မြန်မာနိုင်ငံ ဗုဒ္ဓသာသာနာသမိုင်း ---- မြန်မာနိုင်ငံအတွင်းသို့ ဗုဒ္ဓသာသနာတော် မည်သည့်အချိန်တွင် စတင်ရောက်ရှိလာသနည်း။ ဟူသည့် မေးခွန်းကို ဖြေဆိုရန်နှင့် စတင်ရောက်ရှိချိန်ကို မှတ်တမ်းတင်ရန်အတွက် ရာဇ၀င်နှင့် ဘုရားသမိုင်း(စာအထောက်အထား)သက်သက်မျှမဟုတ်ဘဲ ခေတ်ပြိုင်အထောက်အထားများ၊ သုတေသနတွေ့ရှိမှုများဖြင့် တိုက်ဆိုင်စစ်ဆေးရန် လိုအပ်ပါသည်။ ထိုသို့ တိကျစွာမှတ်တမ်းတင်နိုင်ရန်အတွက်- ၁။ မြန်မာနိုင်ငံ၏ လူသားသမိုင်း မည်သည့်အချိန်မှစတင် ပေါ်ပေါက်ထွန်းကားခဲ့သနည်း? ၂။ ဗုဒ္ဓ-အသောကခေတ်ပြိုင် မြန်မာနိုင်ငံအတွင်း မည်သည့် လူနေဒေသများထွန်းကား၍ မည်သည့်ကိုးကွယ်ယုံကြည် မှုဆိုင်ရာအထောက်အထားများ တွေ့ရှိရသနည်း? ၃။ ဗုဒ္ဓ-အသောကခေတ်ပြိုင် မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာ ခေတ်ပြိုင်ရောက်ရှိကြောင်း အထောက်အထားများရှိပါ သလား? ထိုခေတ်ပြိုင်အထောက်အထားဆိုသည်မှာ အဘယ်နည်း? ၄။ ရာဇ၀င်ဆရာ/စာရေးဆရာ/ပါးစပ်ရာဇ၀င်များ ညွှန်းဆိုသည့် အတိုင်း ပုဂံခေတ် အေဒီ ၁၁ ရာစု အနော်ရထာလက်ထက် ရောက်မှ မြန်မာနိုင်ငံအလယ်ပိုင်း ပြည်မဒေသသို့ ဗုဒ္ဓဘာ သာရောက်ရှိသည်ဆိုသည်မှာ မှန်ကန်ပါသလား? ၅။ ပုဂံခေတ်ဗုဒ္ဓသာသနာသည် သရေခေတ္တရာမှ အမွေဆ...
သင်၏ ငါးမိနစ်တာအချိန်သည် အကျိုးရှိသော စာတစ်ပိုဒ်နှင့် ကုန်ဆုံးရန် သင့်၏ ။