၂ ။ နာဇီပါတီ အစ !
-----
ဒုတိယကမ္ဘာစစ် ဖြစ်ပွားရသည့် အကြောင်းရင်းမှာ
( ၁ ) အရင်းရှင်နိုင်ငံများအချင်းချင်း ပဋိပက္ခဖြစ်ခြင်း ၊
( ၂ ) မဟာဗျူဟာ စစ်အုပ်စုများ အပြိုင်ဖွဲ့စည်းခြင်း ၊
( ၃ ) စစ်လက်နက်များ အပြိုင်အဆိုင် တပ်ဆင်ခြင်းနှင့်
( ၄ ) ဖက်ဆစ်တို့၏ ကျူးကျော်မှုတို့အကြောင့် ဖြစ်လေသည် ။
ဒုတိယကမ္ဘာစစ်အကြောင်းကို ရေးသားရာ၌ ဂျာမနီ အာဏာရှင် တစ်ယောက်၏အကြောင်းကို ထည့် မရေးက ပြည့်စုံမည်မဟုတ်ချေ ။ ထိုသူမှာ နာမည်ကျော် ဂျာမနီအာဏာရှင် ဟစ်တလာ ဖြစ်သည် ။
သို့သော် ဟစ်တလာအကြောင်းကို သီးသန့်ရေးရန် အစီစဥ်ရှိသဖြင့် လတ်တလောတွင် သူ့ဘဝအကြောင်းကို ကျော်လိုက်ပါမည် ။ ယခုမူ ဟစ်တလာ စစ်မြေပြင်ထဲကို ဝင်ရာမှ စတင်ကြစို့ . . .
တစ်နေ့တွင် ဟစ်တလာ စဥ်းစားသည် ။ နိုင်ငံရေးပါတီတစ်ရပ် ရှိဖို့လိုသည်ဟု ယူဆကာ ဒရက်ဟစ်တလာသည် သတင်းစာဆရာတစ်ဦးဖြစ်သူ ကားလ်ဟားယား ( Kurd Harrer ) စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဖက်ဒါ ( Gottfried Feder ) တို့နှင့်ပူးပေါင်း၍ မူလ လွတ်လပ်သော အလုပ်သမားကော်မတီကို တိုးချဲ့ကာ ၁၉၁၉ ခုနှစ် ၊ ဇန်နဝါရီလတွင် “ ဂျာမန် အလုပ်သမား ပါတီကို စတင်တည်ဆောင်ခဲ့သည် ။
ပါတီ ဖွဲ့စည်းပြီး မကြာမီမှာပင် ဟစ်တလာသည် ယင်းပါတီသို့ ခြေဆုံပစ် ဝင်ရောက်လှုပ်ရှားခဲ့သည် ။
ဤသို့ဖြင့် ဟစ်တလာသည် မထင်မရှား မွေးဖွားလာသော ဂျာမန်အလုပ်သမားပါတီလေး၏ ၇ ယောက်မြောက် အလုပ်အမှုဆောင်တစ်ဦး ဖြစ်လာခဲ့သည် ။
သို့သော် ထိုပါတီကလေးသည် နောင်အခါ၌ တစ်ကမ္ဘာလုံးကို သိမ့်သိမ့်တုန်အောင် ကိုင်လှုပ်မည့် နာဇီပါတီအဖြစ် ရှင်သန်ပေါက်ဖွား ကြီးထွားလာခဲ့လေသည် ။
ထို့နောက် ၁၉၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် အလုပ် သမားပါတီ၏အမည်ကို ဂျာမန်အမျိုးသား ဆိုရှယ်လစ်အလုပ်သမားပါတီ ( National Socialist German Workers Party ) ဟူ၍ အမည်ပြောင်းလဲ၍ အချက်ပေါင်း ၂၅ ချက်ပါဝင်သော ပါတီလုပ်ငန်းစဉ် ကြေညာစာတမ်းကြီးကို ဟစ်တလာကိုယ်တိုင် ဖတ်ကြားတင်ပြခဲ့သည် ။
ဤသို့ဖြင့် နောင်အခါ၌ ' နာဇီပါတီ ” ( Nazi Party ) ဟူ၍ ထင်ရှား ကျော်ကြားလာသည့် ဂျာမန်အမျိုးသား ဆိုရှယ်လစ် အလုပ်သမားပါတီ၏ အမည်ကို ဂျာမန်အသံထွက်ဖြင့် အတိုကောက် ခေါ်ဝေါ်ရာမှ နောင်အခါ၌ ဂျာမနီတစ်ပြည်လုံးသာမက ကမ္ဘာကပါ ' နာဇီပါတီ ” ဟူ၍ ခေါ်ဝေါ်သုံးစွဲ ခဲ့ကြသည် ။
နာဇီပါတီနှင့်တွဲ၍ ဟစ်တလာ၏ အမည်မှာလည်း တဖြေးဖြေး ထင်ရှား လာခဲ့သည် ။
သူကိုယ်တိုင်လည်း သူ့အရှိန်အဝါကို ပါတီတွင်း၌ တစ်စတစ်စ ပို၍ကြီးမားလာအောင် လုပ်ဆောင်ခဲ့သည် ။
ထိုသို့ ပါတီတွင်း၌ ဟစ်တလာ တစ်နေ့တခြား တွင်ကျယ်လာသည်ကို မလိုလားမရှုစိတ်နိုင်သောကြောင့် ပါတီဥက္ကဋ္ဌ ဖြစ်သူ ဟားယားသည် နိုင်ငံရေးနယ်ထဲတွင် ပို၍ တွင်တွင်ကျယ်ကျယ် ခြေလှမ်းကျဲကျဲ လှမ်းနိုင် ရန်အတွက် ၁၉၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် စစ်တပ်မှ လုံးဝထွက် လိုက်ပြီး ပါတီလုပ်ငန်းများကို အချိန်ပြည့် စတင်လုပ်ကိုင်လာခဲ့သည် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment