Skip to main content

ရာမ !

ရာမ !
----
ဝေဒခေတ်ကျမ်းကို ပြုစုရေးသားခဲ့တဲ့ ဟိန္ဒူပညာရှင်များရဲ့ အလိုအရ ရာမ မြတ်စွာဘုရားဟာ ဘီစီ ၂၃၅၀ မှ ၂၉၅၀ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ ပွင့်ခဲ့တယ်လို့ ဆိုပါတယ် ။ ရာမဇာတ်တော်ဟာ ဟိန္ဒူရာမ မြန်မာရာမ ယိုးဒယားယာမ ပသျှူးရာမ ဆိုပြီး အစရှိသလိုထင်ရှားကာ ထိုရာမများဟာလဲ အနည်းငယ်စီတာ ကွဲလွှဲကြတယ် ။ ရာမယဏကျမ်းကို ဝါလမိကိအမည်ရှိတဲ့ ရသေ့ကြီးက စီရင်ခဲ့တာဖြစ်ပြီး ရသေ့ကြီးဟာ ရာမ မင်းတရားလက်ထက်မှာ အသက်ထင်ရှားရှိခဲ့ပြီး မျက်မြင်တွေ့ရတာတွေကို ရေသားထားတာပဲဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။

ဂင်္ဂါမြစ်ကြီးရဲ့ မြောက်ဘက် စူးစူးမှာ ကောသလတိုင်းကြီးရှိပြီး အလွန်ပဲ ခမ်းနားကြီးကျယ်စွာ တည်ရှိခဲ့ပါတယ် ။ ဆာရာယုမြစ်ကြောင့် ကောသလတိုင်းဟာ အလွန်ပဲ စည်ပင်ဝပြောခဲ့ကာ ကောသလတိုင်းရဲ့ မြို့တော်ကတော့ အယုဒယမြို့အဖြစ် မနုဘုရင်လက်ထက်မှာ တည်ဆောက်ခဲ့တယ်လို့ ဆိုတယ် ။ အဲ့ဒီ့မြို့တော်ကို ဒဿရဋ္ဌ ဘုရင်ကြီးက အုပ်ချုပ်ပြီး ဒေဝါစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တာကြောင့် သုံးလောကမှာ ကျော်ကြားလှတဲ့ မင်းဖြစ်လာတာပဲဖြစ်တယ် ။ ဘုရင်ကြီးမှာ ပညာရှိအမတ်ကြီး ရှစ်ပါးရှိကာ ဝါသိသ ဝါမဒေဝ စတဲ့ သူတော်စင်ကြီးများလဲ ရှိနေတာကြောင့် တိုင်းပြည်ကို တရားသဖြင့် အုပ်ချုပ်နိုင်ခဲ့လေတယ် ။ သို့သော် သူ့ရဲ့ ထီးနန်းအမွေကို ဆက်လက်ကာ လျာဖို့အတွက်တော့ သားယောက်ျား တစ်ဦးမျှ ထွန်းကားခြင်း မရှိခဲ့ပါဘူး ။ ဒါကြောင့် သူဟာ သားယောက်ျားရရှိနိုင်အောင် ယဇ် ပူဇော်ပွဲကြီး ကျင်းပဖို့ စီစဉ်လေတယ် ။ ကြီးကျယ်တဲ့ မဏ္ဍပ်ကြီးကို ဆောက်လုပ်ပြီး အနိုင်နိုင်ငံမှ မင်းတို့ကို ဖိတ်ကြားခဲ့ပါတယ် ။ အဲ့ဒီအချိန်က နတ်ပြည်မှာတော့ နတ်ဒေဝါတွေဟာ ညီလာခံကြီး ကျင်းပဖို့ တိုင်ပင်စည်းဝေးကုန်ကြတယ် ။ နတ်ဆိုးတို့ရဲ့ ဘုရင်ဖြစ်တဲ့ ရာဝဏကို ဘယ်လိုအရေးယူသင့်ကြောင်း ဆွေးနွေးကြတယ် ။ ရာဝဏဟာ ဗြဟ္မာပြည်မှ ဆုတစ်ခုရထားတာကြောင့် နတ်အပေါင်းတို့ကို ဒုက္ခပေးနိုင်လျက်ရှိနေပါတယ် ။ ဒါကြောင့် နတ်တွေဟာ ရာဝဏကို နိမ်နင်းနိုင်စွမ်းမရှိတဲ့အပြင် နတ်တို့ရဲ့ဘုရင် ဣန္ဒာရာကိုပင် နန်းမှ ချဖို့အထိ  တွေ့ရှိလာရတာကြောင့် နတ်ဒေဝါအပေါင်းတို့ဟာ ဗြဟ္မာထံကိုသွားပြီး အကူအညီတောင်ခံရတော့ပါတယ် ။

ထိုအခါ ရာဝဏရဲ့ အားနည်ချက်ကို ဗြဟ္မာက ပြောလိုက်တာကြောင့် နတ်အပေါင်းတို့ဟာ ဗိဿနိုးအရှင်ဆီ ချည်းကပ်ကြတယ် ။ ထို ချည်းကပ်မှုဟာ ဗိဿနိုးအရှင်ကို လူဝင်စားဖို့ အကြာင်းဖန်လာခဲ့တာပဲဖြစ်ပါတယ် ။ ထိုဝင်စားလာတဲ့ဗိဿနိုးအရှင်ကတော့ ရာမ ပဲဖြစ်တယ် ။

တစ်နေ့ တောထဲမှာ တရားကျင့်နေတဲ့ ဝိသွာမိတြအမည်ရှိတဲ့ ရသေ့ကြီးတစ်ပါး အယုဒ္ဓယမြို့တော်ကို ရောက်ရှိလာတယ် ။ ထိုရသေ့ဟာ တရားမကျင့်မီကတော့ ဘုရင်တစ်ပါးပါပဲ ။ ဒဿရဋ္ဌဘုရင်ကြီးက ရိုသေစွာ ခရီးဦးကြိုပြီး နေရာထိုင်ခင်းပြင်ဆင်ပေးပါတယ် ။

အဲ့အခါ ရသေ့ကြီးက မိမိတောထဲမှာ ယဇ်ပူဇော်ခြင်းဟာ အစစ အရာရာကောင်းမွန်တဲ့ အလားလာ ရှိပေမယ့် ရက္ခနှစ်ဦးက အကြိမ်ကြိမ် နှောက်ယှက်တာကြောင့် ပျက်စီးသွားရတဲ့ အကြိမ်ပေါင်းဟာ များလှပါပြီ ။ ဒါကြောင့် အဲ့ရန်ကို ကာကွယ်နိုင်ရန် သားတော် ရာမကို ထည့်ပေးလိုက်ဖို့ တောင်းခံလာပါတယ် ။ ရသေ့ကြီး ကိုယ်တိုင် ရက္ခတို့ကို နိမ်နင်းနိင်သော်လဲ ကျင့်ကြံထားတဲ့ တရားတွေ ပျက်ဆီးသွားမှာမလိုလားတာကြောင့် ရာမကို နိမ်နင်းခိုင်းရခြင်းဖြစ်ပါတယ်လို့ဆိုတယ် ။ အကြိမ်ကြိမ်တောင်းခံနေခြင်းကြောင့် ဘုရင်ကြီးဟာ မသက်သာတော့ပဲ ရာမ နဲ့ လက္ခဏာ မင်းသားတို့ကို ထည့်ပေးလိုက်ရတော့ပါတယ် ။ ရသေ့ကြီး နေထိုင်ရာ တောကို ရောက်တဲ့အခါ ရသေ့အပါင်းတို့က ကြိုဆိုကြပြီး ထိုညမှာတော့ ပူဇော်ပွဲအတွက် ပြင်ဆင်ကြပါတော့တယ် ။ မနက်လင်းတဲ့အခါ ရာမဟာ ရက္ခများ ဘယ်အချိန်လာနိင်ကြောင်းမေးတဲ့အခါ ရသေ့ကြီးက အဓိဋ္ဌာန်ဝင်နေခြင်းကြောင့် ဖြေဆိုခြင်း မရှိခဲ့ပါဘူး ။ အခြားရသေ့များကတော့ ခြောက်ရက်တိုင်တိုင် ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ကြောင်းဆိုပါတယ် ။ ဒီလိုနဲ့ပဲ ရာမတို့လဲ ခြောက်ရက်တိုင်တိုင် စောင့်ရှောက်ခဲ့ကြတယ် ။

ခြောက်ရက်မြောက်တဲ့ မနက်မှာ ရက္ခတို့လာတော့မယ်လို့ သတိပေးချိန်မှာပဲ အရှေ့မှာရှိတဲ့ ယဇ်မီးဖိုက မီးလျှံများဟာ အထက်ကို ရုတ်တရပ် ထိုးတက်သွားပါတော့တယ် ။ မီးနတ်ဖြစ်တဲ့ အဂ္ဂနိဟာ ရက္ခများ လာနေကြောင်း ဖေါ်ပြတဲ့ သဘောပဲဖြစ်တယ် ။ တစ်ချိန်ထဲမှာပဲ ကောင်းကင်မှ ဝုန်းဝုန်ဒိုင်းဒိုင်းအသံများ ကြားလာရပြီး ကြောက်မက်ဖွယ်ရာအသွင်နဲ့ မာရီးစနဲ့ သုဘာဟုတို့ဟာ သူတို့နောက်လိုက်များနဲ့အတူ ယဇ်မီးဖိုလ်ပေါ် မသန့်ရှင်းတဲ့ အရာများနဲ့ သွန်းလောင်းချဖို့ ပြင်ဆင်နေကြောင်း တွေ့ရပါတော့တယ် ။

ကဲ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ခဏ ရပ်ကြအုန်းစို့ ။ စာလဲ ရှည်နေပြီမို့ ဖတ်ရတာ ပြင်းနေပြီပေါ့ ။ ဒါကြောင့် အပိုင်း ၂ အနေနဲ့ မနက်ဖြန်မှပဲ ထက်ဆက်ကြပါစို့ခင်ဗျာ ။

#htoohtoolay

myothetzaw23.blogspot.com

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...