Skip to main content

မရဏ ထုံ

မရဏထုံ
-----
ဒုတိယအဆင့် အောင်မြင်ပြီးသော သာဝကသည် ဂိုဏ်းချုပ်ကြီးနှင့်တကွ ဂိုဏ်းဝင် ဘုန်းတော်ကြီးအလယ်တွင် ဂန္ဓာရီ လျှို့ဝှက်ချက်များကို မပေါက်ကြားစေရပါဟု ကတိ သစ္စာပြုပြီးနောက် ဓာတ်နန်းကြီးအတွင်း ရောက်ရှိနေကြသော ဂိုဏ်းချုပ်ကြီးနှင့်တကွ ဂိုဏ်းထောက် ၊ ဂိုဏ်းကြပ်များ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် ဂိုဏ်းဝင်များ အားလုံးက ဒုတိယအဆင့် တက်ရောက်အောင်မြင်သော သာဝကအား ကြိုဆိုနှုတ်ခွန်းဆက်ကြသည် ။

သာဝကသည် မဟာဂန္ဓာရီဂိုဏ်းဝင် ဖြစ်သွားပြီး အလင်းဓာတ်ဘုရားကြီး၏ ရှေ့တော်မှောက်သို့ ရောက်သွားလေပြီ ။ သစ္စာနယ်မြေသို့အဝင် မုခ်ဦးသို့ ရောက်ရှိသွားလေပြီ ။

ဒုတိယအဆင့်တက်ပြီးနောက် တတိယအဆင့်သို့ တက်လှမ်းရန်အတွက် မဟာ ဂန္ဓာရီပညာများကို တစ်ဆင့်တက် လေ့လာရသည် ။

သင်္ကေတများ ၊ အက္ခရာများနှင့် ဆရာသျှင်၏ နှုတ်ကပါတ်ကို မှတ်သားလေ့လာရသည် ။ ဂန္ဓာရီပညာမှာ ကျမ်းဂန်မှရသော ပညာမဟုတ်ဘဲ ဆရာသျှင်က သာဝကအား နှုတ်ဖြင့် လက်ထပ်သင်ကြားသော အန္တဝါသိကနည်းဖြင့်သာ သင်ကြားရရှိသော ပညာ ဖြစ်သည် ။

ထို့အပြင် တတိယအဆင့်ဂိုဏ်းဝင်များ လေ့လာ တတ်ကျွမ်းရမည်ဖြစ်သော ဓာတ်သတ္တုများ ၊ အပင်များ ၊ ဆေးပညာ ၊ ဗိသုကာပညာ ၊ ဂီတပညာနှင့် လူ့ဘောင်သမိုင်း ဆင့်ကဲဖြစ်စဉ်တို့ကိုပါ လေ့လာသင်ကြားရသည် ။

ယင်းပညာများကို နားလည်ရုံမက ကျွမ်းကျင်တတ်မြောက်ပြီး အဘိညာဉ်တန်ခိုးနှင့် တွဲဖက် အသုံးချနိုင်သည်အထိ ကျွမ်းကျင်အောင် လေ့လာရသည် ။

ထို့အပြင် လူ၏ ရုပ် ၊ နာမ်ဖွဲ့စည်းပုံနှင့် ဝိညာဉ်အကြောင်း ဝိညာဉ်သဘာဝ ကို သင်ကြားရသည် ။

ခန္ဓာ ၇ပါးအနက် အဆင့်အမြင့်ဆုံး ဝိညာဉ်မှတစ်ပါး အခြားခန္ဓာများကို ဘုံစဉ်တက်သောအခါ သက်ဆိုင်ရာ ခန္ဓါယာဉ်များကို ဘုံအသီးသီးတွင် စွန့်လွှတ်ခဲ့ရပုံ ။ လူ့ပြည်တွင် ရုပ်ခန္ဓာနှင့်နေပြီးနောက် သေသောအခါ ' ကား ' ခေါ် လိပ်ပြာခန္ဓာဖြင့် အထက်ဘုံသို့ ဝိညာဉ်ကူးပြောင်းရပုံ ၊ သံသရာတွင် လူ့ဘဝကို ရလိုက် ၊ ခန္ဓာပြောင်းပြီး အထက်ဘုံစဥ်လိုက်ဖြင့် သံသရာလည်နေသည်မှာ သစ္စာရောင်ခြည် တွေ့သွားသောအခါတွင် ဝိညာဉ်သည် လူ့ပြည်သို့ ပြန်လာပြီး ရုပ်ခန္ဓာကို ဆောင်ယူခြင်း မပြုတော့ဘဲ အထက်ဘုံ ၊ အဆင့်ဆင့်သို့ အဆင့်မြင့် ခန္ဓါယာဉ်များကို ဆောင်ယူပြီးနောက် နောက်ဆုံးတွင် အလင်း မန္တာဖြင့် အလင်းဓာတ်ဘုရားထံသို့ ရောက်ရှိသွားပြီး မဟာအလင်းဓာတ်ကြီးနှင့် မိမိ၏ ဝိညာဉ်အလင်းဓာတ်တို့ ပေါင်းစပ်ပြီး တစ်သားတည်းဖြစ်သွားအောင် ကြိုးစားအားထုတ် ရပုံတို့ကို လေ့လာသင်ကြားရသည် ။

မိမိကိုယ်တိုင်ကလည်း အလင်းဓာတ်များ ရသည်အထိ တစ်ဆင့်တက်စဉ်အတိုင်း ဘာဝနာပွားရသည် ။ ဘာဝနာပွားရာတွင် မိမိ၏ စွမ်းအင်တစ်ခု တည်းဖြင့် အောင်မြင်ရန် ခက်ခဲသောအခါ ဆရာသျှင်များက ဝိုင်းဝန်းကူညီ ဓာတ်ကူး ပေးသည် ။ အားဖြည့်ပေးသည် ။ ဆရာရှင်များက တစ်ခါတစ်ရံ စိတ်ညှို့ပညာဖြင့် ကူညီသည် ။

အားငယ်နေသော သာဝက၏စိတ်ဓာတ်ကို စိတ်ညှို့ပညာဖြင့် မြှင့်တင်ပေးသည် ။ စိတ်ညို့ ပညာ ဆိုရာတွင် ဇာတ်စင်ပေါ်တက်၍ ' က ' သော ပညာမျိုးအဖြစ် အသုံးချခြင်းမဟုတ်ဘဲ အစွမ်းလိုအပ်နေသော တပည့်၏ စိတ်စွမ်းအင်ကို ဖော်ထုတ်ရာတွင် မသိစိတ် အစွမ်းသတ္တိကို ၊ အသုံးပြုပေးသော ရှေးဟောင်း စိတ်ညှို့ပညာ ဖြစ်သည် ။

ထို့ပြင် ယခုခေတ်တွင် မက်စမာရစ်ဇင်းဟု အသိများသော လက်ဖြင့်သပ်ပေးခြင်းဖြင့် ဆရာထံမှ သံလိုက်ဓာတ်များ စီးဝင်စေသောနည်း ( Passes ) ကိုလည်း အသုံးပြုသည် ။

ထုံတက်သောအခါတွင်လည်း ယင်းနည်းလမ်းများအပြင် အခြားအစွမ်းထက်သော နည်းလမ်းများကို အသုံးပြုသည် ။

ဤသို့ လေ့လာသင်ကြားရင်း လက်တွေ့ဘာဝနာပွားပြီး ကြိုးစားရာ ၄ - ၅ နှစ်ခန့် ကြာသည် ။ နည်းပြဆရာများက သင်ကြားရန်ရှိသော သင်ခန်းစာများကို လေ့လာသင်ကြားပြီး သောအခါ သာဝကသည် မြေအောက်လိုဏ်ဂူအတွင်း မိမိတစ်ဦးတည်း စိတ်ပိုင်းဆိုင်ရာ ၊ ဘာဝနာပိုင်းဆိုင်ရာတို့ကို လေ့လာရသည် ။

ဥပဇ္ဈာယ်ဆရာက ညွှန်ကြားပြသသည်မှာ တယ်လီပသီနည်းဖြစ်သော အဝေးမှ မနောဓာတ်ဖြင့် သင်ကြားပြသပေးသည် ။

သို့ရာတွင် အမြဲတမ်း အသေးအဖွဲ့ မှစ၍ သတိ ပေးခြင်း ၊ သင်ကြားခြင်းကို ပြုသည်မဟုတ် ။ သင်ခန်းစာတစ်ခုကို အရိပ်အမြွက်မျှပြောပြီး သာဝက မည်မျှကြိုးစားသည် ၊ အားထုတ်သည်ကို အဝေးမှ အကဲခတ်နေသည် ။ သာဝက အနေဖြင့် မိမိကိုယ်ကိုသာ အားကိုးပြုနေရသည်မှာ နှစ်ချီ၍ ကြာတတ်သည် ။ ထိုအခါ သာဝကသည် ဆရာက သူ့အား ပစ်ထားလေပြီဟု စိတ်ပျက်အားငယ်မိသည် ။ တစ်ဖန် ဆက်ကြိုးစားရပြန်သည် ။

သာဝက၏ ပြင်းပြသောစိတ်ဓာတ်ကို မြင်ရသောအခါမှ ဆရာက တစ်ဖန်ညွှန်ကြားခြင်း ၊ နည်းပေးလမ်းပြပြုခြင်း ၊ ဓာတ်ကူးပေးခြင်းတို့ကို ပြုလုပ်ပေးသည် ။

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...