Skip to main content

ရဟန္တာလား ? ခန္တာမပုပ်ရင် !

ခန္ဓာမပုတ်ရင် ရဟန္တာလား ?
-------

လူတစ်ဦးရဲ့ ခန္ဓာ သို့မဟုတ် သတ္တဝါတစ်ကောင်ရဲ့ ခန္ဓာတစ်ခုဟာ စုတိချိန်ရောက်တဲ့အခါ သူ့ဆီမှာရှိတဲ့ ခန္ဓသဘာဝအရက နောက်ထပ် နှစ်ရက်နေတဲ့ အခါ ပုတ်သိုးသွားနိုင်တယ်လို့ ဒီလို သိရှိထားကြတယ် ။ မြန်မြန် ပုတ်သိုးသွားတဲ့ ခန္ဓာတစ်ခုဟာ သူ့ကို ရှေးဦးအထောက်အပံ့ပေးတဲ့ ဆဲလ်တွေက အလွန်ကို အညံ့စား ဥပမာ အသားအရည်ဟာ ရောဂါဓါတ်ခံတွေကြောင့် အသက်ရှင်စဉ်ကကိုပဲ အတော်လေး အရေအသွေးညံ့တဲ့ ဖွဲ့စည်းပုံတစ်ခု ဖြစ်နေခဲ့တာကြောင့် စုတိချိန်လဲရောက်ရော သူဟာ အချိန်မြန်မြန် ပုတ်သိုးသွားတာကို အပေါ်ရံအားဖြင့် တွေ့ရပါတယ် ။ ဒါက ဖြစ်ရိုးဖြစ်စဉ်မို့ သိပ့်မဆန်းကြယ်တော့ပါဘူး ။ဒါပေမယ့် ဆန်းကြယ်တဲ့ ခန္ဓာတွေလဲ ကမ္ဘာအရပ်ရပ်မှာ တွေ့ရှိရတာမျိုးတွေ အလွန်များများပြားပြား ပေါ်ထွက်လာပါတယ် ။
ဆိုလိုတာက စုတိတဲ့ ခန္ဓာဟာ ရက်ပေါင်းများစွာ နှစ်ပေါင်း များစွာ ကြာတဲ့ အချိန်ထိတောင် မပုတ်မသိုးခြင်း တည်မြဲနေခြင်းတွေကို တွေ့ရှိလာခဲ့တာကြောင့် ဒါဟာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခု ဖြစ်လာခဲ့တယ် ။ တစ်ချို့ကျောက်ဖြစ်ရုပ်ကျွင်းတွေဆိုရင် အသွေး အသား တစ်ရှုး တွေကအစ လတ်လတ်ဆတ်ဆတ်ကို ရှိနေတာတွေ့ရတယ် ။ နှစ်ကို တိုင်းတာကြည့်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော် ၂၀၀၀ ကျော် ၅၀၀၀ ကျော် အစရှိသရွေ့တွေ ဖေါ်ပြနေတယ် ။ ဒါဟာ ဘာကို အခြေတည်နေသလဲလို့ ကျွန်တော် စိတ်ဝင်စားခဲ့မိပါတယ် ။

အဲ့ဒီ့အကြောင်း အရာနဲ့ပတ်သတ်ပြီး တစ်ချို့လူတွေက ဗုဒ္ဓကျမ်းထဲမှာပါတဲ့ ရဟန္တာတွေဟာ ခန္ဓာစုတိတဲ့အချိန်မှာ မပုတ်မသိုး ဖြစ်တယ်လို့ ဒီလို ဆိုတာ ကြားဖူးတယ် ။ တစ်ခါကလည်း သူငယ်ချင်းတစ်ယောက်က သေပြီး ခန္ဓာမပုတ်တာက ရဟန္တာပဲလို့ ဒီလိုပြောလာတယ် ။ အဲ့ဒါဆို ကျမ်းထဲမှာ ဖွင့်ဆိုထားလားလို့ဆိုတော့ ဖွင့်ဆိုထားတာ လုံးဝမပါဘူးနော် ။ ကျမ်းထဲမှာမပါပဲ ဒါဟာ ရဟန္တာအင်္ဂါပါလို့ ဘာကြောင့် သုံးတာလဲလို့ စဉ်းစားမိလာခဲ့ပါတယ် ။

 ရဟန္တာအင်္ဂါထဲမှာ ခန္ဓာမပုတ်မသိုးရင် ဒါ ရဟန္တာပဲလို့ ဒီလိုအတိအကျဆိုလာတော့ ကျမ်းတွေကို တော်တော်လေး လေ့လာမိခဲ့တယ် ။ ဘာကြောင့်လဲဆို ယခုခေတ် ကျောက်ဖြစ်ရုပ်ကျွင်းတွေကလဲ မပုတ်မသိုးပဲ ရှိခဲ့တဲ့ တိရိစ္ဆာန် ခန္ဓာကိုယ်ထည်တွေကို တွေ့ရှိထားလို့ပဲလေ ။ စုတိလို့ မပုတ်မသိုးတာကို ရဟန္တာအင်္ဂါပါလို့ သုံးရင် ဒါဟာ တော်တော်လေး စဉ်းစားစရာအချက်တစ်ခု ဖြစ်လာတော့တာပေါ့ ။ ဒါကြောင့် ပဋိစ္စသမပ္ပါဒ်နဲ့ ပဋ္ဌာန်ကျမ်းကို အတော်လေး ကိုင်ဖြစ်ခဲ့သေးပါတယ် ။ ရှားရင်း ရှာရင်းနဲ့ မဟာစည်ဆရာတော်ဘုရားကြီး ရေးသားတဲ့ ဝိသုဒ္ဓိမဂ်ကိုလဲ အထပ်ထပ် ရှာဖွေမိခဲ့တယ် ။

အတော်ထူးဆန်းတာပဲ ။ ဟုတ်တယ် ။ သူငယ်ချင်းပြောတာဖြစ်နိုင်တယ်လို့ ဒီလို မှတ်ချက် ချလိုက်မိတယ် ။ ကျမ်းထဲမှာတော့ ရဟန္တာအင်္ဂါကို ကိလေသာကုန်ခမ်းခြင်း တစ်ခုနဲ့တင် ပြည့်စုံပြီလို့ ဖေါ်ပြတာ တွေ့ရတယ် ။ အရိုးက ဘယ်လိုရှိရမယ် ခန္ဓာက ဘယ်လိုရှိရမယ် ဆိုတာကို အပေါ်ရံအကြမ်းဖျင်းပဲ ဗုဒ္ဓဟောပြောတာလေး တစ်ခု တွေ့ရတယ် ။ ဒါကလည်း အတိအကျလို့ ပြောတာမဟုတ်ဘူး ။ "နိုင်ပါတယ် "လို့သုံးတာဆိုတော့ တစ်ချို့လူပုဂ္ဂိုလ်တွေလဲ ထူးထူးခြားခြား ခန္ဓာဖွဲ့စည်းပုံတွေမှာ ချိတ်ဆက်လေးတွေ ပါတာလဲ တွေ့ရတယ်လေ ။ ဒါကြောင့် အတိအကျလို့ ဗုဒ္ဓက မဆိုတာ ဖြစ်နိုင်ကောင်းတယ် ။ အဲ့ဒါလဲ သဘာဝကျတာပေါ့ ။ နို့မို့ဆို ချိတ်ဆက်တိုင်း ရဟန္တာလား ပစ္စေကဗုဒ္ဓလားဆိုပြီး အထင်မှားနေနိုင်တာကိုးးးး ။

ကောင်းပြီ ။ လူရဲ့ခန္ဓာကိုယ်ကိုမလေ့လာခင် ကျောက်ဖြစ်ရုပ်ကျွင်းတွေအကြောင်း နည်းနည်လေ့လာကြည့်ရအောင်လား ။ ကျောက်ဖြစ်ရုပ်ကျွင်းတွေကို တူးဖေါ်တဲ့အခါ ဘူမိဗေဒခေတ်က အပင်နဲ့ တိရိစ္ဆာန်တို့က မြေအောက်တွေအထဲမှာ  နှစ်ပေါင်းများစွာနှစ်မြှပ်နေခဲ့ပြီး ပုံမပျက်ပဲ ရှိနေခဲ့တဲ့အခါ ပကတိအကောင်အတိုင်း တူးဖေါ်တွေ့ရှိလာခဲ့တယ် ။ ထူးခြားတာက တစ်ချို့ကျောက်ဖြစ်ရုပ်ကျွင်းတွေက လုံးဝမပျက်ဆီးတဲ့အပြင် အသားတွေက အခုချက်ခြင်း စားသောက်လို့တောင် ရတဲ့ အခြေထိ တွေ့ရတယ် ။ ဒါကို သိပ္ပံပညာရှင်တွေက လေ့လာတဲ့အခါ နည်းလမ်း ၃ မျိုးကို အသွင်ဆောင်ပြီး ဖြစ်တယ်ဆိုတာ တွေ့ရှိလာကြတယ် ။ ပထမနည်းက ဆိုက်ဗီးရီးယားပြည်မှာ တွေ့ရတဲ့ ဆင်ကြီးတစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုပါပဲ ။ သူ့ရဲ့ ဖြစ်ပုံက နှစ်ပေါင်းများစွာကြာခဲ့သော်လည်း ပကတိအတိုင်း အသားတွေရှိနေခဲ့တယ် ။ ဒါက အအေးဓါတ်ကြောင့် မပုတ်မသိုးရှိသွားတာမျိုးပေါ့ ။ နောက် ဒုတိယ နည်းက ပုံသဏ္ဍာန်အတိုင်း ကျောက်ဖြစ်သွားတဲ့ ရုပ်ကြွင်းတစ်ခု ဖြစ်တယ် ။ သူက ကျောက်တောင်အတိုင်း ဖြစ်သွားတာမျိုး ။ နည်းနည်းပြောရရင် ရေအောက်မှာရှိတဲ့ မြေပြင်ကို ကျသွားတဲ့အခါ နောက်ကျိနေတဲ့ ရွံ့ရေတွေက အရေပြားအထပ်ကိုကျပြီး တစ်ဖြေးဖြေး စိပ့်ဝင်လာခဲ့တယ် ။ နှစ်တွေကြာလာတာနဲ့အမျှ အရည်ပျော်ဝင်မှုတွေကနေမှာတစ်ဆင့် အသားတွေဟာ ရေမှာပျော်ဝင်နေတဲ့ အင်သြဂဲနစ်ပစ္စည်းတွေ အနည်ထိုင်လာတဲ့အခါ အခွံသဏ္ဍာန် ဖြစ်လာတယ် ။ အဲ့ဒီ့နောက်မှ နှစ်ပေါင်းများစွာကြာမြင့်လေတော့ ခန္ဓာတစ်ခုလုံးဟာ ကျောက်သားအသွင်ပြောင်းပြီး ပကတိအတိုင်း ကျန်ခဲ့တော့တာပါပဲ  ။

နောက်ဆုံး တတိယအမျိုးအစားကတော့ အကောင်းဆုံးပဲ ။ သူက ခန္ဓာ အစိတ်အပိုင်းအပြင် မူလ ခန္ဓာအိမ်မှာဖွဲ့စည်းထားတဲ့ ဆဲလ်တွေရဲ့ တည်ဆောက်ပုံ ကို အသေးစိတ် တွေ့ရတယ် ။ ဒါက အခု ကျွန်တော် ရှင်းပေးမယ့် ရဟန္တာပုံစံမျိုး ထဲက အမျိုးအစားတစ်ခုပါ ။ အဲ့ဒီ့ကျောက်ဖြစ်ရုပ်ကြွင်းက ဓါတ်ပြောင်းလဲမှုကြောင့် ဖြစ်လာခဲ့တာ ။ ဓါတ်ပြောင်းလဲမှုမှာ မူလ ပစ္စည်းမှာပါဝင်တဲ့ သြဂဲနစ် ပစ္စည်းတို့က ဝင်ရောက်ပြီး ကိန်းအောင်းနေကြတယ် ။ သူက မပုတ်တဲ့အပြင် လတ်လတ် ဆတ်ဆတ် ကို ရှိနေခဲ့နိုင်တယ် ။ ကျမ်းထဲမှာတော့ အခုချက်ခြင်း လှီးဖြတ်ယူစားရင်တောင် ရတယ်လို့ ဒီလို ဖေါ်ပြထားပါတယ် ။

 အတော်စိတ်ဝင်စားစရာကောင်းတာပေါ့ ။ အပြည့်အစုံလေ့လာချင်ရင် ကမ္ဘာဦးကျမ်း တိရိစ္ဆာန်များအကြောင်းမှာ ရှာဖတ်နိုင်ပါတယ် ။ နည်းနည်း လေ့လာချင်ရင်တော့ စွယ်စုံ ဒုတိယပိုင်း (ခ) စာ -  ၆၀ ကနေ ၆၃ အထိ ရှာကြည့်နိုင်ပါတယ် ။
ကောင်းပြီ ။ ထပ်ဆက်ကြတာပေါ့ ! အစောက ဗုဒ္ဓကျမ်းမှာ ခန္ဓာမပုတ်သိုးရင် ရဟန္တာဖြစ်နိုင်တယ်လို့ ကျွန်တော်ဒီလိုမှတ်ချက်ချမိပါတယ်ဆိုတာ ပြောခဲ့ပါတယ် ။ အဲ့ဒါက အားလုံးကိုမဆိုလိုပေမယ့် အတော်အတန်တော့ အဲ့ဒီ့ ဖြစ်စဉ်မှာ အကျုံးဝင်ပုံလေး ဗုဒ္ဓကျမ်းမှာ တွေ့ရှိမိလို့ပါ ။ ဒီလိုပါ ။ ဗုဒ္ဓဟောထားတဲ့ ပဋ္ဌာန်းကျမ်းက ကမ္မပစ္စည်းအပိုင်းကို ကြည့်မယ်ဆိုရင် " ကုသိုလ် အကုသိုလ်စေတနာသည် ဝိပါတ်နာမက္ခန္ဓာတို့အားလည်းကောင်း ကဋတ္တာရုပ်လို့ဆိုတဲ့ ကမ္မဇရုပ်တို့အားလည်းကောင်း နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုတက်ပါတယ် " လို့ ဒီလို ဟောထားတာပါတယ် ။ ဒါက အကြမ်းပြောရရင် စိတ်စေတနာက ထုတ်တဲ့ ကမ္မဇရုပ်တွေလို့ ဒီလို ဆိုလိုတယ် ။ အဲ့ဒီတော့ကာ ဖြစ်စဉ်တစ်ခုကို ကြည့်ရမယ် ။ ဆိုပါစို့ ။ လူတစ်ဦးဟာ ရူပခန္ဓာကိုမှီပြီး ခံစားမှုကိုပြုလိုက်တယ် ။ နောက်တော့ ခွဲခြားသတ်မှတ်တဲ့အချိန်မှာ မနှစ်မြို့ဖွယ် အကြောင်းတရားတစ်ခု ဖြစ်နေတာကို ဇောအဟုန်က တွန်းပို့လိုက်တဲ့အခါ သိစိတ်မှာသွားပြီး ဒေါသစိတ်ဖြစ်သွားတယ် ။ အဲ့ဒီ့ဒေါသစိတ်ကမှ ထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်တွေဟာ ဒေါသ ခန္ဓာလေးတွေ ဖြစ်သွားတယ် ။ စာပေမှာတော့ ကမ္မဇရုပ်လို့ ခေါ်တယ် ။

အဲ့ဒီလို ကျေးဇူးပြုတက်တော့ သူက စိတ်တစ်ချက်ခြင်းစီမှာ ဒေါသက မပျောက်သရွေ့ဒေါသခန္ဓာချည်းဖြစ်နေလေတဲ့အခါ မျက်နှာတွေတင်းမာနီးမြန်းလာမယ် ။ ခြေတွ လက်တွေ တုန်လာမယ် အစရှိသရွေ့ပေါ့ ။ အဲ့ဒီလို ထုတ်ပေးနေတဲ့အချိန်မှာ အလွန်ထက်သွားတာက တေဇောတစ်ခုဖြစ်လာတယ် ။ သူက ရင့်ကြတ်အောင် တွန်းအားအများချည်း ပံ့ပိုးပေးနေတယ် ။ အဲ့အချိန်မှာ ။ မြင်အောင်ပြောရရင် မြန်မြန် ခန္ဓာကြီးကို အိုသွားစေတာပေါ့ ။ ဒါက မကောင်းတဲ့ရုပ်တွေ အရည်အသွေးညံ့တဲ့ရုပ်တွေ ထုတ်ပေးနေတာလို့ ဆိုလိုတာ ။ အဲ့ဒီလို ပုထုဇဉ်တစ်ဦးက တစ်သတ်မှာ ဒေါသအကြိမ်ကြမ်ဖြစ်လေတော့ ခဏခဏ မကောင်းတဲ့ရုပ်တွေကို ကံကထုတ်ပေးနေတယ်လေ ။ အရည်အသွေးအလွန်ညံ့တော့ စုတိတာနဲ့ ခန္ဓာဟာ တာရှည်မခံနိုင်တော့ပဲ လေထဲက အောက်စီဂျင် ဓါတ်တွေနဲ့လဲ ထိတွေ့တဲ့အခါ ပုတ်သွားတော့တာပါပဲ ။

ရဟန္တာကျတော့ အဲ့လိုမဟုတ်ဘူး ။ ဒါပေမယ့် အကုန်လုံးကို မဆိုပါဘူး ။ ဒါကို နည်းနည်ပြောရအုန်းမယ် ။ တစ်ခုက ဒေါသဖြစ်တဲ့သူဟာ မြန်မြန် အသက်တိုစေတယ်လို့ ကြားဖူးတယ် ။ တစ်ချို့သူတွေကျတော့ စိတ်ကြီးတယ် ။ ဒေါသဖြစ်လွယ်တယ် ။ ဆိုပါဆို့ ဒေါသဖြစ်လွယ်တော့ အရည်အသွေးညံ့တဲ့ စိတ္တဇရုပ်တွေကို ကံက ထုတ်ပေးတယ် ။ လောဘခန္ဓာကို ထုတ်တယ် ။ မောဟ ခန္ဓာ မာနခန္ဓာ အစရှိသရွေ့ထုတ်ပေးနေတယ် ။  အဲ့ဒီ့တော့ စုတိရင် ခန္ဓာအရည်အသွေးမကောင်းတော့ မြန်မြန်ပျက်မှာပဲ ။ ဒါပေမယ့် သူက တရားကျင့်ကြံလိုက်တာ ကိလေသာတွေ ကုန်ဆုံးပြီး ရဟန္တာဖြစ်သွားတယ်ဆိုပါစို့ ။ ဒါဆို ရဟန္တာဖြစ်ချိန်မှာ ရှေ့ ကံက ထုတ်ထားတဲ့ ခန္ဓာတွေအစား ကံမ္မဇတွေက အလွန်ကောင်းတဲ့ ခန္ဓာ တွေ မာနကင်းတဲ့ခန္ဓာ ဒေါသကင်းတဲ့ခန္ဓာ အစရှိသရွေ့ ထုတ်လာတယ်ဆိုလျှင် ဒီခန္ဓာဟာ အချိန်ကြာမြင့်ရင် နေရာအားလုံးက ရှေ့ကထုတ်ထားတဲ့ မကောင်းတဲ့ အရည်အသွေးခန္ဓာတွေအစား နေရာယူသွားနိုင်တယ် ။

ဆိုလိုတာက အားလုံး ကောင်းတဲ့ အရည်အသွေးတွေချည်းဖြစ်သွားမယ်ပေါ့ ။  အဲ့ဒီလို ဖြစ်သွားလေတော့ စုတိတဲ့အခါ ကံ စိတ် ဥတု အဟာရ မှာ ကံလည်း မရှိတော့ဘူး ။ အဟာရကပေးတဲ့ သြဇာလည်း ထက်မလာတော့ဘူး ။ စိတ်မရှိတော့တဲ့အတွက် စိတ္တဇရုပ်တွေလဲ မရှိလာတော့ဘူး ။ နောက်ဆုံးကျန်တာက ဥတုပဲ ။ ဥတုကိုမှီနေတဲ့ခန္ဓာကြီးဟာ အချိန် တစ်ခုထိ တည်လာတယ် ။ ဘာကြောင့်အဲ့လိုပြောရတာလဲဆိုရင်  ရုပ်နဲ့ နာမ်ပဲရှိတဲ့အထဲမယ် နာမ်က ချုပ်သွားလေတော့ ရုပ်ချည်းကျန်ခဲ့တယ် ။ ရုပ်ကလည်း ဥတုကကျေးဇူးပြုလေတော့ အချိန်တစ်ခုထိ ခံနိုင်သွားတယ် ။ အဲ့ဒီ့အချိန်တစ်ခုအတွင်း ဖျက်ဆီးနေတာက ဓါတ်ကြီးလေးပါပဲ ။ အဲ့ဒီ့ဓါတ်ကြီးလေးပါးမှာ တေဇောက အားအကောင်းဆုံး ဖျက်ဆီးတာပါပဲ ။

မြေရှိတယ် လေရှိတယ် ရေရှိတယ် မီးရှိတယ် ။ မီးက အားကြီးပြီ ဖျက်ဆီးတယ်။ ဒါကိုပြောတာပါ ။ ဒါပေမယ့် ကောင်းတဲ့ စိတ်တ္တဇရုပ်တွေကို ထုတ်ပေးခဲ့တာကြောင့် အရည်အသွေးမြင့်တဲ့ ခန္ဓာဟာ အတော်လေး အခြေခံသွားခဲ့တာကြောင့် တော်ရုံနဲ့ မဖျက်ဆီးနိုင်ပဲရှိနေလို့ စုတိပြီး နှစ်နဲ့ချီကာ မပုတ်မသိုးရှိလာတာမျိုးတွေဖြစ်လာခဲ့တယ် ။ ဒါက ကျောက်ဖြစ်ရုပ်ကြွင်းထဲက တတိယအမျိုးအစားထဲ ဝင်နိုင်ကောင်းတယ် ။ ဟိုက အမျိုးအစားက နေရာရွေးတယ် ။ ရေရှိတဲ့နေရာဖြစ်ရမယ် ရွှံ့နွံပေါများတဲ့နေရာဖြစ်ရမယ် အပူပိုင်း အအေးပိုင်း အစရှိသရွေ့နေရာ တွေရွေးပြီးဖြစ်ခွင့်ရတယ် ။ ဒီရုပ်ကလာပ်ကြတော့ နေရာမရွေးဘူး ။  အောက်စီဂျင်နဲ့ ဘယ်လောက်ထိထိ အချိန်တစ်ခုထိ မပုတ်သိုးသွားဘူး ။ ဒါပေမယ့် ပျက်တော့ ပျက်ဆီးနေတာပဲ ။ တေဇောက ဖျက်နေတာပဲလေ ။ အဲ့ဒီလို ရှိတဲ့အထဲမယ် တစ်ချို့ရဟန္တာတွေကျတော့ ကိလေသာကုန်ပြီး ခန္ဓာကစိတ္တဇရုပ်ထုတ်ပေးတဲ့အခါ ရှေ့က ရုပ်တွေကို ပြည့်ပြည့်ဝဝ ကျေးဇူးမပြုခင်မှာ ပရိနိဗ္ဗာန်စံတော့ ရှေးးက အရည်အသွေးညံ့တဲ့ရုပ်ကြောင့် ပုတ်သိုးပျက်ဆီးသွားတာမျိုးတာဖြစ်တယ်လို့ ဒီလိုမှတ်ရမယ်ပေါ့ ။ ဒါပေမယ့် တစ်ခုရှိတာက တစ်ချို့ သူတွေဟာ ငယ်ငယ်လေးကတည်းက ဒေါသနည်းတယ် စိတ်မတိုဘူး ။ မာနသိပ့်မကြီးဘူး အစရှိသရွေ့ ကိလေသာတွေ က နည်းတာတွေ ရှိတက်တယ် ။ အဲ့ဒီ့လူတွေကိုလည်း သတိထားပြီး ကြားဖူးတာတွေဆင်ခြင်ကြည့် ။ ခုနှစ်ရက်ထိမပုတ်ဘူးတို့ ဆယ်ရက်ထိ နွေးနွေးလေးပဲတို့ ကြားဖူးတယ်မဟုတ်လား ။ အဲ့ဒါက စိတ်က ထုတ်ပေးတဲ့ ရုပ်တွေဟာ အရည်အသွေးကောင်းတွေ ဖြစ်နေခဲ့လို့ပေါ့ ။ ဆိုလိုတာက ခန္ဓာ မပုတ်သွားတာနဲ့ ရဟန္တာပါလို့ ပြောတာမဟုတ်တဲ့အကြောင်းကို ပြတာပါ ။

တစ်ချို့သူတွေလဲ လောဘ ဒေါသ နည်းတော့ ခန္ဓာက အရည်အသွေးကောင်းတွေ ထုတ်ပေးထားကြပါတယ်လို့ဒီလို ဆိုလိုချင်တာပါ ။ ဒါကြောင့် တစ်တစ်မက်တည်း အမှန်ယူလို့မရဘူးဆိုတာ ထင်ရှားသွားတယ် ။ ဒါ့ထပ် ထင်ရှားသွားတာက ဗုဒ္ဓဟောထားခဲ့တဲ့ ကိလေသာတွေကုန်ဆုံးရာသည်သာ ရဟန်းကိစ္စပြီး၏လို့ ဟောခဲ့တာ သဘာဝသိပ့်ကျတော့တာပေါ့ ။ အငြင်းပွားဖွယ်လဲ မရှိတော့ဘူးလေ ။ အဲ့လိုမှမဟုတ်ရင် ခန္ဓာမပုတ်တိုင်း ရဟန္တာလားဆိုပြီးပြောနေတာတွေ ရဟန္တာပြောပြီး ခန္ဓာက ပုတ်သွားပါလားလို့ ငြင်းစရာတွေက လွတ်ပြီးသားဖြစ်သွားတယ် ။ ဒါကြောင့် အချုပ်အနေနဲ့ပြောရရင် ရဟန္တာဆိုတာ ကိလေသာ အာသဝေါတွေ ကုန်ခမ်းခြင်းကိုသာ ရဟန္တာလို့ ခေါ်ပါတယ် ။ ခန္ဓာမပုတ်တိုင်းလဲ ရဟန္တာလို့ ပြောလို့ မရသလို ခန္ဓာပုတ်တိုင်းလဲ ရဟန္တာမဟုတ်ဘူးလို့ ဆိုလို့မရပါဘူးခင်ဗျာ ။ ခန္ဓာပုတ်တာနဲ့ မပုတ်တာနဲ့က ဆုံးဖြတ်လို့မရနိုင်သလို အတိအကျ သိရှိနိုင်တာလဲ  ဘုရားရဟန္တာတွေပဲ သိရှိနိုင်ပါတယ်လို့ အဖြေပေးလိုက်ပါရစေခင်ဗျာ ………

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...