန္ဓာရီပညာရှင်များ လက်မလွှတ်နိုင်သောကျမ်း ဖြစ်သည် ။
အက်စ်မိုဒတ် အမည်ရှိ ဒေ၀တာတစ်ပါးက ဆော်လမွန်အား သင်ကြားပေးသော ဂန္ဓာရီပညာများကို ရေးသားထားသော ကျမ်းမှာ ကဗလာဂန္ဓာရီပညာ၏ အဓိကကျမ်းဖြစ်သော “ ဇို ' ကျမ်းပင် ဖြစ်သည် ။
ဆော်လမွန်၏ “ သော့ ” ကျမ်းကို ဟာမက်တစ်ဂန္ဓာရီပညာက ခံယူအသုံးပြုသော ပညာဖြစ်လာသည် ။ ကဗလာဂန္ဓာရီနှင့် ဟာမက်တစ်ဂန္ဓာရီပညာမှာ ယနေ့အနောက်တိုင်းတွင် အဓိက လွှမ်းမိုးနေသော ဂန္ဓာရီပညာပင်ဖြစ်သည် ။
ဤသို့ အနောက်တိုင်းတစ်ခွင်သို့ ၊ လွှမ်းမိုးနေသော ဂန္ဓာရီပညာဂိုဏ်းများအနက် ဆော်လမွန်ဘုရင်ကြီး၏ ဂန္ဓာရီအမွေကို နောက်ဆုံးမှ ရရှိထားသော ဂိုဏ်းမှာ မေဆင်ဂန္ဓာရီဂိုဏ်းပင် ဖြစ်ပေသည် ။
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment