Skip to main content

ကမ္ဘာဦး အုပ်ချုပ်​ရေး

၁၄ ။ ကမ္ဘာဦး အုပ်ချုပ်​ရေး
-----
ကမ္ဘာ့အဦးဆုံး ယဉ်ကျေးမှု ခေတ်ကြီးများကို အာရှတိုက်တွင် ထူထောင်ခဲ့သည် ။ အိန္ဒိယပြည်တွင် အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု ၊ အီဂျစ်ပြည်တွင် နိုင်းမြစ်ဝှမ်း ယဉ်ကျေးမှု ၊ ယူဖရေးတီမြစ်နှင့် တိုက်ဂရစ်မြစ်ဝှမ်းအကြားရှိ ဘေဘီလုံ ယဉ်ကျေးမှု ၊ တရုတ်ပြည်တွင် ဟိုဝှမ်မြစ်ဝှမ်းဒေသ ယဉ်ကျေးမှုတို့ ဖြစ်ကြသည် ။

ထိုခေတ်တွင် လူတို့သည် အစားအစာအတွက် ကောက်ပင်ကိုစိုက်ကာ အုပ်စုဖွဲ့ ၍ ကျေးရွာကလေးများ တည်ထောင်နေထိုင်ကြသည် ။ ထိုအခါ လူတို့သည် အချင်းချင်း ရိုင်းပင်းကြသည် ။ တစ်ယောက်ဒုက္ခကို တစ်ယောက်အား ပြောပြသည် ။ ဝမ်းသာစရာ ရှိလျှင်လည်း အားလုံး ဝေခွဲကာ ဝမ်းသာကြသည် ။ ထို့အတူ တစ်ယောက် လုပ်ငန်းကို တစ်ယောက်က ကူညီသည် ။

အချို့က ကောက်ပင်စိုက်၍ အချို့က အိုးလုပ်သည် ။ အချို့ကား အထည်အဝတ် ရက်လုပ်သည် ။ ထိုကျေးရွာအုပ်စုတို့တွင် အလုပ်မျိုးစုံ လုပ်ကိုင်ကြသည် ။ အချို့ကား ရွာ၏ကိုယ်စား နတ်ဘုရားတို့ကို ပူဇော်ပသကာ ကောက်ပင်အောင်ရန် ဆုတောင်းကြသည် ။

ကောက်ပင်စိုက်သည့် လယ်သမားက သူတို့အတွက် အထည်ရက်သည့် ရက်ကန်းသည်အား ကောက်စပါးကိုပေးသည် ။ ထွန်ထယ်တို့ကို ပြုလုပ်ပြင်ဆင်ပေးသည့် လက်သမားကိုလည်း ကောက်စပါး ဝေမျှပေးသည် ။

မိုးလေမှန်ရန် ဆုတောင်းပေးသည့် ဘုန်းကြီးတို့ကိုလည်း ကောက် စပါး ပေးလှူသည် ။ ထိုလယ်သမားတို့တွင် မြေယာများစွာ ပိုင်ဆိုင်သည် ။ လူတို့သည်လည်း အလုပ်ကို ပင်ပန်းကြီးစွာ လုပ်ကိုင်ရသည် ။

သို့ရာတွင် မြေကြီးက သီးပွင့်သည့် ကောက်စပါးကို အချင်းချင်း ဝေခွဲမျှတ စားသောက်ကြရာ၌ကား အခက်အခဲ မရှိခဲ့ ။

ထို့နောက် မိုးလေ မမှန်သည့်အခါမျိုး ၊ ကြုံကြိုက်လာသည် ။ တစ်ခါ တစ်ရံ သားရိုင်းတိရစ္ဆာန်တို့က သူတို့၏ ကျေးရွာကို ဝင်​ရောက်ဖျက်ဆီး သတ်ဖြတ်သည့် အန္တရောယ်မျိုး ပေါ်လာသည် ။ ထိုအခါ ကျေးရွာအုပ်စုသည် အခြား တစ်နေရာသို့ ရွာလုံးကျွတ် ရွှေ့ပြောင်းရသည် ။

နောက်ပြောင်းသည့် နေရာသည် အလျင်နေရာလောက် မြေသြဇာထက်သန်ချင်မှ ထက်သန်မည် ။ ထိုအခါတွင် မြေသစ်ယာသစ်၌ မြေကောင်းမြေဆိုးကို မည်သူပိုင်ဆိုင်သင့်သည် ဆိုသော ပြဿနာများ ပေါ်လာသည် ။

ဤ ပြသနာမျိုး ရင်ဆိုင်ရသည့်အခါ ကျေးရွာသားတို့သည် အချင်းချင်း ​ခေါင်းချင်းရိုက် တိုင်ပင်စည်းဝေးကြသည် ။ ပြီးလျှင် သူတို့အထဲမှ အသက်အရွယ်အကြီးဆုံး ၊ ပညာညာဏ် အကြီးဆုံး ၊ လူတစ်​ယောက် ကို ရွာ၏ အကြီးအကဲ အဖြစ် ရွေးချယ်ကာ ပြဿနာ အရပ်ရပ်ကို ဆုံးဖြတ်စေသည် ။

ဤကဲ့သို့သော ကျေးရွာများကို အိန္ဒိယယဉ်ကျေးမှုခေတ်ကြီးတွင် အစောဆုံး တွေ့ရသည် ။

ယင်းကျေးရွာမျိုး ကို ဘုံကျေးရွာဟု ခေါ်သည် ။

ရှေးအခါ အိန္ဒိယနိုင်ငံတွင် ကျေးရွာ၏ အကြီးအကဲ တင်မြှောက်သည့် အလေ့အထသည် မဟာသမ္မတမင်း မြောက်သည့် အလေ့အထပင် ဖြစ်ဟန်တူသည် ။

ဦးစွာပထမ ထိုဘုံကျေးရွာမျိုး၌ ရွာ၏ အကြီးအကဲ ငါးဦးကို ရွေးကောက်သည် ။ ဤသည်မှာ ဘုံကျေးရွာခေတ်က ငါးဦးကော်မတီပင် ဖြစ်လေသည် ။

ငါးဦးကော်မတီသည် အရှုပ်အရှင်း အားလုံးကို ဆုံးဖြတ်သည် ။ အိမ်ထောင်စုတစ်ခု၌ လယ်မြေ အလုံအလောက် မရှိခဲ့လျှင် ငါးဦးကော်မတီက လယ်မြေ​ဝေငှပေးသည် ။ အိုးထိန်းသည်က အပြင်းထူနေကာ လယ်သမားအလို ရှိသည့် အိုးကို မပေးအပ်လျှင် ငါးဦးကော်မတီက အိုးထိန်းသည်အား အလုပ် လုပ်ရန် နှိုးဆော်သည် ။ ထို့နောက် လယ်သမား အလိုရှိသောအိုးကို ပေးအပ်သည် ။

ထိုခေတ်တွင် မည်သူ တစ်ဦးတစ်ယောက်မျှ လယ်မြေကို မပိုင်ဆိုင်ကြ ။ နွားစားကျက်ကို မပိုင်ဆိုင်ကြ ။ လယ်မြေပိုင်ဆိုင်ခွင့်သည် လူတိုင်း၌ ရှိသည် ။ ထို့ပြင် ထိုပိုင်ဆိုင်ခွင့်ကိုလည်း လူတိုင်း လေးစားကြသည် ။ ငါးဦး ကော်မတီသည် လယ်မြေပိုင်ခွင့်ကို ကြီးကြပ်ရုံမျှမက လယ်မြေတို့၌ ရေအလုံ အလောက် ရရှိရေးကိုလည်း ဂရုစိုက်သည် ။ ထို့ပြင် ကျေးရွာလမ်းများကိုလည်း ပြင်ဆင်ပေးသည် ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...