ဗက်ဘီလုံးနီးယားနိုင်ငံ၏ မြို့တော်သို့ တစ်ခေါက်တစ်ခါ သွားရောက်လည်ပတ်ခြင်း
---------------
ခရစ်ယာန်ကျမ်းတွေထဲမှာပါနေတဲ့ နိုင်ငံတော်ကြီးကို စိတ်ဝင်စားခဲ့တာ တော်တော်ကြာပါပြီ ။ အချိန်မရလေတော့ သွားရောက်လည်ပတ်ဖို့ အဆင်မပြေတာနဲ့ပဲ တော်တော်ကြာသွားတယ် ။ အခုတော့ တစ်ခေါက်လောက် အလည်သွားအုန်းမယ်ဗျာ ။ မိတ်ဆွေ လိုက်ခဲ့ချင်ရင် အနောက်က လိုက်ခဲ့ပေတော့ ………
မိတ်ဆွေရေ …… အဲ့ဒီ့ ဗက်ဘီလုံမြို့တော်ဟာ အာရှတိုက်ရဲ့ ရှေ့ဟောင်းမြို့ကြီးတစ်မြို့ပေါ့ ။ ဗက်ဘီလုံးနီးယားနိုင်ငံရဲ့ မြို့ကြီးတစ်မြို့အဖြင့်ကို ဘီစီ ၁၈၀၀ , ၅၃၉ အတွင်းလောက်က ထင်ရှားခဲ့ပြီးတော့ ဖရေးတီးမြစ်ဟာ အဲ့ဒီ့မြို့တော်ကို ဖြတ်သန်းစီးဆင်းနေတယ်လေ ။နောက်ပြီး အီရက်နိုင်ငံကဆို ဗဂ္ဂဒက်မြို့တော်ရဲ့ တောင်ဘက်ခြမ်း မိုင် ၆၀ ခန့်အကွာလောက်မှာတည်ရှိနေတာပေါ့ ။
ခရစ်မပေါ်မီ အနှစ် ၃၀၀၀ ကျော်ခန့်က တည်ဆောက်ထားတဲ့မြို့ကြီးဖြစ်ပြီး ဗက်ဘီလုံဆိုတဲ့အဓိပ္ပါယ်ကတော့ နတ်တံခါးလို့ ခေါ်ကြတယ် ။ နောင်တစ်ချိန်တော့ ယူဖရေးတီးနဲ့ တိုင်းဂရစ်မြစ်နှစ်ခုအကြား မြစ်နှစ်မြွာဒေသမှာ နိုင်ငံတည်ထောင်တော့မှ အဲ့ဒီ့မြစ်ကို အစွဲပြုပြီး ဗက်ဗီလုံးနီးယားနိုင်ငံလို့ မှည့်ယူလိုက်ကြတာပါလို့ သိရပါတယ်ဗျာ ။
ဘီစီ ၂၀၀၀ ခန့်က ဟမ္မူဗီမင်းလက်ထက်မှာ ဗက်ဘီလုံမြို့ဟာ ဗက်ဘီလုံးနီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်လာခဲ့တယ် ။ ဟမ္မူရာမင်းကြီး ဘီစီ ၁၉၂၅ ခုနှစ်မှာကွယ်လွန်ပြီးတဲ့နောက် ဟစ်တိုက်နဲ့ ကက်ဆိုင်လူမျိုးများက ဝင်ရောက်တိုက်ခိုက်ကြတာပေါ့ ။ အဲ့ဒီ့နောက် မြစ်ဖျားဒေသရှိ အဆီရီးယားလူမျိုးတို့က အကြိမ်ကြိမ်ဝင်ရောက်တိုက်ခိုက်ပြီး ဘီစီ ၆၈၉ ခုမှာတော့ ဗက်ဘီလုံမြို့ကြီးက ပျက်ဆီးသွားခဲ့ပါတယ် ။
အဆီးရီးယားဘုရင် အီဆာဟက်ဒင် လက်ထက်လဲရောက်ရော ဗက်ဘီလုံမြို့ကို ပြန်လည်တည်ထောင်ပြီး ဘီစီ ၆၀၂ မှာ အဆီးရီးယားနိင်ငံကြီးပျက်ဆီးခဲ့ရပြီးတကာလ ဒုတိယဗက်ဘီလုံးနီးယားနိုင်ငံ ပြန်လည်ထွန်းကားကာ ဗက်ဘီလုံမြို့ကြီးက အကြီးအကျယ်ကို တိုးတက်ထွန်းလင်းသွားခဲ့တော့တာပါပဲဗျာ ။
ဘီစီ ၆၀၄ မှ ၅၆၁ အထိ ထီးနန်တက်တဲ့ ဒုတိယ နက်ဗျူခက်နက်ဇာဘုရင်ဟာ ဗက်ဘီလုံမြို့ကြီးကို ရှေးကထက် အလွန်ခန်းနားစွာ ပြောင်းလဲ ပြုပြင်တည်ဆောက်ခဲ့ပြီး တော်တော်စိတ်ဝင်စားစရာကောင်းတာက အလွန်ရှေးကျတဲ့ မြို့ရိုးကြီးများ အဆောက်အအုံကြီးများကို တည်ဆောက်တဲ့အခါ အလွန် ထူးခြားတဲ့ နည်းပညာတွေ အသုံးပြုပြီး တင့်တယ်လှပစွာ တည်ဆောက်ခဲ့တဲ့အချက်က လေ့လာသူတိုင်းကို စိတ်ဝင်စားအောင် စွဲဆောင်ခဲ့ပါတယ် ။ Htoo Lay နဲ့အတူ လေ့လာကြည့်ရအောင်လား :D ။ ဟော …… အရှေ့မှာ ကြည့်းစမ်းမိတ်ဆွေ ။ မြို့ရိုးကြီးများနဲ့ ဥယာဉ်ပျံများကို အထူးတလည် ဆောက်လုပ်ထားတာ တော်တော်အံ့သြစရာကောင်းတာပဲ ။ မိတ်ဆွေရဲ့ ဘေးက အလွန်ခမ်းနားမြင့်မားစွာရှိနေတာ မြို့ရိုးကြီးလေ ။ အဲ့ဒီ့မြို့ရိုးကြီးကို ခိုနန်း ချိုးများနဲ့ လှပအောင် ဆောက်လုပ်ထားတာ ။ အဲ့ဒီ့အပေါ်ကို လှန်းကြည့်လိုက်စမ်းမိတ်ဆွေ ။ တွေ့လား ။ အလွန်လှပတဲ့ တိရိစ္ဆာန်ရုပ်တွေကို မြို့ရိုးနံရံမှာ ထွင်းဖေါ်တည်ဆောက်ထားပုံက အတော်ခေတ်မီဆန်းကြယ်လှတယ်နော် ။ လာ လာ မိတ်ဆွေ အတွင်းကို ဝင်ကြည့်ရအောင် ။ wow … အတွင်းပိုင်းက အပေါ်မှာ တွဲလွဲဆွဲနေသလို အလှဆင်ထားတာ ဥယာဉ်ပျံ ပုံစံတွေပါလားဗျ ။ လှလိုက်တာဗျာ ။ ဥယာဉ်ပျံများရဲ့ လှပဆန်းကြယ်ပုံကတော့ ရှေးကမ္ဘာ့အံ့ချီးဖွယ်ရာ ခုနှစ်ဖြာထဲ ပါတာ လုံးဝမလွန်ဘူးဗျို့ ။ လာမိတ်ဆွေ နန်းတော်ဘက်ကို လျှောက်ကြည့်ရအောင် ။ oh ! .… အံ့သြစရာပါပဲလား ။ တို့ဆီက မြန်မာဘုရင်တွေ တည်ဆောက်ခဲ့သလို အလိန်များနဲ့ ပြုလုပ်ထားတဲ့ မျှော်စင်ကြီးတွေလိုပါပဲလား ။ အဆင့်ဆင့်ကို အရစ်အရစ်တွေနဲ့ အတော်ပဲ ခန့်ညားပါဘိကွာ … ။ အယ် … မိတ်ဆွေ လှမ်းကြည့်လိုက်စမ်း ။ အဲ့ဒီ့မျှော်စင်ကြီးရဲ့ လက်ရမ်းတွေမှာ ဘာတွေတုန်း ! ။ အရောင်တွေစုံစုံလင်လင်နဲ့ အနီးကပ် သွားကြည့်ရအောင်လား ။ wow !!! သိပ့်အံ့သြစရာကောင်းလိုက်တာ ။ အဆင့်တိုင်း အရစ်တိုင်းကို အရောင်မျိုးစုံပွင့်တဲ့ ပန်းမျိုးစုံတွေနဲ့ ဝေဝေဆာဆာ အလှဆင်ထားလိုက်တာ မြိုင်ဆိုင်ခံ့ညာလွန်းတဲ့ နတ်ပြည် နတ်နန်းတွေလိုပါပဲလားဗျာ ။ အံ့သြလောက်ပါရဲ့ ။ ကောင်းကင်က မျက်နှာကြတ်မှာလဲ ဥယာဉ်ကြီးများနဲ့ ပန်းမျိုးစုံယိမ်းနွဲ့နေတယောင် ထင်မှတ်ရတယ်ဗျာ ။
ခင်ဗျာ !!!! … အဲ့ဒီ့သမိုင်းကို ဆက်သိချင်လို့ ဟုတ်လား ? ။ အင်းးးးး အဲ့ဒီလိုခမ်းနားကြီးကျယ်လှတဲ့မြို့ရိုး နန်းပြတက်တွေဟာလည်း နက်ဗျူခက်နက်ဇာဘုရင် ကံကုန်ပြီးတဲ့နောက် ဘီစီ ၅၃၉ မှာ အာရိယန်လူမျိုးတွေက ဗက်ဘီလုံမြို့ကြီးကို သိမ်းယူသွားခဲ့တယ်လေ ။ ဝမ်းနည်းစရာအလွန်ကောင်းပါတယ်ဗျာ ။ သူတို့လက်ထဲလည်းရောက်ရော ကုန်သွယ်မှု ဗဟိုဌာနတွေလဲ လျောကျ မြို့ကြီးလည်း တစ်ဖြေးဖြေး ပျက်သုန်းသွားရတော့တာပါပဲဗျာ ။
အခု မိတ်ဆွေနဲ့အတူ လမ်းလျောက်နေတဲ့နေရာကမှ ထောင့်စွန်းတွေ ကိုကြည့် ။ သူတို့တည်ဆောက်ထားခဲ့တာ စတုရန်းပုံပဲဗျ ။ နော့ ။ မိတ်ဆွေ ဟိုဘက်က လှမ်းကြည့်လိုက်လေ ။ ကျွန်တော်က ဒီဘက်မှာ ရပ်နေမယ် ။ တွေ့လား ။ စတုရန်းပုံစုံ ကိုတည်ဆောက်ထားတာ ။ စောစောက ကျွန်တော်တို့တက်ခဲ့တဲ့နေရာက အပေါ်ထပ် ။ အခုက အောက်အထပ်လေ ။ ဗျာ … ။ အင်းးးး ဟုတ်တယ် ။ မြို့ရိုးကို သူတို့က နှစ်ထပ်ဆောက်ထားတာ ။ ထုကတော့ မိတ်ဆွေမြင်တဲ့အတိုင်းပဲ ၁၀ ပေနဲ့ ၁၂ ပေလောက်ကိုထူမယ်ထင်တယ် ။ ဟုတ်တာပေါ့ ။ အဲ့လိုထူမှ ဒီအချိန်ထိခိုင်ခံ့နိုင်သလို ဒီလိုအခြေခိုင်တဲ့မြို့ရိုးမျိုးကမှ ပြိုကျပျက်ဆီးမှု မရှိမှာပေါ့ ။ ဟာ ……… မိတ်ဆွေ ဟိုဘက်ခြမ်းက ဘာတွေတုန်းဗျ ။ ဟင် ! ဟုတ်လို့လား ? မိတ်ဆွေက တယ်လဲ မျက်စိကောင်းတာပဲ ။ ဟုတ်တယ်ဗျာ လယ်ကွင်းတွေ ။ ကျွန်တော်က နီးမှပဲ မြင်တော့တယ် ။ hahahha ။ ကောက်ပဲသီးနှံတွေ သူတို့စိုက်ထားတာပဲဗျ ။ သြော် …… ကျွန်တော်မှတ်မိပြီ ။ အဲ့ဒါ ရန်သူတွေမြို့ထဲကို ဝင်ရောက်တိုက်ခိုက်တဲ့အခါ ရိက္ခာအခက်အခဲမရှိအောင် မြို့ရိုနှစ်ခုအကြားမှာ လယ်ယာစိုက်ပျိုးထားကြတာဗျ ။ အတော် အမြော်အမြင်ကြီးပြီး ညာဏ်ပညာမှာတော့ စံပြတွေပဲဗျို့ ။ ကျွန်တော်ကတော့ သိပ့်ကို လေးစားမိတယ်ဗျာ ။ အတွင်း မြို့ရိုးကို သွားကြည့်ရအောင် ။ မိတ်ဆွေ ကြည့်စမ်း …… ကြေးညိုတံခါးတွေနဲ့တည်ဆောက်ထားပြီး အဲ့ဒီ့တံခါးကပဲ မြို့အတွင်းကို သွားလာတဲ့လမ်းတွေ ဖေါက်လုပ်ထားတာပဲ ။ လူတွေကလည်း စည်ကားလိုက်တာဗျာ ။ သူတို့အိမ်တွေကို ရွှံ့အုတ်တွေနဲ့ ဆောက်လုပ်ထားတာ ထင်ပါရဲ့ ။ မိတ်ဆွေရော ဘယ်လိုထင်လဲ ။ ဟုတ်လောက်ပါတယ်နော် ။ ရွှံ့အုတ်တွေပါပဲ ။ မိတ်ဆွေကို တစ်ခုပြစရာရှိတယ် ။ ဟိုးးးးးအရှေ့မှာတွေ့လား ။ မဟုတ်ဘူးလေ ။ ညာဘက်အခြမ်းက အဆောက်အအုံကိုပြောတာ ။ အေးးးး အဲ့ဒါက ဗက်ဗီလုံမြို့ရဲ့ ကြီးကြယ်ခမ်းနားတဲ့ အဆောက်အအုံဖြစ်ပြီး ဘုရင်တွေစံမြန်းတဲ့ နန်းတော်အဆောက်အအုံလေ ။ အဲ့ဒီ့ရဲ့ ဘေးက ဗက်ဘီလုံမြို့တော်ရှင် မားဒပ်ဗဲနတ်မင်းရဲ့ ကျောင်းဆောင်ကြီးပေါ့ ။ ဟုတ်တယ် ။ နန်းတော်ကတော့ ကျွန်တော်တို့ဝင်ခဲ့တယ် ။ မားဒပ်ဗဲနတ်မင်း ကျောင်းဆောင်တော့ ကျွန်တော်တို့ အခု အဝေးက မြင်နေရတဲ့အတိုင်းပဲ ။ အပြင်ကပဲကြည့်လိုက်တော့မယ်လေ ။
ဟုတ်တယ်ဗျာ ။ မိတ်ဆွေပြောသလိုပဲ ဗက်ဘီလုံမြို့ကြီးဟာ နှစ်ပေါင်းများစွာ တိမ်ကောပျောက်ကွယ်ခဲ့ရပြီး မြို့ရိုးကြီးတွေ ကြီးကျယ်ခမ်းနာူတဲ့အဆောက်အအုံကြီးတွေဟာ အာရိယန်လူမျိုးတွေရဲ့ လက်ထဲမှာပဲ ပျက်ဆီးပြီး မြေပုံကြီးအဖြင့်ကို စိုက်စိုက်ကျသွားတော့တာပဲ ။ အခု ၂၀ ရာစုနှစ်အစလောက်မှ ရှေးဟောင်းပစ္စည်းနဲ့ ကမ္ပမည်းကျောက်စာတွေ တူးဖေါ်ပေးခဲ့တဲ့ သုတေသီတွေရဲ့ ကျေးဇူးကြောင့်တာ တခါက ကမ္ဘာပေါ်မှာ အလွန်ထင်ရှားကြီးကျယ်ခဲ့တဲ့ မြို့ကြီးတစ်မြို့ဖြစ်ကြောင်း သိကြရတာပေါ့ ။
ဟိုးးးးမှာတွေ့လား ။ တောင်ဘက်ပိုင်းကိုကြည့်လိုက်လေ ။ အဲ့ဒီ့မြို့ကို ဟီလာလို့ခေါ်တယ် ။ သူ့ကို ၁၁ ရာစုလောက်က တည်ခဲ့ကြတာ ။ အဲ့ဒီ့ဟီလာမြို့ကြီးကို တည်ခဲ့တဲ့အုတ်တွေက အခု ဗေဘီလုံမြို့ပျက်က တူးဖေါ်ရရှိခဲ့တဲ့ အုတ်တွေနဲ့ပြန်ပြီးတည်ဆောက်ထားတာ ။ အတော်ကို ခိုင်ခံ့တဲ့အုတ်တွေပါပဲဗျာ ။ အလွန်ကို အံ့သြစရာ စိတ်ဝင်စားစရာနဲ့ နည်းပညာတွေကို လေးစားချီးကြူးမိပါပေတယ်ဗျာ ။ ကဲ … နောက်လဲကျနေပြီ နောက်နေ့မှပဲ တွေ့တော့မယ်ဗျို့ … ။ အိမ်ရောက်ရင်တော့ ကျွန်တော့်လိုပဲ မိတ်ဆွေလဲ ဗေဘီလုံမြို့ကြီးကိုမျက်လုံးထဲမြင်ပြီး အံ့သြချီးမွှမ်းမှုတွေ တိုးပွားအုန်းမယ်ထင်ပါရဲ့ဗျာ ။ နှုတ်ဆက်ပြီဗျို့ …… bye bye
#htoohtoolay

Comments
Post a Comment