အနတ္တလက္ခဏသုတ် မှ မိမိကိုယ်ကို ဆုံးဖြတ်ခြင်း !
---
ရဟန်းတို့ သူသည် ဤရုပ်တရားနှင့် နာမ်တရားလေးပါးတို့ကို အလွန်အမင် စက်ဆုတ်ငြီးငွေ့လာလျှင် ထိုရုပ်နာမ်တို့၌ သူ၏ တက်မက်မှုကို လုံးဝ အကြွင်းမဲ့ ပယ်ပြီးဖြစ်ပေလိမ့်မည် ။ သူ၏တက်မက်မှုကို ဤသို့ အကြွင်းမဲ့ ပယ်ပြီးသောအခါ သူသည် ကိလေသာအားလုံးမှ လွှတ်မြှောက်သွားပေမည် ။ သူသည် ဤကဲ့သို့ ကိလေသာအားလုံးမှ လွတ်မြှောက်သွားသောအခါ သူသည် သူ၏ လွတ်မြှောပ်မှုကို ချက်ချင်း သိလာလိမ့်မည် ။ သူသည် အောက်ပါအချက်များကို သိရှိလာပေမည် ။
၁ - ပဋိသန္ဓေသည် ကုန်ဆုံးလေပြီ ။
၂ - သူသည် မဂ်တည်း ဟူသော မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ ။
၃ - သူသည် အထက်မဂ်ဖိုလ်ကို ရရှိရန် နောက်ထပ် ဝိပဿနာ ဘာဝနာကို အားထုတ်ဖို့ မလိုအပ်တော့ပြီ ။
၎ - လက်ရှိနာမ်ရုပ်အစဉ်များ ကုန်ဆုံးပြီး နောက်ထပ် အခြားနာမ်ရုပ်အစဉ်များ ရှိတော့မည်မဟုတ်ဟု မိမိကိုယ်ကို သိမြင် ဆုံးဖြတ် နိုင်လေတော့တသည်း ။
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment