Skip to main content

သင်တို့ မနှစ်သက်ပေမယ့် ပြောရပါအုန်းမယ် !

သင်တို့ မနှစ်သက်ပေမယ့် ပြောရပါအုန်းမယ်
----
ဘာသာမဲ့ဆိုတာကို သေသေခြာခြာ လေ့လာကြည့်မယ်ဆိုရင် သင်တွေ့ရမှာက အချက်နှစ်ချက်ကို ရှေ့တင်ကာ ဝေဖန်မှု ပြုရလိမ့်မယ်လို့ ဒီလို ထင်ရှားလာမှာဖြစ်တယ် ။ တစ်ချက်က ဘုရားမဲ့ တရားမဲ့ အဆုံးအစွန်ဆုံး ကင်းမဲ့ခြင်းနဲ့ ကျန်တစ်ခုက ဘုရားမဲ့ ဝါဒပဲဖြစ်တယ် ။

ဘုရားမဲ့ဆိုတာဟာ ပုဂ္ဂိုလ်ကို ရည်ညွှန်းခြင်းတစ်မျိုးကိုသာ ဆိုလိုတာမဟုတ်ပါဘူး ။ သူဟာ ထိုဘုရား ( ပုဂ္ဂိုလ်) ရဲ့ အဆုံးအမများအကြား ယုံကြည်မှု ကင်းမဲ့ခြင်းကို ဆိုတယ် ။ ဒီအဆိုကိုပဲ ဘာသာတရား ကိုင်းရှိုင်းသူတို့က တရားကင်းမဲ့သူလို့ ဒီလို ခေါ်ဆိုကြပါတယ် ။ တရားဟု ဆိုတဲ့အတွက် ဘာသာရှိတွေဟာ ဘုရား သို့မဟုတ် ထာဝရ ဖန်ဆင်းရှင် အစရှိတဲ့ အရာကို တရားအဖြစ် လက်ခံကြတယ်လို့ ဒီလို ထင်ရှားမှာဖြစ်တယ် ။ ဒါဆို တရားဆိုတာ ဘုရားလား ? ဒါမှမဟုတ် ဖန်ဆင်းရှင်လား ?

အဲ့ဒီလိုမေးလာခဲ့မယ်ဆိုရင် အဖြေကို သေသေသပ်သပ် ရှင်းပြဖို့ ရာ အလွန်မှ ခက်ခဲမှာဖြစ်တယ် ။ ဥပမာ - ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံများအပေါ် ကျွန်တော်တို့ လူသားတွေဟာ တပ်မက်တဲ့ နှစ်လိုမှု ဆွဲလမ်းမှုတို့ကို ရှေ့တန်းတင်ကြပါတယ် ။ ပစ္စည်းဥစ္စာ အဆောင်အယောင်များနဲ့ အမည်ဂုဏ်သတင်းတွေအကြား သာယာကြနေကြတာပဲဖြစ်တယ် ။ ဒီလိုအဖြစ်မျိုးကို အဓိပ္ပါယ်ဖွင့်ရရင်တော့ ရုပ်ပိုင်းဆိုင်ရာကို ရှေ့တန်းတင်တဲ့ ရုပ်နောက်လိုက်သော သူလို့ ဒီလို အရကောက်ရမှာဖြစ်တယ် ။ ဒီအဆိုကို တစ်ချို့က လက်မခံကြဘူး ။ ဘာကြောင့်လဲဆိုတော့ ချမ်းသာမှုတိုင်းဟာ ရုပ်ပိုင်းတင် ရပ်တန့်ပြီး သာယာနေကြတာ မဟုတ်ဘူးလို့ ဒီလိုလဲ ဆိုကြတယ် ။ ပြောလိုတာက စိတ်ချမ်းသာနေရင်လဲ ဒါဟာ ချမ်းသာမှု တစ်မျိုးပေါ့ ။ တကယ်စင်စစ်မှာတော့ အဲ့ဒီ့အဆိုကပင် ပတ်ဝန်းကျင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေကို မှီနေရတယ်ဆိုတာ သိသင့်တယ်ပေါ့ ။

ငါ့စကားကို နားထောင်ရင် မင်းကို အပြစ်က လွှတ်ပေးမယ်ဆိုတာ ဒီအရာက သိပ့်ကို အာဏာရှင်ဆန်တဲ့ အဆိုတစ်ရပ်မှန်း အားလုံးသိကြပါတယ် ။ ဒါပေမယ့် မလွန်ဆန်နိုင်ကြတဲ့အခါ အဲ့ဒီ့ စကားကို လက်ခံလာရတယ် ။ သို့သော် တစ်ချို့ကတော့ လွန်ဆန်ကုန်ကြတယ် ။ ဒီလို လွန်ဆန်ကုန်ကြတဲ့ သူတွေကို မလွန်ဆန်သူတွေက ဘာသာတရားမဲ့လို့ ခေါ်ကြပြန်တယ် ။ တကယ်ဆို ဘာသာမဲ့တာဟာ တရားမဲ့တာနဲ့ မတူဘူးဆိုတာ သိသင့်လှတဲ့ အချက်တစ်ခုပါ ။

ဒါကြောင့် အချက်နှစ်ခုကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ဖေါက်ထွက်မှုညာဏ် ရှိရမယ် ။ အဲ့ဒီ့ ညာဏ် ရှိတဲ့အခါ သင်ဟာ ဘုရားပန်းထိုးနေတာပဲဖြစ်ဖြစ် ဘုရား ဝတ်ပြုနေတာပဲဖြစ်ဖြစ် ထိုအမှုများကို စိတ်ရော ကိုယ်ပါ နစ်ပြီး ယုံကြည်စွာ လုပ်ဆောင်နေသော်လဲ သင်ကိုယ်တိုင်ပင် ဘာသာမဲ့ဖြစ်နေပြီဆိုတာ သဘောပေါက်လာပါလိမ့်မယ် ။ တကယ်ဆို ဗုဒ္ဓဂေါတမမြတ်စွာဘုရားဟာ ဘာသာမဲ့ ပါ ။

#htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...