ထုံကူးခြင်း
-----
ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြံ အားထုတ်ထားသူများ ဖြစ်သည် ။
ဘက်ထရီအိုးတစ်လုံးကို အောင်မြင် - ပြည့်၀စွာ အားသွင်းထားပါက မိမိထက် စွမ်းအင်နိမ့်ကျသော ဘက်ထရီ ၊ အားနည်းသော ဘက်ထရီအိုးသို့ မိမိစွမ်းအင်အချို့ကို ဖဲ့ပေးလိုက်ခြင်းဖြင့် အားနည်းသော အားငုပ်နေသော ဘက်ထရီသည် အားများ စီးဝင်ပြည့်ဝသွားသည် ။
ထိုနည်းတူစွာပင် ထွက်ရပ်ပေါက်ကျင့်စဉ် စခန်းတက်လိုသူ သာဝကအား အကျင့် စခန်း ပြည့်စုံကုံလုံသွားသောဆရာက မိမိ၏ စိတ်စွမ်းအင်ဖြင့် အားဖြည့်ကူညီလိုက်သောအခါ တပည့်သာဝကသည် လွယ်ကူစွာ ကျင့်စဉ်စခန်းကို တက်လှမ်း၍ အောင်ပန်းဆွတ်ခူးနိုင်သည်ကို ထုံကူးခြင်းဟု ရှေးဟောင်းဂန္ဓာရီပညာက ဆိုသည် ။
ဂန္ဓါရီစခန်းများကို တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းသောအခါ သာဝကသည် မိမိ၏ စွမ်းအင်တစ်ခုတည်းဖြင့် တက်လှမ်းရန် ခက်ခဲလှသည် ။ ဂန္ဓာရီပညာစခန်း၏ တက်စဉ်တိုင်းတွင် အကျင့်သီလ ဖြူစင်မှုရှိ မရှိ ၊ ဉာဏ် ပညာစွမ်း ထက်မြက်မှုရှိ မရှိ ၊ ယုံကြည်ကိုးကွယ်မှု သဒ္ဓါတရားပြည့်ဝမှု ရှိမရှိနှင့် လုံးဝ ကြောက်စိတ်ကင်းမဲ့သော သူရသတ္တိရှိမရှိကို မီးဖြင့်လည်းကောင်း ၊ ရေဖြင့်လည်းကောင်း ၊ မြွေဖြင့်လည်းကောင်း ၊ မုန်တိုင်းဖြင့်လည်းကောင်း ၊ နာနာဘာဝများ၏ ခြောက်လှန့်မှုဖြင့် လည်းကောင်း အမျိုးမျိုးစမ်းသပ်သည်ကို အောင်မြင်စွာ ကျော်လွှားနိုင်မှသာလျှင် ဂန္ဓာရီပညာ အဆင့်ဆင့် တက်ရသည် ။
ဤသို့ မီး ၊ ရေ ၊ လေ ၊ မြွေတို့ဖြင့် စမ်းသပ်ပွဲပြုလုပ်သည်ကို ရေထုံ ၊ မီးထုံကူး သည်ဟု ခေါ်ခြင်းဖြစ်သည် ။
မည်သို့ စမ်းသပ်သည် ။ မည်သို့ ထုံကူးသည်မှာ သပ်သပ် အသေးစိတ်ဖော်ပြမှသာလျှင် လိပ်ပတ်လည်မည် ဖြစ်သည် ။
ဂန္ဓာရီ နောက်ဆုံးအဆင့်တွင် အလွန်စွဲလမ်းတွယ်တာသော မိမိရုပ်ခန္ဓာကို မရဏသေမင်းလက်အပ်ပြီးမှ ဝိညာဉ်အနေဖြင့် တစ်ဖန်ပြန်လည် အသက်ရှင်ခြင်း အဆင့်ကို ရောက်အောင် ကျင့်ကြံအားထုတ်ခြင်းနှင့် ရုပ်ခန္ဓာသေသော်လည်း ဝိညာဉ် မသေဘဲ မာယာလောကဖြစ်အောင် ရုပ်လောကမှ လွတ်မြောက်အောင် ကျင့်ကြံအားထုတ်ခြင်းကို ထွက်ရပ်ပေါက်ခြင်း သို့မဟုတ် ဂန္ဓာရီပညာ အန္တိမအဆင့် ရောက်ခြင်းဟု ခေါ်ကြသည် ။
ဤအဆင့်တွင် လောကီလူသားဖြစ်သော တပည့်သာဝကကို ဆရာအသျှင်က မိမိ၏ စွမ်းအင်ဖြင့် ကူညီခြင်း သို့မဟုတ် မိမိထုံထားသော သိဒ္ဓိအစွမ်းဖြင့် တပည့်သာဝကကို ကူညီစောင့်ရှောက်ပေးခြင်းဖြင့် ပါရမီရှင်သာဝက ထွက်ရပ်စခန်းသို့ တက်လှမ်းသွားသည်ကို ထွက်ရပ်ပေါက်ခြင်းဟု အီဂျစ်ရှေးဟောင်းဂန္ဓာရီပညာက ခေါ်ဝေါ်သည် ။ ဤသို့ ဂန္ဓါရီပညာအဆင့်ဆင့်ကို တက်လှမ်းရသော ဂန္ဓာရီအဆင့် တက်စဉ်မှာလည်း ခုနှစ်ဆင့် ရှိပြီး အဆင့်တိုင်းတွင် လျှို့ဝှက်နက်နဲမှုများ အပြည့်ရှိနေပေသည် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment