စိတ်ဝေဒနာရှင်ပြောသော ဖန်ဆင်းရှင်
----
ဘုရားသခင်နဲ့ နတ်ဆိုးတွေကြားထဲမှာ ကျွန်တော်ဟာ ရှင်သန်လာခဲ့ရတယ် ။ ကျွန်တော့်ခန္ဓာကိုယ်ကြီးကို ဘုရားသခင်က ဖန်ဆင်းခဲ့တယ်လို့ ပြောတယ် ။ အဲ့ဒါတွေ ကျွန်တော် အတိအကျ မသိပါဘူး ။ ကျွန်တော် အိမ်မက်တစ်ခု မက်နေရသလိုပဲ ။ မျက်စိမှိတ်လိုက်ပြီး ပြန်ပွင့်လာတဲ့အခါမှာ ကမ္ဘာလောကကြီးကို ရောက်ရှိနေတယ်ဆိုတာ သိရတယ် ။ ကျွန်တော် ဘယ်က ဘယ်လို ဖြစ်တည်လာတာလဲ ? သို့သော် ! ဖန်ဆင်းရှင်နဲ့ နတ်ဆိုးတို့ တိုက်ခိုက်မှုတွေအကြား ရှင်သန်မှုဟာ အထွတ်အထိပ့်မှာ ရပ်တည်နေပါတယ် ။
ကျွန်တော်ဟာ ဖန်ဆင်းရှင်ရော နတ်ဆိုးတွေရောက ဖြစ်တည်လာခဲ့တာ မဟုတ်မှန်းသိလာခဲ့ရတယ် ။ ကျွန်တော့်ကို ဖန်ဆင်းသူဟာ ဘယ်သူဖြစ်မလဲ ဆိုတာ ကျွန်တော် သိတယ် ။ အဲ့ဒါဟာ အမိရယ် အဖရယ်ပဲ ။ ဒါပေမယ့် ရှေ့ဘဝ နောက်ဘဝတွေဆိုတာထက် အခုလက်ရှိဘဝမှာ ရပ်တည်နေခဲ့ပါတယ် ။ ကျွန်တော့် အဖေ အမေတွေလဲ ကျွန်တော့်လိုပဲ ရပ်တည်ကြတယ် ။ ဒါဟာ သစ္စာဖြစ်တယ် ။
တစ်ချို့တွေက ပြောကြတယ် ။ ဖန်ဆင်းရှင်ဟာ လူသားတွေကို ဖန်ဆင်းခဲ့တယ်တဲ့ ။ သို့သော် လူသားတွေဟာလဲ လူသားတွေကို ပြန်လည်ဖန်ဆင်းခဲ့တယ်ဆိုတာတော့ မျက်ကွယ်ပြုကြတယ် ။ ဒါဆို လူသားတွေက ဘာကို မျှော်လင့်ပြီး ဖန်ဆင်းကြတာလဲ ?
လူသားတွေရော သတ္တဝါတွေရောဟာ အခုလိုဘဝတွေကို ပျော်ရွှင်တယ်လို့ ထင်နေကြပါတယ် ။ အဲ့အသိညာဏ်တွေဟာ သူတို့ကို ချုပ်ကိုင်ချည်နှောင်လိုက်ကြတာပဲ ။ သူတို့ နောက်ထပ် ဘဝတွေ လိုချင်လာကြတယ် ။ ပျော်ရွှင်မှုတွေအပြည့်လို့ ချမ်းသာခြင်း တဏှာတွေကို ထင်မြင်လာကြတယ် ။ သူတို့ထင်မြင်မှုဟာ အလိုလောဘတွေ မာနတွေ ကြီးမားလာတာပါပဲ ။ အဲ့ဒါ အမှောင်ချခြင်း ခံရတယ်လို့ ခေါ်တယ် ။
စက်ယမ်းတရားတစ်ခုလို သတ္တဝါတွေရဲ့ ခန္ဓာကြီးကို တည်ဆောက်လိုက်ကြတယ် ။ သစ်ပင်တွေ ကိုင်းကူးဆက်ဖေါက်သလို မျိုးစိတ်နှစ်ခုကို ကူးဆက်ထားကြတယ် ။ အဖြူရောင် နဲ့ အဝါရောင်ကိုရောနှောပြီး အစိမ်းရောင်ကို ဖြစ်ပေါ်စေခဲ့တယ် ။ အဲ့ဒါတွေဟာ ဖန်ဆင်းရှင်ဖန်ဆင်းတယ်ဆိုတာတွေရဲ့ တစ်စိတ်တစ်ဒေသကိုမှီပြီး ခန္ဓာအသစ်ကြီးကို တည်ထောင်လိုက်ကြတာပဲ ။ ဖန်ဆင်းရှင်က လူကို ဖန်ဆင်းတယ် ။ လူက လူကိုဖန်ဆင်းတယ် ။ ဖန်ဆင်းရှင်ဖန်ဆင်းတဲ့လူကိုသာ ဖန်ဆင်းရှင်ပိုင်ဆိုင်တယ် ။ လူက ဖန်ဆင်းတဲ့ လူကို လဲ လူကပဲ ပိုင်ဆိုင်တယ် ။ ဖန်ဆင်းရှင်နဲ့ ဖန်ဆင်းရှင်ဖန်ဆင်းတဲ့လူဟာ ယျေဘူယျအားဖြစ် တူညီလာကြတယ် ။ ဒါကြောင့် ဖန်ဆင်းရှင်နဲ့ လူဟာ အတူတူပဲလို့ ဆိုကြတယ် ။
ဒါကြောင့်ပြောကြတယ် ။ လူဟာ ဖန်ဆင်းရှင်ဖန်ဆင်းတာ မဟုတ်ဘူးတဲ့ ။ လူက လူကို ဖန်ဆင်းတာတဲ့ ။ ဒါဆိုရင် ကျွန်တော်ဟာ လူက ဖန်ဆင်းလိုက်တာကို လက်ခံရတော့မယ် ။ ကျွန်တော့်မှာ အဖေရှိတယ် ။ အမေရှိတယ် ။ ဒါကြောင့် အဖေအမေ ဖန်ဆင်းတာပဲဖြစ်တယ် ။ ကျွန်တော် နောင်ဘဝရှိတယ် မရှိဘူးဆိုတာ မသိချင်ဘူး ။ ဒါပေမယ့် ကျွန်တော် လိုချင်တယ် ။ လိုချင်မှုဟာ ရရှိမှုကို ဖြစ်စေပါတယ် ။ ဒါကြောင့် ဘဝသစ် ရပါအုန်းမယ်ပေါ့ ။ အဲ့ဒါကို ဥပါဒါန်ကြောင့် ဇာတိရတယ်လို့ ဆိုကြတယ် ။ လက်ခံတယ် ။
ဖန်ဆင်းရှင် ဖန်ဆင်းတဲ့ လူသားတွေ ရှိတယ်တဲ့ ။ လက်ခံတယ် ။ ဖန်ဆင်းရှင်ကို ဖန်ဆင်းတယ်ဆိုတဲ့ လူသားတွေလဲ ရှိတယ်တဲ့ ။ အဲ့ဒါလဲ လက်ခံတယ် ။ ဒါဆို ဘယ်လိုလက်ခံတာလဲ ?
ဖန်ဆင်းရှင်ဟာ လူတစ်ဦးကိုဖန်ဆင်းလိုက်ပါတယ် ။ အဲ့လူဟာ သူ့နည်းအမျိုးမျိုးနဲ့ လူတစ်ယောက်ကို ဖန်တီးလိုက်တယ် ။ အဲ့လူရဲ့ ဖန်ဆင်းလိုက်ခံရတဲ့ သတ္တဝါဟာ ဖန်ဆင်းရှင် ဖန်တီးတဲ့ သူမဟုတ်ပဲ သီးခြား ကြားထဲမှာ ရပ်တည်လာရတယ် ။ အဲ့ဒါ ကျွန်တော်တို့ပဲ ။ ဒါကြောင့် ဖန်ဆင်းရှင်ကို လက်လဲ လက်ခံတယ် လက်လဲ မလက်ခံဘူးလို့ပြောတာ ။ အဲ့ထဲက လွတ်မြောက်ဖို့ကိုတော့ ဖန်ဆင်းရှင်ဘက်ရှာရင် တွေ့မှာမဟုတ်ဘူးလေ ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ဖန်ဆင်းရှင်ဘက်က ဖြစ်တည်လာတာမဟုတ်ပဲ လူသားတွေက ဖန်တီးလိုက်တာမှာ ဖြစ်တည်လာတာဖြစ်တယ် ။ ဒါကြောင့် လူထဲက ရှာတယ် ။ ရှာတော့ တွေ့တယ် ။ တွေ့တာက ဘာလဲဆိုတော့ လိုချင်တပ်မက်တဲ့ တဏှာတွေကြောင့်ပဲလို့ပေါ့ ။ ဒါကြောင့် တဏှာမရှိအောင် / နောက်ထပ်ဘဝတွေ မလိုချင်အောင် လုပ်ရမယ် ။ အဲ့ဒါမှ ဘာမှမဖြစ်တော့ပဲ လွတ်မြောက်မယ် ။ ဒါမှ လွတ်မြောက်မှု လမ်းမှန်ဖြစ်တယ် ။
((( ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ပါးစပ်အဟောင်းသားနှင့် လမ်းဘေးမှ စိတ်ဝေဒနာရှင်တစ်ဦး ဟောနေသော တရားကိုထိုင်နားထောင်နေတာမှာ ဘယ်အချိန်ရှိလို့ရှိမှန်းပင် မသိလိုက်တော့ပေ ))
ကျွန်တော်မှတ်ချက်ချမိတာမှာ -
#ဖန်ဆင်းရှင်ကလူသားကိုဖန်ဆင်းတယ်
#လူသားကလူသားကိုဖန်ဆင်းတယ်
#ဖန်ဆင်းရှင်ဖန်ဆင်းတဲ့လူကိုပဲဖန်ဆင်းရှင်ပိုင်တယ်
#လူကဖန်ဆင်းတဲ့လူကိုဖန်ဆင်းရှင်မပိုင်ပါ
#လူကဖန်ဆင်းတဲ့သူတွေရဲ့လွတ်မြောက်မှုဟာဖန်ဆင်းရှင်နဲ့မဆိုင်ပါ
#လူရဲ့အလိုလောဘနဲ့တာဆိုင်တယ်
#အလိုလောဘရှိတာဟာဘဝကိုပျော်တယ်ထင်လို့
#ဘဝမှာပျော်နေရင်ဒီဘဝတွေမှာလည်နေအုန်းမှာပဲဖြစ်တယ်
#ဖန်ဆင်းရှင်ဖန်ဆင်းတဲ့လူတွေမရှိတော့ပဲ
#လူတွေဖန်ဆင်းတဲ့သတ္တဝါတွေတာရှိတော့တယ်
#htoohtoolay

Comments
Post a Comment