Skip to main content

စစ်တိုက်တာ ဝါသနာပါတဲ့ " ကဲ့" လူမျိုး 

စစ်တိုက်တာ ဝါသနာပါတဲ့ " ကဲ့" လူမျိုး
----
ကဲ့ ဒါမှမဟုတ် ဆဲ့လူမျိုးတွေဟာ အလွန်ရှေးကျတဲ့ လူမျိုးပဲဖြစ်ပါတယ် ။ ခရစ်မပေါ်မှီ နှစ်ပေါင်းများစွာကတည်းက ဥရောပတိုက် အလယ်ပိုင်းနဲ့ အနောက်ပိုင်းတွေမှာ နေထိုင်ခဲ့ကြတယ် ။ အဲ့ဒီ့အခါက ရောမ အင်ပိုင်ယာမှာ မပေါက်ဖွားလာသေးပါဘူး ။ ကဲ့လူမျိုးဟာ လွန်စွာ စစ်တိုက်ဝါသနာပါပြီး ဥရောပတိုက်မှာ တန်ခိုးကြီးထွားခဲ့တဲ့ လူမျိုးစုကြီးပဲဖြစ်တယ် ။ သူတို့ရဲ့ သြဇာအာဏာဟာ အီတလီနဲ့ ဂရိများထိကို ပြန့်ပွားခဲ့ကြပါတယ် ။

ရောမအင်ပိုင်ယာကြီး ထွန်းကားစမှာ သူတို့က အဲ့လပတောင်တန်းရဲ့ မြောက်ဖက် ဒေသများ၌ လည်းကောင်း ဒန်းညုမြစ်ဝှမ်းအထက်ပိုင်း၌လည်းကောင်း အခြေစိုက် နေကြပါပြီ ။ ကဲ့လူမျိုးအချို့မှာ အင်္ဂလန်နဲ့ အိုင်ယာလန် ကျွန်းများကို ကူးပြောင်းနေထိုင်ကြတယ် ။

သူတို့ဟာ တစ်ခါက အင်မတန် တန်ခိုးထွားခဲ့ကြပေမယ့် အခုချိန်မှာတော့ သီးခြားလွတ်လပ်တဲ့ လူမျိုးတစ်မျိုးအဖြစ် မတည်ရှိကြတော့ပါဘူး ။ သူတို့ဟာ သူတို့ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ နိုင်ငံလူမျိုးများအတွင်း ရောနှောကာ အိမ်ထောင်တွေကျလျက်ဖြစ်စေ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ နိုင်ငံတွေကနေ ပြန်လည် တွန်းလှန်ကာ ဖျက်ဆီးလိုက်ကြလို့ဖြစ်စေ အားလုံး တိမ်ကောပျောက်ကွယ်သွားကြပါပြီ ။ သူတို့ရဲ့အဆက်အနွယ်များကတော့ ပြင်သစ်နိုင်ငံ ဗရစ်တန္နီနယ် ဗြိတိန် နိုင်ငံ ဝေလပြည် စကော့တလန်ပြည်နဲ့ အိုင်ယာလန်ပြည်တို့မှာ အနည်းငယ်စီ တွေ့ရလေတော့တယ် ။

ယခုအခါမှာ ကဲ့လူမျိုးများ တိမ်ကောပပျောက်သွားပေမယ့်လဲ သူတို့ရဲ့ ဘာသာစကားနဲ့ စာပေတွေကတော့ ကျန်ရစ်နေစဲပါပဲ ။ ယခုခေတ် ဥရောပ ဘာသာစကားများမှာ ကဲ့စကားများကိုပါ တွေ့ရပါတယ် ။ ဥရောပတိုက်မှာရှိတဲ့ တက္ကသိုလ်များမှာလဲ ကဲ့ဘာသာနဲ့ စာပေကို သင်ကြားပေးလျက် ရှိနေပါတယ်ခင်ဗျာ ။

ဗဟုသုတရရှိနိုင်ကြပါစေ
#htoohtoolay

myothetzaw23.blogspot.com

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...