မဟာဂန္ဓါရီ တက်စဥ်
-----
အီဂျစ်ပြည်အနီးတစ်ဝိုက်ရှိ ဆီးရီးယား ၊ ကောလ်ဒီးယား ၊ ပါသျှား ၊ အစ္စရေးစသော နိုင်ငံ များနှင့် အီဂျစ်ပြည်တွင်းရှိ မဟာဂန္ဓာရီပညာကို လေ့လာလိုက်စားလိုသူများသည် အီဂျစ်ပြည် မဟာဂန္ဓာရီ ဗဟိုစခန်းရှိရာ သီးဘီးစ်မြို့တော်သို့ ရောက်လာကြသည် ။
ထိုစဉ်က အီဂျစ်ပြည်၏ မြို့တော်မှာ သီးဘီးစ်မြို့ဖြစ်ပြီး အခြားအချက်အချာမြို့ကြီးများမှာ ဟဲလီယိုပိုလစ် ၊ ဟမ်မိုပိုလစ်နှင့် မင်းဖြစ်မြို့တို့ဖြစ်သည် ။
မဟာဂန္ဓာရီပညာကို လေ့လာ တတ်မြောက်သွားသူများသည် အဝိဇ္ဇာ မာယာလောကမှ လွတ်မြောက်သွား သူများဖြစ်၍ ထွက်ရပ်ပေါက် ပုဂ္ဂိုလ် ( Intiate ) ဟု ခေါ်သည် ။ တစ်နည်း အားဖြင့် သံသရာမှ ထွက်မြောက်သွား သူဟု အဓိပ္ပာယ်ရသည် ။
ထို့ကြောင့် ထွက်ရပ်ပေါက် ပညာ ကိုပင်လျှင် ရှေး ဟောင်း ဝေါဟာရဖြင့် မဟာဂန္ဓာရီ ပညာဟု ခေါ်ခြင်း ဖြစ်သည် ။
မြန်မာပြည် အလိုအားဖြင့် ယခုအခါ အီရန်ခေါ်သော ဂန္ဓာရတိုင်းမှ ထွက်ရပ်ပေါက်ပညာဖြစ်၍ ဂန္ဓာရီပညာဟု ခေါ်ခြင်းဖြစ်သည် ။
ယင်းဂန္ဓာရီပညာသည် အိန္ဒိယမှတစ်ဆင့် အရှေ့တိုင်းများသို့ ပျံ့နှံ့သွားပြီး အာရှမဟာဂန္ဓာရီပညာနှင့် ပေါင်းစပ်သွား ခြင်းဖြစ်သည် ။
ဂန္ဓာရတိုင်း၏ ဇာတိခေါ် အီရန်သည် ရှေးခေတ်ကပင် အီဂျစ်နှင့် ကူးလူးဆက်ဆံ မှုများရှိသည် ။
ဤသို့ ကူးလူးဆက်ဆံရာတွင် ဂန္ဓာရီပညာ ဗဟိုချက်ဖြစ်သော အီဂျစ် မဟာဂန္ဓာရီပညာများကိုလည်း အီရန်တို့ ဆက်ခံရရှိသည် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment