Skip to main content

တိဗက္မွ ဗုဒၶသာသနာ

တိဗက္မွ ဗုဒၶသာသနာ
---------------------------
အခြားအာရှ ဗုဒ္ဓဘာသာ နိုင်ငံများ ကဲ့သို့ပင် တိဗက်နိုင်ငံ၌ ဗုဒ္ဓဘာသာသည် လူများစု၏ အဆင့်နိမ့် ဗုဒ္ဓဘာသာနှင့် လူနည်းစု၏ အဆင့်မြင့် ဗုဒ္ဓဘာသာဟူ၍ နှစ်မျိုးနှစ်စား ရှိ၏ ။ လူထု ဗုဒ္ဓဘာသာသည် ဟိန္ဒူ တန္တရ ဝါဒနှင့် ရောထွေးနေ၍ တန္တရဝါဒကို လက်ယာလမ်း ။ လက်ဝဲလမ်းဟူ၍ ခွဲခြား သတ်မှတ်ထား၏ ။ လက်ယာလမ်း တန္တရသည် မြန်မာနိုင်ငံရှိ လောကီအထက်လမ်းနှင့်တူ၍ လက်ဝဲလမ်း တန္တရမှာ လောကီပညာ အောက်လမ်းနှင့် တူ၏ ။

ရှေးအခါက ဘင်္ဂလားနှင့် အာသံ ပြည်နယ်များ၌ ပေါ်ထွန်းခဲ့သော တန္တရဝါဒသည် ခုနှစ်ရာစု အလယ်လောက်က တိဗက်ပြည်သို့ ရောက်လာ၏ ။ တန္တရမှာ ဟိန္ဒူတန္တရနှင့် ဗုဒ္ဓတန္တရဟူ၍ နှစ်မျိုးရှိသည် ။ ဗုဒ္ဓတန္တရမှာ ဟိန္ဒူတန္တရမှ အညစ်ကြေးများနှင့် ကင်းစင်သည်ဟု တိဗက် ဗုဒ္ဓစာပေ ပညာရှင်တစ်ဦးက ယူဆ၏ ။ ၁၁ ရာစုခေတ်က အတိသ အမည်ရှိ တန္တရဂိုဏ်းသား ရဟန်းတစ်ပါးသည် ကျမ်းစာများ ပြန်ဆိုခြင်း ကျောင်းများ တည်ဆောက်ခြင်း စသည်ဖြင့် တိဗက် ဗုဒ္ဓဘာသာကို ပြုပြင်ခဲ့၏ ။ အတိသ၏ သာသနာပြုပြင်ရေး လုပ်ငန်းများကို ရွှန်ကပ ခေါ် တိဗက် ရဟန်းတော်က ဆက်လက် ဆောင်ရွက်၏ ။ တိဗက် သာသနာဝင်၌ ထင်ရှားသော ရွှန်ကပ သည် ရဟန်းတို့အား ထေရဝါဒ ဝိနည်း ကျင့်သုံးစေခြင်းဖြစ် တိဗက် ဗုဒ္ဓဘာသာကို တန္တရ အညစ်ကြေးမှ ကင်းစင်စေရန် ကြိုးပန်းဆော်ရွက်ခဲ့၏ ။

တိဗက်သံဃာသည် အနီဂိုဏ်း အဝါဂိုဏ်း အနက်ဂိုဏ်းနှင့် ကာဂျူပဂိုဏ်း ဟု၍ လေးဂိုဏ်းရှိ၏ ။ ရွှန်ပက ပြုပြင်ခဲ့သော အဝါဂိုဏ်းသည် အထင်ရှားဆုံးဖြစ်၍ ထိုဂိုဏ်း၌ ဒလိုင်းလားမားနှင့် တာရှိလာမ စသော သာသနာပိုင်ကြီးများ ပါဝင်၏ ။ တိဗက် ဘုန်းကြီးများ၏ အဓိက လုပ်ငန်းမှာ လူတို့အား ဘီလူး သရဲ စသော မိစ္ဆာ မကောင်းဆိုးဝါးများ၏ ရန်မှ ကာကွယ်ရန် ပရိတ်ဂါထာ မန္တာန်များ ရွတ်ဖတ်ခြင်း ဖြစ်၍ " ဥုမ်မဏိပါဒံ ဟုမ် " ကဲ့သို့သော မန္တန်များနှင့် စီရင်ထားသော အင်းအိုင်ခလှဲ့ လက်ဖွဲ့များကို လူတို့ ယုံကြည်ကိုးစားကြ၏ ။

ထိုသို့ တိဗက်လူထု၏ ဘာသာတရားသည် တန္တရ အညစ်ကြေးများနှင့် ရောပြွမ်းနေသော်လည်း တိဗက်ဗုဒ္ဓဝါဒီအားလုံးကို အထင်အမြင်မသေးသင့်ပေ ။ တချို့ တိဗက် ယောဂီတို့သည် ဂူအောင်းလျက် နှစ်ရှည်လများ တရားကျင့်ကြံ အားထုတ်ကြ၏ ။ ဝိပဿနာ ဆရာများသည် သရဲတစ္ဆေ အစွဲချွတ်ရန် ယောဂီမျာကို ညအခါ တောထဲ၌ တစ်ယောက်တည်း တရားထိုင်ခိုင်း၏ ။ တိဗက်ပြည်၌ တန်ခိုးအဘိညာဉ်ရသော ရသေ့ ရဟန်းများရှိသည်ဟု အချို့ အနောက်တိုင်းသားများ ယုံကြည်ကြသည်။ ရှေးအခါက အနောက်နိုင်ငံများ၌ ထင်ရှားသော သီအိုဆိုဖီ အသင်းများသည် တိဗက်ပြည် ရဟန်းများထံမှ သူတို့ ရရှိသည်ဆိုသော တရားများကို ဟောပြောကြသည် ။ တစ္ဆေ သရဲ နတ်ဗြဟ္မာ စသည်တို့ကို လူတို့၏ စိတ်ကူးဖန်တီးမှုအဖြစ် ပြဆိုထားသော ရှေးဟောင်း တိဗက်ကျမ်းမှာ အနောက်တိုင်း အသိပညာရှင်များ အထူး လေ့လာသော စာအုပ်ဖြစ်၏ဟု လေ့လာ မှတ်သားခဲ့ရသော တိဗက် သာသနာအကြောင်းကို ရေးသားတင်ပြလိုက်ရပါသည် ။

#htoohtoolay

Comments

Post a Comment

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...